သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဖမ္းဆီးခံကဗ်ာဆရာ ႐ုပ္အေလာင္းပဲ ျပန္ထြက္လာ


AAPP က ထုတ္ျပန္တဲ့ ဖမ္းဆီးခံထားရသူေတြနဲ႔ က်ဆုံးသူစာရင္းမွာ ေဖာ္ျပထားတဲ့ ကဗ်ာဆရာ ခက္သီ။ (ဓာတ္ပုံ - AAPP)

(Zawgyi / Unicode)

စစ္ကိုင္းတိုင္းေဒသႀကီး ေရႊဘိုၿမိဳ႕မွာ စစ္တပ္နဲ႔ရဲေတြ စေနေန႔ညက ဖမ္းဆီးတာခံခဲ့ရတဲ့ ကဗ်ာဆရာ ခက္သီ (အမည္ရင္း ဦးေဇာ္ထြန္း) ဟာ တနဂၤေႏြေန႔မွာ ေသဆံုးသြားတယ္လို႔ သူ႔မိသားစုဝင္ေတြက ေျပာပါတယ္။

အသက္ ၄၅ ႏွစ္ရွိၿပီျဖစ္တဲ့ ကဗ်ာဆရာ ခက္သီဟာ ပုလဲၿမိဳ႕ဇာတိျဖစ္ၿပီး စစ္အာဏာရွင္ဆန္႔က်င္ေရး လႈပ္ရွားမႈေတြေၾကာင့္ တိမ္းေရွာင္ေနစဥ္ အဖမ္းခံခဲ့ရတာပါ။

စေနေန႔က သူနဲ႔အတူ အာဏာဖီဆန္ေရးလႈပ္ရွားမႈ (CDM) မွာ ပါဝင္ေနတဲ့ သူ႔ဇနီး မေခ်ာစုတို႔ကို စစ္ေဆးေမးျမန္းဖုိ႔ စစ္တပ္နဲ႔ရဲက ေရႊဘိုကေန ေခၚေဆာင္သြားတာ ျဖစ္ၿပီး တနဂၤေႏြေန႔ မနက္မွာေတာ့ သူ႔အေလာင္းကိုသာ ဇနီးျဖစ္သူက မံုရြာေဆး႐ုံကေန ျပန္ရခဲ့တယ္လို႔ ႐ုိက္တာသတင္းမွာ ေဖာ္ျပထားပါတယ္။

ႏုိင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း (AAPP) ကေတာ့ သူဟာ စစ္ေၾကာေရးစခန္းမွာ ညႇဥ္းပန္းႏွိပ္စက္ စစ္ေဆးေမးျမန္းတာ ခံခဲ့ရတဲ့အတြက္ ေဆး႐ုံကိုပို႔ခ်ိန္မွာ ေသဆံုးသြားတာလို႔ ေျပာပါတယ္။

စစ္တပ္အာဏာသိမ္းခဲ့တဲ့ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ကစၿပီး ေသဆံုးရတဲ့ ကဗ်ာဆရာ အနည္းဆံုး ၃ ေယာက္ရွိၿပီျဖစ္ၿပီး မံုရြာက သူ႔သူငယ္ခ်င္း ေကဇဝင္းကလည္း မတ္လအေစာပိုင္းတုန္းက ျပဳလုပ္တဲ့ စစ္အာဏာရွင္ဆန္႔က်င္ေရး ဆႏၵျပပြဲမွာ ေသနတ္က်ည္ထိမွန္ ေသဆံုးခဲ့ရတာ ျဖစ္ပါတယ္။

စစ္အာဏာပိုင္ေတြက ေခါင္းေတြကို ေသနတ္နဲ႔ ပစ္ေနေပမယ့္ ေတာ္လွန္ေရးဆိုတာ ႏွလံုးသားထဲမွာ ရွိတာကို သူတို႔ မသိၾကဘူးလို႔ ကဗ်ာဆရာ ခက္သီက သူ႔ေဖ့စ္ဘုတ္စာမ်က္ႏွာမွာ ေရးထားတာပါ။

ဖမ္းဆီးခံကဗ်ာဆရာ ႐ုပ္အေလာင္းပဲ ျပန္ထြက္လာ
please wait

No media source currently available

0:00 0:01:20 0:00
တိုက္႐ိုက္ လင့္ခ္

---------------------

(Unicode)

ဖမ်းဆီးခံကဗျာဆရာ ရုပ်အလောင်းပဲ ပြန်ထွက်လာ

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့မှာ စစ်တပ်နဲ့ရဲတွေ စနေနေ့ညက ဖမ်းဆီးတာခံခဲ့ရတဲ့ ကဗျာဆရာ ခက်သီ (အမည်ရင်း ဦးဇော်ထွန်း) ဟာ တနင်္ဂနွေနေ့မှာ သေဆုံးသွားတယ်လို့ သူ့မိသားစုဝင်တွေက ပြောပါတယ်။

အသက် ၄၅ နှစ်ရှိပြီဖြစ်တဲ့ ကဗျာဆရာ ခက်သီဟာ ပုလဲမြို့ဇာတိဖြစ်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကြောင့် တိမ်းရှောင်နေစဉ် အဖမ်းခံခဲ့ရတာပါ။

စနေနေ့က သူနဲ့အတူ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေတဲ့ သူ့ဇနီး မချောစုတို့ကို စစ်ဆေးမေးမြန်းဖို့ စစ်တပ်နဲ့ရဲက ရွှေဘိုကနေ ခေါ်ဆောင်သွားတာ ဖြစ်ပြီး တနင်္ဂနွေနေ့ မနက်မှာတော့ သူ့အလောင်းကိုသာ ဇနီးဖြစ်သူက မုံရွာဆေးရုံကနေ ပြန်ရခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကတော့ သူဟာ စစ်ကြောရေးစခန်းမှာ ညှဉ်းပန်းနှိပ်စက် စစ်ဆေးမေးမြန်းတာ ခံခဲ့ရတဲ့အတွက် ဆေးရုံကိုပို့ချိန်မှာ သေဆုံးသွားတာလို့ ပြောပါတယ်။

စစ်တပ်အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး သေဆုံးရတဲ့ ကဗျာဆရာ အနည်းဆုံး ၃ ယောက်ရှိပြီဖြစ်ပြီး မုံရွာက သူ့သူငယ်ချင်း ကေဇဝင်းကလည်း မတ်လအစောပိုင်းတုန်းက ပြုလုပ်တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲမှာ သေနတ်ကျည်ထိမှန် သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

စစ်အာဏာပိုင်တွေက ခေါင်းတွေကို သေနတ်နဲ့ ပစ်နေပေမယ့် တော်လှန်ရေးဆိုတာ နှလုံးသားထဲမှာ ရှိတာကို သူတို့ မသိကြဘူးလို့ ကဗျာဆရာ ခက်သီက သူ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးထားတာပါ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG