သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာႏိုင္ငံ ဘဏ္လုပ္ငန္းေတြအေပၚ စိုးရိမ္မႈေတြ ဆက္လက္ထြက္ေပၚ


မွတ္တမ္းဓါတ္ပံု မတ္လ ၁၇ ရက္ေန႔က ATM မွ ေငြထုတ္ရန္ တန္းစီေနသူမ်ား

(Zawgyi/Unicode)

ျမန္မာႏိုင္ငံက ဘဏ္စနစ္နဲ႔ ဘဏ္လုပ္ငန္းအေပၚ အယုံအၾကည္ရွိၾကပါလို႔ ဗဟိုဘဏ္ဒုဥကၠ႒က မေန႔က ေျပာၾကားလိုက္ပါတယ္။ ဘဏ္လုပ္ငန္းေတြကို မဖ်က္ပါဘူးလို႔လည္း ေသာၾကာေန႔က နစက စစ္ေကာင္စီက လုပ္တဲ့ သတင္းစာရွင္းပြဲမွာ ဒုဥကၠ႒ဦးဝင္းေသာ္ အခိုင္အမာေျပာၾကားခဲ့ပါတယ္။ စစ္အာဏာသိမ္းခဲ့ၿပီးေနာက္ ကေမာက္ကမျဖစ္ေနတဲ့ ဘဏ္လုပ္ငန္းေတြ တည္ၿငိမ္ေအာင္ ျပည္သူေတြက ပူးေပါင္းပါဝင္ေပးၾကဖို႔လည္း တိုက္တြန္းပါတယ္။ ဒီအေပၚ စီးပြားေရးလုပ္ငန္းရွင္ေတြနဲ႔ ျပည္သူေတြက ဘယ္လို႔တုံ႔ျပန္ပါသလဲ။ ရန္ကုန္က လာတဲ့ သတင္းကို မဆုမြန္က ေျပာျပပါမယ္။

စစ္တပ္က အာဏာသိမ္းၿပီးခ်ိန္ကစလို႔ စိုးရိမ္ၾကတဲ့ ျပည္သူေတြဟာ အစိုးရဘဏ္ေတြေရာ ပုဂၢလိက ဘဏ္ေတြမွာပါ အပ္ႏွံထားတဲ့ ေငြေတြကို ထုတ္ယူေနၾကပါတယ္။ ဘဏ္ေတြကေန ေန႔စဥ္ ထုတ္ယူႏိုင္တဲ့ ပမာဏကို ဗဟိုဘဏ္က ကန႔္သတ္ခဲ့ၿပီးေနာက္မွာ ဘဏ္ေတြနဲ႔ ATM စက္ေတြမွာ ေငြထုတ္ႏိုင္ဖို႔ တန္းစီေနၾကတဲ့ လူတန္းႀကီးေတြကို ျမင္ေတြ႕ေနရပါတယ္။ ခုလို ဘဏ္ေတြမွာျဖစ္ေနတဲ့ အေျခအေနဟာ ပုဂၢလိက ဘဏ္ဝန္ထမ္းေတြ CDM လႈပ္ရွားမႈမွာ ပါဝင္ၾကလို႔ျဖစ္တယ္လို႔ ဗဟိုဘဏ္ဒုဥကၠ႒ ဦးဝင္းေသာ္က နစက စစ္ေကာင္စီရဲ႕ ေသာၾကာေန႔က သတင္းစာရွင္းပြဲမွာ ေျပာသြားပါတယ္။ ျပည္သူေတြအေနနဲ႔ ဘဏ္ေတြနဲ႔ ဘဏ္လုပ္ငန္းေတြအေပၚ အယုံအၾကည္ရွိဖို႔ ခုလို ေျပာပါတယ္။

“စီးပြားေရးက႑မွာ အေရးႀကီးတဲ့ ဒီဘဏ္ေတြနဲ႔ ပတ္သက္ၿပီးေတာ့မွ ႏိုင္ငံေတာ္ အုပ္ခ်ဳပ္ေရး ေကာင္စီ အေနနဲ႔ ခိုင္ခိုင္မာမာရပ္တည္ၿပီးေတာ့ ကြၽန္ေတာ္တို႔နဲ႔ ပူးေပါင္းေဆာင္႐ြက္လ်က္ရွိပါတယ္။ ဗဟိုဘဏ္ အေနနဲ႔လည္းပဲ စည္းမ်ဥ္းစည္းကမ္းနဲ႔ အညီ ဘဏ္ေတြကို ကြပ္ကဲေနၿပီးေတာ့ လက္ရွိအေျခအေနမွာ အမ်ားျပည္သူေတြ ပူပင္သလို ဖ်က္သိမ္းမယ္ဆိုတဲ့ အစီအစဥ္ လုံးဝ မရွိပါေၾကာင္း အတည္ျပဳေျပာၾကားလိုပါတယ္။”

ဘဏ္လုပ္ငန္းေတြ တည္ၿငိမ္ေအာင္ ျပည္သူေတြအေနနဲ႔လည္း မလိုအပ္ေငြမထုတ္ဖို႔၊ ဘဏ္မွာ ယုံယုံၾကည္ၾကည္ ေငြအပ္ဖို႔သူက တိုက္တြန္းပါတယ္။ေငြအထုတ္အသြင္း ပုံမွန္ျပန္ျဖစ္ရင္ ဗဟိုဘဏ္က ခ်မွတ္ထားတဲ့ အကန႔္အသတ္ေတြ ေလ ွ်ာ့ေပးမယ္လို႔လည္း ဗဟိုဘဏ္ဒုတိယ ဥကၠဌ ဦးဝင္းေသာ္က ဆိုပါတယ္။

“ဒီျပည္သူလူထုကပဲ ဝိုင္းဝန္းၿပီးေတာ့ ဒီ Banking System ႀကီးကို Healthy ျဖစ္ေအာင္ လုပ္ဖို႔ ဆိုတာသည္ တစ္ေယာက္တစ္လက္ ဝိုင္းၿပီး လုပ္တာနဲ႔ ရတဲ့ ကိစၥရပ္ပါ။ အဲ့ေတာ့ အပ္ႏွံတဲ့ ျပည္သူေတြ သည္ ေငြသားရွိတာကို ယုံၾကည္စြာနဲ႔ အပ္ႏွံပါ၊ အပ္ႏွံထားတာကို ကြၽန္ေတာ္တို႔က အဆင္ေျပ ေခ်ာေမြ႕ ေအာင္ ဘဏ္ေတြကို ၾကပ္မတ္ေပးသြားပါမယ္။ ေငြထုတ္လိုသူေတြသည္လည္း မိမိလိုအပ္ခ်က္ ရွိသေလာက္သာ ထုတ္ပါ။ ဘဏ္စာရင္း အေဟာင္းပဲျဖစ္ျဖစ္ အသစ္ပဲျဖစ္ျဖစ္ ဘဏ္မွာ ဖြင့္ထားတဲ့ မည္သည့္ ေငြစာရင္းမွာမဆို ရွိတဲ့ ေငြသည္ ဆုံးရႈံးႏိုင္စရာ မရွိတဲ့ အတြက္ေၾကာင့္ ဒီကိစၥေလးေတြကို ကြၽန္ေတာ္တို႔နဲ႔ ဝိုင္းဝန္းၿပီးေတာ့ ေဆာင္႐ြက္ၾကဖို႔ တင္ျပလိုပါတယ္။”

ျပည္သူေတြကေတာ့ အာဏာသိမ္း စစ္ေကာင္စီကို မယုံၾကည္တာေၾကာင့္ ဘဏ္ထဲမွာ ရွိေနတဲ့ ေငြေတြကို ခုကာလမွာ ရႏိုင္သေလာက္ကို ႀကိဳးစားၿပီး ထုတ္ေနၾကတာျဖစ္တယ္လို႔ ေျပာၾကပါတယ္။

“အာဏာသိမ္းလိုက္ကတည္းက ကြၽန္ေတာ္တို႔က ဘဏ္လုပ္ငန္းေတြ အေပၚအယုံအၾကည္မွရွိေတာ့ သလို အခု ဘဏ္ထဲမွာထားတဲ့ ပိုက္ဆံေတြကိုလည္း အကုန္လုံး ျပန္ထုတ္ေနၾကတာေပါ့။ ဒါကိုမွ သူတို႔က ကန႔္သတ္ထားေသးတယ္။ ကန႔္သတ္ထားရင္ေတာင္မွ ျပည္သူေတြက အဲ့ဒါကို ရရင္ ရသေလာက္ ဥပမာ ကြၽန္ေတာ္တို႔ မနက္ ၄ နာရီေလာက္ကတည္းက ထတန္းစီတာမ်ိဳး ကြၽန္ေတာ္တို႔ လုပ္ၾကတယ္။ ကြၽန္ေတာ္တို႔ ရသေလာက္ လိုက္ထုတ္ေနတာေပါ့။ အဓိက ဘာလို႔ လိုက္ထုတ္ေနတာလဲဆိုေတာ့ အာဏာသိမ္းၿပီးကတည္းက ဒီေန႔ထိ ျပည္သူေတြက အခုတက္တဲ့ စစ္ေကာင္စီ ကို လုံးဝ အယုံအၾကည္မွရွိဘူးလို႔ ဆိုလိုျခင္းျဖစ္တယ္ေပါ့ေနာ္။”

လက္ရွိမွာ ေငြလည္ပတ္စီးဆင္းမႈမွာ အခက္အခဲေတြရွိေနတာေၾကာင့္ စီးပြားေရးလုပ္ငန္းေတြမွာ အခက္အခဲေတြ အမ်ားႀကီး ရွိေနၿပီး ဒါေတြကို မေျဖရွင္းႏိုင္ပဲ ဒီအတိုင္းသာ ဆက္ျဖစ္ေနအုံးမယ္ဆိုရင္ စီးပြားေရးက်ဆင္းၿပီး အဖက္ဖက္က ယိုယြင္းက်ဆင္းတဲ့ Failed state ျဖစ္လာႏိုင္တယ္လို႔ စီးပြားေရးလုပ္ငန္းရွင္ ေဒါက္တာစိုးထြန္းက ျမင္ပါတယ္။

"ကြၽန္ေတာ္တို႔ အားလုံးေပါ့ေႏွာ္၊ လုပ္ငန္းရွင္ေတြေရာ၊ လူေတြမွာေရာ အဓိကက ေငြထုတ္လို႔ မရေတာ့ ေငြလွည့္လည္မႈ အခက္အခဲျဖစ္ေနတာေပါ့ေႏွာ္။ ေလာေလာဆယ္ အဲ့ဒါကို ေျပလည္မယ့္ နည္းလမ္းေတာ့ မေတြ႔ေသးဘူး။ ေငြထုတ္တာအျပင္ကို ေငြေပးေခ်မႈအပိုင္း ျပည္ပကေန Import/ Export လုပ္တဲ့အခါမွာလည္း ေငြေပးရမယ့္အပိုင္း၊ က်န္တဲ့ Process ေတြ အမ်ားႀကီးရွိတာေပါ့။ အဲ့တာေတြလည္း ေခ်ာေခ်ာေမြ႕ေမြ႕မရွိေသးဘူး။ အဲ့ဒါေတြကိုလည္း ေျဖရွင္းေပးဖို႔လိုတယ္။ ၂၀၀၃၊ ၂၀၀၄ မွာလည္း အာရွဓနဘဏ္တို႔ ေမဖလားဝါးဘဏ္တို႔ ပိတ္သြားတာရွိတယ္။ ေလာေလာဆယ္ လုပ္ငန္းေတြကေတာ့ တုန႔္ေႏွးလာမယ္။ စီးပြားေရးကေတာ့ ေႏွးေကြးမႈ ျဖစ္လာမယ္။ ေငြေၾကးက အေရးႀကီးတာေပါ့။ ေငြေၾကးၿပိဳလဲသြားရင္ေတာ့ ေနာက္ဆက္တြဲက Fail State ျဖစ္လာႏိုင္တာေပါ့။ ဒီလိုျဖစ္လာရင္ေတာ့ တစ္ဦးခ်င္းဝင္ေငြ အလုပ္အကိုင္ အခြင့္အလမ္းေတြ အခက္အခဲျဖစ္လာမွာေပါ့။”

ဝန္ထမ္းအမ်ားအျပား CDM လုပ္ခဲ့ၾကတဲ့ ပုဂၢလိကဘဏ္ ေတာ္ေတာ္မ်ားမ်ား တျဖည္းျဖည္း ျပန္လည္ ဖြင့္လွစ္ေနၿပီျဖစ္ေပမဲ့ လုပ္ငန္းေတြကိုေတာ့အာဏာမသိမ္းခင္ ပုံမွန္အေျခအေနမ်ိဳး မလည္ပတ္ႏိုင္ၾကေသးပါဘူး။ ႏိုင္ငံအေျခအေန တည္ၿငိမ္မႈမရွိတဲ့ စိုးရိမ္ၾကတဲ့ ျပည္သူအမ်ားကေတာ့ ဘဏ္ေတြေရွ႕မွာ နာရီေပါင္းမ်ားစြာ တန္းစီေစာင့္ၿပီး ေငြထုတ္ႏိုင္ဖို႔ ႀကိဳးစားေနၾကသလို၊ တခ်ိဳ႕ကလည္း ပြဲစားေတြကို ၃% ထက္မနည္း အဖိုးအခေပးၿပီး ေငြထုတ္ယူေနၾကပါတယ္။

............

စစ္အာဏာသိမ္းအၿပီး ျမန္မာဘဏ္လုပ္ငန္းေတြပံုမွန္မလည္ပတ္ႏိုင္ေတာ့တာေၾကာင့္၊ ေငြသားအေပၚအဓိကအားထားလြန္းလာရၿပီး၊ စီးပြားေရးတစ္ခုလံုးပါ ထိခိုက္လာမွာစိုးရိမ္ေနရၿပီလို႔ စီးပြားေရးလုပ္ငန္းရွင္ေတြက ဆိုပါတယ္။

ဘဏ္ေတြကို အျမန္ဆံုး ကူေပးဖို႔အျပင္၊ စီးပြားေရးကုစားေပးမူစီမံကိန္းေတြပါလိုအပ္လာၿပီလို႔၊ လံုၿခံဳေရးေၾကာင့္ အမည္မေဖာ္လိုတဲ့ စီးပြားေရးလုပ္ငန္းရွင္ တစ္ဦးက ေျပာပါတယ္။ ကိုဝင္းမင္းက ေမးထားပါတယ္။

အခုဒီ ဘဏ္ျပႆနာရဲ႕ အေရးပါလြန္းေနတဲ့ အေနအထားကုိ စီးပြားေရးလုပ္ငန္းရွင္က

“ေငြေရးေၾကးေရးနဲ႔ ဘဏ္ျပႆနာက က်ေနာ္တုိ႔ လက္ရွိ ႀကံဳေတြ႔ေနရတဲ့ အက်ပ္အတည္းေတြရဲ႕ အလည္မွာရွိၿပီးေတာ့ ဘယ္ေလာက္ၾကာမလဲ ၊ ဘယ္လိုအဆင္ေျပမလဲဆိုတာကို က်ေန္ာ မသိေသးဘူးေပါ့ေနာ္။”

ကိုဝင္းမင္း။ ။ ဟုတ္ကဲ့ အခုေလာေလာဆည္မွာေရာ ဘယ္လိုမ်ိဳး စၿပီးေတာ့ ထိခိုက္မႈရွိတာေတြကို စီးပြားေရးလုပ္ငန္းေတြမွာ စၾကံဳလာရသလဲ။

ေျဖ။ ။ Business Contraction လို႔ေခၚတာေပါ့ေနာ္ စီးပြားေရးလုပ္ငန္းက်ံ႕တာေပါ့ေနာ္။ အဲဒီေတာ့ လက္ရွိ ေငြေၾကးအက်ပ္အတည္းက က်ေနာ္တို႔ ဘာကို ျပန္ၿပီးေတာင္းဆိုသလဲဆိုေတာ့ Physical Cash ေငြသားကို ျပန္ၿပီးေတာ့ ေတာင္းဆိုတာေပါ့ေနာ္။ ဘယ္ကိုေရာက္သြားသလဲဆိုေတာ့ ၁၉၉၀ နဲ႔ ၂၀၀၀ ၾကားထဲေလာက္ကို ျပန္ေရာက္သြားတယ္။ က်ေနာ္တုိ႔အရင္တုန္းက ဘဏ္စနစ္ေတြ မဖြံ႕ၿဖိဳးတဲ့စနစ္ကေန က်ေနာ္တို႔ ဖြံ႔ၿဖိဳးဖို႔ ႀကိဳးစားတယ္။ ဒီ ၂၀၀၂ ၊ ၂၀၀၃ တို႔မွာ အာရွဓန၊ ေမဖလား၀ါးတို႔၊ ရိုးမတို႔ျပႆနာမတက္ခင္နဲ႔၊ ေနာက္ ၿပီးေတာ့ ၂၀၀၄ မွာ Universal ဘဏ္ ျပႆနာတတ္တယ္။ အဲဒီၾကားထဲမွာ ဘဏ္ေတြမွာ လူေတြမယံုေတာ့လို ေငြေတြအထုတ္လိုက္ ျပန္သယ္တယ္။ ေငြသားကို ျပန္ၿပီးကိုင္တြယ္တဲ့စနစ္ျပန္ေရာက္သြားတာေပါ့။ ဒါေပမယ့္ အဲဒီတုန္းကေတာ့ ဘဏ္ ၃ -၄ ခုေလာက္ပဲျဖစ္တာ။ တျခားဘဏ္ေတြမျဖစ္ဘူး။ ဒါေပမယ့္ အခုအခ်ိန္မွာေတာ့ ဘဏ္တိုင္းအားလံုးက အက်ပ္အတည္းသြားေတြ႔တာျဖစ္တဲ့အတြက္ ဗဟိုဘဏ္ကေန ေနာက္ကေန အားေတာင့္ၿပီး က်ားကန္ေပးတယ္လို႔ ဆိုေပမယ့္ ဒီ ေန႔တဓူ၀ စီးပြားေရးလုပ္ငန္း (Business) ေရာ၊ ျပည္သူေရာ အလႊာအသီးသီးကေန လိုအပ္ခ်က္ျဖစ္ေနတဲ့ ေငြသား Demand (ဝယ္လိုအား) ကို အလွ်င္မမွီေတာ့ဘူးေပါ့ေနာ္။ အဲဒီအတြက္ စီးပြားေရးမွာ လည္ပတ္ေနတဲ့ ေငြစီးဆင္းမႈက ေငြသားေပးမွ ရတယ္ဆိုတဲ့ လည္ပတ္မႈမ်ိဳးေတြ႔ရတယ္ အဲဒီအတြက္ ေငြသားက တကယ္လည္ပတ္ေနတဲ့ National Economy (တစ္ႏိုင္ငံလံုးစီးပြားေရး) က ၈ ရာခိုင္ႏႈန္းေလာက္ပဲရွိတယ္လို႔ သိရတဲ့အခါမွာ က်ေနာ္တို႔ အခုလက္ရွိဘဏ္ေတြမွာ သြားတန္းစီတဲ့ ၊ ထုတ္ေနၾကတဲ့ ျပႆနာကို ၾကံဳေတြ႔ရတဲ့အတြက္ ဒီအခက္အခဲကို ပိုပိုၿပီးေတာ့ ၾကီးလာတယ္။

ကိုဝင္းမင္း။ ။ အခုလိုျဖစ္လာတဲ့ လက္ေတြ႔မွာေပါ့ေနာ္ ၊ စီးပြားေရးလုပ္ငန္းထဲကို ဘယ္လိုမ်ိဳး စၿပီးေတာ့ ရိုက္ခတ္လာလဲ၊ ေငြအလ်င္မမွီတဲ့အတြက္။

ေျဖ။ ။ က်ေနာ္တို႔က ေငြသားလိုတာမဟုတ္ဘူး။ Circulation (ေငြလည္ပတ္မႈ) ပဲလိုတာ ။ က်ေနာ္တို႔ ႏိုင္ငံျခားကို Export (တင္ပို႔ကုန္) ေရာင္းလိုက္တယ္ ေဒၚလာ ၀င္လာတယ္၊ ကၽြန္ေတာ္တို႔ Earning (ဝင္လာေငြ) ေရာင္းလိုက္တယ္။ အေကာင့္ (ဘဏ္စာရင္း) ထဲ၀င္လာတယ္၊ ၀င္လာတဲ့ ပိုက္ဆံကို Check (ခ်က္လက္မွတ္) နဲ႔ပဲ ျပန္ေပးလိုက္တယ္။ ဒါေပမယ့္ က်ေနာ္တို႔ အခုက်ေတာ့ Check (ခ်က္လက္မွတ္) ေတြ အေကာင့္ transfer (ဘဏ္ေငြလႊဲတာ) ေတြ အရင္တုန္းက ေပးလို႔ရတာေတြ အခုေပးလို႔မရဘူး။ ယူရတဲ့ Customer ေတြက ဘဏ္မွာ ထုတ္လို႔မရဘူး။ အဲဒါ ေငြသားကုိလိုက္ၿပီးေတာ့ စီစဥ္ရတယ္၊ ဖန္တီးရတဲ့အခါမွာ ေစေစာကေျပာတဲ့ National Economy (တစ္ႏိိုင္ငံလံုးစီးပြားေရး) မွာ လည္ပတ္ေနတဲ့ ၁၀၀ ရာခိုင္ႏႈန္းမွာ ၈ ရာခိုင္ႏႈန္းပဲ ေငြသား ရွိတာေလ၊ အဲဒါကို က်ေနာ္တို႔က လူတိုင္းက ေငြသားေပးမွ ရမယ္ဆိုတဲ့ စနစ္ကို ျပန္ဆြဲေခၚတဲ့အခါမွာ က်ေနာ္တို႔ အကုန္လံုး ဒုကၡေရာက္တာပဲ။ အခု က်ေနာ္တို႔ လုပ္ႏိုင္တဲ့ ပမာဏ အမ်ားၾကီး ၿခံဳ.ခ်ထားတယ္။ တခ်ိဳ႕ဆိုရင္အလုပ္ေတြ ဆီအုန္းမွာ၊ အထည္ခ်ဳပ္လုပ္ငန္း ၊ တခ်ိဳ႕ဆိုရင္ အခုဆိုရင္ စက္ရံုလုပ္ငန္းရွင္က လကုန္မွာ လခ မေပးႏိုင္လို႔ ထြက္ေျပးသြားတယ္၊ တခ်ိဳ႕ဆိုရင္ စက္ရံုပိတ္လိုက္တယ္။ အဲဒီေတာ့ လူေတြအေတာ္မ်ားမ်ား အလုပ္ျပဳတ္ၾကတယ္။

ကိုဝင္းမင္း။ ။ ခုနကေျပာတဲ့ Check (ခ်က္လက္မွတ္) နဲ႔ ေပးေခ်လို႔မရတဲ့ျပႆနာေပါ့ေနာ္ အဲဒါက တျခားလုပ္ငန္းေတြကို ထိခိုက္လာမယဆိုရင္ အဲဒီအေပၚမွာေရာ စိုးရိမ္မႈရွိသလား။

ေျဖ။ ။ ရွိတယ္ဗ် ဘဏ္ေတြကိုတိုင္ေပါ့ေနာ္ TT (Telegraph Transfer) တို႔ဘာတို႔ကို ေပးမလႊဲဘူး။ အခု Export (ႏိုင္ငံျခားပို႔ကုန္) ေတြ Import (ႏိုင္ငံျခားကသြင္းကုန္) ေတြမွာ အဓိက Bank Issue (ဘဏ္ျပႆနာ) က အေတာ္ေလး အခက္အခဲရွိတယ္။ ဥပမာ- ႏိုင္ငံျခားကေငြ၀င္လာတယ္ အခုက်ေတာ က်ေနာ္တို႔ဒီ ျပန္ေရာင္းမႈအပိုင္းမွာ နည္းနည္းအခက္အခဲရွိတယ္။ အရင္လို သြက္သြက္လက္လက္ လွ်င္လွ်င္ျမန္ျမန္ မရွိဘူးေပါ့ေနာ္။ အဓိကျပႆနာက Import (သြင္းကုန္) က်သြားတယ္ ဘက္စံုေတြ႔ရတယ္၊ စားရိတ္စားခေတြ တက္သြားတယ္ ၊ အက်ိဳးအျမတ္မျဖစ္ဘူး စီးပြားေရးေတြ မေကာင္းဘူး ဒီလို စီးပြားေရး Contraction (ႀကံဳ.သြားမူ) က ဘယ္လိုလွ်င္လွ်င္ျမန္ျမန္ကုစားမလဲ။ COVID မွာတုန္းကလို Stimulus Package (ကုစားေရးအကူ) လိုမ်ိဳး အခုအခ်ိန္မွာလည္း Stimulus Package ထိုးေပးဖို႔ လိုတာေပါ့ေနာ္။ Master Plan (စီမံကိန္းႀကီး) ေပါ့ေနာ္ ဆြဲၿပီးေတာ့၊ အျမန္ဆံုး Injection (ေငြထည့္ၿပီး) ထိုးေပးၿပီးေတာ့ ကုစားဖို႔လိုတယ္။

ကိုဝင္းမင္း။ ။ ဟုတ္ကဲ့ အဲလိုလုပ္ဖို႔ဆိုရင္ ဘာေတြစလုပ္ဖို႔ စဥ္းစားသင့္သလဲ။

ေျဖ။ ။ စီးပြားေရးလုပ္ငန္းေတြ ရွင္သန္ဖို႔ဆိုတာက အဓိက ဘယ္မွာ အလယ္ဗဟိုက်သလဲဆိုေတာ့ ဘဏ္ေတြက အလယ္မွာက်ေတာ့ အဓိက ဘဏ္ေတြရွင္သန္ေအာင္ေပါ့ အစိုးရက ေက်ာေထာက္ေနာက္ခံ လုပ္ေပးမွပဲရမယ္၊ အဲဒီေတာ့ ဘာလုပ္ရမလဲဆိုေတာ့ အခုဘဏ္ေတြမွာ အခက္အခဲျဖစ္ေနတာက နံပါတ္တစ္က ေငြသားအခက္အခဲေပါ့ေနာ္။ ဒုတိယတပိုင္းက ၂ ခုကုစားရမယ္ ။ တခုကေတာ့ ဘဏ္ေတြကို Supply (ပ႔ံပိုးတာ) လုပ္ေပးရမယ္ Money Supply နဲ႔ Support (ေငြေထာက္ပံ့က်ားကန္ေပးမူ) လုပ္ေပးရတာက တပိုင္း ၊ ေနာက္ ဒုတိယတစ္ခုက Regulation (စည္းမ်ဥ္းေတြ) နဲ႔ ကုစားေပးတာေပါ့ ၊ တတိယတခုက်ေတာ့ ႏိုင္ငံတကာ ဘဏ္ေတြရွိတယ္ေလ။ ႏိုင္ငံတကာ ဘဏ္ ၂၆ ဘဏ္ရွိတယ္။ အဲဒီ ၂၆ ဘဏ္ရဲ႕ အကူအညီကို ဒီအခ်ိန္မွာ ဆြဲေဆာင္ရမွာေပါ့ေနာ္။ တျခားဘဏ္ေတြကေနၿပီးေတ့ာ ျမန္မာႏိုင္ငံကို Investment (ရင္းႏွီးျမဳပ္ႏွံမူ) အတြက္ေသာ္လည္းေကာင္း ၊ က်ေနာ္တုိ႔ရဲ႕ Commercial (စီးပြားကူးသန္း) နဲ႔ Industrial Development (စက္မူဖြံၿဖိဳးေရး) အတြက္ေသာ္လည္းေကာင္း ဒါေတြကို က်ေနာ္တို႔က ဒီဘဏ္ေတြကို ၀င္ေဆာင္မႈ ေပးဖို႔အတြက္ သူတို႔ကို offer (ကမ္းလွမ္းတာ) လည္းလုပ္ရမယ္၊ ခြင့္ျပဳခ်က္လည္းေပးရမယ္ ၿပီးေတာ့လည္း သူတို႔ကို ေငြေၾကး Brought-in (ျမန္မာျပည္ထဲ) ယူလာေပါ့ အဲဒါယူလာမွ လုပ္ပိုင္ခြင့္ေတြ Retail Banking တို႔ ၊ ဘဏ္ခြဲေတြ ဖြင့္ခြင့္တို႔ ၊ Microfinance (အေသးစားေငြေခ်းမူ) အပါအ၀င္ တျခားလုပ္ငန္းေတြ အကုန္လံုးကိုေပါ့ေနာ္ Banking Function (ဘဏ္လုပ္ငန္း) အားလံုးကို လုပ္ခြင့္ေပးမယ္ဆိုတဲ့ သူတို႔ကို ဆြဲေဆာင္မႈနဲ႔ ေငြေၾကး Brought-in ေတြလုပ္ၿပီးရင္ သူတို႔ကို Offer (ကမ္းလွမ္းတာ) လုပ္ရမယ္။

တိုက္႐ိုက္ လင့္ခ္


........

မြန်မာနိုင်ငံ ဘဏ်လုပ်ငန်းတွေအပေါ် စိုးရိမ်မှုတွေ ဆက်လက်ထွက်ပေါ်

(Unicode)

မြန်မာနိုင်ငံက ဘဏ်စနစ်နဲ့ ဘဏ်လုပ်ငန်းအပေါ် အယုံအကြည်ရှိကြပါလို့ ဗဟိုဘဏ်ဒုဥက္ကဋ္ဌက မနေ့က ပြောကြားလိုက်ပါတယ်။ ဘဏ်လုပ်ငန်းတွေကို မဖျက်ပါဘူးလို့လည်း သောကြာနေ့က နစက စစ်ကောင်စီက လုပ်တဲ့ သတင်းစာရှင်းပွဲမှာ ဒုဥက္ကဋ္ဌဦးဝင်းသော် အခိုင်အမာပြောကြားခဲ့ပါတယ်။ စစ်အာဏာသိမ်းခဲ့ပြီးနောက် ကမောက်ကမဖြစ်နေတဲ့ ဘဏ်လုပ်ငန်းတွေ တည်ငြိမ်အောင် ပြည်သူတွေက ပူးပေါင်းပါဝင်ပေးကြဖို့လည်း တိုက်တွန်းပါတယ်။ ဒီအပေါ် စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ပြည်သူတွေက ဘယ်လို့တုံ့ပြန်ပါသလဲ။ ရန်ကုန်က လာတဲ့ သတင်းကို မဆုမွန်က ပြောပြပါမယ်။

စစ်တပ်က အာဏာသိမ်းပြီးချိန်ကစလို့ စိုးရိမ်ကြတဲ့ ပြည်သူတွေဟာ အစိုးရဘဏ်တွေရော ပုဂ္ဂလိက ဘဏ်တွေမှာပါ အပ်နှံထားတဲ့ ငွေတွေကို ထုတ်ယူနေကြပါတယ်။ ဘဏ်တွေကနေ နေ့စဉ် ထုတ်ယူနိုင်တဲ့ ပမာဏကို ဗဟိုဘဏ်က ကန့်သတ်ခဲ့ပြီးနောက်မှာ ဘဏ်တွေနဲ့ ATM စက်တွေမှာ ငွေထုတ်နိုင်ဖို့ တန်းစီနေကြတဲ့ လူတန်းကြီးတွေကို မြင်တွေ့နေရပါတယ်။ ခုလို ဘဏ်တွေမှာဖြစ်နေတဲ့ အခြေအနေဟာ ပုဂ္ဂလိက ဘဏ်ဝန်ထမ်းတွေ CDM လှုပ်ရှားမှုမှာ ပါဝင်ကြလို့ဖြစ်တယ်လို့ ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဦးဝင်းသော်က နစက စစ်ကောင်စီရဲ့ သောကြာနေ့က သတင်းစာရှင်းပွဲမှာ ပြောသွားပါတယ်။ ပြည်သူတွေအနေနဲ့ ဘဏ်တွေနဲ့ ဘဏ်လုပ်ငန်းတွေအပေါ် အယုံအကြည်ရှိဖို့ ခုလို ပြောပါတယ်။

“စီးပွားရေးကဏ္ဍမှာ အရေးကြီးတဲ့ ဒီဘဏ်တွေနဲ့ ပတ်သက်ပြီးတော့မှ နိုင်ငံတော် အုပ်ချုပ်ရေး ကောင်စီ အနေနဲ့ ခိုင်ခိုင်မာမာရပ်တည်ပြီးတော့ ကျွန်တော်တို့နဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ ဗဟိုဘဏ် အနေနဲ့လည်းပဲ စည်းမျဉ်းစည်းကမ်းနဲ့ အညီ ဘဏ်တွေကို ကွပ်ကဲနေပြီးတော့ လက်ရှိအခြေအနေမှာ အများပြည်သူတွေ ပူပင်သလို ဖျက်သိမ်းမယ်ဆိုတဲ့ အစီအစဉ် လုံးဝ မရှိပါကြောင်း အတည်ပြုပြောကြားလိုပါတယ်။”

ဘဏ်လုပ်ငန်းတွေ တည်ငြိမ်အောင် ပြည်သူတွေအနေနဲ့လည်း မလိုအပ်ငွေမထုတ်ဖို့၊ ဘဏ်မှာ ယုံယုံကြည်ကြည် ငွေအပ်ဖို့သူက တိုက်တွန်းပါတယ်။ငွေအထုတ်အသွင်း ပုံမှန်ပြန်ဖြစ်ရင် ဗဟိုဘဏ်က ချမှတ်ထားတဲ့ အကန့်အသတ်တွေ လေ ျှာ့ပေးမယ်လို့လည်း ဗဟိုဘဏ်ဒုတိယ ဥက္ကဌ ဦးဝင်းသော်က ဆိုပါတယ်။

“ဒီပြည်သူလူထုကပဲ ဝိုင်းဝန်းပြီးတော့ ဒီ Banking System ကြီးကို Healthy ဖြစ်အောင် လုပ်ဖို့ ဆိုတာသည် တစ်ယောက်တစ်လက် ဝိုင်းပြီး လုပ်တာနဲ့ ရတဲ့ ကိစ္စရပ်ပါ။ အဲ့တော့ အပ်နှံတဲ့ ပြည်သူတွေ သည် ငွေသားရှိတာကို ယုံကြည်စွာနဲ့ အပ်နှံပါ၊ အပ်နှံထားတာကို ကျွန်တော်တို့က အဆင်ပြေ ချောမွေ့ အောင် ဘဏ်တွေကို ကြပ်မတ်ပေးသွားပါမယ်။ ငွေထုတ်လိုသူတွေသည်လည်း မိမိလိုအပ်ချက် ရှိသလောက်သာ ထုတ်ပါ။ ဘဏ်စာရင်း အဟောင်းပဲဖြစ်ဖြစ် အသစ်ပဲဖြစ်ဖြစ် ဘဏ်မှာ ဖွင့်ထားတဲ့ မည်သည့် ငွေစာရင်းမှာမဆို ရှိတဲ့ ငွေသည် ဆုံးရှုံးနိုင်စရာ မရှိတဲ့ အတွက်ကြောင့် ဒီကိစ္စလေးတွေကို ကျွန်တော်တို့နဲ့ ဝိုင်းဝန်းပြီးတော့ ဆောင်ရွက်ကြဖို့ တင်ပြလိုပါတယ်။”

ပြည်သူတွေကတော့ အာဏာသိမ်း စစ်ကောင်စီကို မယုံကြည်တာကြောင့် ဘဏ်ထဲမှာ ရှိနေတဲ့ ငွေတွေကို ခုကာလမှာ ရနိုင်သလောက်ကို ကြိုးစားပြီး ထုတ်နေကြတာဖြစ်တယ်လို့ ပြောကြပါတယ်။

“အာဏာသိမ်းလိုက်ကတည်းက ကျွန်တော်တို့က ဘဏ်လုပ်ငန်းတွေ အပေါ်အယုံအကြည်မှရှိတော့ သလို အခု ဘဏ်ထဲမှာထားတဲ့ ပိုက်ဆံတွေကိုလည်း အကုန်လုံး ပြန်ထုတ်နေကြတာပေါ့။ ဒါကိုမှ သူတို့က ကန့်သတ်ထားသေးတယ်။ ကန့်သတ်ထားရင်တောင်မှ ပြည်သူတွေက အဲ့ဒါကို ရရင် ရသလောက် ဥပမာ ကျွန်တော်တို့ မနက် ၄ နာရီလောက်ကတည်းက ထတန်းစီတာမျိုး ကျွန်တော်တို့ လုပ်ကြတယ်။ ကျွန်တော်တို့ ရသလောက် လိုက်ထုတ်နေတာပေါ့။ အဓိက ဘာလို့ လိုက်ထုတ်နေတာလဲဆိုတော့ အာဏာသိမ်းပြီးကတည်းက ဒီနေ့ထိ ပြည်သူတွေက အခုတက်တဲ့ စစ်ကောင်စီ ကို လုံးဝ အယုံအကြည်မှရှိဘူးလို့ ဆိုလိုခြင်းဖြစ်တယ်ပေါ့နော်။”

လက်ရှိမှာ ငွေလည်ပတ်စီးဆင်းမှုမှာ အခက်အခဲတွေရှိနေတာကြောင့် စီးပွားရေးလုပ်ငန်းတွေမှာ အခက်အခဲတွေ အများကြီး ရှိနေပြီး ဒါတွေကို မဖြေရှင်းနိုင်ပဲ ဒီအတိုင်းသာ ဆက်ဖြစ်နေအုံးမယ်ဆိုရင် စီးပွားရေးကျဆင်းပြီး အဖက်ဖက်က ယိုယွင်းကျဆင်းတဲ့ Failed state ဖြစ်လာနိုင်တယ်လို့ စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာစိုးထွန်းက မြင်ပါတယ်။

"ကျွန်တော်တို့ အားလုံးပေါ့နှော်၊ လုပ်ငန်းရှင်တွေရော၊ လူတွေမှာရော အဓိကက ငွေထုတ်လို့ မရတော့ ငွေလှည့်လည်မှု အခက်အခဲဖြစ်နေတာပေါ့နှော်။ လောလောဆယ် အဲ့ဒါကို ပြေလည်မယ့် နည်းလမ်းတော့ မတွေ့သေးဘူး။ ငွေထုတ်တာအပြင်ကို ငွေပေးချေမှုအပိုင်း ပြည်ပကနေ Import/ Export လုပ်တဲ့အခါမှာလည်း ငွေပေးရမယ့်အပိုင်း၊ ကျန်တဲ့ Process တွေ အများကြီးရှိတာပေါ့။ အဲ့တာတွေလည်း ချောချောမွေ့မွေ့မရှိသေးဘူး။ အဲ့ဒါတွေကိုလည်း ဖြေရှင်းပေးဖို့လိုတယ်။ ၂၀၀၃၊ ၂၀၀၄ မှာလည်း အာရှဓနဘဏ်တို့ မေဖလားဝါးဘဏ်တို့ ပိတ်သွားတာရှိတယ်။ လောလောဆယ် လုပ်ငန်းတွေကတော့ တုန့်နှေးလာမယ်။ စီးပွားရေးကတော့ နှေးကွေးမှု ဖြစ်လာမယ်။ ငွေကြေးက အရေးကြီးတာပေါ့။ ငွေကြေးပြိုလဲသွားရင်တော့ နောက်ဆက်တွဲက Fail State ဖြစ်လာနိုင်တာပေါ့။ ဒီလိုဖြစ်လာရင်တော့ တစ်ဦးချင်းဝင်ငွေ အလုပ်အကိုင် အခွင့်အလမ်းတွေ အခက်အခဲဖြစ်လာမှာပေါ့။”

ဝန်ထမ်းအများအပြား CDM လုပ်ခဲ့ကြတဲ့ ပုဂ္ဂလိကဘဏ် တော်တော်များများ တဖြည်းဖြည်း ပြန်လည် ဖွင့်လှစ်နေပြီဖြစ်ပေမဲ့ လုပ်ငန်းတွေကိုတော့အာဏာမသိမ်းခင် ပုံမှန်အခြေအနေမျိုး မလည်ပတ်နိုင်ကြသေးပါဘူး။ နိုင်ငံအခြေအနေ တည်ငြိမ်မှုမရှိတဲ့ စိုးရိမ်ကြတဲ့ ပြည်သူအများကတော့ ဘဏ်တွေရှေ့မှာ နာရီပေါင်းများစွာ တန်းစီစောင့်ပြီး ငွေထုတ်နိုင်ဖို့ ကြိုးစားနေကြသလို၊ တချို့ကလည်း ပွဲစားတွေကို ၃% ထက်မနည်း အဖိုးအခပေးပြီး ငွေထုတ်ယူနေကြပါတယ်။

တိုက္႐ိုက္ လင့္ခ္


...........

စစ်အာဏာသိမ်းအပြီး မြန်မာဘဏ်လုပ်ငန်းတွေပုံမှန်မလည်ပတ်နိုင်တော့တာကြောင့်၊ ငွေသားအပေါ်အဓိကအားထားလွန်းလာရပြီး၊ စီးပွားရေးတစ်ခုလုံးပါ ထိခိုက်လာမှာစိုးရိမ်နေရပြီလို့ စီးပွားရေးလုပ်ငန်းရှင်တွေက ဆိုပါတယ်။

ဘဏ်တွေကို အမြန်ဆုံး ကူပေးဖို့အပြင်၊ စီးပွားရေးကုစားပေးမူစီမံကိန်းတွေပါလိုအပ်လာပြီလို့၊ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ စီးပွားရေလုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။ ကိုဝင်းမင်းက မေးထားပါတယ်။

အခုဒီ ဘဏ်ပြဿနာရဲ့ အရေးပါလွန်းနေတဲ့ အနေအထားကို စီးပွားရေးလုပ်ငန်းရှင်က

“ငွေရေးကြေးရေးနဲ့ ဘဏ်ပြဿနာက ကျနော်တို့ လက်ရှိ ကြုံတွေ့နေရတဲ့ အကျပ်အတည်းတွေရဲ့ အလည်မှာရှိပြီးတော့ ဘယ်လောက်ကြာမလဲ ၊ ဘယ်လိုအဆင်ပြေမလဲဆိုတာကို ကျနေ်ာ မသိသေးဘူးပေါ့နော်။”

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ အခုလောလောဆည်မှာရော ဘယ်လိုမျိုး စပြီးတော့ ထိခိုက်မှုရှိတာတွေကို စီးပွားရေးလုပ်ငန်းတွေမှာ စကြုံလာရသလဲ။

ဖြေ။ ။ Business Contraction လို့ခေါ်တာပေါ့နော် စီးပွားရေးလုပ်ငန်းကျံ့တာပေါ့နော်။ အဲဒီတော့ လက်ရှိ ငွေကြေးအကျပ်အတည်းက ကျနော်တို့ ဘာကို ပြန်ပြီးတောင်းဆိုသလဲဆိုတော့ Physical Cash ငွေသားကို ပြန်ပြီးတော့ တောင်းဆိုတာပေါ့နော်။ ဘယ်ကိုရောက်သွားသလဲဆိုတော့ ၁၉၉၀ နဲ့ ၂၀၀၀ ကြားထဲလောက်ကို ပြန်ရောက်သွားတယ်။ ကျနော်တို့အရင်တုန်းက ဘဏ်စနစ်တွေ မဖွံ့ဖြိုးတဲ့စနစ်ကနေ ကျနော်တို့ ဖွံ့ဖြိုးဖို့ ကြိုးစားတယ်။ ဒီ ၂၀၀၂ ၊ ၂၀၀၃ တို့မှာ အာရှဓန၊ မေဖလားဝါးတို့၊ ရိုးမတို့ပြဿနာမတက်ခင်နဲ့၊ နောက် ပြီးတော့ ၂၀၀၄ မှာ Universal ဘဏ် ပြဿနာတတ်တယ်။ အဲဒီကြားထဲမှာ ဘဏ်တွေမှာ လူတွေမယုံတော့လို ငွေတွေအထုတ်လိုက် ပြန်သယ်တယ်။ ငွေသားကို ပြန်ပြီးကိုင်တွယ်တဲ့စနစ်ပြန်ရောက်သွားတာပေါ့။ ဒါပေမယ့် အဲဒီတုန်းကတော့ ဘဏ် ၃ -၄ ခုလောက်ပဲဖြစ်တာ။ တခြားဘဏ်တွေမဖြစ်ဘူး။ ဒါပေမယ့် အခုအချိန်မှာတော့ ဘဏ်တိုင်းအားလုံးက အကျပ်အတည်းသွားတွေ့တာဖြစ်တဲ့အတွက် ဗဟိုဘဏ်ကနေ နောက်ကနေ အားတောင့်ပြီး ကျားကန်ပေးတယ်လို့ ဆိုပေမယ့် ဒီ နေ့တဓူဝ စီးပွားရေးလုပ်ငန်း (Business) ရော၊ ပြည်သူရော အလွှာအသီးသီးကနေ လိုအပ်ချက်ဖြစ်နေတဲ့ ငွေသား Demand (ဝယ်လိုအား) ကို အလျှင်မမှီတော့ဘူးပေါ့နော်။ အဲဒီအတွက် စီးပွားရေးမှာ လည်ပတ်နေတဲ့ ငွေစီးဆင်းမှုက ငွေသားပေးမှ ရတယ်ဆိုတဲ့ လည်ပတ်မှုမျိုးတွေ့ရတယ် အဲဒီအတွက် ငွေသားက တကယ်လည်ပတ်နေတဲ့ National Economy (တစ်နိုင်ငံလုံးစီးပွားရေး) က ၈ ရာခိုင်နှုန်းလောက်ပဲရှိတယ်လို့ သိရတဲ့အခါမှာ ကျနော်တို့ အခုလက်ရှိဘဏ်တွေမှာ သွားတန်းစီတဲ့ ၊ ထုတ်နေကြတဲ့ ပြဿနာကို ကြုံတွေ့ရတဲ့အတွက် ဒီအခက်အခဲကို ပိုပိုပြီးတော့ ကြီးလာတယ်။

ကိုဝင်းမင်း။ ။ အခုလိုဖြစ်လာတဲ့ လက်တွေ့မှာပေါ့နော် ၊ စီးပွားရေးလုပ်ငန်းထဲကို ဘယ်လိုမျိုး စပြီးတော့ ရိုက်ခတ်လာလဲ၊ ငွေအလျင်မမှီတဲ့အတွက်။

ဖြေ။ ။ ကျနော်တို့က ငွေသားလိုတာမဟုတ်ဘူး။ Circulation (ငွေလည်ပတ်မှု) ပဲလိုတာ ။ ကျနော်တို့ နိုင်ငံခြားကို Export (တင်ပို့ကုန်) ရောင်းလိုက်တယ် ဒေါ်လာ ဝင်လာတယ်၊ ကျွန်တော်တို့ Earning (ဝင်လာငွေ) ရောင်းလိုက်တယ်။ အကောင့် (ဘဏ်စာရင်း) ထဲဝင်လာတယ်၊ ဝင်လာတဲ့ ပိုက်ဆံကို Check (ချက်လက်မှတ်) နဲ့ပဲ ပြန်ပေးလိုက်တယ်။ ဒါပေမယ့် ကျနော်တို့ အခုကျတော့ Check (ချက်လက်မှတ်) တွေ အကောင့် transfer (ဘဏ်ငွေလွှဲတာ) တွေ အရင်တုန်းက ပေးလို့ရတာတွေ အခုပေးလို့မရဘူး။ ယူရတဲ့ Customer တွေက ဘဏ်မှာ ထုတ်လို့မရဘူး။ အဲဒါ ငွေသားကိုလိုက်ပြီးတော့ စီစဉ်ရတယ်၊ ဖန်တီးရတဲ့အခါမှာ စေစောကပြောတဲ့ National Economy (တစ်နိုင်ငံလုံးစီးပွားရေး) မှာ လည်ပတ်နေတဲ့ ၁၀၀ ရာခိုင်နှုန်းမှာ ၈ ရာခိုင်နှုန်းပဲ ငွေသား ရှိတာလေ၊ အဲဒါကို ကျနော်တို့က လူတိုင်းက ငွေသားပေးမှ ရမယ်ဆိုတဲ့ စနစ်ကို ပြန်ဆွဲခေါ်တဲ့အခါမှာ ကျနော်တို့ အကုန်လုံး ဒုက္ခရောက်တာပဲ။ အခု ကျနော်တို့ လုပ်နိုင်တဲ့ ပမာဏ အများကြီး ခြုံ.ချထားတယ်။ တချို့ဆိုရင်အလုပ်တွေ ဆီအုန်းမှာ၊ အထည်ချုပ်လုပ်ငန်း ၊ တချို့ဆိုရင် အခုဆိုရင် စက်ရုံလုပ်ငန်းရှင်က လကုန်မှာ လခ မပေးနိုင်လို့ ထွက်ပြေးသွားတယ်၊ တချို့ဆိုရင် စက်ရုံပိတ်လိုက်တယ်။ အဲဒီတော့ လူတွေအတော်များများ အလုပ်ပြုတ်ကြတယ်။

ကိုဝင်းမင်း။ ။ ခုနကပြောတဲ့ Check (ချက်လက်မှတ်) နဲ့ ပေးချေလို့မရတဲ့ပြဿနာပေါ့နော် အဲဒါက တခြားလုပ်ငန်းတွေကို ထိခိုက်လာမယဆိုရင် အဲဒီအပေါ်မှာရော စိုးရိမ်မှုရှိသလား။

ဖြေ။ ။ ရှိတယ်ဗျ ဘဏ်တွေကိုတိုင်ပေါ့နော် TT (Telegraph Transfer) တို့ဘာတို့ကို ပေးမလွှဲဘူး။ အခု Export (နိုင်ငံခြားပို့ကုန်) တွေ Import (နိုင်ငံခြားကသွင်းကုန်) တွေမှာ အဓိက Bank Issue (ဘဏ်ပြဿနာ) က အတော်လေး အခက်အခဲရှိတယ်။ ဥပမာ- နိုင်ငံခြားကငွေဝင်လာတယ် အခုကျတော ကျနော်တို့ဒီ ပြန်ရောင်းမှုအပိုင်းမှာ နည်းနည်းအခက်အခဲရှိတယ်။ အရင်လို သွက်သွက်လက်လက် လျှင်လျှင်မြန်မြန် မရှိဘူးပေါ့နော်။ အဓိကပြဿနာက Import (သွင်းကုန်) ကျသွားတယ် ဘက်စုံတွေ့ရတယ်၊ စားရိတ်စားခတွေ တက်သွားတယ် ၊ အကျိုးအမြတ်မဖြစ်ဘူး စီးပွားရေးတွေ မကောင်းဘူး ဒီလို စီးပွားရေး Contraction (ကြုံ.သွားမူ) က ဘယ်လိုလျှင်လျှင်မြန်မြန်ကုစားမလဲ။ COVID မှာတုန်းကလို Stimulus Package (ကုစားရေးအကူ) လိုမျိုး အခုအချိန်မှာလည်း Stimulus Package ထိုးပေးဖို့ လိုတာပေါ့နော်။ Master Plan (စီမံကိန်းကြီး) ပေါ့နော် ဆွဲပြီးတော့၊ အမြန်ဆုံး Injection (ငွေထည့်ပြီး) ထိုးပေးပြီးတော့ ကုစားဖို့လိုတယ်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ အဲလိုလုပ်ဖို့ဆိုရင် ဘာတွေစလုပ်ဖို့ စဉ်းစားသင့်သလဲ။

ဖြေ။ ။ စီးပွားရေးလုပ်ငန်းတွေ ရှင်သန်ဖို့ဆိုတာက အဓိက ဘယ်မှာ အလယ်ဗဟိုကျသလဲဆိုတော့ ဘဏ်တွေက အလယ်မှာကျတော့ အဓိက ဘဏ်တွေရှင်သန်အောင်ပေါ့ အစိုးရက ကျောထောက်နောက်ခံ လုပ်ပေးမှပဲရမယ်၊ အဲဒီတော့ ဘာလုပ်ရမလဲဆိုတော့ အခုဘဏ်တွေမှာ အခက်အခဲဖြစ်နေတာက နံပါတ်တစ်က ငွေသားအခက်အခဲပေါ့နော်။ ဒုတိယတပိုင်းက ၂ ခုကုစားရမယ် ။ တခုကတော့ ဘဏ်တွေကို Supply (ပံ့ပိုးတာ) လုပ်ပေးရမယ် Money Supply နဲ့ Support (ငွေထောက်ပံ့ကျားကန်ပေးမူ) လုပ်ပေးရတာက တပိုင်း ၊ နောက် ဒုတိယတစ်ခုက Regulation (စည်းမျဉ်းတွေ) နဲ့ ကုစားပေးတာပေါ့ ၊ တတိယတခုကျတော့ နိုင်ငံတကာ ဘဏ်တွေရှိတယ်လေ။ နိုင်ငံတကာ ဘဏ် ၂၆ ဘဏ်ရှိတယ်။ အဲဒီ ၂၆ ဘဏ်ရဲ့ အကူအညီကို ဒီအချိန်မှာ ဆွဲဆောင်ရမှာပေါ့နော်။ တခြားဘဏ်တွေကနေပြီးတေ့ာ မြန်မာနိုင်ငံကို Investment (ရင်းနှီးမြုပ်နှံမူ) အတွက်သော်လည်းကောင်း ၊ ကျနော်တို့ရဲ့ Commercial (စီးပွားကူးသန်း) နဲ့ Industrial Development (စက်မူဖွံဖြိုးရေး) အတွက်သော်လည်းကောင်း ဒါတွေကို ကျနော်တို့က ဒီဘဏ်တွေကို ဝင်ဆောင်မှု ပေးဖို့အတွက် သူတို့ကို offer (ကမ်းလှမ်းတာ) လည်းလုပ်ရမယ်၊ ခွင့်ပြုချက်လည်းပေးရမယ် ပြီးတော့လည်း သူတို့ကို ငွေကြေး Brought-in (မြန်မာပြည်ထဲ) ယူလာပေါ့ အဲဒါယူလာမှ လုပ်ပိုင်ခွင့်တွေ Retail Banking တို့ ၊ ဘဏ်ခွဲတွေ ဖွင့်ခွင့်တို့ ၊ Microfinance (အသေးစားငွေချေးမူ) အပါအဝင် တခြားလုပ်ငန်းတွေ အကုန်လုံးကိုပေါ့နော် Banking Function (ဘဏ်လုပ်ငန်း) အားလုံးကို လုပ်ခွင့်ပေးမယ်ဆိုတဲ့ သူတို့ကို ဆွဲဆောင်မှုနဲ့ ငွေကြေး Brought-in တွေလုပ်ပြီးရင် သူတို့ကို Offer (ကမ်းလှမ်းတာ) လုပ်ရမယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG