သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အလယ္အလတ္နဲ႔ အေျခခံလူတန္းစား စားဝတ္ေနေရး ခက္ခဲလာ


ရန္ကုန္ၿမိဳ႕ရွိ ဘဏ္ခဲြတခုတြင္ ေငြထုတ္ဖို႔ ေစာင့္ေနၾကသူမ်ား။ (ဧၿပီ ၁၂၊ ၂၀၂၁)

[Zawgyi/Unicode]

အာဏာသိမ္းၿပီးတဲ့ေနာက္ ႏိုင္ငံေရးအေျခအေန အေျပာင္းအလဲေတြၾကား လူတန္းစားအလႊာစုံအသီးသီး အခက္ႀကဳံေနရခ်ိန္မွာ အာဏာသိမ္းကာလ ရက္ေပါင္း ၁၀၀ ရွိလာခ်ိန္မွာေတာ့ အလယ္လတ္တန္းစားနဲ႔ အေျခခံလူတန္းစားေတြမွာ ပိုၿပီးအထိနာလာပါတယ္။ အလုပ္အကိုင္နဲ႔ ေငြေၾကးအခက္အခဲေတြေၾကာင့္ စားေသာက္ေနထိုင္ေရး အခက္ေတြ႕ေနၾကရတဲ့ ရန္ကုန္လာတဲ့ ဒီသတင္းကို မဆုမြန္ တင္ဆက္ေပးမွာပါ။

ေဖေဖာ္ဝါရီလက စၿပီး စစ္တပ္က အာဏာသိမ္းလိုက္တာ ေမလ ၁၁ ရက္ေန႔မွာ ရက္ေပါင္း ၁၀၀ ျပည့္ပါတယ္။ စစ္အာဏာသိမ္းၿပီးေနာက္ စစ္အုပ္ခ်ဳပ္ေရးကို လက္မခံဘဲ ဒီကေန႔အထိ ပုံစံမ်ိဳးစုံနဲ႔ ဆန႔္က်င္လာခဲ့ၾကတာ ကာလၾကာရွည္လာတဲ့အတြက္ စားေသာက္ေနထိုင္ေရးမွာလည္း အခက္ေတြ႕လာၾကပါတယ္။

လႈိင္သာယာ စက္မႈဇုန္က စက္႐ုံတခုမွာ အလုပ္လုပ္ေနတဲ့ စက္႐ုံဝန္ထမ္း ကိုမင္းလြင္က စစ္အာဏာသိမ္းမႈျဖစ္ၿပီးေနာက္ အလုပ္သမားအခြင့္အေရး ဆုံးရႈံးေနတာကို ဗီြအိုေအကိုေျပာပါတယ္။

“အာဏာမသိမ္းခင္တုန္းကေတာ့ အလုပ္သမားဥပေဒအရ အလုပ္ရပ္နားမယ္ဆိုရင္ နစ္နာေၾကးေတြ၊ အလုပ္ထုတ္မယ္ဆိုရင္ေတာင္မွ ... ေနာက္ဆုံး အလုပ္ေတြ မေကာင္းလို႔ ရပ္နားမယ္ဆိုရင္ေတာင္မွ အလုပ္သမားေတြ အကုန္လုံးကို ေလ်ာ္ေၾကးေငြေပးၿပီးေတာ့ နားလိုက္ရတာ ရွိတယ္ေပါ့ေနာ္။ အခု အာဏာသိမ္းၿပီးတဲ့ ေနာက္ပိုင္းက်ေတာ့ ဒီအလုပ္သမားဥပေဒႀကီးက ရွိၿပီးေတာ့ အသက္မဝင္ဘူး ျဖစ္ေနတာေပါ့ေနာ္။ ဘယ္လိုမွ အလုပ္သမားအေရးလႈပ္ရွားဖို႔ဆိုတာ အခုကာလမွာ ေတာ္ေတာ္ေလးခဲယဥ္းတဲ့ အေနအထားရွိတယ္ဗ်။”

အာဏာသိမ္းၿပီးတဲ့ေနာက္မွာ အေျခခံ ခံစားပိုင္ခြင့္ရွိတဲ့ လူ႔အခြင့္အေရးေတြလည္း တစထက္တစ ဆုံးရႈံးလာတယ္လို႔ ျပည္သူအမ်ားက ေျပာေနၾကပါတယ္။ လူတိုင္းအလြယ္တကူ သုံးႏိုင္တဲ့ မိုဘိုင္းလ္အင္တာနက္ေတြ အပိတ္ခံလိုက္ရတဲ့ေနာက္မွာေတာ့ ဒီစနစ္ေပၚအေျခခံၿပီး လုပ္ကိုင္ေနတဲ့ အလုပ္ေတြမွာပါ ထိခိုက္မႈရွိလာပါတယ္။ အိမ္တိုင္ရာေရာက္ အစားအေသာက္ပို႔ေဆာင္တဲ့ လုပ္ငန္းေတြ မိုဘိုင္းလ္အင္တာနက္သုံးမရေတာ့လို႔ ထိခိုက္သြားတဲ့အတြက္ အဲဒီအေပၚကို မီွခိုေနၾကတဲ့ အလုပ္သမားေတြလည္း အလုပ္လက္မဲ့ျဖစ္လာပါတယ္။ အစားအေသာက္ေတြပို႔ေပးၿပီး ဝင္ေငြရွာေနတဲ့ ကိုေဇာ္ေဇာ္က အခုအခ်ိန္မွာ ဘယ္ေလာက္ ခက္ခက္ခဲခဲလုပ္ေနရတယ္ဆိုတာ ခုလိုေျပာျပပါတယ္။

“အခုေလာေလာဆယ္ကေတာ့ က်ေနာ္က အင္တာနက္မရဘူးဆိုေတာ့ လိုင္းေပၚကို ဝိုင္ဖိုင္ရတဲ့ေနရာကေနၿပီးေတာ့ ဖုန္းနံပါတ္တင္ၿပီးေတာ့ မုန႔္မွာတဲ့သူေတြက က်ေနာ္တို႔ကို ဖုန္းဆက္ၿပီးလွမ္းမွာတာေပါ့ေနာ္။ သူတို႔မွာတဲ့ဟာကို က်ေနာ္တို႔က ပိုက္ဆံအရင္ဆုံး စိုက္ၿပီးေတာ့ ဝယ္ထားေပးရတာေပါ့။ ဝယ္ၿပီး သူတို႔ဆီ သြားပို႔ေပးေတာ့မွ ကိုယ္စိုက္ထားတဲ့ မုန႔္ဖိုးနဲ႔ ပို႔ခနဲ႔ကို သူတို႔ကျပန္ေပးတာေပါ့။ အခုက အင္တာနက္မရေတာ့ ဒီတိုင္း ကိုယ့္ဟာကိုယ္ဖုန္းနဲ႔ဆိုေတာ့ သူတို႔ေအာ္ဒါမွာမွ က်ေနာ္တို႔ကသြားရတာ ဆိုေတာ့ေလ တခ်ိဳ႕လိပ္စာေတြဆို က်ေနာ္တို႔ မသိတာေတြ ရွိတယ္ဗ်။ အဲဒီလိုမ်ိဳးဆိုေတာ့ နည္းနည္းေတာ့ ဒုကၡေရာက္တာေပါ့။ ႐ုံးနဲ႔ခ်ိတ္တုန္းကဆို ႐ုံးက GPS ပါၿပီးသားဆိုေတာ့ ေတာ္႐ုံတန္႐ုံက်ေတာ့ GPS ၾကည့္ၿပီးသြားလို႔ရတယ္ေလ။”

စစ္အုပ္ခ်ဳပ္ေရးကို အၾကမ္းမဖက္ အာဏာဖီဆန္တဲ့ CDM လႈပ္ရွားမႈမွာ ပုဂၢလိကဘဏ္လုပ္ငန္းက ဝန္ထမ္းအမ်ားအျပား ပါဝင္ခဲ့ၾကပါတယ္။ အခုထိ အလုပ္ျပန္မဝင္ဘဲ CDM မွာ ဆက္ၿပီးပါဝင္ေနတဲ့ မညိဳမီလြင္ကေတာ့ ဝင္ေငြရဖို႔ ပင္ပင္ပန္းပန္း အလုပ္လုပ္ေနပါတယ္။

“ေလာေလာဆယ္ အလုပ္နားထားတာဆိုေတာ့ လစာေတာ့ မရေတာ့ဘူးေပါ့ေနာ္။ ေထာက္ပံ့ေၾကးေတြက်ေတာ့လည္း ညီမတို႔ဆီ မေရာက္လာဘူး။ ပံ့ပိုးတာေတြ ဘာေတြဆို သြားၿပီးေတာ့ ဆက္သြယ္တယ္။ ဒါေပမဲ့ ပုဂၢလိကဘဏ္ဝန္ထမ္းက်ေတာ့ သူတို႔ေထာက္ပံ့တဲ့အထဲ မပါဘူးနဲ႔ တူပါတယ္။ အစိုးရဝန္ထမ္းေတြကို ဦးစားေပးတာပဲ ေတြ႕ေနတယ္ေလ။ အဲဒါေၾကာင့္ အခုေလာေလာဆယ္ေတာ့ ညီမက ထမင္းေတာ့ေရာင္းေနတယ္။ ထမင္းေရာင္းၿပီးေတာ့ စားဝတ္ေနေရး အဆင္ေျပေအာင္ေတာ့ ေျဖရွင္းေနရတာေပါ့။ ထမင္းေရာင္းရတာ ထင္သေလာက္ မလြယ္ဘူးဆိုေတာ့ ပင္ေတာ့ပင္ပန္းတာေပါ့ ... အရင္အလုပ္နဲ႔က တျခားဆီျဖစ္ေနတာ ဆိုေတာ့ေလ။”

စစ္အာဏာသိမ္းထားတာ ရက္ ၁၀၀ ျပည့္ခ်ိန္မွာ အရင္က တည္တည္ၿငိမ္ၿငိမ္ရွိေနခဲ့ၾကတဲ့ ဘဝေတြ အမ်ားႀကီး ေျပာင္းလဲသြားခဲ့ၾကပါတယ္။ မေသခ်ာ မေရရာမႈေတြၾကားမွာ လုံၿခဳံစိတ္ခ်ရတဲ့ ဘဝမ်ိဳး ျပန္ရႏိုင္ဖို႔ ျပည္သူအမ်ားအျပား ႀကိဳးစား ႐ုန္းကန္ေနၾကရပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

အလယ်အလတ်နဲ့ အခြေခံလူတန်းစား စားဝတ်နေရေး ခက်ခဲလာ

အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံရေးအခြေအနေ အပြောင်းအလဲတွေကြား လူတန်းစားအလွှာစုံအသီးသီး အခက်ကြုံနေရချိန်မှာ အာဏာသိမ်းကာလ ရက်ပေါင်း ၁၀၀ ရှိလာချိန်မှာတော့ အလယ်လတ်တန်းစားနဲ့ အခြေခံလူတန်းစားတွေမှာ ပိုပြီးအထိနာလာပါတယ်။ အလုပ်အကိုင်နဲ့ ငွေကြေးအခက်အခဲတွေကြောင့် စားသောက်နေထိုင်ရေး အခက်တွေ့နေကြရတဲ့ ရန်ကုန်လာတဲ့ ဒီသတင်းကို မဆုမွန် တင်ဆက်ပေးမှာပါ။

ဖေဖော်ဝါရီလက စပြီး စစ်တပ်က အာဏာသိမ်းလိုက်တာ မေလ ၁၁ ရက်နေ့မှာ ရက်ပေါင်း ၁၀၀ ပြည့်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက် စစ်အုပ်ချုပ်ရေးကို လက်မခံဘဲ ဒီကနေ့အထိ ပုံစံမျိုးစုံနဲ့ ဆန့်ကျင်လာခဲ့ကြတာ ကာလကြာရှည်လာတဲ့အတွက် စားသောက်နေထိုင်ရေးမှာလည်း အခက်တွေ့လာကြပါတယ်။

လှိုင်သာယာ စက်မှုဇုန်က စက်ရုံတခုမှာ အလုပ်လုပ်နေတဲ့ စက်ရုံဝန်ထမ်း ကိုမင်းလွင်က စစ်အာဏာသိမ်းမှုဖြစ်ပြီးနောက် အလုပ်သမားအခွင့်အရေး ဆုံးရှုံးနေတာကို ဗွီအိုအေကိုပြောပါတယ်။

“အာဏာမသိမ်းခင်တုန်းကတော့ အလုပ်သမားဥပဒေအရ အလုပ်ရပ်နားမယ်ဆိုရင် နစ်နာကြေးတွေ၊ အလုပ်ထုတ်မယ်ဆိုရင်တောင်မှ ... နောက်ဆုံး အလုပ်တွေ မကောင်းလို့ ရပ်နားမယ်ဆိုရင်တောင်မှ အလုပ်သမားတွေ အကုန်လုံးကို လျော်ကြေးငွေပေးပြီးတော့ နားလိုက်ရတာ ရှိတယ်ပေါ့နော်။ အခု အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းကျတော့ ဒီအလုပ်သမားဥပဒေကြီးက ရှိပြီးတော့ အသက်မဝင်ဘူး ဖြစ်နေတာပေါ့နော်။ ဘယ်လိုမှ အလုပ်သမားအရေးလှုပ်ရှားဖို့ဆိုတာ အခုကာလမှာ တော်တော်လေးခဲယဉ်းတဲ့ အနေအထားရှိတယ်ဗျ။”

အာဏာသိမ်းပြီးတဲ့နောက်မှာ အခြေခံ ခံစားပိုင်ခွင့်ရှိတဲ့ လူ့အခွင့်အရေးတွေလည်း တစထက်တစ ဆုံးရှုံးလာတယ်လို့ ပြည်သူအများက ပြောနေကြပါတယ်။ လူတိုင်းအလွယ်တကူ သုံးနိုင်တဲ့ မိုဘိုင်းလ်အင်တာနက်တွေ အပိတ်ခံလိုက်ရတဲ့နောက်မှာတော့ ဒီစနစ်ပေါ်အခြေခံပြီး လုပ်ကိုင်နေတဲ့ အလုပ်တွေမှာပါ ထိခိုက်မှုရှိလာပါတယ်။ အိမ်တိုင်ရာရောက် အစားအသောက်ပို့ဆောင်တဲ့ လုပ်ငန်းတွေ မိုဘိုင်းလ်အင်တာနက်သုံးမရတော့လို့ ထိခိုက်သွားတဲ့အတွက် အဲဒီအပေါ်ကို မှီခိုနေကြတဲ့ အလုပ်သမားတွေလည်း အလုပ်လက်မဲ့ဖြစ်လာပါတယ်။ အစားအသောက်တွေပို့ပေးပြီး ဝင်ငွေရှာနေတဲ့ ကိုဇော်ဇော်က အခုအချိန်မှာ ဘယ်လောက် ခက်ခက်ခဲခဲလုပ်နေရတယ်ဆိုတာ ခုလိုပြောပြပါတယ်။

“အခုလောလောဆယ်ကတော့ ကျနော်က အင်တာနက်မရဘူးဆိုတော့ လိုင်းပေါ်ကို ဝိုင်ဖိုင်ရတဲ့နေရာကနေပြီးတော့ ဖုန်းနံပါတ်တင်ပြီးတော့ မုန့်မှာတဲ့သူတွေက ကျနော်တို့ကို ဖုန်းဆက်ပြီးလှမ်းမှာတာပေါ့နော်။ သူတို့မှာတဲ့ဟာကို ကျနော်တို့က ပိုက်ဆံအရင်ဆုံး စိုက်ပြီးတော့ ဝယ်ထားပေးရတာပေါ့။ ဝယ်ပြီး သူတို့ဆီ သွားပို့ပေးတော့မှ ကိုယ်စိုက်ထားတဲ့ မုန့်ဖိုးနဲ့ ပို့ခနဲ့ကို သူတို့ကပြန်ပေးတာပေါ့။ အခုက အင်တာနက်မရတော့ ဒီတိုင်း ကိုယ့်ဟာကိုယ်ဖုန်းနဲ့ဆိုတော့ သူတို့အော်ဒါမှာမှ ကျနော်တို့ကသွားရတာ ဆိုတော့လေ တချို့လိပ်စာတွေဆို ကျနော်တို့ မသိတာတွေ ရှိတယ်ဗျ။ အဲဒီလိုမျိုးဆိုတော့ နည်းနည်းတော့ ဒုက္ခရောက်တာပေါ့။ ရုံးနဲ့ချိတ်တုန်းကဆို ရုံးက GPS ပါပြီးသားဆိုတော့ တော်ရုံတန်ရုံကျတော့ GPS ကြည့်ပြီးသွားလို့ရတယ်လေ။”

စစ်အုပ်ချုပ်ရေးကို အကြမ်းမဖက် အာဏာဖီဆန်တဲ့ CDM လှုပ်ရှားမှုမှာ ပုဂ္ဂလိကဘဏ်လုပ်ငန်းက ဝန်ထမ်းအများအပြား ပါဝင်ခဲ့ကြပါတယ်။ အခုထိ အလုပ်ပြန်မဝင်ဘဲ CDM မှာ ဆက်ပြီးပါဝင်နေတဲ့ မညိုမီလွင်ကတော့ ဝင်ငွေရဖို့ ပင်ပင်ပန်းပန်း အလုပ်လုပ်နေပါတယ်။

“လောလောဆယ် အလုပ်နားထားတာဆိုတော့ လစာတော့ မရတော့ဘူးပေါ့နော်။ ထောက်ပံ့ကြေးတွေကျတော့လည်း ညီမတို့ဆီ မရောက်လာဘူး။ ပံ့ပိုးတာတွေ ဘာတွေဆို သွားပြီးတော့ ဆက်သွယ်တယ်။ ဒါပေမဲ့ ပုဂ္ဂလိကဘဏ်ဝန်ထမ်းကျတော့ သူတို့ထောက်ပံ့တဲ့အထဲ မပါဘူးနဲ့ တူပါတယ်။ အစိုးရဝန်ထမ်းတွေကို ဦးစားပေးတာပဲ တွေ့နေတယ်လေ။ အဲဒါကြောင့် အခုလောလောဆယ်တော့ ညီမက ထမင်းတော့ရောင်းနေတယ်။ ထမင်းရောင်းပြီးတော့ စားဝတ်နေရေး အဆင်ပြေအောင်တော့ ဖြေရှင်းနေရတာပေါ့။ ထမင်းရောင်းရတာ ထင်သလောက် မလွယ်ဘူးဆိုတော့ ပင်တော့ပင်ပန်းတာပေါ့ ... အရင်အလုပ်နဲ့က တခြားဆီဖြစ်နေတာ ဆိုတော့လေ။”

စစ်အာဏာသိမ်းထားတာ ရက် ၁၀၀ ပြည့်ချိန်မှာ အရင်က တည်တည်ငြိမ်ငြိမ်ရှိနေခဲ့ကြတဲ့ ဘဝတွေ အများကြီး ပြောင်းလဲသွားခဲ့ကြပါတယ်။ မသေချာ မရေရာမှုတွေကြားမှာ လုံခြုံစိတ်ချရတဲ့ ဘဝမျိုး ပြန်ရနိုင်ဖို့ ပြည်သူအများအပြား ကြိုးစား ရုန်းကန်နေကြရပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG