သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမင္းျခံ တလုပ္ေက်းရြာနဲ႔ စစ္ကိုင္းမွာ ေဒသခံနဲ႔ စစ္တပ္ အျပန္အလွန္ပစ္ခတ္


စစ္ကိုင္းတိုင္းရွိ ေက်းရြာတခုက ဆႏၵျပပဲြ ျမင္ကြင္း။ (ဧၿပီ ၀၇၊ ၂၀၂၁)

[Zawgyi/Unicode]

မႏၱေလးတိုင္း ျမင္းၿခံၿမိဳ႕အနီးက တလုတ္ေက်းရြာမွာ စစ္တပ္နဲ႔ ေဒသခံေတြ အျပန္အလွန္ပစ္ခတ္မႈေတြ ျဖစ္ခဲ့လို႔ ႐ြာသား ၂ ေယာက္ က်ည္ထိမွန္ခဲ့ပါတယ္။ စစ္ကိုင္းတိုင္း တန္႔ဆည္ၿမိဳ႕နဲ႔ ကေလး၀ၿမိဳ႕ၾကားမွာလည္း မေန႔ညပိုင္းက စစ္တပ္နဲ႔ ေက်းရြာသားေတြ အပစ္အခတ္ေတြ ႐ွိခဲ့ပါတယ္။ ခုလို စစ္တပ္နဲ႔ ေဒသကာကြယ္ေရးအဖဲြ႔ေတြ အျပန္အလွန္ပစ္ခတ္ေနတဲ့ ေနာက္ဆံုးအေျခအေန ရန္ကုန္က လာတဲ့သတင္းကို ကိုသားၫြန္႔ဦး ကတင္ျပပါမယ္။

ျမန္မာစစ္ေကာင္စီရဲ႕ အခု ညထုတ္ျပန္ခ်က္မွာေတာ့ ေမလ ၁၀ ရက္ေန႔ျဖစ္တဲ့ တန္ဆည္အေရးအခင္းေၾကာင့္ လံုျခံဳေရးတပ္ဖဲြ႔ဝင္ ႏွစ္ဦး ေသဆံုးၿပီး၊ သံုးဦး ဒဏ္ရာရတယ္လ္ို႔ ေဖာ္ျပခဲ့ပါတယ္။

ျမင္းၿခံၿမိဳ႕အနီးက တလုတ္ေက်းရြာကို ဒီကေန႔ ေန႔လယ္ပိုင္းက စစ္တပ္က အင္အား အမ်ားအျပားနဲ႔ ေရာက္လာတဲ့အတြက္ ေက်းရြာသားေတြအျပင္ ျမင္းၿခံခရိုင္ ျပည္သူ႔ကာကြယ္ေရးအဖြဲ႕ေတြက ျပန္လည္ ခုခံတိုက္ခိုက္လို႔ ႏွစ္ဘက္အျပန္အလွန္ ပစ္ခတ္တာေတြ ျဖစ္ပြားခဲ့ပါတယ္။ ေက်းရြာသားေတြနဲ႔ ခရိုင္ျပည္သူ႔ ကာကြယ္ေရးအဖြဲ႕ေတြက တိုက္ခိုက္လို႔ စစ္တပ္ဘက္က ၁ ေယာက္ ေသဆံုးၿပီး ၂ ေယာက္ဒဏ္ရာရတယ္လို႔ ေဒသခံေတြက ဆိုပါတယ္။ ေက်းရြာသားေတြဘက္ကလည္း က်ည္ဆံထိမွန္ ဒဏ္ရာရတာေတြ ရွိခဲ့ပါတယ္။ ဒီကေန႔ ၂ ဘက္ ပစ္ခတ္တဲ့ အေျခအေနနဲ႔ ပတ္သက္လို႔ ျမင္းၿခံခရိုင္ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕၀င္တဦးက အခုလိုေျပာပါတယ္။

"အပိုင္စီစဥ္ၿပီးမွ တလုတ္ၿမိဳ႕ကို ၿဖိဳမွာခင္ဗ်။ က်ေနာ္တို႔ ၁ နာရီကတည္းက တလုတ္ၿမိဳ႕ကိုထြက္ဖို႔ GTC နားမွာ သူတို႔အင္အားေတြျပင္ဆင္ေနတာ က်ေနာ္တို႔ ျပည္သူလူထုကလည္း သိတယ္ခင္ဗ်။ ျပည္သူလူထုကလည္း ကိုယ့္မွာရွိတဲ့ လက္နက္နဲ႔ သူတို႔အလာကို ေစာင့္ဆိုင္းေနတာပဲ။ သူတို႔လာတဲ့အခ်ိန္မွာ ျပည္သူလူထုက သူတို႔ မထင္မွန္ဘဲ တူမီးနဲ႔ ပစ္ခ်လိုက္တာ သူတို႔ဘက္က ၁ ေယာက္ေသသြားၿပီး ၂ ေယာက္ ဒဏ္ရာရသြားတယ္။ ရြာသားေတြဘက္က အခုခ်ိန္ထိ ၂ ေယာက္ဒဏ္ရာရသြားတယ္။ ၂ ေယာက္လံုးက လက္မွန္တာ တေယာက္ကေတာ့ အသားကို ေဖာက္ထြက္သြားတယ္။ တေယာက္ကေတာ့ အရိုးကို ေဖာက္ထြက္သြားတယ္။ အသက္အႏၱရာယ္ေတာ့ မစိုးရိမ္ရပါဘူး။ ဒါေပမဲ့လို႔ လက္အေကာင္း ပကတိ ျပန္ျဖစ္ဖို႔ မလြယ္ဘူးလို႔ေတာ့ ခန္႔မွန္းရတာေပါ့ေနာ္။ အင္အားေတြလည္း ေနာက္ထပ္ ရာနဲ႔ခ်ီၿပီး ထပ္ျဖည့္လာတယ္ စစ္ေကာင္စီဘက္က ရြာသားေတြဘက္က ျပင္ဆင္မႈက တူမီးေပါ့ဗ်ာ။ က်ေနာ္တို႔ ခရိုင္ျပည္သူ႔ကာကြယ္ေရးအဖြဲ႕ေတြကလည္း ေရာက္ရွိသင့္သေလာက္ ေရာက္ရွိေနၿပီဗ်။”

တလုတ္ရြာမွာ ခရိုင္ျပည္သူ႔ တပ္ဖြဲ႕ေတြ ေရာက္ရွိေနတယ္ဆိုတဲ့သတင္းေၾကာင့္ စစ္တပ္ကလာေရာက္ဖမ္းဆီးဖို႔ႀကိဳးစားစဥ္ ေဒသခံကာကြယ္ေရးတပ္ေတြက ႀကိဳတင္ေစာင့္စား တိုက္ခိုက္ခဲ့ၾကတာျဖစ္ပါတယ္။

တခါစစ္ကိုင္းတိုင္း တန္႔ဆည္ၿမိဳ႕နဲ႔ ကေလး၀ ၿမိဳ႕ၾကားမွာ မေန႔ ေမ ၁၀ ရက္ ညေနပိုင္းက ရြာသားေတြနဲ႔ စစ္တပ္တို႔ ပစ္ခတ္မႈေတြျဖစ္ခဲ့ၿပီး စစ္တပ္ဘက္က ၃ ဦးေသဆံုး၊ ၆ ဦးေလာက္ ဒဏ္ရာရရွိတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ပစ္ခတ္မႈေတြျဖစ္ခဲ့ၿပီးေနာက္ စစ္တပ္ဘက္က စစ္အင္အား ျဖည့္တင္းထားတယ္လို႔ ေဒသခံတဦးကေျပာပါတယ္။

“မေန႔က ေန႔လယ္ေလာက္က မဟာၿမိဳင္ဘုရားကိုသြားၿပီးေတာ့ ေထာင္သားေတြ ပို႔တာ စစ္တပ္ကလည္း ၀ိုင္းၿပီးေတာ့ လိုက္ၾကတယ္ထင္ပါတယ္။ အသြားမွ ကံထူးမရြာထဲကိုလည္း နည္းနည္း၀င္သြားတယ္။ ေနာက္လမ္းမွာရွိတဲ့ ဆိုင္ကယ္သမားေတြကိုလည္း ေငြေတာင္းတယ္လို႔ၾကားတယ္။ အဲ့ဒီလိုသိေတာ့ အျပန္က်ေတာ့ သူတို႔က ရြာေတြနားမွာလည္း ေသနတ္ေတြ၊ ဘာေတြ ေဖာက္သြားတာတဲ့ အျပန္က်ေတာ့ ခ်မယ္ဆိုၿပီးေတာ့ ေစာင့္လိုက္တဲ့အခ်ိန္မွာ အျပန္က်ေတာ့ အဲ့လိုျဖစ္သြားတာ။ ညေနေစာင္းေလးမွာျဖစ္တာ။ သူတို႔ဘက္ကေသတာ ၃ ေယာက္၊ ဒဏ္ရာရတာက ၆ ေယာက္ ဒီဘက္က ဘာမွ အထိခိုက္မရွိဘူးဗ်။ အခုကေတာ့ ၅ စီးရယ္၊ ေနာက္ထပ္ ၃ စီးရယ္ အဲ့ဒီဘက္ကို သြားတယ္။”

ျမန္မာစစ္ေကာင္စီရဲ႕ အခု ညထုတ္ျပန္ခ်က္မွာေတာ့ ေမလ ၁၀ ရက္ေန႔ျဖစ္တဲ့ တန္ဆည္အေရးအခင္းေၾကာင့္ လံုျခံဳေရးတပ္ဖဲြ႕၀င္ ၂ ဦးေသဆံုးၿပီး၊ သံုးဦးဒဏ္ရာရတယ္လ္ို႔ ေဖာ္ျပခဲ့ပါတယ္။

စစ္ကိုင္းတိုင္းထဲက တန္႔ဆည္ၿမိဳ႕ဟာ စစ္ေကာင္စီအာဏာသိမ္းတာကို လူသိန္းခ်ီ ပါ၀င္ဆန္႔က်င္ဆႏၵျပတဲ့ၿမိဳ႕တၿမိဳ႕ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ဧၿပီ ၇ ရက္က စစ္ေကာင္စီ အာဏာသိမ္းတာဆန္႔က်င္ဆႏၵထုတ္ေဖာ္သူေတြကို စစ္တပ္က ပစ္ခတ္တာေၾကာင့္ ေဒသခံေတြက လက္လုပ္တူမီး ေသနတ္ေတြနဲ႔ ျပန္လည္ ခုခံခဲ့ၿပီး အျပန္အလွန္ပစ္ခတ္မႈအတြင္း ေဒသခံေတြဘက္က ၁၁ ဦးထိ ေသဆံုးခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြင်းခြံ တလုပ်ကျေးရွာနဲ့ စစ်ကိုင်းမှာ ဒေသခံနဲ့ စစ်တပ် အပြန်အလှန်ပစ်ခတ်

မန္တလေးတိုင်း မြင်းခြံမြို့အနီးက တလုတ်ကျေးရွာမှာ စစ်တပ်နဲ့ ဒေသခံတွေ အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ခဲ့လို့ ရွာသား ၂ ယောက် ကျည်ထိမှန်ခဲ့ပါတယ်။ စစ်ကိုင်းတိုင်း တန့်ဆည်မြို့နဲ့ ကလေးဝမြို့ကြားမှာလည်း မနေ့ညပိုင်းက စစ်တပ်နဲ့ ကျေးရွာသားတွေ အပစ်အခတ်တွေ ရှိခဲ့ပါတယ်။ ခုလို စစ်တပ်နဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေ အပြန်အလှန်ပစ်ခတ်နေတဲ့ နောက်ဆုံးအခြေအနေ ရန်ကုန်က လာတဲ့သတင်းကို ကိုသားညွန့်ဦး ကတင်ပြပါမယ်။

မြန်မာစစ်ကောင်စီရဲ့ အခု ညထုတ်ပြန်ချက်မှာတော့ မေလ ၁၀ ရက်နေ့ဖြစ်တဲ့ တန်ဆည်အရေးအခင်းကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးပြီး၊ သုံးဦး ဒဏ်ရာရတယ်လို့ ဖော်ပြခဲ့ပါတယ်။

မြင်းခြံမြို့အနီးက တလုတ်ကျေးရွာကို ဒီကနေ့ နေ့လယ်ပိုင်းက စစ်တပ်က အင်အား အများအပြားနဲ့ ရောက်လာတဲ့အတွက် ကျေးရွာသားတွေအပြင် မြင်းခြံခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ပြန်လည် ခုခံတိုက်ခိုက်လို့ နှစ်ဘက်အပြန်အလှန် ပစ်ခတ်တာတွေ ဖြစ်ပွားခဲ့ပါတယ်။ ကျေးရွာသားတွေနဲ့ ခရိုင်ပြည်သူ့ ကာကွယ်ရေးအဖွဲ့တွေက တိုက်ခိုက်လို့ စစ်တပ်ဘက်က ၁ ယောက် သေဆုံးပြီး ၂ ယောက်ဒဏ်ရာရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ကျေးရွာသားတွေဘက်ကလည်း ကျည်ဆံထိမှန် ဒဏ်ရာရတာတွေ ရှိခဲ့ပါတယ်။ ဒီကနေ့ ၂ ဘက် ပစ်ခတ်တဲ့ အခြေအနေနဲ့ ပတ်သက်လို့ မြင်းခြံခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက အခုလိုပြောပါတယ်။

"အပိုင်စီစဉ်ပြီးမှ တလုတ်မြို့ကို ဖြိုမှာခင်ဗျ။ ကျနော်တို့ ၁ နာရီကတည်းက တလုတ်မြို့ကိုထွက်ဖို့ GTC နားမှာ သူတို့အင်အားတွေပြင်ဆင်နေတာ ကျနော်တို့ ပြည်သူလူထုကလည်း သိတယ်ခင်ဗျ။ ပြည်သူလူထုကလည်း ကိုယ့်မှာရှိတဲ့ လက်နက်နဲ့ သူတို့အလာကို စောင့်ဆိုင်းနေတာပဲ။ သူတို့လာတဲ့အချိန်မှာ ပြည်သူလူထုက သူတို့ မထင်မှန်ဘဲ တူမီးနဲ့ ပစ်ချလိုက်တာ သူတို့ဘက်က ၁ ယောက်သေသွားပြီး ၂ ယောက် ဒဏ်ရာရသွားတယ်။ ရွာသားတွေဘက်က အခုချိန်ထိ ၂ ယောက်ဒဏ်ရာရသွားတယ်။ ၂ ယောက်လုံးက လက်မှန်တာ တယောက်ကတော့ အသားကို ဖောက်ထွက်သွားတယ်။ တယောက်ကတော့ အရိုးကို ဖောက်ထွက်သွားတယ်။ အသက်အန္တရာယ်တော့ မစိုးရိမ်ရပါဘူး။ ဒါပေမဲ့လို့ လက်အကောင်း ပကတိ ပြန်ဖြစ်ဖို့ မလွယ်ဘူးလို့တော့ ခန့်မှန်းရတာပေါ့နော်။ အင်အားတွေလည်း နောက်ထပ် ရာနဲ့ချီပြီး ထပ်ဖြည့်လာတယ် စစ်ကောင်စီဘက်က ရွာသားတွေဘက်က ပြင်ဆင်မှုက တူမီးပေါ့ဗျာ။ ကျနော်တို့ ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကလည်း ရောက်ရှိသင့်သလောက် ရောက်ရှိနေပြီဗျ။”

တလုတ်ရွာမှာ ခရိုင်ပြည်သူ့ တပ်ဖွဲ့တွေ ရောက်ရှိနေတယ်ဆိုတဲ့သတင်းကြောင့် စစ်တပ်ကလာရောက်ဖမ်းဆီးဖို့ကြိုးစားစဉ် ဒေသခံကာကွယ်ရေးတပ်တွေက ကြိုတင်စောင့်စား တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။

တခါစစ်ကိုင်းတိုင်း တန့်ဆည်မြို့နဲ့ ကလေး၀ မြို့ကြားမှာ မနေ့ မေ ၁၀ ရက် ညနေပိုင်းက ရွာသားတွေနဲ့ စစ်တပ်တို့ ပစ်ခတ်မှုတွေဖြစ်ခဲ့ပြီး စစ်တပ်ဘက်က ၃ ဦးသေဆုံး၊ ၆ ဦးလောက် ဒဏ်ရာရရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပစ်ခတ်မှုတွေဖြစ်ခဲ့ပြီးနောက် စစ်တပ်ဘက်က စစ်အင်အား ဖြည့်တင်းထားတယ်လို့ ဒေသခံတဦးကပြောပါတယ်။

“မနေ့က နေ့လယ်လောက်က မဟာမြိုင်ဘုရားကိုသွားပြီးတော့ ထောင်သားတွေ ပို့တာ စစ်တပ်ကလည်း ဝိုင်းပြီးတော့ လိုက်ကြတယ်ထင်ပါတယ်။ အသွားမှ ကံထူးမရွာထဲကိုလည်း နည်းနည်းဝင်သွားတယ်။ နောက်လမ်းမှာရှိတဲ့ ဆိုင်ကယ်သမားတွေကိုလည်း ငွေတောင်းတယ်လို့ကြားတယ်။ အဲ့ဒီလိုသိတော့ အပြန်ကျတော့ သူတို့က ရွာတွေနားမှာလည်း သေနတ်တွေ၊ ဘာတွေ ဖောက်သွားတာတဲ့ အပြန်ကျတော့ ချမယ်ဆိုပြီးတော့ စောင့်လိုက်တဲ့အချိန်မှာ အပြန်ကျတော့ အဲ့လိုဖြစ်သွားတာ။ ညနေစောင်းလေးမှာဖြစ်တာ။ သူတို့ဘက်ကသေတာ ၃ ယောက်၊ ဒဏ်ရာရတာက ၆ ယောက် ဒီဘက်က ဘာမှ အထိခိုက်မရှိဘူးဗျ။ အခုကတော့ ၅ စီးရယ်၊ နောက်ထပ် ၃ စီးရယ် အဲ့ဒီဘက်ကို သွားတယ်။”

မြန်မာစစ်ကောင်စီရဲ့ အခု ညထုတ်ပြန်ချက်မှာတော့ မေလ ၁၀ ရက်နေ့ဖြစ်တဲ့ တန်ဆည်အရေးအခင်းကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးပြီး၊ သုံးဦးဒဏ်ရာရတယ်လို့ ဖော်ပြခဲ့ပါတယ်။

စစ်ကိုင်းတိုင်းထဲက တန့်ဆည်မြို့ဟာ စစ်ကောင်စီအာဏာသိမ်းတာကို လူသိန်းချီ ပါဝင်ဆန့်ကျင်ဆန္ဒပြတဲ့မြို့တမြို့ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၇ ရက်က စစ်ကောင်စီ အာဏာသိမ်းတာဆန့်ကျင်ဆန္ဒထုတ်ဖော်သူတွေကို စစ်တပ်က ပစ်ခတ်တာကြောင့် ဒေသခံတွေက လက်လုပ်တူမီး သေနတ်တွေနဲ့ ပြန်လည် ခုခံခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှုအတွင်း ဒေသခံတွေဘက်က ၁၁ ဦးထိ သေဆုံးခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG