(Zawgyi/Unicode)
ျမန္မာႏိုင္ငံမွာ အၾကမ္းမဖက္ စစ္အာဏာဖီဆန္တဲ့ CDM လုပ္ေနသူ တကၠသိုလ္ေက်ာင္းဆရာ ၁၁,၀၀၀ ေက်ာ္ကို အလုပ္ကေန ယာယီဆိုင္းငံ႔ လိုက္ပါတယ္။
ျမန္မာႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ ဒဏ္ေၾကာင့္ တႏွစ္ေလာက္ပိတ္ထားတဲ့ တကၠသိုလ္ေတြ ျပန္ဖြင့္ဖို႔ လုပ္ခဲ့ေပမယ့္ ေဖေဖၚဝါရီလ ၁ ရက္ စစ္တပ္က အာဏာသိမ္းတာကို လက္မခံတဲ့ ေက်ာင္းဆရာေတြနဲ႔ ေက်ာင္းသားေတြက စစ္ကၽြန္ပညာေရးကို ဆန္႔က်င္ေနၾကတာပါ။
တကၠသိုလ္ေတြက ေနာက္ဆုံးႏွစ္ အတန္းနဲ႔ ဘြဲ႕လြန္အတန္းေတြကို ေမလ ၃ရက္ေန႔က ဖြင့္မယ္လို႔ ေၾကညာအၿပီး ေက်ာင္းတက္သူက ၁၀ ရာခိုင္ႏႈန္းေလာက္ပဲရွိသလို ဆရာ ဆရာမေတြကလည္း CDM ဝင္ေနၾကတာပါ။ ဒါေၾကာင့္ ေမလ ၅ရက္ေန႔ကစၿပီး ေက်ာင္းမလာတဲ့ ဆရာေတြ ဝန္ထမ္းေတြကို တာဝန္ကေန ယာယီရပ္ဆိုင္းတယ္လို႔ အဆင့္ျမင့္ပညာ ဦးစီးဌာနက ေက်ာင္းအလိုက္ ေၾကညာခ်က္ေတြ ထုတ္ျပန္ခဲ့ပါတယ္။
တကၠသုိလ္ေက်ာင္းေတြက တခ်ိဳ႕ ဆရာ၊ ဆရာမေတြ အလုပ္ျပန္ဆင္းတာေတြ ရွိေနေပမယ့္လည္း အဲဒီလို အလုပ္ျပန္ဆင္းေနၾကသူ အမ်ားစုဟာ ဖမ္းဆီးခံရမွာ ေၾကာက္တာေၾကာင့္ ျပန္ဆင္းေနရတာျဖစ္ၿပီး စစ္ေကာင္စီဘက္ကလည္း အလုပ္မဆင္းတဲ့သူေတြကို ပုဒ္မ ၅၀၅ (က) နဲ႔ တရားစဲြတာေတြ လုပ္မယ္လို႔ ၿခိမ္းေျခာက္တာေတြ ရွိေနတယ္လို႔ တကၠသိုလ္ ဆရာမတဦးက ဗီြအိုေအကို ေျပာပါတယ္။
ေမလ ၈ရက္ေန႔အထိဆို အဆင့္ျမင့္ပညာဦးစီးဌာန လက္ေအာက္က တကၠသိုလ္ ၄၈ ခု ရွိတဲ့ အထဲက ၃၆ ခု နဲ႔ နည္းပညာတကၠသိုလ္၊ ကြန္ျပဴတာ တကၠသိုလ္ေတြက ဆရာ၊ဆရာမနဲ႔ ဝန္ထမ္းစုစုေပါင္း ၁၁,၀၀၀ ေလာက္ ရဲ႕ အမည္စာရင္းေတြ ထုတ္ျပန္ထားတာ ျဖစ္ပါတယ္။
စစ္အာဏာရွင္ဆန္႔က်င္ေရး ဆႏၵျပမႈေတြေၾကာင့္ စစ္တပ္နဲ႔ရဲ လက္ခ်က္နဲ႔ ေသဆံုးရသူဟာ ေမလ ၁၀ ရက္ေန႔အထိဆို ၇၈၀ ေက်ာ္ရွိၿပီး အဖမ္းခံရသူ ၃၈၀၀ ေက်ာ္ထဲမွာ ေက်ာင္းသားလူငယ္က အမ်ားစုျဖစ္တယ္လို႔ ႏိုင္ငံေရး အက်ဥ္းသားမ်ားကူညီေစာင့္ေရွာက္ေရးအသင္း AAPP ကေျပာပါတယ္။
အဲဒီထဲမွာ ဆရာဆရာမ အနည္းဆံုး ၄၇ ဦး အဖမ္းခံေနရသလို ဖမ္းဝရမ္း အထုတ္ခံထားရ သူက ၁၅၀ ေလာက္ ရွိေနတယ္လို႔ ေျပာပါတယ္။
ျမန္မာႏိုင္ငံရဲ႕ ပညာေရးစနစ္ဟာ ေဒသတြင္းမွာ အနိမ့္က်ဆံုးႏိုင္ငံ စာရင္းထဲ ပါေနသလို ကမာၻမွာေတာ့ ႏိုင္ငံေပါင္း ၉၃ ႏိုင္ငံထဲမွာ အဆင့္က ၉၂ မွာ ရွိေနတာပါ။
...........
CDM လုပ်တဲ့ တက္ကသိုလ်က ဆရာတွေနဲ့ ဝန်ထမ်း တသောင်းကျော် ရာထူးက ဆိုင်းငံ့
(Unicode)
မြန်မာနိုင်ငံမှာ အကြမ်းမဖက် စစ်အာဏာဖီဆန်တဲ့ CDM လုပ်နေသူ တက္ကသိုလ်ကျောင်းဆရာ ၁၁,၀၀၀ ကျော်ကို အလုပ်ကနေ ယာယီဆိုင်းငံ့ လိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ဒဏ်ကြောင့် တနှစ်လောက်ပိတ်ထားတဲ့ တက္ကသိုလ်တွေ ပြန်ဖွင့်ဖို့ လုပ်ခဲ့ပေမယ့် ဖေဖေါ်ဝါရီလ ၁ ရက် စစ်တပ်က အာဏာသိမ်းတာကို လက်မခံတဲ့ ကျောင်းဆရာတွေနဲ့ ကျောင်းသားတွေက စစ်ကျွန်ပညာရေးကို ဆန့်ကျင်နေကြတာပါ။
တက္ကသိုလ်တွေက နောက်ဆုံးနှစ် အတန်းနဲ့ ဘွဲ့လွန်အတန်းတွေကို မေလ ၃ရက်နေ့က ဖွင့်မယ်လို့ ကြေညာအပြီး ကျောင်းတက်သူက ၁၀ ရာခိုင်နှုန်းလောက်ပဲရှိသလို ဆရာ ဆရာမတွေကလည်း CDM ဝင်နေကြတာပါ။ ဒါကြောင့် မေလ ၅ရက်နေ့ကစပြီး ကျောင်းမလာတဲ့ ဆရာတွေ ဝန်ထမ်းတွေကို တာဝန်ကနေ ယာယီရပ်ဆိုင်းတယ်လို့ အဆင့်မြင့်ပညာ ဦးစီးဌာနက ကျောင်းအလိုက် ကြေညာချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။
တက္ကသိုလ်ကျောင်းတွေက တချို့ ဆရာ၊ ဆရာမတွေ အလုပ်ပြန်ဆင်းတာတွေ ရှိနေပေမယ့်လည်း အဲဒီလို အလုပ်ပြန်ဆင်းနေကြသူ အများစုဟာ ဖမ်းဆီးခံရမှာ ကြောက်တာကြောင့် ပြန်ဆင်းနေရတာဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း အလုပ်မဆင်းတဲ့သူတွေကို ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲတာတွေ လုပ်မယ်လို့ ခြိမ်းခြောက်တာတွေ ရှိနေတယ်လို့ တက္ကသိုလ် ဆရာမတဦးက ဗွီအိုအေကို ပြောပါတယ်။
မေလ ၈ရက်နေ့အထိဆို အဆင့်မြင့်ပညာဦးစီးဌာန လက်အောက်က တက္ကသိုလ် ၄၈ ခု ရှိတဲ့ အထဲက ၃၆ ခု နဲ့ နည်းပညာတက္ကသိုလ်၊ ကွန်ပြူတာ တက္ကသိုလ်တွေက ဆရာ၊ဆရာမနဲ့ ဝန်ထမ်းစုစုပေါင်း ၁၁,၀၀၀ လောက် ရဲ့ အမည်စာရင်းတွေ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုတွေကြောင့် စစ်တပ်နဲ့ရဲ လက်ချက်နဲ့ သေဆုံးရသူဟာ မေလ ၁၀ ရက်နေ့အထိဆို ၇၈၀ ကျော်ရှိပြီး အဖမ်းခံရသူ ၃၈၀၀ ကျော်ထဲမှာ ကျောင်းသားလူငယ်က အများစုဖြစ်တယ်လို့ နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ကပြောပါတယ်။
အဲဒီထဲမှာ ဆရာဆရာမ အနည်းဆုံး ၄၇ ဦး အဖမ်းခံနေရသလို ဖမ်းဝရမ်း အထုတ်ခံထားရ သူက ၁၅၀ လောက် ရှိနေတယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ဟာ ဒေသတွင်းမှာ အနိမ့်ကျဆုံးနိုင်ငံ စာရင်းထဲ ပါနေသလို ကမ္ဘာမှာတော့ နိုင်ငံပေါင်း ၉၃ နိုင်ငံထဲမှာ အဆင့်က ၉၂ မှာ ရှိနေတာပါ။