သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကြယ္လြန္သူ ကဗ်ာဆရာခက္သီဇနီးနဲ႔ VOA ေမးျမန္းခ်က္


ကြယ္လြန္သူ ကဗ်ာဆရာခက္သီ (လယ္)။ (မွတ္တမ္းဓာတ္ပံု)

[Zawgyi/Unicode]

ကဗ်ာဆရာ ခက္သီဟာ သက္ေသအေထာက္အထားမရွိဘဲ အင္အားအလြန္အကြ်ံသံုး ဖမ္းဆီးေခၚေဆာင္ခံခဲ့ရတဲ့အျပင္ သူ႔ရဲ႕ရုပ္အေလာင္းကို ျပန္ရခ်ိန္မွာ ျပင္းထန္လွတဲ့ ညွဥ္းပန္းႏွိပ္စက္တဲ့ ဒဏ္ရာ၊ ဒဏ္ခ်က္အေျမာက္အမ်ားကို ေတြ႕ခဲ့ရတယ္လို႔ ဇနီးျဖစ္သူ မေခ်ာစုက ဗီြအိုေအကိုေျပာပါတယ္။ ေရႊဘိုက ဇနီးျဖစ္သူရဲ႕ မိဘေတြအိမ္ကို ေရာက္ေနခ်ိန္ ကဗ်ာဆရာ ခက္သီကို မတ္လ ၈ ရက္ေန႔ ညေႏွာင္းပိုင္းမွာ အာဏာပိုင္ေတြ ဖမ္းဆီးေခၚေဆာင္သြားၿပီးေနာက္ ေနာက္ေန႔ မနက္မွာ သူ႔ရဲ႕ရုပ္အေလာင္းကိုပဲ ျပန္ရခဲ့တဲ့ အျဖစ္အပ်က္နဲ႔ ပက္သတ္လို႔ ဇနီးျဖစ္သူ မေခ်ာစုကို မအင္ၾကင္းႏိုင္က ဆက္သြယ္ေမးျမန္းထားပါတယ္။

မအင္ၾကင္း။ ။ မေခ်ာစုရဲ႕ ခင္ပြန္း ကဗ်ာဆရာ ေသဆံုးခဲ့တဲ့ ျဖစ္ရပ္မွာ ဖမ္းဆီးခ်ိန္ ၂၄ နာရီအတြင္း သူဘယ္လို ျဖစ္သြားသလဲဆိုတာကို ေျပာျပပါရွင့္။

မေခ်ာစု။ ။ ၈ ရက္ေန႔ ည ၁၀ နာရီေလာက္မွာ အဲဒီ စစ္ကားေတြ၊ ရဲကားေတြနဲ႔ လာေခၚတယ္ရွင့္။ က်မရယ္၊ က်မခဲအိုရယ္၊ က်မခင္ပြန္း ကိုခက္သီရယ္ သံုးေယာက္ ေခၚသြားတယ္။ ေခၚသြားၿပီးေတာ့ စခန္းေရာက္ေတာ့ က်မတို႔ကို တေနရာစီေပါ့... ဓာတ္ပံုေတြ၊ ဘာေတြ ရိုက္ၿပီးတဲ့အခါက်ေတာ့ က်မကို တေနရာမွာ စစ္တယ္။ က်မခဲအိုကိုက်ေတာ့ တေနရာမွာ ေမးတယ္။ ကိုခက္သီကိုက်ေတာ့ တေနရာကို ေခၚသြားၿပီးေမးတယ္။ ေမးၿပီးေတာ့ ညကတည္းက ေခၚသြားတာေပါ့ေနာ္။ ေနာက္ေန႔ ၁၀ နာရီေက်ာ္၊ ၁၁ ေလာက္ထင္ပါတယ္... က်မကို အျပင္ေခၚၿပီးေတာ့ ေမးစရာရွိလို႔တဲ့။ ဟုတ္ကဲ့လို႔ဆိုၿပီးေတာ့... က်မက က်မကို စစ္ေမးမယ္လို႔ပဲ ထင္တာ။ ဒါေပမဲ့ အဲဒီအရာရွိကက်ေတာ့ . (ကဗ်ာဆရာခက္သီ နာမည္အရင္းက ကိုေဇာ္ထြန္း)... ကိုေဇာ္ထြန္းက မံုရြာေဆးရံုေရာက္သြားၿပီတဲ့... က်မက ေဆးေတြ၊ ဘာေတြ ကုလို႔ရအံုးမယ္ထင္တာ။ ဒါေပမဲ့ မံုရြာသြားရမယ္ဆိုၿပီးေတာ့ သူတို႔ ရဲနဲ႔ လႊတ္လိုက္... က်မတေယာက္တည္းကို ေခၚၿပီးေတာ့။ က်မက ေဆးရံုေစာင့္ရအံုးမယ္ထင္လို႔ အဝတ္အစားေလး ယူပါရေစလို႔ ဆိုေတာ့... မယူနဲ႔ေတာ့တဲ့ သြားလိုက္ေတာ့တဲ့.... အဲဒီရဲမွဴးလား၊ ၿမိဳ႕နယ္မွဴးလားေတာ့ မသိဘူး။ ေသမယ္ဆိုရင္ေတာင္ သူ႔ထိုက္နဲ႔ သူ႔ကံဆိုၿပီး ေျပာလိုက္ေတာ့ က်မ ရင္ထဲလန္႔ေတာ့ လန္႔သြားတယ္။ ဟုတ္ပါ့မလားလို႔... ဘုရားစာရြတ္ၿပီး လိုက္သြားလိုက္တာ။ ဟိုလည္းေရာက္ေရာ မံုရြာေဆးရံု အဝိုင္းပတ္နားေလးမွာ ကားတစီးက လာၾကိဳတယ္ရွင့္ ေရွ႕ကေန လမ္းျပၿပီးေတာ့ က်မတို႔ကို။ ေဆးရံုလည္းေရာက္ေရာ ကိုခက္သီရဲ႕ ခႏၶာကိုယ္ကို ထုတ္ရေအာင္လို႔တဲ့ လက္မွတ္ထိုးေပးပါလို႔ ဆိုၿပီး က်မကို လာခိုင္းတာတဲ့။ ကိုခက္သီကို သူတို႔ဘာသာသူတို႔ သျဂိၤဳလ္ဖို႔လုပ္ထားတာ။ ၂ နာရီ မီးရိႈ႕သျဂိၤဳလ္မွာဆိုေတာ့။ က်မကလည္း မျဖစ္ဘူးလို႔။ သူ႔အေဖကလည္း ၂၆ ရက္ေန႔ကမွ ေသထားတာ။ အခုေလာေလာဆယ္ သူ႔အေမကို က်မက ဘယ္လို ရင္ဆိုင္ရမွာလဲလို႔။ သူ႔အေမကလည္း မ်က္လံုးက မ်က္မွန္ခြ်တ္လိုက္ရင္ လံုးဝ အကန္း၊ ဘာမွ မျမင္ရေတာ့ဘူး။ အဲဒီလိုအေမကို က်မက ဘယ္လို ရင္ဆိုင္ရမွာလဲ။ သူ႔သားကို ေမးလာရင္ က်မက ဘယ္လို ေျဖရမွာလဲ။ သူတို႔ ေခၚသြားတုန္းက လူက အေကာင္းၾကီး၊ ျပန္လာေတာ့မွ ဒီခႏၶာကိုယ္ၾကီးက။ သူတို႔ေျပာတဲ့ မိုင္းဆိုတာ မလုပ္ရပါဘူးရွင္။ ဘာျဖစ္လို႔လဲဆိုေတာ့ က်မကိုယ္တိုင္က ခါတိုင္းဆိုရင္ သြားခ်ည္ျပန္လွည့္လာေနတာ။ အခု ဒီ ၂ လ လံုးက သူ႔အေဖ ေနမေကာင္းလို႔ က်မ အဲဒီမွာ လိုက္ေနတာ။

မအင္ၾကင္း။ ။ အဲဒီေတာ့ အာဏာပိုင္ေတြက ကိုခက္သီကို လာၿပီးေတာ့ ဖမ္းဆီးခ်ိန္မွာ သူတို႔ စြပ္စဲြသလို အေထာက္အထားေတြေရာ ေတြ႔သြားလားရွင့္။

မေခ်ာစု။ ။ မေတြ႔ပါဘူးရွင့္။ က်မအိမ္ကို သူတို႔ ရွာၾကပါတယ္ရွင့္။ ဘာအေထာက္အထားမွ မရွိပါဘူးရွင့္။ သူတို႔က က်မကို ေရာက္ေရာက္ခ်င္း ဘာေျပာသလဲဆိုေတာ့ ႏွလံုးအဆို႔ရွင္ပိတ္တယ္ဆိုလား၊ ႏွလံုးတက္ၿပီးေသတယ္ဆိုလား ... မသိပါဘူး အဲဒါမ်ိဳးေျပာတယ္။ မျဖစ္ႏိုင္ဘူးလို႔ သူတို႔ သတ္တာပဲေနမွာလို႔။ အဲဒီေလာက္ထိေတာင္ ရက္ရက္စက္စက္ ရိုက္ႏွက္စစ္ၿပီးမွ ရတာလား။ ေဆးရံုတက္ရံုေလးအထိ ရိုက္လို႔မရဘူးလား။ ဒီေလာက္အထိ အသတ္ေသေအာင္လုပ္မွ ရတာလားလို႔ က်မ သူတို႔ကို ျပန္ေမးလိုက္တယ္။

မအင္ၾကင္း။ ။ အဲဒီေတာ့ သူ႔ရုပ္အေလာင္းကို မေခ်ာစု ၾကည္လိုက္တဲ့အခ်ိန္မွာ သံသယျဖစ္စရာဘာေတြ ေတြ႔ရသလဲရွင့္။

မေခ်ာစု။ ။ က်မ ၾကည့္လိုက္ေတာ့ ဒဏ္ရာ၊ ဒဏ္ခ်က္ေတြေလ... တကိုယ္လံုး ရစရာမေကာင္းဘူး။ ဗိုက္ေတြခဲြထားၿပီး ခ်ဳပ္ထားတာ၊ ရင္ေခါင္းကေနစၿပီးခဲြထားတာ အၾကီးၾကီးပဲ၊ က်မအထင္ေတာ့ ကလီစာေတြထုတ္ယူလိုက္တယ္ထင္တာပဲ။ ေခါင္းေတြကလည္း ေပါက္ေနတာ။ က်မ ပုလဲေရာက္တဲ့အထိ ေခါင္းမွာ ေသြးမတိတ္ေသးဘူး။ ၿပီးေတာ့ ရင္ဘတ္မွာလဲ နံရိုးက်ိဳးထားတယ္ထင္တယ္။ သူက အသားျဖဴတဲ့အခါက်ေတာ့ သူတို႔ ရိုက္ထားတဲ့ အရာက က်န္ေနခဲ့တာရွင့္ ဝမ္းဗိုက္မွာ နံရိုးနားေလးမွာ။ ေနာက္ၿပီး ေပါင္ေတြမွာ လွန္ၾကည့္ေတာ့ မီးပူနဲ႔ ကပ္ထားသလို ... သံျပားေလ အဲဒီလိုမ်ိဳး အရာမ်ိဳးေပါ့ေနာ္ ေတြ႔တယ္ရွင့္။ လက္ေတြေရာ၊ ေျခေထာက္၊ ေျခသလံုးေတြေရာ၊ တေနရာမွ မက်န္ပါဘူးရွင့္ ... အကုန္လံုးရိုက္ႏွက္ထားတာ။ ဒီလိုၾကီး ရက္ရက္စက္စက္ သတ္လိုက္တာ။

မအင္ၾကင္း။ ။ အဲဒီေတာ့ အခုေလ... သူ႔ကို ဘယ္သူေတြ ဖမ္းသြားသလဲ။ ေနာက္ၿပီးေတာ့ အခု ဒီကိစၥမွာ ဘယ္သူေတြမွာ တာဝန္ရွိသလဲရွင့္။

မေခ်ာစု။ ။ သူတို႔ ေျပာသံၾကားလိုက္တာေတာ့ အဲဒီ G1 ဆိုတဲ့ဟာလည္း ပါတယ္ေျပာတယ္ရွင့္။ G1 ဆိုတာ အဲဒီ စစ္တပ္ဘက္က ဘယ္ဟာလဲေတာ့ မသိဘူး။ အဲဒီ G1 ဆိုတာလဲ ပါေလာက္တယ္လို႔ ေျပာတယ္ရွင့္။ အေယာက္ ၁၀၀ ေလာက္ရွိတယ္ လက္နက္ေတြနဲ႔ ထိုးခ်ိတ္ထားတာ။ က်မတို႔ေရာ၊ က်မမိသားစုေရာ၊ စစ္တပ္ေရာ၊ ရဲေရာ အမ်ားၾကီးပဲ.... ဒီလို မတရားလုပ္ခံရလို႔ က်မတို႔မွာ တိုင္စရာလည္း မရွိဘူး။

လုံျခဳံေရးတပ္ဖြဲ႔၀င္ေတြ ဖမ္းဆီးေခၚေဆာင္ၿပီး ေသဆုံးသြားခဲ့တဲ့ ကဗ်ာဆရာ ခက္သီရဲ႕ ဇနီး မေခ်ာစု ဗီြအိုေအကို ေျပာျပသြားတာပါ။ မေန႔က ကဗ်ာဆရာ ခက္သီရဲ႕ စ်ာပန ကို ပုလဲၿမိဳ႕မွာ မေန႔က က်င္းပခဲ့ၿပီး ၿမိဳ႕ခံလူထု ေထာင္နဲ႔ခ်ီ လိုက္ပါပို႔ေဆာင္ခဲ့ၾကပါတယ္။ ကုလသမဂၢရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ လူ႔အခြင့္အေရး အထူးကိုယ္စားလွယ္ Tom Andrews ကေတာ့ ကဗ်ာဆရာခက္သီ ကြယ္လြန္ခဲ့တဲ့အတြက္ မိသားစုနဲ႔အတူ ၀မ္းနည္းေၾကကြဲရတဲ့အေၾကာင္း တြစ္တာလူမႈကြန္ယက္မွာ ေရးသားပါတယ္။

သူတို႔က ေခါင္းကို ပစ္တယ္၊ ေတာ္လွန္ေရးက ႏွလုံးသားမွာ ရွိတာ သူတို႔ မသိၾကဘူးဆိုတဲ့ ခက္သီရဲ႕ ကဗ်ာကို ကိုးကားရင္း Tom Andrews က ေရးသားခဲ့တာပါ။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကွယ်လွန်သူ ကဗျာဆရာခက်သီဇနီးနဲ့ VOA မေးမြန်းချက်

ကဗျာဆရာ ခက်သီဟာ သက်သေအထောက်အထားမရှိဘဲ အင်အားအလွန်အကျွံသုံး ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရတဲ့အပြင် သူ့ရဲ့ရုပ်အလောင်းကို ပြန်ရချိန်မှာ ပြင်းထန်လှတဲ့ ညှဉ်းပန်းနှိပ်စက်တဲ့ ဒဏ်ရာ၊ ဒဏ်ချက်အမြောက်အများကို တွေ့ခဲ့ရတယ်လို့ ဇနီးဖြစ်သူ မချောစုက ဗွီအိုအေကိုပြောပါတယ်။ ရွှေဘိုက ဇနီးဖြစ်သူရဲ့ မိဘတွေအိမ်ကို ရောက်နေချိန် ကဗျာဆရာ ခက်သီကို မတ်လ ၈ ရက်နေ့ ညနှောင်းပိုင်းမှာ အာဏာပိုင်တွေ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် နောက်နေ့ မနက်မှာ သူ့ရဲ့ရုပ်အလောင်းကိုပဲ ပြန်ရခဲ့တဲ့ အဖြစ်အပျက်နဲ့ ပက်သတ်လို့ ဇနီးဖြစ်သူ မချောစုကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

မအင်ကြင်း။ ။ မချောစုရဲ့ ခင်ပွန်း ကဗျာဆရာ သေဆုံးခဲ့တဲ့ ဖြစ်ရပ်မှာ ဖမ်းဆီးချိန် ၂၄ နာရီအတွင်း သူဘယ်လို ဖြစ်သွားသလဲဆိုတာကို ပြောပြပါရှင့်။

မချောစု။ ။ ၈ ရက်နေ့ ည ၁၀ နာရီလောက်မှာ အဲဒီ စစ်ကားတွေ၊ ရဲကားတွေနဲ့ လာခေါ်တယ်ရှင့်။ ကျမရယ်၊ ကျမခဲအိုရယ်၊ ကျမခင်ပွန်း ကိုခက်သီရယ် သုံးယောက် ခေါ်သွားတယ်။ ခေါ်သွားပြီးတော့ စခန်းရောက်တော့ ကျမတို့ကို တနေရာစီပေါ့... ဓာတ်ပုံတွေ၊ ဘာတွေ ရိုက်ပြီးတဲ့အခါကျတော့ ကျမကို တနေရာမှာ စစ်တယ်။ ကျမခဲအိုကိုကျတော့ တနေရာမှာ မေးတယ်။ ကိုခက်သီကိုကျတော့ တနေရာကို ခေါ်သွားပြီးမေးတယ်။ မေးပြီးတော့ ညကတည်းက ခေါ်သွားတာပေါ့နော်။ နောက်နေ့ ၁၀ နာရီကျော်၊ ၁၁ လောက်ထင်ပါတယ်... ကျမကို အပြင်ခေါ်ပြီးတော့ မေးစရာရှိလို့တဲ့။ ဟုတ်ကဲ့လို့ဆိုပြီးတော့... ကျမက ကျမကို စစ်မေးမယ်လို့ပဲ ထင်တာ။ ဒါပေမဲ့ အဲဒီအရာရှိကကျတော့ . (ကဗျာဆရာခက်သီ နာမည်အရင်းက ကိုဇော်ထွန်း)... ကိုဇော်ထွန်းက မုံရွာဆေးရုံရောက်သွားပြီတဲ့... ကျမက ဆေးတွေ၊ ဘာတွေ ကုလို့ရအုံးမယ်ထင်တာ။ ဒါပေမဲ့ မုံရွာသွားရမယ်ဆိုပြီးတော့ သူတို့ ရဲနဲ့ လွှတ်လိုက်... ကျမတယောက်တည်းကို ခေါ်ပြီးတော့။ ကျမက ဆေးရုံစောင့်ရအုံးမယ်ထင်လို့ အဝတ်အစားလေး ယူပါရစေလို့ ဆိုတော့... မယူနဲ့တော့တဲ့ သွားလိုက်တော့တဲ့.... အဲဒီရဲမှူးလား၊ မြို့နယ်မှူးလားတော့ မသိဘူး။ သေမယ်ဆိုရင်တောင် သူ့ထိုက်နဲ့ သူ့ကံဆိုပြီး ပြောလိုက်တော့ ကျမ ရင်ထဲလန့်တော့ လန့်သွားတယ်။ ဟုတ်ပါ့မလားလို့... ဘုရားစာရွတ်ပြီး လိုက်သွားလိုက်တာ။ ဟိုလည်းရောက်ရော မုံရွာဆေးရုံ အဝိုင်းပတ်နားလေးမှာ ကားတစီးက လာကြိုတယ်ရှင့် ရှေ့ကနေ လမ်းပြပြီးတော့ ကျမတို့ကို။ ဆေးရုံလည်းရောက်ရော ကိုခက်သီရဲ့ ခန္ဓာကိုယ်ကို ထုတ်ရအောင်လို့တဲ့ လက်မှတ်ထိုးပေးပါလို့ ဆိုပြီး ကျမကို လာခိုင်းတာတဲ့။ ကိုခက်သီကို သူတို့ဘာသာသူတို့ သဂြိၤုလ်ဖို့လုပ်ထားတာ။ ၂ နာရီ မီးရှို့သဂြိၤုလ်မှာဆိုတော့။ ကျမကလည်း မဖြစ်ဘူးလို့။ သူ့အဖေကလည်း ၂၆ ရက်နေ့ကမှ သေထားတာ။ အခုလောလောဆယ် သူ့အမေကို ကျမက ဘယ်လို ရင်ဆိုင်ရမှာလဲလို့။ သူ့အမေကလည်း မျက်လုံးက မျက်မှန်ချွတ်လိုက်ရင် လုံးဝ အကန်း၊ ဘာမှ မမြင်ရတော့ဘူး။ အဲဒီလိုအမေကို ကျမက ဘယ်လို ရင်ဆိုင်ရမှာလဲ။ သူ့သားကို မေးလာရင် ကျမက ဘယ်လို ဖြေရမှာလဲ။ သူတို့ ခေါ်သွားတုန်းက လူက အကောင်းကြီး၊ ပြန်လာတော့မှ ဒီခန္ဓာကိုယ်ကြီးက။ သူတို့ပြောတဲ့ မိုင်းဆိုတာ မလုပ်ရပါဘူးရှင်။ ဘာဖြစ်လို့လဲဆိုတော့ ကျမကိုယ်တိုင်က ခါတိုင်းဆိုရင် သွားချည်ပြန်လှည့်လာနေတာ။ အခု ဒီ ၂ လ လုံးက သူ့အဖေ နေမကောင်းလို့ ကျမ အဲဒီမှာ လိုက်နေတာ။

မအင်ကြင်း။ ။ အဲဒီတော့ အာဏာပိုင်တွေက ကိုခက်သီကို လာပြီးတော့ ဖမ်းဆီးချိန်မှာ သူတို့ စွပ်စွဲသလို အထောက်အထားတွေရော တွေ့သွားလားရှင့်။

မချောစု။ ။ မတွေ့ပါဘူးရှင့်။ ကျမအိမ်ကို သူတို့ ရှာကြပါတယ်ရှင့်။ ဘာအထောက်အထားမှ မရှိပါဘူးရှင့်။ သူတို့က ကျမကို ရောက်ရောက်ချင်း ဘာပြောသလဲဆိုတော့ နှလုံးအဆို့ရှင်ပိတ်တယ်ဆိုလား၊ နှလုံးတက်ပြီးသေတယ်ဆိုလား ... မသိပါဘူး အဲဒါမျိုးပြောတယ်။ မဖြစ်နိုင်ဘူးလို့ သူတို့ သတ်တာပဲနေမှာလို့။ အဲဒီလောက်ထိတောင် ရက်ရက်စက်စက် ရိုက်နှက်စစ်ပြီးမှ ရတာလား။ ဆေးရုံတက်ရုံလေးအထိ ရိုက်လို့မရဘူးလား။ ဒီလောက်အထိ အသတ်သေအောင်လုပ်မှ ရတာလားလို့ ကျမ သူတို့ကို ပြန်မေးလိုက်တယ်။

မအင်ကြင်း။ ။ အဲဒီတော့ သူ့ရုပ်အလောင်းကို မချောစု ကြည်လိုက်တဲ့အချိန်မှာ သံသယဖြစ်စရာဘာတွေ တွေ့ရသလဲရှင့်။

မချောစု။ ။ ကျမ ကြည့်လိုက်တော့ ဒဏ်ရာ၊ ဒဏ်ချက်တွေလေ... တကိုယ်လုံး ရစရာမကောင်းဘူး။ ဗိုက်တွေခွဲထားပြီး ချုပ်ထားတာ၊ ရင်ခေါင်းကနေစပြီးခွဲထားတာ အကြီးကြီးပဲ၊ ကျမအထင်တော့ ကလီစာတွေထုတ်ယူလိုက်တယ်ထင်တာပဲ။ ခေါင်းတွေကလည်း ပေါက်နေတာ။ ကျမ ပုလဲရောက်တဲ့အထိ ခေါင်းမှာ သွေးမတိတ်သေးဘူး။ ပြီးတော့ ရင်ဘတ်မှာလဲ နံရိုးကျိုးထားတယ်ထင်တယ်။ သူက အသားဖြူတဲ့အခါကျတော့ သူတို့ ရိုက်ထားတဲ့ အရာက ကျန်နေခဲ့တာရှင့် ဝမ်းဗိုက်မှာ နံရိုးနားလေးမှာ။ နောက်ပြီး ပေါင်တွေမှာ လှန်ကြည့်တော့ မီးပူနဲ့ ကပ်ထားသလို ... သံပြားလေ အဲဒီလိုမျိုး အရာမျိုးပေါ့နော် တွေ့တယ်ရှင့်။ လက်တွေရော၊ ခြေထောက်၊ ခြေသလုံးတွေရော၊ တနေရာမှ မကျန်ပါဘူးရှင့် ... အကုန်လုံးရိုက်နှက်ထားတာ။ ဒီလိုကြီး ရက်ရက်စက်စက် သတ်လိုက်တာ။

မအင်ကြင်း။ ။ အဲဒီတော့ အခုလေ... သူ့ကို ဘယ်သူတွေ ဖမ်းသွားသလဲ။ နောက်ပြီးတော့ အခု ဒီကိစ္စမှာ ဘယ်သူတွေမှာ တာဝန်ရှိသလဲရှင့်။

မချောစု။ ။ သူတို့ ပြောသံကြားလိုက်တာတော့ အဲဒီ G1 ဆိုတဲ့ဟာလည်း ပါတယ်ပြောတယ်ရှင့်။ G1 ဆိုတာ အဲဒီ စစ်တပ်ဘက်က ဘယ်ဟာလဲတော့ မသိဘူး။ အဲဒီ G1 ဆိုတာလဲ ပါလောက်တယ်လို့ ပြောတယ်ရှင့်။ အယောက် ၁၀၀ လောက်ရှိတယ် လက်နက်တွေနဲ့ ထိုးချိတ်ထားတာ။ ကျမတို့ရော၊ ကျမမိသားစုရော၊ စစ်တပ်ရော၊ ရဲရော အများကြီးပဲ.... ဒီလို မတရားလုပ်ခံရလို့ ကျမတို့မှာ တိုင်စရာလည်း မရှိဘူး။

လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးခေါ်ဆောင်ပြီး သေဆုံးသွားခဲ့တဲ့ ကဗျာဆရာ ခက်သီရဲ့ ဇနီး မချောစု ဗွီအိုအေကို ပြောပြသွားတာပါ။ မနေ့က ကဗျာဆရာ ခက်သီရဲ့ ဈာပန ကို ပုလဲမြို့မှာ မနေ့က ကျင်းပခဲ့ပြီး မြို့ခံလူထု ထောင်နဲ့ချီ လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews ကတော့ ကဗျာဆရာခက်သီ ကွယ်လွန်ခဲ့တဲ့အတွက် မိသားစုနဲ့အတူ ဝမ်းနည်းကြေကွဲရတဲ့အကြောင်း တွစ်တာလူမှုကွန်ယက်မှာ ရေးသားပါတယ်။

သူတို့က ခေါင်းကို ပစ်တယ်၊ တော်လှန်ရေးက နှလုံးသားမှာ ရှိတာ သူတို့ မသိကြဘူးဆိုတဲ့ ခက်သီရဲ့ ကဗျာကို ကိုးကားရင်း Tom Andrews က ရေးသားခဲ့တာပါ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG