သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကဗ်ာဆရာ ခက္သီရဲ႕ စ်ာပန ေထာင္နဲ႔ခ်ီတဲ႔ ျပည္သူေတြ လိုက္လံပို႔ေဆာင္


ကဗ်ာဆရာ ခက္သီရဲ႕ စ်ာပန ေထာင္နဲ႔ခ်ီတဲ႔ ျပည္သူေတြ လိုက္လံပို႔ေဆာင္ (ဓါတ္ပံု- Moe Kyaw Thein)

(Zawgyi/Unicode)

အာဏာပိုင္ေတြဖမ္းဆီးေခၚေဆာင္သြားၿပီးေနာက္ ၂၄ နာရီအတြင္း ေသဆံုးခဲ့တဲ့ ကဗ်ာဆရာ ခက္သီရဲ႕ စ်ာပန ကို ပုလဲၿမိဳ႕မွာ မေန႔က ျပဳလုပ္ခဲ့ရာမွာ ၿမိဳ႕ခံလူထု ေထာင္နဲ႔ခ်ီ လိုက္ပါပို႔ေဆာင္ခဲ့ၾကပါတယ္။

တခ်ိန္တည္းမွာပဲ ကဗ်ာဆရာခက္သီ ေသဆံုးခဲ့တဲ့ျဖစ္ရပ္နဲ႔ ပတ္သက္လို႔ ေၾကကဲြ၀မ္းနည္းမိေၾကာင္း ကုလသမဂၢရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ လူ႔အခြင့္အေရး အထူးကိုယ္စားလွယ္ Tom Andrews က တနလၤာေန႔က ေျပာၾကားခဲ့ပါတယ္။

မအင္ၾကင္းႏိုင္က အျပည့္အစံုတင္ျပမွာပါ။

ကဗ်ာဆရာခက္သီရဲ႕ ေမြးရပ္ေျမ စစ္ကိုင္းတိုင္း ပုလဲၿမိဳ႕မွာ ျပဳလုပ္တဲ့ သူ႔စ်ာပနကို ေထာင္နဲ႔ခ်ီတဲ့ ေဒသခံျပည္သူေတြ လိုက္ပါပို႔ေဆာင္ခဲ့ၾကၿပီး စစ္ဏာရွင္စနစ္က်ဆံုးေရး ေၾကြးေၾကာ္ခဲ့ၾကပါတယ္။

ကဗ်ာဆရာခက္သီကို ေရႊဘိုၿမို႕မွာ ေမလ(၈) ရက္ေန႔ ည ၁၁ နာရီေက်ာ္ေလာက္အခ်ိန္ အာဏာပိုင္ေတြက ဖမ္းဆီးခဲ့တာျဖစ္ပါတယ္။ သူ႔ကို ဖမ္းဆီးခ်ိန္မွာ ဇနီးျဖစ္သူေရာ၊ အကိုျဖစ္သူကိုပါ တခါတည္း အာဏာပိုင္ေတြက ဖမ္းဆီးသြားတာပါ။ ကဗ်ာဆရာခက္သီကိုေတာ့ ေရႊဘိုမွာ ဖမ္းၿပီးၿပီးခ်င္း မံုရြာကို ညတြင္းခ်င္းပို႔လိုက္တယ္လို႔ သိခဲ့ရၿပီး ေရႊဘိုရဲစခန္း အခ်ဳပ္မွာ ရွိေနတဲ့ ဇနီးနဲ႔အကိုျဖစ္သူကို တနဂၤေႏြေန႔ မနက္ပိုင္းမွာခံ၀န္နဲ႔ အာဏာပိုင္ေတြက ျပန္လႊတ္ခဲ့တာပါ။ အဲဒီေနာက္ ဇနီးျဖစ္သူကို မံုရြာေဆးရံုကို ပို႔ေပးခဲ့ၿပီး ကဗ်ာဆရာခက္သီရဲ႕ အေလာင္းကို အာဏာပိုင္ေတြက ျပန္ေပးခဲ့တယ္လို႔ ဇနီးျဖစ္သူ မေခ်ာစုက ေဒသတြင္း သတင္းဌာနေတြကို ေျပာျပခဲ့ပါတယ္။ ေသဆံုးေနတဲ့ ကဗ်ာဆရာခက္သီရဲ႕ ဦးေခါင္းမွာ ရိုက္ႏွက္ထားတဲ့ဒဏ္ေၾကာင့္ ေသြးေတြထြက္ေနဆဲေတြ႕ရၿပီး စ်ာပနာလုပ္ေနတဲ့အခ်ိန္ထိ ဦးေခါင္းကေန ေသြးေတြထြက္ေနဆဲျဖစ္တယ္လို႔ မေခ်ာစုက ေျပာပါတယ္။

အဖမ္းခံရၿပီး ၂၄ နာရီေတာင္မျပည့္ေသးတဲ့အခ်ိန္ ေသဆံုးခဲ့တဲ့ျဖစ္ရပ္ကို လံုး၀မယံုႏိုင္ေအာင္ ျဖစ္ခဲ့သလို၊ ရိုက္ႏွက္ထားတဲ့ ဒဏ္ေတြနဲ႔ ေသဆံုးေနတဲ့ ကဗ်ာဆရာ ခက္သီအေလာင္းကို ေတြ႕ရခ်ိန္ ယူက်ံုးမရ ၀မ္းနည္းေၾကကဲြရတယ္လို႔ မံုရြာေဆးရံုႀကီး ရင္ခဲြရံုးကို ကိုယ္တိုင္သြားၾကည့္ခဲ့တဲ့ မံုရြာ ကဗ်ာဆရာတဦးက ဗီြအိုေအကို အခုလိုေျပာပါတယ္။

”က်ေနာ္တို႔ကလည္း ေစာေစာပိုင္းတုန္းက မယံုဘူး။ ေနာက္မွ မံုရြာေဆးရံုႀကီးမွာ အေလာင္းေရာက္ေနၿပီေပါ့ေလ။ သူ႔ရဲ႕ အမ်ဳိးသမီးကိုလာယူပါလို႔ အဲဒီလို ၾကားတဲ့အခ်ိန္မွာ က်ေနာ္တို႔လည္း အံ့ၾသသင့္သြားၿပီးေတာ့ က်ေနာ္တို႔လည္း ေဆးရံုႀကီးကို ေရာက္သြားတယ္။ က်ေနာ္တို႔ ကဗ်ာဆရာအားလံုး (၁၀) ေယာက္ေလာက္ရွိမယ္ထင္တယ္။ က်ေနာ္တို႔သြားၾကတယ္။ မံုရြာေဆးရံုႀကီး ရင္ခဲြရံုေရွ႕ သူ႔ရဲ႕အေလာင္းကို ပုလဲကို သယ္ဖို႔လုပ္ေနတဲ့အခ်ိန္ က်ေနာ္တို႔ ေရာက္သြားတယ္။ နာေရးကားေပၚမွာ သူ႔အေလာင္းကို က်ေနာ္တို႔ တက္ၾကည့္ၾကတာေပါ့။ အဲဒီမွာ မ်က္ႏွာမွာ ဖူးေရာင္ေနၿပီေတာ့ ဒဏ္ရာဒဏ္ခ်က္ေတြ ေတြ႕ရတယ္။”

ကဗ်ာဆရာခက္သီဟာ စစ္အာဏာသိမ္းမႈကို ဆန္႔က်င္တဲ့ လႈပ္ရွားမႈမွာ ဦးေဆာင္ပါ၀င္ခဲ့သူတဦးျဖစ္တယ္လို႔ မံုရြာပင္မသပိတ္ေခါင္းေဆာင္ ကို ခန္႔ေ၀ၿဖိဳးက ဗီြအိုေအကို ေျပာပါတယ္။

”ကဗ်ာဆရာခက္သီဟာ ေရႊဘိုနယ္တေၾကာ၊ ပုလဲနယ္မွာ သူဦးေဆာင္တာေတြရွိပါတယ္။ ဒီလိုဖမ္းဆီးၿပီးေတာ့ (၂၄)နာရီအတြင္းမွာ အေလာင္းျပန္ရတယ္ဆိုတာမ်ဳိးက စစ္ေကာင္စီက က်န္တဲ့ၿမိဳ႕ေတြမွာလည္း တက္ၾကြလႈပ္ရွားသူေတြေပၚမွာ ျပဳမူတဲ့ သူတို႔ရဲ႕ ပံုစံအတိုင္းပဲ။ ရက္စက္ၾကမ္းၾကဳတ္စြာနဲ႔ သတ္ျဖတ္တယ္။ ဒီအေပၚမွာေတာ့ ထူးျခားၿပီးေတာ့ အံ့ၾသတုန္လႈပ္တာေတာ့ မရွိဘူး။ ဘာလို႔လည္းဆိုေတာ့ သူတို႔က လမ္းမေတြေပၚမွာလည္း သတ္ျဖတ္ေနတဲ့သူေတြဆိုေတာ့ က်ေနာ္တို႔ကေတာ့ အဲဒီလို လုပ္ရပ္ေတြကို ပင္မသပိတ္အေနနဲ႔ေရာ၊ က်န္တဲ့ သူေတြအေနနဲ႔ေရာ ျပင္းျပင္းထန္ထန္ ရွဳတ္ခ်ပါတယ္။

အင္ၾကင္းႏိုင္။ ။ ကဗ်ာဆရာခက္သီကို ဖမ္း ဆီးၿပီးၿပီးခ်င္း ၂၄ နာရီေတာင္မျပည့္ေသးတဲ့အခ်ိန္မွာ ေသဆုံးသြားတဲ့အထိ ျဖစ္ခဲ့တာ ဘာေၾကာင့္လို႔ ျမင္လဲရွင့္။

ကိုခန္႔ေ၀ၿဖိဳး ။ ။ သူ႔ရဲ႕ စကားလံုးေတြ၊ ကဗ်ာေတြကလည္း သူတို႔အတြက္ အရွဳိက္ကို ထိေစပါတယ္။ အဲဒီအတြက္လည္း ဒီအေပၚမွာ အညွဳိးထားၿပီး သူတို႔ ဒီလိုရက္ရက္စက္စက္ျပဳမူတယ္လို႔ က်ေနာ္တို႔က သံုးသပ္တယ္ဗ်။

အင္ၾကင္းႏိုင္။ ။ အခု လို ကဗ်ာဆရာခက္သီ ေသဆုံးခဲ့တဲ့ ျဖစ္ရပ္မွာ ဘယ္သူေတြမွာ တာဝန္ရွိလဲ။

ကိုခန္႔ေ၀ၿဖိဳး ။ ။ အဓိက ဘယ္သူေတြမွာ တာ၀န္ရွိလည္းဆိုေတာ့ အၾကမ္းဖက္စစ္ေကာင္စီမွာ လံုး၀တာ၀န္ရွိပါတယ္။ ဘာေၾကာင့္လဲဆိုရင္ ေဖေဖၚ၀ါရီလ (၁)ရက္ေန႔ကတည္းက အျမင့္ဆံုးလူထုရဲ႕ အခ်ဳပ္အခ်ာအာဏာကို လုယူတဲ့ေန႔ကစၿပီး သူတို႔ကိုယ္တိုင္ လူထုရဲ႕ အသက္အိုးအိမ္စည္းစိမ္ေတြကို ဖ်က္စီး၊ လူေတြကို လမ္းမေတြ၊ ညအခ်ိန္ေတြမွာ ဖမ္းဆီးသတ္ျဖတ္ေနတာပါ။ ဒါေတြရဲ႕ အဓိကတာ၀န္ရွိသူ လက္သည္းတရားခံကေတာ့ အာဏာသိမ္းထားတဲ့ေခါင္းေဆာင္ မင္းေအာင္လိႈင္ပဲဗ်။ သူက ေအာက္ေျခမွာ လူထုအေပၚ ညွင္းပမ္းႏွိပ္စက္ေနတာကို သူတို႔ကိုယ္တိုင္လည္း ခြင့္ျပဳထားသလိုျဖစ္ေနတာပါ။ အခုခ်ိန္ထိ ျဖစ္ပ်က္ခဲ့သမွ်အားလံုး ေခါင္းေဆာင္ပိုင္းေတြကအစ အလိုတူအလိုပါ က်ဴးလြန္ခြင့္ရေအာင္ ခြင့္ျပဳထားတဲ့ သေဘာမ်ုိးလို႔ က်ေနာ္တို႔ သံုးသပ္တဲ့အတြက္ အဓိကတာ၀န္ခံကေတာ့ ေနျပည္ေတာ္က အေပါင္းပါ စစ္အုပ္စုပါပဲ။

ကဗ်ာဆရာခက္သီ ေသဆံုးခဲ့တဲ့ျဖစ္ရပ္နဲ႔ ပတ္သက္လို႔လည္း ေၾကကဲြစရာသတင္းအေနနဲ႔ ကုလသမဂၢရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ လူ႔အခြင့္အေရး အထူးကိုယ္စားလွယ္ Tom Andrews ကေန သူ႔ရဲ႕ တြစ္တာစာမ်က္နွာမွာ တနလၤာေန႔က ေရးသားထားပါတယ္။

ကဗ်ာဆရာခက္သီတေယာက္ သူ႔ကဗ်ာထဲမွာ ေရးသြားတဲ့ လူသတ္ေကာင္ေတြရဲ႕ လက္ထဲမွာ သတ္ျဖတ္ခံလိုက္ရတယ္၊ သူေရးခဲ့ကဗ်ာအတိုင္း ”သူတို႔က ေခါင္းကိုပစ္တယ္၊ ေတာ္လွန္ေရးက ႏွလုံးသားမွာရွိတာ သူတို႔ မသိၾကဘူး” ဆိုတဲ့ကဗ်ာစာသားကိုလည္း Tom Andrews က ကိုးကားထားၿပီး မိသားစုနဲ႔ ထပ္တူ ေၾကကြဲဝမ္းနည္းရေၾကာင္းလည္း ေရးသားထားပါတယ္။

ျမန္မာႏိုင္ငံမွာ ေဖေဖၚဝါရီလ (၁)ရက္ေန႔ စစ္အာဏာသိမ္းၿပီးေနာက္ စစ္ေကာင္စီရဲ႕ အၾကမ္းဖက္ ဖိႏွိပ္မႈေတြအတြင္း ကေလးသူငယ္နဲ႔အမ်ိဳးသမီးေတြအပါအဝင္ ေသဆုံးခဲ့သူေပါင္း (၇၈၁) ေယာက္ရွိေနၿပီျဖစ္ေၾကာင္း ကုလသမဂၢက တနလၤာေန႔က သတင္းထုတ္ျပန္ထားပါတယ္။ လူ႔အခြင့္အေရးအဖြဲ႕ေတြကေတာ့ ေသဆုံးသူအေရအတြက္ ဒီထက္မက မ်ားျပားႏိုင္တယ္လို႔ ခန႔္မွန္းၾကပါတယ္။ လက္ရွိ မတရားဖမ္းဆီးထိန္းသိမ္းခံထားရသူေပါင္း ၃၈၀၀ ေက်ာ္ရွိေနေၾကာင္း ႏိုင္ငံေရးအက်ဥ္းသားမ်ားကူညီေစာင့္ေရွာက္ေရးအသင္း ေအေအပီပီက ထုတ္ျပန္ထားပါတယ္။ ဒါအျပင္ အာဏာပိုင္ေတြရဲ႕ အတင္းအဓမၼ ဖမ္းဆီးေခၚေဆာင္ျခင္းကို ခံခဲ့ရၿပီးဘယ္ေနရာေတြမွာ ဖမ္းဆီးထိန္းသိမ္းခံထားရမွန္း မိသားစုေတြမသိရပဲေပ်ာက္ဆုံးေနသူေတြလည္း ေထာင္နဲ႔ခ်ီရွိေနေၾကာင္း ႏိုင္ငံတကာသတင္းဌာနေတြမွာ ေဖၚျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

ကဗျာဆရာ ခက်သီရဲ့ ဈာပန ထောင်နဲ့ချီတဲ့ ပြည်သူတွေ လိုက်လံပို့ဆောင်

(Unicode)

အာဏာပိုင်တွေဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ၂၄ နာရီအတွင်း သေဆုံးခဲ့တဲ့ ကဗျာဆရာ ခက်သီရဲ့ ဈာပန ကို ပုလဲမြို့မှာ မနေ့က ပြုလုပ်ခဲ့ရာမှာ မြို့ခံလူထု ထောင်နဲ့ချီ လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။

တချိန်တည်းမှာပဲ ကဗျာဆရာခက်သီ သေဆုံးခဲ့တဲ့ဖြစ်ရပ်နဲ့ ပတ်သက်လို့ ကြေကွဲဝမ်းနည်းမိကြောင်း ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews က တနင်္လာနေ့က ပြောကြားခဲ့ပါတယ်။

မအင်ကြင်းနိုင်က အပြည့်အစုံတင်ပြမှာပါ။

ကဗျာဆရာခက်သီရဲ့ မွေးရပ်မြေ စစ်ကိုင်းတိုင်း ပုလဲမြို့မှာ ပြုလုပ်တဲ့ သူ့ဈာပနကို ထောင်နဲ့ချီတဲ့ ဒေသခံပြည်သူတွေ လိုက်ပါပို့ဆောင်ခဲ့ကြပြီး စစ်ဏာရှင်စနစ်ကျဆုံးရေး ကြွေးကြော်ခဲ့ကြပါတယ်။

ကဗျာဆရာခက်သီကို ရွှေဘိုမြို့မှာ မေလ(၈) ရက်နေ့ ည ၁၁ နာရီကျော်လောက်အချိန် အာဏာပိုင်တွေက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ သူ့ကို ဖမ်းဆီးချိန်မှာ ဇနီးဖြစ်သူရော၊ အကိုဖြစ်သူကိုပါ တခါတည်း အာဏာပိုင်တွေက ဖမ်းဆီးသွားတာပါ။ ကဗျာဆရာခက်သီကိုတော့ ရွှေဘိုမှာ ဖမ်းပြီးပြီးချင်း မုံရွာကို ညတွင်းချင်းပို့လိုက်တယ်လို့ သိခဲ့ရပြီး ရွှေဘိုရဲစခန်း အချုပ်မှာ ရှိနေတဲ့ ဇနီးနဲ့အကိုဖြစ်သူကို တနင်္ဂနွေနေ့ မနက်ပိုင်းမှာခံဝန်နဲ့ အာဏာပိုင်တွေက ပြန်လွှတ်ခဲ့တာပါ။ အဲဒီနောက် ဇနီးဖြစ်သူကို မုံရွာဆေးရုံကို ပို့ပေးခဲ့ပြီး ကဗျာဆရာခက်သီရဲ့ အလောင်းကို အာဏာပိုင်တွေက ပြန်ပေးခဲ့တယ်လို့ ဇနီးဖြစ်သူ မချောစုက ဒေသတွင်း သတင်းဌာနတွေကို ပြောပြခဲ့ပါတယ်။ သေဆုံးနေတဲ့ ကဗျာဆရာခက်သီရဲ့ ဦးခေါင်းမှာ ရိုက်နှက်ထားတဲ့ဒဏ်ကြောင့် သွေးတွေထွက်နေဆဲတွေ့ရပြီး ဈာပနာလုပ်နေတဲ့အချိန်ထိ ဦးခေါင်းကနေ သွေးတွေထွက်နေဆဲဖြစ်တယ်လို့ မချောစုက ပြောပါတယ်။

အဖမ်းခံရပြီး ၂၄ နာရီတောင်မပြည့်သေးတဲ့အချိန် သေဆုံးခဲ့တဲ့ဖြစ်ရပ်ကို လုံးဝမယုံနိုင်အောင် ဖြစ်ခဲ့သလို၊ ရိုက်နှက်ထားတဲ့ ဒဏ်တွေနဲ့ သေဆုံးနေတဲ့ ကဗျာဆရာ ခက်သီအလောင်းကို တွေ့ရချိန် ယူကျုံးမရ ဝမ်းနည်းကြေကွဲရတယ်လို့ မုံရွာဆေးရုံကြီး ရင်ခွဲရုံးကို ကိုယ်တိုင်သွားကြည့်ခဲ့တဲ့ မုံရွာ ကဗျာဆရာတဦးက ဗွီအိုအေကို အခုလိုပြောပါတယ်။

”ကျနော်တို့ကလည်း စောစောပိုင်းတုန်းက မယုံဘူး။ နောက်မှ မုံရွာဆေးရုံကြီးမှာ အလောင်းရောက်နေပြီပေါ့လေ။ သူ့ရဲ့ အမျိုးသမီးကိုလာယူပါလို့ အဲဒီလို ကြားတဲ့အချိန်မှာ ကျနော်တို့လည်း အံ့သြသင့်သွားပြီးတော့ ကျနော်တို့လည်း ဆေးရုံကြီးကို ရောက်သွားတယ်။ ကျနော်တို့ ကဗျာဆရာအားလုံး (၁၀) ယောက်လောက်ရှိမယ်ထင်တယ်။ ကျနော်တို့သွားကြတယ်။ မုံရွာဆေးရုံကြီး ရင်ခွဲရုံရှေ့ သူ့ရဲ့အလောင်းကို ပုလဲကို သယ်ဖို့လုပ်နေတဲ့အချိန် ကျနော်တို့ ရောက်သွားတယ်။ နာရေးကားပေါ်မှာ သူ့အလောင်းကို ကျနော်တို့ တက်ကြည့်ကြတာပေါ့။ အဲဒီမှာ မျက်နှာမှာ ဖူးရောင်နေပြီတော့ ဒဏ်ရာဒဏ်ချက်တွေ တွေ့ရတယ်။”

ကဗျာဆရာခက်သီဟာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုမှာ ဦးဆောင်ပါဝင်ခဲ့သူတဦးဖြစ်တယ်လို့ မုံရွာပင်မသပိတ်ခေါင်းဆောင် ကို ခန့်ဝေဖြိုးက ဗွီအိုအေကို ပြောပါတယ်။

”ကဗျာဆရာခက်သီဟာ ရွှေဘိုနယ်တကြော၊ ပုလဲနယ်မှာ သူဦးဆောင်တာတွေရှိပါတယ်။ ဒီလိုဖမ်းဆီးပြီးတော့ (၂၄)နာရီအတွင်းမှာ အလောင်းပြန်ရတယ်ဆိုတာမျိုးက စစ်ကောင်စီက ကျန်တဲ့မြို့တွေမှာလည်း တက်ကြွလှုပ်ရှားသူတွေပေါ်မှာ ပြုမူတဲ့ သူတို့ရဲ့ ပုံစံအတိုင်းပဲ။ ရက်စက်ကြမ်းကြုတ်စွာနဲ့ သတ်ဖြတ်တယ်။ ဒီအပေါ်မှာတော့ ထူးခြားပြီးတော့ အံ့သြတုန်လှုပ်တာတော့ မရှိဘူး။ ဘာလို့လည်းဆိုတော့ သူတို့က လမ်းမတွေပေါ်မှာလည်း သတ်ဖြတ်နေတဲ့သူတွေဆိုတော့ ကျနော်တို့ကတော့ အဲဒီလို လုပ်ရပ်တွေကို ပင်မသပိတ်အနေနဲ့ရော၊ ကျန်တဲ့ သူတွေအနေနဲ့ရော ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်။

အင်ကြင်းနိုင်။ ။ ကဗျာဆရာခက်သီကို ဖမ်း ဆီးပြီးပြီးချင်း ၂၄ နာရီတောင်မပြည့်သေးတဲ့အချိန်မှာ သေဆုံးသွားတဲ့အထိ ဖြစ်ခဲ့တာ ဘာကြောင့်လို့ မြင်လဲရှင့်။

ကိုခန့်ဝေဖြိုး ။ ။ သူ့ရဲ့ စကားလုံးတွေ၊ ကဗျာတွေကလည်း သူတို့အတွက် အရှိုက်ကို ထိစေပါတယ်။ အဲဒီအတွက်လည်း ဒီအပေါ်မှာ အညှိုးထားပြီး သူတို့ ဒီလိုရက်ရက်စက်စက်ပြုမူတယ်လို့ ကျနော်တို့က သုံးသပ်တယ်ဗျ။

အင်ကြင်းနိုင်။ ။ အခု လို ကဗျာဆရာခက်သီ သေဆုံးခဲ့တဲ့ ဖြစ်ရပ်မှာ ဘယ်သူတွေမှာ တာဝန်ရှိလဲ။

ကိုခန့်ဝေဖြိုး ။ ။ အဓိက ဘယ်သူတွေမှာ တာဝန်ရှိလည်းဆိုတော့ အကြမ်းဖက်စစ်ကောင်စီမှာ လုံးဝတာဝန်ရှိပါတယ်။ ဘာကြောင့်လဲဆိုရင် ဖေဖေါ်ဝါရီလ (၁)ရက်နေ့ကတည်းက အမြင့်ဆုံးလူထုရဲ့ အချုပ်အချာအာဏာကို လုယူတဲ့နေ့ကစပြီး သူတို့ကိုယ်တိုင် လူထုရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ဖျက်စီး၊ လူတွေကို လမ်းမတွေ၊ ညအချိန်တွေမှာ ဖမ်းဆီးသတ်ဖြတ်နေတာပါ။ ဒါတွေရဲ့ အဓိကတာဝန်ရှိသူ လက်သည်းတရားခံကတော့ အာဏာသိမ်းထားတဲ့ခေါင်းဆောင် မင်းအောင်လှိုင်ပဲဗျ။ သူက အောက်ခြေမှာ လူထုအပေါ် ညှင်းပမ်းနှိပ်စက်နေတာကို သူတို့ကိုယ်တိုင်လည်း ခွင့်ပြုထားသလိုဖြစ်နေတာပါ။ အခုချိန်ထိ ဖြစ်ပျက်ခဲ့သမျှအားလုံး ခေါင်းဆောင်ပိုင်းတွေကအစ အလိုတူအလိုပါ ကျူးလွန်ခွင့်ရအောင် ခွင့်ပြုထားတဲ့ သဘောမျိုးလို့ ကျနော်တို့ သုံးသပ်တဲ့အတွက် အဓိကတာဝန်ခံကတော့ နေပြည်တော်က အပေါင်းပါ စစ်အုပ်စုပါပဲ။

ကဗျာဆရာခက်သီ သေဆုံးခဲ့တဲ့ဖြစ်ရပ်နဲ့ ပတ်သက်လို့လည်း ကြေကွဲစရာသတင်းအနေနဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews ကနေ သူ့ရဲ့ တွစ်တာစာမျက်နှာမှာ တနင်္လာနေ့က ရေးသားထားပါတယ်။

ကဗျာဆရာခက်သီတယောက် သူ့ကဗျာထဲမှာ ရေးသွားတဲ့ လူသတ်ကောင်တွေရဲ့ လက်ထဲမှာ သတ်ဖြတ်ခံလိုက်ရတယ်၊ သူရေးခဲ့ကဗျာအတိုင်း ”သူတို့က ခေါင်းကိုပစ်တယ်၊ တော်လှန်ရေးက နှလုံးသားမှာရှိတာ သူတို့ မသိကြဘူး” ဆိုတဲ့ကဗျာစာသားကိုလည်း Tom Andrews က ကိုးကားထားပြီး မိသားစုနဲ့ ထပ်တူ ကြေကွဲဝမ်းနည်းရကြောင်းလည်း ရေးသားထားပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖေါ်ဝါရီလ (၁)ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီရဲ့ အကြမ်းဖက် ဖိနှိပ်မှုတွေအတွင်း ကလေးသူငယ်နဲ့အမျိုးသမီးတွေအပါအဝင် သေဆုံးခဲ့သူပေါင်း (၇၈၁) ယောက်ရှိနေပြီဖြစ်ကြောင်း ကုလသမဂ္ဂက တနင်္လာနေ့က သတင်းထုတ်ပြန်ထားပါတယ်။ လူ့အခွင့်အရေးအဖွဲ့တွေကတော့ သေဆုံးသူအရေအတွက် ဒီထက်မက များပြားနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ လက်ရှိ မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူပေါင်း ၃၈၀၀ ကျော်ရှိနေကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း အေအေပီပီက ထုတ်ပြန်ထားပါတယ်။ ဒါအပြင် အာဏာပိုင်တွေရဲ့ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ခြင်းကို ခံခဲ့ရပြီးဘယ်နေရာတွေမှာ ဖမ်းဆီးထိန်းသိမ်းခံထားရမှန်း မိသားစုတွေမသိရပဲပျောက်ဆုံးနေသူတွေလည်း ထောင်နဲ့ချီရှိနေကြောင်း နိုင်ငံတကာသတင်းဌာနတွေမှာ ဖေါ်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG