သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print

စစ္အာဏာသိမ္းရက္ ၁၀ဝ ျပည့္ ေရႊေစ်း၊ စက္သံုးဆီေစ်း၊ ေဒၚလာေငြလဲႏႈန္းျမင့္တက္ေန


ရန္ကုန္ၿမိဳ႕ရွိ ဘဏ္တခုမွာ ျမန္မာေငြနဲ႔ အေမရိကန္ ေဒၚလာေငြ လဲလွယ္ေနတဲ့ ျမင္ကြင္း။ (ဒီဇင္ဘာ ၁၆၊ ၂၀၂၁)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံမွာ စစ္တပ္အာဏာသိမ္း အုပ္ခ်ဳပ္ေနတာ ရက္ေပါင္း ၁၀၀ ျပည့္ခ်ိန္မွာ ေ႐ႊေစ်း၊ စက္သံုးဆီေစ်းနဲ႔ ေဒၚလာေငြလဲႏႈန္းေတြ အဆမတန္ျမင့္တက္ေနပါတယ္။ ေ႐ႊေစ်းဆိုရင္ အေခါက္ေ႐ႊ ၁ က်ပ္သားကို ၁,၆၄၀,၀၀၀ ေက်ာ္အထိ ျဖစ္ေနပါၿပီ။ စက္သံုးဆီေစ်းကလည္း ေဖေဖာ္ဝါရီ ၁ ရက္မတိုင္ခင္ကထက္ ၂ ဆေလာက္ကို တက္ေနပါတယ္။ ဒီလိုအဆမတန္ ေစ်းႏႈန္းေတြ တက္လာတာက ျပည္သူေတြအေပၚမွာေရာ ဘယ္ေလာက္အထိ ႐ိုက္ခတ္မႈေတြ ရွိခဲ့ပါလဲ။ ရန္ကုန္ကေပးပို႔တဲ့ သတင္းအျပည့္အစံုကို ကိုခင္ေမာင္စိုးမင္း ေျပာျပပါမယ္။

ေဖေဖာ္ဝါရီ ၁ ရက္မွာ စစ္တပ္က အာဏာသိမ္းယူၿပီးေနာက္ပိုင္း စီးပြားေရး၊ ပညာေရး၊ က်န္းမာေရး က႑အသီးသီးမွာ မတည္ၿငိမ္မႈေတြ ျဖစ္ေပၚလာၿပီး အေျခခံ လူသုံးကုန္ေတြနဲ႔အတူ ေ႐ႊေစ်း၊ ေဒၚလာေစ်းနဲ႔ ေလာင္စာဆီေစ်းေတြ အဆမတန္ တက္လာပါတယ္။ စစ္တပ္ အာဏာမသိမ္းခင္က စက္သုံးဆီ တလီတာကို က်ပ္ ၅၀၀ ဝန္းက်င္ေလာက္ပဲရွိေပမဲ့ ဒီေန႔ ေမလ ၁၁ ရက္မွာ ေအာက္တိန္း 92 တလီတာကို ၉၆၅ က်ပ္ေစ်းျဖစ္ေနပါတယ္။ 95 ဆိုရင္ ၁,၀၅၀ က်ပ္ေစ်း႐ွိပါတယ္။ ကုန္စည္ပို႔ေဆာင္ေရးလုပ္ငန္းမွာ မ႐ွိမျဖစ္လိုတဲ့ စက္သံုးဆီေစ်းတက္တဲ့အတြက္ အေထြေထြ ကုန္ေစ်းႏႈန္းတက္လာတဲ့ အဓိက အေၾကာင္းအရင္းတခုလည္းျဖစ္ပါတယ္။ ျမန္မာႏိုင္ငံ အႏွံ႔ကုန္စည္ေတြ ပို႔ေဆာင္ေပးေနတ့ဲ ေတာင္ေပၚသား ကုန္စည္ပို႔ေဆာင္ေရးလုပ္ငန္းက ဦးမန္းေအးက ေလာင္စာဆီေစ်းတက္လာလို႔ လုပ္ငန္းအဆင္မေျပေတာ့ဘူးလုိ႔ ခုလိုေျပာပါတယ္။

“ဆီေစ်းေတာ္ေတာ္ တက္သြားၿပီးေတာ့ မကိုက္တာက ေတာ္ေတာ့္ကို မကိုက္ဘူး၊ မက်န္ဘူးေပါ့ေနာ္။ လူေတြက အားလုံးအဆင္ေျပ႐ုံ၊ လႈပ္သာ႐ုံေလာက္ လႈပ္ေနၾကတာ။ ကားခေစ်းႏႈန္းလည္း တိုးေကာက္လို႔ မရဘူး။ ကုန္စည္ ေစ်းႏႈန္းကိုလည္း တိုးၿပီးေတာင္းလို႔လည္း မရဘူးေပါ့ေနာ္။ ဒီလိုပဲ ေမွးၿပီးေတာ့ လုပ္ေနရတဲ့ သေဘာမ်ိဳးေပါ့။”

စစ္ေကာင္စီ အာဏာယူထားတဲ့ သုံးလအတြင္းမွာ အစိုးရ၊ ပုဂၢလိကလုပ္ငန္းေတြ ရပ္ဆိုင္းေနၿပီး ႏိုင္ငံ့စီးပြားေရးလည္း ႏွစ္ ၃၀ အတြင္း အႀကီးအက်ယ္ ထိခိုက္ေနတယ္လို႔ ကမာၻ႔ဘဏ္ရဲ႕ ျမန္မာ့စီးပြားေရး ေနာက္ဆုံးသုံးသပ္ခ်က္မွာ ေဖာ္ျပထားပါတယ္။ အေျခအေန မတည္မၿငိမ္ျဖစ္ေနတာနဲ႔အတူ ျမန္မာက်ပ္ေငြတန္ဖိုးလည္း ေတာက္ေလွ်ာက္က်လာခဲ့ပါတယ္။ ဒီေန႔ဆို ေငြလဲႏႈန္းက ျပင္ပေငြလဲေကာင္တာေတြမွာ အေမရိကန္တေဒၚလာကို က်ပ္ ၁,၆၈၀ က်ပ္အထိ ရွိေနပါတယ္။ အေမရိကန္ေဒၚလာနဲ႔ ခ်ိတ္ဆက္ထားတဲ့ လုပ္ငန္းအားလုံး မတည္ၿငိမ္တဲ့ အေျခအေနမ်ဳိးေရာက္ေနတယ္လို႔ ျမန္မာႏိုင္ငံ တိုင္းရင္းသားလုပ္ငန္းရွင္မ်ားအသင္း တြဲဖက္အေထြေထြ အတြင္းေရးမႉး ေဒါက္တာေအာင္ရဲေဇာ္က ေျပာပါတယ္။

“ေတာ္ေတာ္ႀကီးလည္း အဆင္မေျပမႈေတြ မ်ားလာတယ္။ ေဒၚလာေစ်းက အျမင့္ပိုင္းကို ဦးတည္ေနတဲ့အတြက္ ျမန္မာေငြတန္ဖိုး အမ်ားႀကီး ေလ်ာ့လာတယ္ေပါ့ေနာ္။ အရင္က ၁၀၀,၀၀၀ နဲ႔ ဝယ္လို႔ရတဲ့ဟာ ၁၇၀,၀၀၀ ျဖစ္လာတာမ်ိဳး။ ဒီပစၥည္းေစ်းတင္မကဘူး logistics အပိုင္းနဲ႔ ပတ္သက္ၿပီး လုပ္ေနၾကတဲ့အပိုင္း ေတာ္ေတာ္မ်ားမ်ားကလည္း ႏိုင္ငံျခားေငြနဲ႔ ရပ္တည္ရတာ ျဖစ္တဲ့အတြက္ အဲဒီအေပၚမွာ ႏိုင္ငံျခားေငြ တန္ဖိုးေတြ ျမင့္လာၿပီးေတာ့ ျမန္မာေငြတန္ဖိုး က်လာတဲ့အတြက္ေၾကာင့္ ဒီအပိုင္းေတြမွာလည္း ေစ်းေတြ ကေမာက္ကမ ျဖစ္လာတဲ့ အပိုင္းေတြေတာ့ အမ်ားႀကီး ရွိလာတယ္ဗ်။”

ဆီေစ်း၊ ေဒၚလာေစ်းသာမက ေ႐ႊေစ်းကလည္း အေခါက္ေ႐ႊ တက်ပ္သားကို က်ပ္ ၁၆ သိန္းေက်ာ္သြားပါၿပီ။ ဒီေန႔ေပါက္ေစ်းဆိုရင္ ရန္ကုန္မွာ ၁ က်ပ္သားကို ၁,၆၄၆,၀၀၀ ေစ်းျဖစ္ပါတယ္။ ဒါက ၅ ရက္အတြင္း က်ပ္ ၂၀၀,၀၀၀ ေလာက္ ခုန္ၿပီး တက္ခဲ့တာပါ။ ဘဏ္ထဲမွာ ေငြမထားခ်င္သူေတြ ေ႐ႊဝယ္စုေနၾကတဲ့အတြက္ ခုလို ေ႐ႊေစ်းတက္လာေနတာပါ။ ဒါေပမဲ့ အေျခခံလူတန္းစားေတြအတြက္က ေ႐ႊဝယ္စုဖို႔ဆိုတာ မျဖစ္ႏိုင္တဲ့အေျခအေနကို ေရာက္လာတယ္လို႔ လႈိင္သာယာက အထည္ခ်ဳပ္ စက္႐ုံအလုပ္သမားတဦး ေျပာပါတယ္။

“ေ႐ႊေစ်းတက္လည္းပဲ ဒီအေျခအေနအရ စားဝတ္ေနေရး အဆင္ေျပဖို႔ကိုသာ အဓိက ထားတာေပါ့ေနာ္။ အဲဒါေတြလည္း စုဖို႔ဆိုတာ မျဖစ္ႏိုင္ေသးဘူး ဒီအေျခအေနမွာ။ အလုပ္အကိုင္ေတြက အဆင္မေျပဘူး။ အခုဆိုရင္ အေတာ္မ်ားမ်ား အလုပ္လက္မဲ့ျဖစ္တာ မ်ားတယ္ေပါ့ေနာ္။”

ေဒၚလာေစ်းနဲ႔ စက္သံုးဆီေစ်းေတြ ေရ႐ွည္အဆမတန္ျဖစ္ေနတာက စီးပြားေရး က်ဆင္းဖုိ႔ တြန္းအားေပးသလိုျဖစ္သြားမယ္လို႔ စီးပြားေရးေလ့လာသူတခ်ဳိ႕က သံုးသပ္ေနပါတယ္။ ျမန္မာျပည္မွာ စီးပြားေရး ျပန္လည္ပတ္လာေအာင္ အင္တာနက္ေတြ ျပန္ဖြင့္ေပးဖို႔ ဘဏ္လုပ္ငန္းေတြ အဆင္ေျပ ေခ်ာေမြ႕ေအာင္ လုပ္ေပးဖို႔နဲ႔ ဆႏၵျပသူေတြအေပၚ အၾကမ္းဖက္ႏွိမ္နင္းေနတာေတြ ရပ္ဖုိ႔ လိုအပ္တယ္လို႔ ကမာၻ႔ဘဏ္က မတ္လ ၂၆ ရက္က သတိေပးေျပာၾကားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

စစ်အာဏာသိမ်းရက် ၁၀ဝ ပြည့် ရွှေဈေး၊ စက်သုံးဆီဈေး၊ ဒေါ်လာငွေလဲနှုန်းမြင့်တက်နေ

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်း အုပ်ချုပ်နေတာ ရက်ပေါင်း ၁၀၀ ပြည့်ချိန်မှာ ရွှေဈေး၊ စက်သုံးဆီဈေးနဲ့ ဒေါ်လာငွေလဲနှုန်းတွေ အဆမတန်မြင့်တက်နေပါတယ်။ ရွှေဈေးဆိုရင် အခေါက်ရွှေ ၁ ကျပ်သားကို ၁,၆၄၀,၀၀၀ ကျော်အထိ ဖြစ်နေပါပြီ။ စက်သုံးဆီဈေးကလည်း ဖေဖော်ဝါရီ ၁ ရက်မတိုင်ခင်ကထက် ၂ ဆလောက်ကို တက်နေပါတယ်။ ဒီလိုအဆမတန် ဈေးနှုန်းတွေ တက်လာတာက ပြည်သူတွေအပေါ်မှာရော ဘယ်လောက်အထိ ရိုက်ခတ်မှုတွေ ရှိခဲ့ပါလဲ။ ရန်ကုန်ကပေးပို့တဲ့ သတင်းအပြည့်အစုံကို ကိုခင်မောင်စိုးမင်း ပြောပြပါမယ်။

ဖေဖော်ဝါရီ ၁ ရက်မှာ စစ်တပ်က အာဏာသိမ်းယူပြီးနောက်ပိုင်း စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး ကဏ္ဍအသီးသီးမှာ မတည်ငြိမ်မှုတွေ ဖြစ်ပေါ်လာပြီး အခြေခံ လူသုံးကုန်တွေနဲ့အတူ ရွှေဈေး၊ ဒေါ်လာဈေးနဲ့ လောင်စာဆီဈေးတွေ အဆမတန် တက်လာပါတယ်။ စစ်တပ် အာဏာမသိမ်းခင်က စက်သုံးဆီ တလီတာကို ကျပ် ၅၀၀ ဝန်းကျင်လောက်ပဲရှိပေမဲ့ ဒီနေ့ မေလ ၁၁ ရက်မှာ အောက်တိန်း 92 တလီတာကို ၉၆၅ ကျပ်ဈေးဖြစ်နေပါတယ်။ 95 ဆိုရင် ၁,၀၅၀ ကျပ်ဈေးရှိပါတယ်။ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းမှာ မရှိမဖြစ်လိုတဲ့ စက်သုံးဆီဈေးတက်တဲ့အတွက် အထွေထွေ ကုန်ဈေးနှုန်းတက်လာတဲ့ အဓိက အကြောင်းအရင်းတခုလည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံ အနှံ့ကုန်စည်တွေ ပို့ဆောင်ပေးနေတဲ့ တောင်ပေါ်သား ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းက ဦးမန်းအေးက လောင်စာဆီဈေးတက်လာလို့ လုပ်ငန်းအဆင်မပြေတော့ဘူးလို့ ခုလိုပြောပါတယ်။

“ဆီဈေးတော်တော် တက်သွားပြီးတော့ မကိုက်တာက တော်တော့်ကို မကိုက်ဘူး၊ မကျန်ဘူးပေါ့နော်။ လူတွေက အားလုံးအဆင်ပြေရုံ၊ လှုပ်သာရုံလောက် လှုပ်နေကြတာ။ ကားခဈေးနှုန်းလည်း တိုးကောက်လို့ မရဘူး။ ကုန်စည် ဈေးနှုန်းကိုလည်း တိုးပြီးတောင်းလို့လည်း မရဘူးပေါ့နော်။ ဒီလိုပဲ မှေးပြီးတော့ လုပ်နေရတဲ့ သဘောမျိုးပေါ့။”

စစ်ကောင်စီ အာဏာယူထားတဲ့ သုံးလအတွင်းမှာ အစိုးရ၊ ပုဂ္ဂလိကလုပ်ငန်းတွေ ရပ်ဆိုင်းနေပြီး နိုင်ငံ့စီးပွားရေးလည်း နှစ် ၃၀ အတွင်း အကြီးအကျယ် ထိခိုက်နေတယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ မြန်မာ့စီးပွားရေး နောက်ဆုံးသုံးသပ်ချက်မှာ ဖော်ပြထားပါတယ်။ အခြေအနေ မတည်မငြိမ်ဖြစ်နေတာနဲ့အတူ မြန်မာကျပ်ငွေတန်ဖိုးလည်း တောက်လျှောက်ကျလာခဲ့ပါတယ်။ ဒီနေ့ဆို ငွေလဲနှုန်းက ပြင်ပငွေလဲကောင်တာတွေမှာ အမေရိကန်တဒေါ်လာကို ကျပ် ၁,၆၈၀ ကျပ်အထိ ရှိနေပါတယ်။ အမေရိကန်ဒေါ်လာနဲ့ ချိတ်ဆက်ထားတဲ့ လုပ်ငန်းအားလုံး မတည်ငြိမ်တဲ့ အခြေအနေမျိုးရောက်နေတယ်လို့ မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်း တွဲဖက်အထွေထွေ အတွင်းရေးမှူး ဒေါက်တာအောင်ရဲဇော်က ပြောပါတယ်။

“တော်တော်ကြီးလည်း အဆင်မပြေမှုတွေ များလာတယ်။ ဒေါ်လာဈေးက အမြင့်ပိုင်းကို ဦးတည်နေတဲ့အတွက် မြန်မာငွေတန်ဖိုး အများကြီး လျော့လာတယ်ပေါ့နော်။ အရင်က ၁၀၀,၀၀၀ နဲ့ ဝယ်လို့ရတဲ့ဟာ ၁၇၀,၀၀၀ ဖြစ်လာတာမျိုး။ ဒီပစ္စည်းဈေးတင်မကဘူး logistics အပိုင်းနဲ့ ပတ်သက်ပြီး လုပ်နေကြတဲ့အပိုင်း တော်တော်များများကလည်း နိုင်ငံခြားငွေနဲ့ ရပ်တည်ရတာ ဖြစ်တဲ့အတွက် အဲဒီအပေါ်မှာ နိုင်ငံခြားငွေ တန်ဖိုးတွေ မြင့်လာပြီးတော့ မြန်မာငွေတန်ဖိုး ကျလာတဲ့အတွက်ကြောင့် ဒီအပိုင်းတွေမှာလည်း ဈေးတွေ ကမောက်ကမ ဖြစ်လာတဲ့ အပိုင်းတွေတော့ အများကြီး ရှိလာတယ်ဗျ။”

ဆီဈေး၊ ဒေါ်လာဈေးသာမက ရွှေဈေးကလည်း အခေါက်ရွှေ တကျပ်သားကို ကျပ် ၁၆ သိန်းကျော်သွားပါပြီ။ ဒီနေ့ပေါက်ဈေးဆိုရင် ရန်ကုန်မှာ ၁ ကျပ်သားကို ၁,၆၄၆,၀၀၀ ဈေးဖြစ်ပါတယ်။ ဒါက ၅ ရက်အတွင်း ကျပ် ၂၀၀,၀၀၀ လောက် ခုန်ပြီး တက်ခဲ့တာပါ။ ဘဏ်ထဲမှာ ငွေမထားချင်သူတွေ ရွှေဝယ်စုနေကြတဲ့အတွက် ခုလို ရွှေဈေးတက်လာနေတာပါ။ ဒါပေမဲ့ အခြေခံလူတန်းစားတွေအတွက်က ရွှေဝယ်စုဖို့ဆိုတာ မဖြစ်နိုင်တဲ့အခြေအနေကို ရောက်လာတယ်လို့ လှိုင်သာယာက အထည်ချုပ် စက်ရုံအလုပ်သမားတဦး ပြောပါတယ်။

“ရွှေဈေးတက်လည်းပဲ ဒီအခြေအနေအရ စားဝတ်နေရေး အဆင်ပြေဖို့ကိုသာ အဓိက ထားတာပေါ့နော်။ အဲဒါတွေလည်း စုဖို့ဆိုတာ မဖြစ်နိုင်သေးဘူး ဒီအခြေအနေမှာ။ အလုပ်အကိုင်တွေက အဆင်မပြေဘူး။ အခုဆိုရင် အတော်များများ အလုပ်လက်မဲ့ဖြစ်တာ များတယ်ပေါ့နော်။”

ဒေါ်လာဈေးနဲ့ စက်သုံးဆီဈေးတွေ ရေရှည်အဆမတန်ဖြစ်နေတာက စီးပွားရေး ကျဆင်းဖို့ တွန်းအားပေးသလိုဖြစ်သွားမယ်လို့ စီးပွားရေးလေ့လာသူတချို့က သုံးသပ်နေပါတယ်။ မြန်မာပြည်မှာ စီးပွားရေး ပြန်လည်ပတ်လာအောင် အင်တာနက်တွေ ပြန်ဖွင့်ပေးဖို့ ဘဏ်လုပ်ငန်းတွေ အဆင်ပြေ ချောမွေ့အောင် လုပ်ပေးဖို့နဲ့ ဆန္ဒပြသူတွေအပေါ် အကြမ်းဖက်နှိမ်နင်းနေတာတွေ ရပ်ဖို့ လိုအပ်တယ်လို့ ကမ္ဘာ့ဘဏ်က မတ်လ ၂၆ ရက်က သတိပေးပြောကြားခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG