သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အာဏာသိမ်းပြီး ၃ လအကြာ ဘဏ်လုပ်ငန်းတွေရဲ့ အခြေအနေ


မှတ်တမ်းဓါတ်ပုံ- ဧပြီ ၁၂ ရက်နေ့တုန်းက ဧရာဘဏ်ရှေ့ ငွေထုတ်ဖို့ စောင့်နေသူများ
မှတ်တမ်းဓါတ်ပုံ- ဧပြီ ၁၂ ရက်နေ့တုန်းက ဧရာဘဏ်ရှေ့ ငွေထုတ်ဖို့ စောင့်နေသူများ

(Zawgyi/Unicode)

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာ ၃ လကျော် ကြာလာတဲ့ အချိန်အထိ ကန့်ကွက်ဆန္ဒပြပွဲတွေနဲ့ မတည်မငြိမ် အခြေအနေတွေအပေါ် စိုးရိမ်မှုတွေနဲ့အတူ ဘဏ်လုပ်ငန်းတွေမှာ အခက်အခဲတွေ ကြုံနေရပါတယ်။ အကန့်အသတ်နဲ့သာ ငွေထုတ်ခွင့်ပြုတာ၊ ဝန်ထမ်းတွေ အလုပ်မဆင်းပဲ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်နေတာတွေ အပါအဝင် ဘဏ်လုပ်ငန်းတွေမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်လို့ ဘဏ္ဍာရေးလောကက ကျွမ်းကျင်သူတွေကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

အခုလို ဘဏ်တွေမှာ ငွေထုတ်ရ ခက်ခဲတာက ဘာကြောင့်ဖြစ်လာပုံကို ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးဝင်းသော်က

“အခုဒီလောက်တိုးဝှေ.ဖြစ်နေတဲ့ ဖြစ်စဉ်တွေသည် ဘာကြောင့်လဲဆိုတော့ ဝန်ထမ်းတွေ ဒီလို နိုင်ငံရေးအပြောင်းအလဲဖြစ်တဲ့အပေါ်မှာ မူတည်ပြီးတော့ ရုံးမတက်နိုင်တဲ့အခါမှာ ဘဏ်တွေမှာ ဖွင့်နိုင်တဲ့အင်အားနည်းသွားပါတယ်။ ဒီအချိန်မှာပဲ ဘဏ်တွေမှာ လူတွေတိုးလာတယ်။ တိုးလာတယ်ဆိုတာက ၂ ကြောင်းရှိပါတယ်၊ တစ်ချက်ကတော့ တကယ်ကို လိုအပ်လို့ ထုတ်တာ ။ ဘဏ် ၁၀၀ ရှိတယ်ဆိုရင် ဖွင့်နိုင်တာက ဘဏ် ၂၀ လောက်ပဲ ဖြစ်တဲ့အတွက် အဲဒီထက် ၅ ဆလောက်ရှိတဲ့အင်အားက ဘဏ်မှာ သွားပြီး ပြုံတာပဲ ။ အဲဒီအပေါ်မှာ မူတည်ပြီးတော့ နောက်တချက် ဖျက်ဆီးလိုသူတွေက ဘဏ်တွေမှာ လူတွေဝိုင်းထုတ်နေပြီ ထုတ်ကြပါဆိုတဲ့ Message ဖြစ်တာကမှ ဒီပြဿနာ ပေါ်လာတဲ့ အရင်းခံပါပဲ။ ဘဏ်တွေပေါ်မှာ ယုံကြည်မှုမရှိနဲ့ဆိုတဲ့ဟာသည် လုံးဝမဟုတ်ဘူး ဆိုတာကို ဗဟိုဘဏ်က ထုတ်ပြန်ချက် ထုတ်ပြီးဖြစ်တယ်။ အခုလတ်တလာတော့ အကန့်အသတ်နဲ့ ဖြစ်သွားတဲ့ ကိစ္စလေးတွေမှာ လူတွေတန်းစီတဲ့ အကြောင်းအရာလေး ၁ ချက်ရှိပါတယ်၊ ကျနော်တို့ အင်တာနက် connection ပါ။ အခု အင်တာနက် connection က အားလုံး ပြန်ပြီးတော့ Data transfer တွေအားလုံး ကျနော်တို့ ပြန်လုပ်လို့ရသွားပါပြီ။”

ဒီငွေထုတ်ရ ခက်ခဲလာတဲ့ ပြဿနာအပေါ် ပု ဂ္ဂလိကဘဏ်တွေနဲ့ ပြန်ပြေလည်စေဖို့ ကြိုးပမ်း စီစဉ်နေပုံကိုလည်း ဧရာဘဏ် ဥက္ကဋ္ဌ ဒေါ်ခင်စောဦးက

“Customer တွေကို ကျမတို့က အာမခံပေးနိုင်ပါတယ်။ အခုသူတို့ရဲ့ စိုးရိမ်စိတ်ကလေးတွေ ရှိနေတဲ့အတွက်ကြောင့်မို့ ဒီလို ထုတ်တယ်ဆိုတာကိုလည်း ကျမတို့အနေနဲ့ နားလည်ပါတယ်။ ဒါကို တတ်နိုင်သမျှလည်း ကျမတို့ ဖြည့်ဆည်းပေးလျက်ရှိပါတယ်။ အဲဒီတော့ သိပ်ကြီးတော့ ကြာကြာရှိနေမယ်လို့တော့ ကျမတို့မထင်ဘူး။ နောက် ၁ လ ၂ လလောက်ဆိုရင်တော့ ပြန်ပြီးတော့ နေသားကျသွားမယ်လို့ ကျမထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အခု ကျမတို့ ဘဏ်ကိုဆိုရင် တပြည်လုံးမှာ ပြန်ဖွင့်ပြီးတော့ သူ့ Customer နဲ့ သူ ၊ သူ့ ဘဏ်ခွဲနဲ့သူ အဆင်ပြေအောင်ပေ့ါ လိုအပ်တဲ့အချိန်မှာ ရောက်နိုင်အောင် Access လုပ်နိုင်အောင် ဆိုပြီး စီစဉ်ပေးထားပါတယ်။ အခုဆိုရင် ၁၀ ရက်နေ့ကနေစပြီး အဲ့လိုလုပ်မှာပါ။ အဲဒီတော့ တခြားဘဏ်တွေလည်း အဲဒီလို စီစဉ်ဆောင်ရွက်နေတယ်လို့ ကြားပါတယ်။ ဒါကြောင့်မို့လို့ ဒီလိုမျိုး စိုးရိမ်စိတ်နဲ့ ဖြစ်နေတာတွေက ပြန်ပြီးတော့ သူ့ဟာသူ နေသားတကျဖြစ်သွားမယ်လို့ ထင်တာပါပဲ။”

အဲဒီတော့ လက်ရှိငွေထုတ်နိုင်မှုပမာဏ အကန့်အသတ်ဖြစ်နေရတဲ့ အနေအထားကိုလည် ဗဟိုဘဏ် ဒုဥက္ကဋ္ဌက

“ဒါက နိုင်ငံတကာမှာလည်း လုပ်ခွင့်ရှိပါတယ်။ နိုင်ငံတကာမှာလည်း ဗဟိုဘဏ်တွေအားလုံး နိုင်ငံတော်ရဲ့ အဓိက မဏ္ဍို င် ထဲမှာပါတဲ့ Financial sector တခုကို ဒီလိုမျိုးစုပြုံပြီး ဒါမျိုးလုပ်မယ်ဆိုရင် ကန့်သတ်ချက်နဲ့ လုပ်လို့ရတယ် ဆိုတာမျိုးလည်း ကန့်သတ်လိုက်တာ။ အဲ့ဒိကန့်သတ်ချက်နဲ့ ယုံကြည်မှုပျက်တာနဲ့ ရောသွားတယ်။ အဲဒီတော့ ကျနော်တို့သည် ဘယ်အချိန်အထိ ကန့်သတ်နေမှာလဲ ။ အခုကျနော်တို့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့တယ်။ ထိုက်သင့်တဲ့ လိုအပ်တဲ့ ပံ့ပိုးမှုတွေ ကျနော်တို့ပေးမယ်ဆိုတာလည်း ရှင်းပြခဲ့ပါတယ်။ ကျနော်တို့ လက်ရှိ ပြည်သူလူထု လူတန်းစား ၊ အကြီး အငယ် အလတ် စီးပွားရေးလုပ်ငန်းရှင် Top 10 ထိပ်သီးသူဌေးတွေအထိ အကုန်ပါတယ်။ သူတို့က ငွေတွေကို ၂၀၀၊ ၂၀ အကန့်အသတ်နဲ့ဆိုတော့ ငွေတွေမအပ်တော့ဘူး အိမ်မှာသိမ်းထားတယ်၊ ဒီဘက်ကို ဝင်ရောက်မလာဘူး ။ ထုတ်တဲ့သူတွေက အတင်းထုတ်တယ်၊ ဒီဘက်က အပ်တဲ့လူတွေက မအပ်ဘူး ဆိုတော့ Banking circulation မမှန်ဘူးဖြစ်သွားတာပေါ့။”

အခုဘဏ်တွေ ပုံမှန်မလည်ပတ်နိုင်ခြေမှာ အရေးပေါ် ကြီးကြီးမားမား ငွေပမာဏ လိုအပ်မှုအတွက်လည်း ကြိုးပမ်းပေးနေရပုံကိုလည်း အရင် ဗဟိုဘဏ် ဒုဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းခဲ့ဖူးသူ ဒေါ်ခင်စောဦးက

“Special case တွေပေါ့ ဆေးရုံတက်ရတာတို့ ၊ ကလေးတွေ ကျောင်းအပ်ရမယ့်အခြေအနေတို့ ထူးခြားတဲ့ အခြေအနေတရပ်ပေါ့နော်။ ဥပမာဆိုရင် အမျိုးသမီးက မီးဖွားမယ်ပေါ့နော် အဲလိုဟာမျိုးက ကျမတို့က Special case နဲ့ စဉ်းစားပြီးတော့ အတတ်နိုင်ဆုံး Customer စိတ်ချမ်းသာအောင် ဖြည့်ဆည်းပေးနေတာတွေရှိပါတယ်။ စိတ်ရှည်ရှည်နဲ့ ဒီလိုမျိုး တန်းစီစောင့်ရတာမျိုးကို ကျမတို့လည်း သူတို့ကို တတ်နိုင်သမျှ အဆင်ပြေပြေပေါ့နော် ၊ နေရာထိုင်ခင်းချပေးတာ၊ ရေပုလင်းတို့ဘာတို့ပေါ့နော် သူတို့တွေ အကြာကြီးနေရတယ်ဆိုတော့။”

အဲဒီတော့ ဘဏ်တွေပုံမှန် ပြန်လည်ပတ်နိုင်ဖို့ ငွေအပ်မှုတွေ ပိုတိုးလာအောင်နဲ့ နောက်ပိုင်း ငွေထုတ်ပေးမှု ကန့်သတ်ချက်တွေကို ဖြေလျှော့လာနိုင်တာကိုလည်း ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးဝင်းသော်က

“ဘဏ်တွေကို ယုံကြည်မှုမရှိပဲနဲ့ ငါတို့ အပ်ထားတဲ့ ငွေတွေ ၂၀၀၊ ၂၀ ပဲ ထုတ်လို့ရမယ်ဆိုတာကို မူတည်ပြီး မအပ်တဲ့အတွက်ကြောင့်မို့ အပ်အောင်လို့ စာရင်းအသစ်ဖွင့်လှစ်ပြီး အပ်နိုင်တယ်လို့ ထုတ်ရတဲ့အကြောင်းတရားသည် လာအပ်တဲ့ ငွေတွေအားလုံး အကန့်အသတ်မရှိ ထုတ်ပေးနိုင်တယ်ဆိုတဲ့ Message ကို public ကိုပေးလိုက်တာပါ။ တခုတော့ ကွဲပြားသွားတယ် နဂိုက လူတွေဘာကြောင့်တန်းစီရတယ်ဆိုတဲ့ ကန့်သတ်ချက်နဲ့ လုပ်တဲ့အချိန်မှာ ကန့်သတ်ချက် ဘောင်ထဲကနေထုတ်ရမယ့် အနေအထားတော့ ပထမ ငွေစာရင်းတွေက ရှိနေမှာပါ။ ဒုတိယအပ်နှံတဲဟာတွေ မေလ ၃ ရက်နေ့ နောက်ပိုင်း အပ်နှံတဲ့ငွေတွေကတော့ အဲဒီလောက် ကန့်သတ်ချက်မရှိ ထုတ်နိုင်မယ်။ ဒါပေမယ့် ဒုတိယအဆင့်က မူလအပ်နှံထားတဲ့ စာရင်းဟောင်းမှာလည်း ပထမအဆင့်မှာ ၂၀ ရာခိုင်နှုန်း ၊ ဒုတိယအဆင့်မှာ ၃၀ရာခိုင်နှုန်း ၊ တတိယအဆင့် ၅၀ ရာခိုင်နှုန်း စသည်ဖြင့် ဒါက ဥပမာပြောတာပေါ့လေ၊ ရာခိုင်နှုန်းအလိုက် အပ်နှံငွေ ပမာဏအပေါ်မှာ မူတည်ပြီးတော့ ထုတ်ပေးဖို့ plan လည်းဆွဲပြီးဖြစ်ပါတယ်။ ဒါပေမယ့် တချို့က Misunderstanding (နားလည်မှုလွဲ)ဖြစ်သွားတယ် ။ အဟောင်းနဲ့ အသစ်နဲ့ separate လုပ်လိုက်တော့ ငါတို့ငွေတွေဆုံးမှာလား ဆိုတာမျိုး ဖြစ်သွားပါတယ်။ ဘာမှ ပူပင်စရာမလိုပါဘူး၊ ဆုံးရှုံးနိုင်ချေ လုံးဝမရှိတာရယ် ငွေသားလုံလောက်မှု ကိစ္စနဲ့ ပတ်သက်လို့လည်း မစိုးရိမ်ပါနဲ့ ၊ နောက်မကြာခင်ကာလမှာလည်း ရာခိုင်နှုန်း အလိုက် သတ်မှတ်ပြီး ပေးသွားမှာ ဖြစ်ပါတယ်။”

တကယ်တော့ စစ်အာဏာသိမ်းပြီး အခုလို ငွေထုတ်မှု အကန့်အသတ်တွေနဲ့အတူ လူထုအကြား ယုံကြည်မှု ကျဆင်းလာချိန်မှာ စစ်ကောင်စီအပေါ်မှာ နဂိုက ယုံကြည်မှု ကျဆင်းနေတာကြောင့်လည်း ပုံမှန်ပြန်ဖြစ်ဖို့ ဖြေရှင်းရ ခက်နိုင်တယ်လို့လည်း စီးပွားရေးပညာရှင်တွေက သုံးသပ်ထားကြပါတယ်။

တိုက်ရိုက် လင့်ခ်


............


(Unicode)


အခုလို ဘဏျတှမှော ငှထေုတျရ ခကျခဲတာက ဘာကွောင့ျဖွဈလာပုံကို ဗဟိုဘဏျ ဒုဥက်ကဋ်ဌ ဦးဝငျးသောျက




အဲဒီတော့ လကျရှိငှထေုတျနိုငျမှုပမာဏ အကန့ျအသတျဖွဈနရေတဲ့ အနအေထားကိုလညျ ဗဟိုဘဏျ ဒုဥက်ကဋ်ဌက







XS
SM
MD
LG