သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ႏွိမ္နင္းမႈ အေျခအေန အလိုက္ မႏၱေလးသပိတ္ပံုစံ ေျပာင္းႏိုင္


ေမလ ၁၀ ရက္ေန႔တုန္းက မႏၱေလးသပိတ္ခ်ီတက္ေနေသာ တကသ ေက်ာင္းသားမ်ား

(Zawgyi/Unicode)

ျမန္မာႏိုင္ငံ အလယ္ပိုင္း မႏၲေလးျမဳိ႕မွာ ဒီရက္ပိုင္းထဲ ဆႏၵျပသပိတ္စစ္ေၾကာင္းေတြ အရင္ေန႔ေတြကထက္ ပိုထြက္လာၾကတယ္ ဆိုေပမယ့္ စစ္တပ္က အာဏာသိမ္းထားတာကို အျမန္ျပန္မ႐ုပ္သိမ္းပဲ ၊ အၾကမ္းဖက္ ပစ္ခတ္ ႏွိမ္နင္းေနဦးမယ္ဆိုရင္ေတာ့ လူထုလႈပ္ရွားမႈ ပုံသ႑န္ဟာ အျခားနည္းလမ္းေတြဖက္ကို တမ်ဳိးတဖုံ ေျပာင္းလဲသြားႏိုင္တယ္လို႔ ဆႏၵျပလႈပ္ရွားမႈ ဦးေဆာင္သူေတြက ေျပာၾကားလိုက္ပါတယ္။ ရန္ကုန္အပါအဝင္ အျခားေဒသႀကီးတခ်ဳိ႕မွာ ျပည္သူ႔ကာကြယ္ေရးတပ္ေတြ ဖြဲ႔စည္းလိုက္ေၾကာင္း ေၾကညာခ်က္ေတြ ထြက္ေပၚလာခ်ိန္မွာ မႏၲေလးသပိတ္ေခါင္းေဆာင္ေတြက အခုလို ေျပာဆိုလိုက္ၾကတာပါ။ ဒီအေၾကာင္း ကိုဉာဏ္ဝင္းေအာင္က တင္ျပထားပါတယ္။

ရန္ကုန္နဲ႔ မႏၲေလးမွာ စစ္ေကာင္စီတပ္ေတြက ဒီရက္ပိုင္းထဲ အၾကမ္းဖက္ ပစ္ခတ္ႏွိမ္နင္းတာေတြ အနည္းငယ္ၿငိမ္သက္ေနတယ္လို႔ ျမဳိ႕ခံေတြက ေျပာေပမယ့္ နယ္ဖက္ တခ်ဳိ႕ေဒသေတြမွာေတာ့ စစ္တပ္ရဲ႕ ပစ္ခတ္မႈေၾကာင့္ ေသဆုံးသူေတြ ရွိေနဆဲပါ။

မႏၲေလးျမဳိ႕မွာ တနလၤာေန႔တုန္းက လမ္းမႀကီးနဲ႔ လမ္းဆုံလမ္းခြေတြမွာ လုံျခဳံေရး တင္းၾကပ္ထားတဲ့ၾကားထဲက ဆႏၵျပ သပိတ္စစ္ေၾကာင္းမ်ဳိးစုံ ထြက္ခဲ့ၾကတယ္လို႔ မႏၲေလးတိုင္း သပိတ္ေခါင္းေဆာင္ ေဒါက္တာ ေတဇာစန္းက ေျပာပါတယ္။

“လမ္းမထက္က သပိတ္ေတြကို ေသနတ္နဲ႔ ပစ္တာခတ္တာကေတာ့ တစံုတရာ နည္းသြားတယ္လို႔ေတာ့ ထင္ရပါတယ္။ သို႔ေသာ္လည္း ရန္ကုန္လို မႏၱေလးလို ၿမိဳ႕ႀကီးေတြမွာပဲ နည္းနည္း နည္းသြားတာပါ။ နယ္ၿမိဳ႕ေတြမွာဆုိရင္ မေန႔က လုပ္ေနစဲျဖစ္တယ္။ မေန႔ကဆိုရင္ က်ေနာ္တို႔ စစ္ကိုင္းတိုင္း ၊ ျမင္းမူမွာ သပိတ္ကို ၿဖိဳခြဲရင္းနဲ႔ ျပည္သူတဦးက်သြားတယ္ဆိုတာ ရွိတယ္။ သို႔ေသာ္သူတို႔က အခုေလာေလာဆည္ ဘယ္ဟာကို ပိုၿပီးေတာ့ အာရံုုစိုက္ ဖိႏွိပ္ေနသလဲဆိုတာ က်ေနာ္တို႔ ေထာက္လွမ္းလို႔ စံုစမ္းလို႔ ရရွိတဲ့ သပိတ္ေခါင္းေဆာင္ေတြ CDM လုပ္ရွားသူေတြ CDM ေထာက္ပံ႔ကူညီတဲ့ အိမ္ေတြကို ၀င္ၿပီးေတာ့ ၊ ညပိုင္းေတြမွာ ဖမ္းဆီးတယ္ ဆိုတာမ်ိဳးေတြ က်ေနာ္တို႔ ပိုၿပီးေတာ့ ေတြ႔လာရပါတယ္။ ဧည့္စာရင္း ၀င္စစ္တယ္ဆိုတဲ့ ပံုစံမ်ိဳးနဲ႔ ၀င္လာၿပီးေတာ့ ေပ့ါေနာ္ ရွာတယ္။ ၿပီးေတာ့ ပိုဆိုးတာက သူတို႔ လာရွာဖမ္းတဲ့ လူကိုမေတြ႔ရင္ ေတြ႔တဲ့သူကို ဓါးစာခံပံုစံမ်ိဳး ဖမ္းေခၚသြားတယ္ဆိုတာမ်ိဳးေတြ၊ အိမ္မွာရွိတဲ့ တန္ဖိုးရွိတဲ့ ပစၥည္းေတြအားလံုး လုယက္ ယူေဆာင္သြားတယ္ဆိုတာမ်ိဳးက ပိုၿပီးေတာ့ ျဖစ္လာတယ္။”

ဆႏၵျပ သပိတ္စစ္ေၾကာင္းေတြထဲမွာ မႏၲေလး သံဃသမဂၢ ၊ ဘုရားႀကီး ၿငိမ္းခ်မ္းေရးသပိတ္၊ ဗကသမ်ား အဖြဲ႕ခ်ဳပ္၊ မႏၲေလးတကၠသိုလ္ ေက်ာင္းသားသမဂၢ၊ ေဒါင္းစစ္သည္၊ ပညာေရး မိသားစု၊ စိန္ပန္း သပိတ္စစ္ေၾကာင္း ၊ အမရပူရ လူထုသပိတ္စစ္ေၾကာင္း၊ မန္းအေျခစိုက္ တကသမ်ား သပိတ္စစ္ေၾကာင္း၊ေအာင္ေျမသာစံ ပညာေရးသပိတ္ ၊ မစိုးရိမ္တိုက္သစ္၊ မိုးေကာင္းတိုက္ သံဃာေတာ္မ်ား ၊ ျပည္ႀကီးတံခြန္ ညသပိတ္ စတာေတြ ပါဝင္ပါတယ္။

လုံျခဳံေရးေတြခ်ထားတဲ့ အႏၲရာယ္ေတြၾကားကပဲ တနလၤာေန႔လည္ပိုင္းက ခ်ီတက္ဆႏၵျပခဲ့ေၾကာင္း မန္းအေျခစိုက္ တကသမ်ား သပိတ္စစ္ေၾကာင္းရဲ႕ ဦးေဆာင္သူေတြထဲက အမည္မေဖၚလိုတဲ့ အမ်ဳိးသမီးငယ္တဦးက ခုလို ေျပာပါတယ္။

" က်ေနာ္တို႔ဆို ဒီေန႔ ဒီတခြန္တိုင္အဝိုင္းမွာ သပိတ္လုပ္ခဲ့တယ္ေပါ့။ အဲဒီမွာဆိုရင္ စည္ပင္က ၀န္ထမ္းေတြ ေဆးသုတ္ေနသူေတြရွိတယ္။ က်ေနာ္တို႔ သပိတ္လုပ္တာလည္း ေတြ႕ေရာ သူတို႔က ဟိုဖက္ကိုလွမ္းအေၾကာင္းၾကားတာမ်ဳိး ရွိတယ္ဗ်။ အဲဒီေတာ့ သပိတ္တခုလုပ္ရတာ အရမ္းခက္ခဲတယ္။ ေနာက္ၿပီး တအားလည္း အႏၲရာယ္မ်ားတယ္၊ ဒါေပမဲ့ လမ္းေပၚထြက္တာကေတာ့ က်ေနာ္တို႔ တေန႔မွကို အားမေလွ်ာ့ဘူး ေန႔တိုင္းထြက္ေနတာမ်ဳိးေတာ့ ရွိတယ္ဗ်။"

စစ္တပ္က အာဏာသိမ္းခဲ့ၿပီးေနာက္ေဖေဖၚဝါရီေႏွာင္းပိုင္းကစလို႔တစစနဲ႔ လူထုၾကား ပစ္ခတ္ႏွိမ္းနင္းမႈေတြ အရွိန္ျမင့္လာတာေၾကာင့္ ျပည္သူေတြရဲ႕ ၿငိမ္းခ်မ္းတဲ့ လမ္းေပၚဆႏၵျပပဲြေတြလည္း ေလ်ာ့က်လာခဲ့တာပါ။

အခုေတာ့ လမ္းေပၚအားနဲ႔အင္နဲ႔ ျပန္ထြက္လာၾကတဲ့ သပိတ္စစ္ေၾကာင္းေတြကို အၾကမ္းဖက္ပစ္ခတ္ ျဖဳိခဲြမႈေတြ ဆက္လုပ္လာဦးမယ္ဆိုရင္ မႏၲေလးဆႏၵျပျပည္သူေတြဖက္ကလည္း လူထုလႈပ္ရွားမႈ ပုံစံကို အျခားနည္းလမ္းေတြဖက္ ေျပာင္းလဲက်င့္သုံး လာၾကလိမ့္မယ္လို႔ မႏၲေလးသပိတ္ေခါင္းေဆာင္ ေဒါက္တာ ေတဇာစန္းက သုံးသပ္ပါတယ္။

“က်ေနာ္တို႔က အာဏာရွင္ ဆန္႔က်င္ေရးမွာ နည္းဗ်ဴဟာ တခုတည္းကိုပဲ ပံုေအာပစ္လို႔ မရေသးဘူးလို႔ က်ေနာ္ယူဆပါတယ္။ အဲဒီေတာ့ က်ေနာ္သိရသေလာက္ကေတာ့ မႏၱေလးတိုင္းအပါအ၀င္ေပါ့ေနာ္ ေနရာေဒသအမ်ားစုမွာ ျပည္သူ႔ကာကြယ္ေရးတပ္ေတြ စုဖဲြ႔ေနတယ္၊ ခ်ိတ္ဆက္ေနတယ္၊ ျပင္ဆင္ေနတယ္လို႔က်ေနာ္ အၾကမ္းျဖင္း သိရွိနားလည္ထားပါတယ္။ ဒါေၾကာင့္က်ေနာ္တို႔ အခုဆိုရင္လည္း ပိုၿပီးေတာ့ အားရွိသြားၾကတာေပ့ါ။ က်ေနာ္တို႔ သြားခ်င္တာကေတာ့ ရွင္းပါတယ္။ က်ေနာ္တို႔ စစ္မွန္တဲ့ ဖယ္ဒရယ္ဒီမိုကေရစီ ျပည္ေထာင္စုကို ရရွိခ်င္တာျဖစ္တယ္။ လက္ရွိ ဖမ္းဆီးခံထားရတဲ့ က်ေန္ာတို႔ ေခါင္းေဆာင္ေတြအပါအ၀င္ ေက်ာင္းသား ျပည္သူေတြအားလံုး အျမန္ဆံုးလႊတ္ေျမာက္ဖို႔ အေရးႀကီးပါတယ္။ ဒါေၾကာင့္ က်ေနာ္တို႔ ျပည္သူလူထုအေနနဲ႔ ဒီေတာင္းဆိုခ်က္ေတြ မရမခ်င္း အစြမ္းကုန္ဆက္လက္ၿပီးေတာ့ တိုက္ပြဲ၀င္သြားၾကမွာပဲ ျဖစ္ပါတယ္ခင္ဗ်။”

အၾကမ္းဖက္ဖိႏွိပ္မႈ မ်ားလြန္းရင္ ျပည္သူေတြက သူတို႔ထြက္ေပၚအတြက္ ျဖစ္ႏိုင္တဲ့နည္းလမ္းေတြကို ကိုင္စဲြလာၾကမွာ ျဖစ္တယ္လို႔ မႏၲေလး တကသမ်ား သပိတ္စစ္ေၾကာင္းရဲ႕ ဦးေဆာင္သူကလည္း ေျပာပါတယ္။

" ဒီ လူထုေတာ္လွန္ေရးႀကီးက မၿပီးေသးဘူးေပါ့ ေနာက္ထပ္ခရီးရွည္ႀကီးကို သြားရဦးမွာဆိုေတာ့ ၿငိမ္းခ်မ္းစြာဆႏၵျပတဲ့ ၿငိမ္းခ်မ္းတဲ့ ေတာ္လွန္ေရးကေနၿပီးေတာ့ လက္နက္ကိုင္ေတာ္လွန္ေရးကို က်ေနာ္တို႔ ေျပာင္းရမယ့္ အခ်ိန္တခ်ိန္ဆိုတာလည္း ေရာက္လာဦးမွာေပါ့ဗ်ာ၊ အဲဒီအခါက်ေတာ့ က်ေနာ္တို႔ကေတာ့ေလ အလ်ဥ္းသင့္ရင္သင့္သလိုမ်ဳိး အဆုံးထိ သြားမယ္ဆိုတဲ့စိတ္ကို ပိုင္းျဖတ္ထားတယ္။ ဒါေပသိ က်ေနာ္တို႔က ဒီ NUG အစိုးရေန ဖဲြ႕ထားတဲ့ ဖယ္ဒရယ္အာမီကို က်ေနာ္တို႔ ေစာင့္ရဦးမယ္။ ဖယ္ဒရယ္တပ္မေတာ္က ၿပီးျပည့္စုံမႈရွိၿပီလား ၊ ဒီအတြက္ကိုေရာ လုံေလာက္မႈ ရွိၿပီလား ဆိုတာ က်ေနာ္တို႔ ေစာင့္ဦးမယ္။ အဲဒီမတိုင္ခင္ကာလအထိ ၿငိမ္းခ်မ္းစြာ ေတာ္လွန္ေရးကို က်ေနာ္တို႔ အဆက္မျပတ္ လုပ္ဖို႔ရွိပါတယ္။ တကယ္လို႔ လက္နက္ကိုင္ ေတာ္လွန္ေရးမွာလည္း တမ်ဳိးတဖုံ .. ဒီၿငိမ္းခ်မ္းစြာ ဆႏၵျပတာေတြက လိုအပ္ေနေသးတယ္လို႔ သတ္မွတ္ၾကရင္ ေျပာလာခဲ့ရင္ က်ေနာ္တို႔က အဆုံးထိလုပ္ဖို႔ စိတ္ကူးရွိပါတယ္။ "

ေဖေဖၚဝါရီ (၁)ရက္ေန႔ စစ္တပ္က အာဏာသိမ္းခဲ့ၿပီး ေနာက္ပိုင္း အခုခ်ိန္ထိ စစ္တပ္ရဲ႕အၾကမ္းဖက္ပစ္ခတ္ႏွိမ္နင္းမႈအတြင္း အရပ္သားျပည္သူ (၇၈၀)ထက္မနည္း ေသဆုံးခဲ့ရၿပီး ၊ ဖမ္းဆီးခံထားရသူ ၃,၈၀၀ ထက္မနည္း ႐ွိတယ္လုိ႔ ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေ႐ွာက္ေရးအသင္းက စာရင္းျပဳစုထားပါတယ္။ နစက စစ္ေကာင္စီကေတာ့ ဒီစာရင္း မမွန္ဘူးလို႔ ျငင္းဆန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


...............

နှိမ်နင်းမှု အခြေအနေ အလိုက် မန္တလေးသပိတ်ပုံစံ ပြောင်းနိုင်

(Unicode)

မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးမြို့မှာ ဒီရက်ပိုင်းထဲ ဆန္ဒပြသပိတ်စစ်ကြောင်းတွေ အရင်နေ့တွေကထက် ပိုထွက်လာကြတယ် ဆိုပေမယ့် စစ်တပ်က အာဏာသိမ်းထားတာကို အမြန်ပြန်မရုပ်သိမ်းပဲ ၊ အကြမ်းဖက် ပစ်ခတ် နှိမ်နင်းနေဦးမယ်ဆိုရင်တော့ လူထုလှုပ်ရှားမှု ပုံသဏ္ဍန်ဟာ အခြားနည်းလမ်းတွေဖက်ကို တမျိုးတဖုံ ပြောင်းလဲသွားနိုင်တယ်လို့ ဆန္ဒပြလှုပ်ရှားမှု ဦးဆောင်သူတွေက ပြောကြားလိုက်ပါတယ်။ ရန်ကုန်အပါအဝင် အခြားဒေသကြီးတချို့မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေ ဖွဲ့စည်းလိုက်ကြောင်း ကြေညာချက်တွေ ထွက်ပေါ်လာချိန်မှာ မန္တလေးသပိတ်ခေါင်းဆောင်တွေက အခုလို ပြောဆိုလိုက်ကြတာပါ။ ဒီအကြောင်း ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

ရန်ကုန်နဲ့ မန္တလေးမှာ စစ်ကောင်စီတပ်တွေက ဒီရက်ပိုင်းထဲ အကြမ်းဖက် ပစ်ခတ်နှိမ်နင်းတာတွေ အနည်းငယ်ငြိမ်သက်နေတယ်လို့ မြို့ခံတွေက ပြောပေမယ့် နယ်ဖက် တချို့ဒေသတွေမှာတော့ စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသူတွေ ရှိနေဆဲပါ။

မန္တလေးမြို့မှာ တနင်္လာနေ့တုန်းက လမ်းမကြီးနဲ့ လမ်းဆုံလမ်းခွတွေမှာ လုံခြုံရေး တင်းကြပ်ထားတဲ့ကြားထဲက ဆန္ဒပြ သပိတ်စစ်ကြောင်းမျိုးစုံ ထွက်ခဲ့ကြတယ်လို့ မန္တလေးတိုင်း သပိတ်ခေါင်းဆောင် ဒေါက်တာ တေဇာစန်းက ပြောပါတယ်။

“လမ်းမထက်က သပိတ်တွေကို သေနတ်နဲ့ ပစ်တာခတ်တာကတော့ တစုံတရာ နည်းသွားတယ်လို့တော့ ထင်ရပါတယ်။ သို့သော်လည်း ရန်ကုန်လို မန္တလေးလို မြို့ကြီးတွေမှာပဲ နည်းနည်း နည်းသွားတာပါ။ နယ်မြို့တွေမှာဆိုရင် မနေ့က လုပ်နေစဲဖြစ်တယ်။ မနေ့ကဆိုရင် ကျနော်တို့ စစ်ကိုင်းတိုင်း ၊ မြင်းမူမှာ သပိတ်ကို ဖြိုခွဲရင်းနဲ့ ပြည်သူတဦးကျသွားတယ်ဆိုတာ ရှိတယ်။ သို့သော်သူတို့က အခုလောလောဆည် ဘယ်ဟာကို ပိုပြီးတော့ အာရုံစိုက် ဖိနှိပ်နေသလဲဆိုတာ ကျနော်တို့ ထောက်လှမ်းလို့ စုံစမ်းလို့ ရရှိတဲ့ သပိတ်ခေါင်းဆောင်တွေ CDM လုပ်ရှားသူတွေ CDM ထောက်ပံ့ကူညီတဲ့ အိမ်တွေကို ဝင်ပြီးတော့ ၊ ညပိုင်းတွေမှာ ဖမ်းဆီးတယ် ဆိုတာမျိုးတွေ ကျနော်တို့ ပိုပြီးတော့ တွေ့လာရပါတယ်။ ဧည့်စာရင်း ဝင်စစ်တယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ဝင်လာပြီးတော့ ပေ့ါနော် ရှာတယ်။ ပြီးတော့ ပိုဆိုးတာက သူတို့ လာရှာဖမ်းတဲ့ လူကိုမတွေ့ရင် တွေ့တဲ့သူကို ဓါးစာခံပုံစံမျိုး ဖမ်းခေါ်သွားတယ်ဆိုတာမျိုးတွေ၊ အိမ်မှာရှိတဲ့ တန်ဖိုးရှိတဲ့ ပစ္စည်းတွေအားလုံး လုယက် ယူဆောင်သွားတယ်ဆိုတာမျိုးက ပိုပြီးတော့ ဖြစ်လာတယ်။”

ဆန္ဒပြ သပိတ်စစ်ကြောင်းတွေထဲမှာ မန္တလေး သံဃသမဂ္ဂ ၊ ဘုရားကြီး ငြိမ်းချမ်းရေးသပိတ်၊ ဗကသများ အဖွဲ့ချုပ်၊ မန္တလေးတက္ကသိုလ် ကျောင်းသားသမဂ္ဂ၊ ဒေါင်းစစ်သည်၊ ပညာရေး မိသားစု၊ စိန်ပန်း သပိတ်စစ်ကြောင်း ၊ အမရပူရ လူထုသပိတ်စစ်ကြောင်း၊ မန်းအခြေစိုက် တကသများ သပိတ်စစ်ကြောင်း၊အောင်မြေသာစံ ပညာရေးသပိတ် ၊ မစိုးရိမ်တိုက်သစ်၊ မိုးကောင်းတိုက် သံဃာတော်များ ၊ ပြည်ကြီးတံခွန် ညသပိတ် စတာတွေ ပါဝင်ပါတယ်။

လုံခြုံရေးတွေချထားတဲ့ အန္တရာယ်တွေကြားကပဲ တနင်္လာနေ့လည်ပိုင်းက ချီတက်ဆန္ဒပြခဲ့ကြောင်း မန်းအခြေစိုက် တကသများ သပိတ်စစ်ကြောင်းရဲ့ ဦးဆောင်သူတွေထဲက အမည်မဖေါ်လိုတဲ့ အမျိုးသမီးငယ်တဦးက ခုလို ပြောပါတယ်။

" ကျနော်တို့ဆို ဒီနေ့ ဒီတခွန်တိုင်အဝိုင်းမှာ သပိတ်လုပ်ခဲ့တယ်ပေါ့။ အဲဒီမှာဆိုရင် စည်ပင်က ဝန်ထမ်းတွေ ဆေးသုတ်နေသူတွေရှိတယ်။ ကျနော်တို့ သပိတ်လုပ်တာလည်း တွေ့ရော သူတို့က ဟိုဖက်ကိုလှမ်းအကြောင်းကြားတာမျိုး ရှိတယ်ဗျ။ အဲဒီတော့ သပိတ်တခုလုပ်ရတာ အရမ်းခက်ခဲတယ်။ နောက်ပြီး တအားလည်း အန္တရာယ်များတယ်၊ ဒါပေမဲ့ လမ်းပေါ်ထွက်တာကတော့ ကျနော်တို့ တနေ့မှကို အားမလျှော့ဘူး နေ့တိုင်းထွက်နေတာမျိုးတော့ ရှိတယ်ဗျ။"

စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက်ဖေဖေါ်ဝါရီနှောင်းပိုင်းကစလို့တစစနဲ့ လူထုကြား ပစ်ခတ်နှိမ်းနင်းမှုတွေ အရှိန်မြင့်လာတာကြောင့် ပြည်သူတွေရဲ့ ငြိမ်းချမ်းတဲ့ လမ်းပေါ်ဆန္ဒပြပွဲတွေလည်း လျော့ကျလာခဲ့တာပါ။

အခုတော့ လမ်းပေါ်အားနဲ့အင်နဲ့ ပြန်ထွက်လာကြတဲ့ သပိတ်စစ်ကြောင်းတွေကို အကြမ်းဖက်ပစ်ခတ် ဖြိုခွဲမှုတွေ ဆက်လုပ်လာဦးမယ်ဆိုရင် မန္တလေးဆန္ဒပြပြည်သူတွေဖက်ကလည်း လူထုလှုပ်ရှားမှု ပုံစံကို အခြားနည်းလမ်းတွေဖက် ပြောင်းလဲကျင့်သုံး လာကြလိမ့်မယ်လို့ မန္တလေးသပိတ်ခေါင်းဆောင် ဒေါက်တာ တေဇာစန်းက သုံးသပ်ပါတယ်။

“ကျနော်တို့က အာဏာရှင် ဆန့်ကျင်ရေးမှာ နည်းဗျူဟာ တခုတည်းကိုပဲ ပုံအောပစ်လို့ မရသေးဘူးလို့ ကျနော်ယူဆပါတယ်။ အဲဒီတော့ ကျနော်သိရသလောက်ကတော့ မန္တလေးတိုင်းအပါအဝင်ပေါ့နော် နေရာဒေသအများစုမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေ စုဖွဲ့နေတယ်၊ ချိတ်ဆက်နေတယ်၊ ပြင်ဆင်နေတယ်လို့ကျနော် အကြမ်းဖြင်း သိရှိနားလည်ထားပါတယ်။ ဒါကြောင့်ကျနော်တို့ အခုဆိုရင်လည်း ပိုပြီးတော့ အားရှိသွားကြတာပေ့ါ။ ကျနော်တို့ သွားချင်တာကတော့ ရှင်းပါတယ်။ ကျနော်တို့ စစ်မှန်တဲ့ ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို ရရှိချင်တာဖြစ်တယ်။ လက်ရှိ ဖမ်းဆီးခံထားရတဲ့ ကျနေ်ာတို့ ခေါင်းဆောင်တွေအပါအဝင် ကျောင်းသား ပြည်သူတွေအားလုံး အမြန်ဆုံးလွှတ်မြောက်ဖို့ အရေးကြီးပါတယ်။ ဒါကြောင့် ကျနော်တို့ ပြည်သူလူထုအနေနဲ့ ဒီတောင်းဆိုချက်တွေ မရမချင်း အစွမ်းကုန်ဆက်လက်ပြီးတော့ တိုက်ပွဲဝင်သွားကြမှာပဲ ဖြစ်ပါတယ်ခင်ဗျ။”

အကြမ်းဖက်ဖိနှိပ်မှု များလွန်းရင် ပြည်သူတွေက သူတို့ထွက်ပေါ်အတွက် ဖြစ်နိုင်တဲ့နည်းလမ်းတွေကို ကိုင်စွဲလာကြမှာ ဖြစ်တယ်လို့ မန္တလေး တကသများ သပိတ်စစ်ကြောင်းရဲ့ ဦးဆောင်သူကလည်း ပြောပါတယ်။

" ဒီ လူထုတော်လှန်ရေးကြီးက မပြီးသေးဘူးပေါ့ နောက်ထပ်ခရီးရှည်ကြီးကို သွားရဦးမှာဆိုတော့ ငြိမ်းချမ်းစွာဆန္ဒပြတဲ့ ငြိမ်းချမ်းတဲ့ တော်လှန်ရေးကနေပြီးတော့ လက်နက်ကိုင်တော်လှန်ရေးကို ကျနော်တို့ ပြောင်းရမယ့် အချိန်တချိန်ဆိုတာလည်း ရောက်လာဦးမှာပေါ့ဗျာ၊ အဲဒီအခါကျတော့ ကျနော်တို့ကတော့လေ အလျဉ်းသင့်ရင်သင့်သလိုမျိုး အဆုံးထိ သွားမယ်ဆိုတဲ့စိတ်ကို ပိုင်းဖြတ်ထားတယ်။ ဒါပေသိ ကျနော်တို့က ဒီ NUG အစိုးရနေ ဖွဲ့ထားတဲ့ ဖယ်ဒရယ်အာမီကို ကျနော်တို့ စောင့်ရဦးမယ်။ ဖယ်ဒရယ်တပ်မတော်က ပြီးပြည့်စုံမှုရှိပြီလား ၊ ဒီအတွက်ကိုရော လုံလောက်မှု ရှိပြီလား ဆိုတာ ကျနော်တို့ စောင့်ဦးမယ်။ အဲဒီမတိုင်ခင်ကာလအထိ ငြိမ်းချမ်းစွာ တော်လှန်ရေးကို ကျနော်တို့ အဆက်မပြတ် လုပ်ဖို့ရှိပါတယ်။ တကယ်လို့ လက်နက်ကိုင် တော်လှန်ရေးမှာလည်း တမျိုးတဖုံ .. ဒီငြိမ်းချမ်းစွာ ဆန္ဒပြတာတွေက လိုအပ်နေသေးတယ်လို့ သတ်မှတ်ကြရင် ပြောလာခဲ့ရင် ကျနော်တို့က အဆုံးထိလုပ်ဖို့ စိတ်ကူးရှိပါတယ်။ "

ဖေဖေါ်ဝါရီ (၁)ရက်နေ့ စစ်တပ်က အာဏာသိမ်းခဲ့ပြီး နောက်ပိုင်း အခုချိန်ထိ စစ်တပ်ရဲ့အကြမ်းဖက်ပစ်ခတ်နှိမ်နင်းမှုအတွင်း အရပ်သားပြည်သူ (၇၈၀)ထက်မနည်း သေဆုံးခဲ့ရပြီး ၊ ဖမ်းဆီးခံထားရသူ ၃,၈၀၀ ထက်မနည်း ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက စာရင်းပြုစုထားပါတယ်။ နစက စစ်ကောင်စီကတော့ ဒီစာရင်း မမှန်ဘူးလို့ ငြင်းဆန်ထားပါတယ်။

ဆက္စပ္သတင္းမ်ား ...

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG