Zawgyi/Unicode ဘဏ္ေတြမွာ ေငြကို အကန႔္အသတ္နဲ႔ ထုတ္ေပးေနတာဟာ တိုင္းျပည္ စီးပြားေရးစီမံခ်က္ေတြ ပ်က္ျပားေအာင္ ႏိုင္ငံေရးအရ လႈံ႕ေဆာ္ေနတာေတြေၾကာင့္ ျဖစ္ၿပီး အခု မိုဘိုင္းဖုံးကတဆင့္ ေငြလႊဲတဲ့လုပ္ငန္းေတြ ပုံမွန္ျပန္ျဖစ္ေနပါၿပီလို႔ ျမန္မာႏိုင္ငံ ဗဟိုဘဏ္ ဒုဥကၠဌ ဦးဝင္းေသာ္က ဒီေန႔ သတင္းစာရွင္းလင္းပြဲမွာ ေျပာဆိုပါတယ္။
ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းမႈေၾကာင့္ ႏိုင္ငံစီးပြားေရး မတည္မၿငိမ္ျဖစ္ေနတဲ့အခ်ိန္ ဘဏ္လုပ္ငန္းေတြ ပုံမွန္လည္ပတ္ဖို႔ အခက္အခဲ ႀကဳံေနရၿပီး ATM ေငြထုတ္စက္ေတြမွာ ေန႔စဥ္နဲ႔အမွ် ေငြထုတ္သူေတြ ရာနဲ႔ခ်ီ တန္းစီေစာင့္ဆိုင္းေနၾကရပါတယ္။
အကန႔္အသတ္နဲ႔ ေငြထုတ္ခြင့္ ေပးေနတဲ့အေပၚ ေငြအပ္ႏွံသူေတြရဲ႕ စိုးရိမ္စိတ္ေတြေၾကာင့္ ဘဏ္လုပ္ငန္း အက်ပ္အတည္းကို ပိုၿပီး ရင္ဆိုင္ေနရတာလို႔ ဗဟိုဘဏ္ တာဝန္ရွိသူ တဦးကလည္း ဗြီအိုေအကို ေျပာဆိုပါတယ္။ လူေတာ္ေတာ္မ်ားမ်ားက ဘဏ္ေတြအေပၚ ယုံၾကည္မႈနည္းလာၿပီး အိမ္မွာပဲ ေငြေတြ သိမ္းထားခ်င္ၾကတာေၾကာင့္ အပ္တဲ့သူေတြက မအပ္ဘဲ ထုတ္တဲ့သူေတြက မ်ားလာေနပါတယ္။
ဘဏ္ဝန္ထမ္းေတြ အာဏာဖီဆန္ေရး CDM လႈပ္ရွားမႈမွာ ပါဝင္ၿပီး ႐ုံးမတက္ၾကတာေၾကာင့္ ဘဏ္ေတြ ဖြင့္ဖို႔ အခက္အခဲျဖစ္ခဲ့ရတယ္လို႔ ဘဏ္လုပ္ငန္းရွင္ေတြက ေျပာပါတယ္။ ဘဏ္လုပ္ငန္း အက်ပ္အတည္းေၾကာင့္ COVID-19 ေရာဂါကူးစက္မႈေတြၾကား ထိခိုက္ခဲ့ရတဲ့ တိုင္းျပည္စီးပြားေရးဟာ ေနာက္ထပ္ ပိုဆိုးလာႏိုင္သလို၊ အစားအေသာက္ ရွားပါးမႈေတြ ႀကဳံရတဲ့ အႏၲရယ္ကိုပါ ရင္ဆိုင္ရႏိုင္တယ္လို႔ ႏိုင္ငံတကာ ေငြေၾကးအဖြဲ႕အစည္းေတြနဲ႔ ေလ့လာသူေတြက သတိေပးေနၾကပါတယ္။
Unicode ဘဏ်တွေမှာ ငွေကို အကန့်အသတ်နဲ့ ထုတ်ပေးနေတာဟာ တိုင်းပြည် စီးပွားရေးစီမံချက်တွေ ပျက်ပြားအောင် နိုင်ငံရေးအရ လှုံ့ဆော်နေတာတွေကြောင့် ဖြစ်ပြီး အခု မိုဘိုင်းဖုံးကတဆင့် ငွေလွှဲတဲ့လုပ်ငန်းတွေ ပုံမှန်ပြန်ဖြစ်နေပါပြီလို့ မြန်မာနိုင်ငံ ဗဟိုဘဏ် ဒုဥက္ကဌ ဦးဝင်းသော်က ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံစီးပွားရေး မတည်မငြိမ်ဖြစ်နေတဲ့အချိန် ဘဏ်လုပ်ငန်းတွေ ပုံမှန်လည်ပတ်ဖို့ အခက်အခဲ ကြုံနေရပြီး ATM ငွေထုတ်စက်တွေမှာ နေ့စဉ်နဲ့အမျှ ငွေထုတ်သူတွေ ရာနဲ့ချီ တန်းစီစောင့်ဆိုင်းနေကြရပါတယ်။
အကန့်အသတ်နဲ့ ငွေထုတ်ခွင့် ပေးနေတဲ့အပေါ် ငွေအပ်နှံသူတွေရဲ့ စိုးရိမ်စိတ်တွေကြောင့် ဘဏ်လုပ်ငန်း အကျပ်အတည်းကို ပိုပြီး ရင်ဆိုင်နေရတာလို့ ဗဟိုဘဏ် တာဝန်ရှိသူ တဦးကလည်း ဗွီအိုအေကို ပြောဆိုပါတယ်။ လူတော်တော်များများက ဘဏ်တွေအပေါ် ယုံကြည်မှုနည်းလာပြီး အိမ်မှာပဲ ငွေတွေ သိမ်းထားချင်ကြတာကြောင့် အပ်တဲ့သူတွေက မအပ်ဘဲ ထုတ်တဲ့သူတွေက များလာနေပါတယ်။
ဘဏ်ဝန်ထမ်းတွေ အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်ပြီး ရုံးမတက်ကြတာကြောင့် ဘဏ်တွေ ဖွင့်ဖို့ အခက်အခဲဖြစ်ခဲ့ရတယ်လို့ ဘဏ်လုပ်ငန်းရှင်တွေက ပြောပါတယ်။ ဘဏ်လုပ်ငန်း အကျပ်အတည်းကြောင့် COVID-19 ရောဂါကူးစက်မှုတွေကြား ထိခိုက်ခဲ့ရတဲ့ တိုင်းပြည်စီးပွားရေးဟာ နောက်ထပ် ပိုဆိုးလာနိုင်သလို၊ အစားအသောက် ရှားပါးမှုတွေ ကြုံရတဲ့ အန္တရယ်ကိုပါ ရင်ဆိုင်ရနိုင်တယ်လို့ နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းတွေနဲ့ လေ့လာသူတွေက သတိပေးနေကြပါတယ်။