သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တလုပ္ၿမိဳ႕ ဖမ္းဆီးခံလူငယ္တဦး ေသဆံုး၊ ေခ်ာင္းဦးကို တပ္ဝင္စီး


မင္းၿခံခရိုင္ တလုပ္ၿမိဳ႕။ (ဓာတ္ပံု - CJ)

[Zawgyi/Unicode]

ျမင္းၿခံခရိုင္ တလုပ္ေက်း႐ြာအုပ္စုမွာ စစ္တပ္က စီးနင္းဝင္ေရာက္ ပစ္ခတ္မႈအတြင္း ဖမ္းဆီးလူငယ္ ၆ ဦးထဲက အသက္ ၂၃ ႏွစ္အရြယ္ နည္းပညာတကၠသိုလ္ ေက်ာင္းသား တဦးေသဆံုးသြားပါတယ္။ မေန႔က ဖမ္းခံရတာျဖစ္ၿပီး ဒီေန႔ရဲစခန္းက အေလာင္းလာထုတ္ခိုင္းခဲ့တယ္လို႔ မိသားစုက ေျပာပါတယ္။ တလုပ္ေက်းရြာက ေနအိမ္ေတြကိုလည္း စစ္ေကာင္စီေတြက ဖ်က္ဆီးၿပီး ပစၥည္းေတြ ယူေဆာင္ေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ မံုရြာခရိုင္၊ ေခ်ာင္းဦးၿမိဳ႕မွာဆိုရင္လည္း ေဒသခံကာကြယ္ေရးအဖြဲ႕ေတြနဲ႔ စစ္တပ္တို႔ ပစ္ခတ္တာေတြရွိခဲ့ပါတယ္။ ဒီအေၾကာင္းအျပည့္အစံု ရန္ကုန္ကလာတဲ့သတင္းကို ကိုေက်ာ္ေက်ာ္သိန္းကေျပာျပပါမယ္။

မႏၱေလးတိုင္း ျမင္းၿခံခရိုင္ တလုပ္ၿမိဳ႕ေက်းရြာအုပ္စု တလုပ္ရြာမွာ ေမလ ၁၁ ရက္နဲ႔ ၁၂ ရက္ေန႔ေတြက ေဒသခံ ကာကြယ္ေရးအဖြဲ႕ေတြနဲ႔ စစ္တပ္ၾကား အျပန္အလွန္ ပစ္ခတ္ခဲ့ၿပီးေနာက္ လူငယ္ ၆ ဦးကို စစ္တပ္က ဖမ္းဆီးခဲ့ပါတယ္။

ဖမ္းဆီးခံရၿပီး မၾကာခင္မွာပဲ လူမႈကြန္ယက္မွာ ပ်ံ႕ႏွံ႔လာတဲ့ ဓာတ္ပံုေတြထဲမွာ အသက္ ၂၃ ႏွစ္အရြယ္ ျမင္းၿခံနည္းပညာတကၠသိုလ္ ပထႏွစ္ေက်ာင္းသား ကိုဇင္ကိုထြန္းလည္း ပါ၀င္ခဲ့ပါတယ္။ သူ႔ရဲ႕ လက္ေမာင္းမွာ က်ည္ဆံထိမွန္ထားတာကိုလည္း ျမင္ရပါတယ္။ ဒါေပမဲ့ ေမ ၁၂ ရက္ညပိုင္း စစ္ေကာင္စီက သတင္းထုတ္ျပန္ရာမွာေတာ့ ကိုဇင္ကိုထြန္း ပါမလာခဲ့ပါဘူး။ ဖမ္းမိသူေတြကို လက္နက္ေတြနဲ႔ မိတယ္လို႔ စစ္တပ္က ျပတဲ့ ဓါတ္ပံုထဲမွာလည္း သူတုိ႔ရဲ႕ ေအာက္ပိုင္း ေျခေထာက္ေတြ မျမင္ရတဲ့အတြက္ အျငင္းပြားစရာျဖစ္ခဲ့ပါတယ္။ ကိုဇင္ကိုထြန္းဟာ ဖမ္းဆီးခံရခ်ိန္မွာ ေသဆံုးႏိုင္ေလာက္တဲ့ ဒဏ္ရာရထားပံု မေပၚဘဲဒီကေန႔ ေမ ၁၃ ရက္ မနက္ပိုင္းမွာ ကိုဇင္ကိုထြန္းရဲ႕ အေလာင္းကို ရဲစခန္းက လာေရာက္ထုတ္ယူခိုင္းခ်ိန္မွာေတာ့ တကိုယ္လံုး ဖူးေယာင္ညိဳမည္းဒဏ္ရာေတြနဲ႔ ေသဆံုးေနတယ္လို႔ ကိုဇင္ကိုထြန္းရဲ႕ အျဖစ္အပ်က္ကို မိသားစုနဲ႔ နီးစပ္သူတဦးက ဗြီအိုေအကို ေျပာပါတယ္။

“ဒီေဒသခံေတြနဲ႔ လိုက္စံုစမ္းတာေပါ့။ စံုစမ္းတဲ့အခါမွာ ဒီကေလးက ေဖ့စ္ဘြတ္မွာ ပါတယ္ဆိုေတာ့ က်ေနာ္တို႔က အရပ္သားဆိုေတာ့ စူးစမ္းေလ့လာရတာေပါ့ေနာ္။ ဒဏ္ရာကိုၾကည့္လိုက္တဲ့အခ်ိန္မွာ လက္ေမာင္းကို (ထိထားလို႔) မေသႏိုင္ေလာက္ဘူးဆိုတာ သိတယ္ေပါ့ဗ်ာ။ ညက်ေတာ့ MRTV ျမ၀တီက ကေလးနာမည္မပါေတာ့ က်ေနာ္တို႔ဘက္ကလည္း စိုးရိမ္တာေပါ့ဗ်ာ။ ကေလးနာမည္မပါေတာ့ စစ္ေၾကာေရးမွာပဲ ဆံုးရံႈးသြားလား၊ စိတ္ပူလို႔ စံုစမ္းၾကည့္တဲ့အခါက်ေတာ့ ၈ နာရီေလာက္က်ေတာ့ ေဒသခံနယ္ေျမ ရဲစခန္းကေပါ့ဗ်ာ။ ကေလးေသဆံုးသြားတယ္ေပါ့ လာေရာက္ယူဖို႔ရာ ေျပာေတာ့ သြားယူရတာေပါ့ဗ်ာ။ စခန္းကေတာ့ ဘာမွမေျပာဘူး နယ္ေျမခံရဲစခန္းက ဘာမွမေျပာဘဲ အေလာင္းေသဆံုးလို႔ လာေရာက္ယူဖို႔ရာပဲ ေျပာတာေပါ့ဗ်ာ။ တကိုယ္လံုးကို ညိဳမည္းစြဲၿပီး ေသဆံုးေနတာေပါ့။ မ်က္ႏွာတို႔ ရင္ဘတ္တို႔ထိၿပီး ေသဆံုးတာေပါ့။ က်ေနာ္တို႔ထင္တာက စစ္ေဆးေမးျမန္းတဲ့အခါမွာ ေမးျမန္းလို႔မရေတာ့ လုပ္ရင္းကိုင္ရင္း ေသသြားတယ္လို႔ သံုးသပ္တာပဲ။”

ကိုဇင္ကိုထြန္းဟာ ျမင္းၿခံနည္းပညာတကၠသိုလ္သမဂၢဝင္တဦးျဖစ္ၿပီး စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း ျမင္းၿခံၿမိဳ႕မွာ စစ္ေကာင္စီကို ဆန္႔က်င္ရာမွာ တက္ႂကြစြာပါ၀င္ခဲ့သူတဦးလည္း ျဖစ္ပါတယ္။

အဂၤါေန႔ ညေနပိုင္းက တလုပ္ၿမိဳ႕ေက်း႐ြာအုပ္စုကိုစစ္တပ္က ဝင္ေရာက္ ပစ္ခတ္တာကို ေဒသခံ လံုၿခံဳေရးအဖဲြ႔ေတြက ျပန္လည္ ပစ္ခတ္ခဲ့ၾကတာပါ။ ပစ္ခတ္မႈေတြေၾကာင့္ ေဒသခံေက်းရြာသားေတြ အမ်ားအျပား ေဘးလြတ္ရာကို ထြက္ေျပးေနရသလို စစ္ေကာင္စီက ေက်းရြာေတြထဲမွာ ေနအိမ္ေတြဖ်က္ဆီး၊ ပစၥည္းေတြ ယူေဆာင္ေနတယ္လို႔ ေဒသခံတဦးက ေျပာပါတယ္။

“ရြာထဲမွာ ေနအိမ္ေတြကို၀င္ၿပီးေတာ့ သံတံခါးေတြနဲ႔ ေနအိမ္ေတြကို ၀င္ၿပီးေတာ့ ေဂၚစက္ေတြနဲ႔ ထိုးဖ်က္ၿပီးေတာ့ ရိကၡာေတြ အိမ္တြင္းထဲကရွိတဲ့ ဆန္ဆီ တန္ဖိုးႀကီးပစၥည္းေတြကို ယူေနတယ္ေပါ့ေနာ္ အဲ့ဒီလိုမ်ိဳးေတြ ၾကားေနရတယ္။ စစ္ေကာင္စီအဖြဲ႕ေတြ ေသာင္းက်န္းမႈနဲ႔ ဖ်က္ဆီးသြားတဲ့ က်ေနာ္တို႔အေနနဲ႔က စိတ္ထဲမွာ မရွိေတာ့ဘူးေလဗ်ာ။ မရွိေတာ့ဘူးဆိုတာ ဘာပဲေျပာေျပာ သူတို႔လက္ေအာက္ေရာက္ရင္လည္း ဆိုးမွာဆိုေတာ့ ဒါဆိုးတယ္ဆိုတာကေတာ့ မထူးေတာ့ဘူးေလဗ်ာ။ က်ေနာ္တို႔ကေတာ့ ဘယ္လိုပဲျဖစ္ျဖစ္ ဆက္ၿပီးေတာ့ ဆံုးရံႈးသြားတဲ့ပစၥည္းေတြကို ႏွေျမတသေနမယ့္အစား က်ေနာ္တို႔ တတ္ႏိုင္သလို စစ္အာဏာရွင္ကို တြန္းလွန္ဖို႔ ဒါပဲႀကိဳးစားသြားမွာေပါ့။ အခုပဲျပန္ခ်င္တာေပါ့ဗ်ာ ကိုယ့္ရြာကိုယ္။ ဒါေပမဲ့ သူတို႔က တပ္စြဲထားတဲ့ အေနအထားမွာ က်ေနာ္တို႔ ေလာေလာဆယ္ ျပန္ရင္လည္း ဘာပဲေျပာေျပာ ဖမ္းဆီးခံရမွာဆိုေတာ့ ေလာေလာဆယ္ေတာ့ သူတို႔မျပန္သမွ် ျပန္ဖို႔ စဥ္းစားလို႔မရေသးဘူး။”

စစ္ကိုင္းတိုင္း မံုရြာခရိုင္ ေခ်ာင္းဦးၿမိဳ႕နားမွာလည္း ဒီေန႔ မနက္က ေဒသခံကာကြယ္ေရးအဖြဲ႕ေတြရွိတဲ့ မယ္သယ္ႀကိဳးကြင္းရြာကို စစ္တပ္က ၀င္ေရာက္ ပစ္ခတ္ခဲ့သလို ကာကြယ္ေရးအဖြဲ႕၀င္ ႏွစ္ဦးကိုလည္း ဖမ္းဆီးသြားခဲ့ပါတယ္။ ဒီအေျခအေနနဲ႔ ပတ္သက္လို႔ ေဒသခံကာကြယ္ေရး အဖြဲ႕၀င္တဦးက အခုလိုေျပာပါတယ္။

“ဒလံအကူအညီနဲ႔ မနက္ ၄ နာရီေလာက္မွာ က်ေနာ္တို႔ဆီကို ၀င္ၿပီးေတာ့စီးတယ္။ ၀င္စီးတာထက္ ကေလးေတြကို ျမင္တာနဲ႔ တရစပ္ပစ္ေတာ့တာပဲ အတြဲလိုက္ဆြဲတာမ်ိဳး။ ဖမ္းဆီးခံရမႈကေတာ့ လက္နက္မဲ့ ကေလး ႏွစ္ေယာက္အဖမ္းခံရတယ္။ သူတို႔က ကေလးေတြျမင္တာနဲ႔ ပစ္တဲ့အေနအထားတခုမွာ က်ေနာ္တို႔ ေနာက္ဆုတ္ရတာမ်ိဳးရွိတယ္။ ေနာက္ဆုတ္ေနရင္း ရြာထဲကလူေတြကို ေဘးလြတ္ရာကိုေရႊ႕ေပးေနတယ္။ က်ေနာ္တို႔လူငယ္ေတြက ခံပစ္ေနတာေပါ့။ က်ေနာ္တို႔မွာ တူမီးပဲရွိတာေလ လက္လုပ္ေသနတ္ေလးေတြပဲ ရွိတာဆိုေတာ့ အဲ့ဒီအခ်ိန္မွာ ခုဏက အဖမ္းခံရတဲ့ကေလးက လဲသြားတဲ့အခ်ိန္မွာ သူတို႔က လက္ျပန္ႀကိဳးတုတ္ၿပီး ဖမ္းသြားတာ ရွိတယ္ဗ်။ ၿပီးေတာ့ရြာထဲက အိမ္ေတြကို ဖ်က္ဆီးတာမ်ိဳးရွိတယ္။ မီးရိႈ႕တာရွိတယ္။ ၿပီးေတာ့ ရြာထဲကို၀င္တဲ့ေခ်ာင္း ရွိတယ္။ အဲ့ဒီေခ်ာင္းထဲမွာ ဆိုင္ကယ္ေတြကို မီးရိႈ႕တယ္။ တန္ဖိုးႀကီးတဲ့ Click လိုဟာမ်ိဳးေတြ တင္သြားတယ္။”

Click ဆိုတာကေတာ့ ထိုင္းဘက္က ဝင္တဲ့ ဆိုင္ကယ္ေတြျဖစ္ပါတယ္။ အခုလို အျပန္အလွန္ ပစ္ခတ္ၿပီးတဲ့ေနာက္ ေခ်ာင္းဦးၿမိဳ႕ထဲကိုလည္း စစ္သားေတြ ဝင္ပစ္ခဲ့ပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ ၿမိဳ႕မွာ တိတ္ဆိတ္ေနတယ္လို႔ ေဒသခံတဦးကေျပာပါတယ္။

“၉ နာရီ၊ ၁၀ နာရီေလာက္မွာ ေတာဘက္က အသံေတြ တိတ္သြားၿပီးေတာ့ ၿမိဳ႕ေပၚလာၿပီးေတာ့ ပစ္ၾကတယ္ ၾကားတာေပါ့။ ၿမိဳ႕ေပၚကေတာ့ တဘက္သတ္ေပါ့။ GZ က ကေလးေတြ ပစ္တာေတာ့ မဟုတ္ဘူးနဲ႔ တူတယ္။ စစ္တပ္ကပဲ အသံေပးေျခာက္လွန္႔ပစ္တာလား မသိဘူးေပါ့။ အခုေန႔ခင္းေတာ့ တၿမိဳ႕လံုး တိတ္ဆိတ္ ေျခာက္ကပ္သြားတာေပါ့ ဆိုင္ကယ္သံလည္းမၾကားရေတာ့ဘူး။ ဘာအသံမွကို မၾကားရေတာ့ဘူး။”

ေခ်ာင္းဦးၿမိဳ႕မွာ စစ္ေကာင္စီဆန္႔က်င္ေရး ဆႏၵျပပြဲကို ၿဖိဳခြဲၿပီးေနာက္မွာပဲ ၿမိဳ႕ေပၚကလူငယ္ေတြဟာ နီးစပ္ရာ ေက်းရြာေတြမွာ ခိုလံႈၿပီး စစ္ေကာင္စီကိုေတာ္လွန္ဖို႔ လက္လုပ္ေသနတ္ေတြကို ျပင္ဆင္ေနခဲ့ၾကတာပါ။ အဲဒီအခ်ိန္မွာ စစ္တပ္က ၀င္ေရာက္စီးနင္းရာကေန အျပန္အလွန္ ပစ္ခတ္မႈေတြ ႐ွိၿပီး စစ္တပ္ဘက္က ၅ ေယာက္ေလာက္ ဒဏ္ရာရသြားတယ္လို႔ လူငယ္ေတြဘက္က ေျပာပါတယ္။ ဒါကိုေတာ့ ဗီြအိုေအ သီးျခားအတည္မျပဳႏုိင္ပါဘူး။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

တလုပ်မြို့ ဖမ်းဆီးခံလူငယ်တဦး သေဆုံး၊ ချောင်းဦးကို တပ်ဝင်စီး

မြင်းခြံခရိုင် တလုပ်ကျေးရွာအုပ်စုမှာ စစ်တပ်က စီးနင်းဝင်ရောက် ပစ်ခတ်မှုအတွင်း ဖမ်းဆီးလူငယ် ၆ ဦးထဲက အသက် ၂၃ နှစ်အရွယ် နည်းပညာတက္ကသိုလ် ကျောင်းသား တဦးသေဆုံးသွားပါတယ်။ မနေ့က ဖမ်းခံရတာဖြစ်ပြီး ဒီနေ့ရဲစခန်းက အလောင်းလာထုတ်ခိုင်းခဲ့တယ်လို့ မိသားစုက ပြောပါတယ်။ တလုပ်ကျေးရွာက နေအိမ်တွေကိုလည်း စစ်ကောင်စီတွေက ဖျက်ဆီးပြီး ပစ္စည်းတွေ ယူဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မုံရွာခရိုင်၊ ချောင်းဦးမြို့မှာဆိုရင်လည်း ဒေသခံကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်တပ်တို့ ပစ်ခတ်တာတွေရှိခဲ့ပါတယ်။ ဒီအကြောင်းအပြည့်အစုံ ရန်ကုန်ကလာတဲ့သတင်းကို ကိုကျော်ကျော်သိန်းကပြောပြပါမယ်။

မန္တလေးတိုင်း မြင်းခြံခရိုင် တလုပ်မြို့ကျေးရွာအုပ်စု တလုပ်ရွာမှာ မေလ ၁၁ ရက်နဲ့ ၁၂ ရက်နေ့တွေက ဒေသခံ ကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်တပ်ကြား အပြန်အလှန် ပစ်ခတ်ခဲ့ပြီးနောက် လူငယ် ၆ ဦးကို စစ်တပ်က ဖမ်းဆီးခဲ့ပါတယ်။

ဖမ်းဆီးခံရပြီး မကြာခင်မှာပဲ လူမှုကွန်ယက်မှာ ပျံ့နှံ့လာတဲ့ ဓာတ်ပုံတွေထဲမှာ အသက် ၂၃ နှစ်အရွယ် မြင်းခြံနည်းပညာတက္ကသိုလ် ပထနှစ်ကျောင်းသား ကိုဇင်ကိုထွန်းလည်း ပါဝင်ခဲ့ပါတယ်။ သူ့ရဲ့ လက်မောင်းမှာ ကျည်ဆံထိမှန်ထားတာကိုလည်း မြင်ရပါတယ်။ ဒါပေမဲ့ မေ ၁၂ ရက်ညပိုင်း စစ်ကောင်စီက သတင်းထုတ်ပြန်ရာမှာတော့ ကိုဇင်ကိုထွန်း ပါမလာခဲ့ပါဘူး။ ဖမ်းမိသူတွေကို လက်နက်တွေနဲ့ မိတယ်လို့ စစ်တပ်က ပြတဲ့ ဓါတ်ပုံထဲမှာလည်း သူတို့ရဲ့ အောက်ပိုင်း ခြေထောက်တွေ မမြင်ရတဲ့အတွက် အငြင်းပွားစရာဖြစ်ခဲ့ပါတယ်။ ကိုဇင်ကိုထွန်းဟာ ဖမ်းဆီးခံရချိန်မှာ သေဆုံးနိုင်လောက်တဲ့ ဒဏ်ရာရထားပုံ မပေါ်ဘဲဒီကနေ့ မေ ၁၃ ရက် မနက်ပိုင်းမှာ ကိုဇင်ကိုထွန်းရဲ့ အလောင်းကို ရဲစခန်းက လာရောက်ထုတ်ယူခိုင်းချိန်မှာတော့ တကိုယ်လုံး ဖူးယောင်ညိုမည်းဒဏ်ရာတွေနဲ့ သေဆုံးနေတယ်လို့ ကိုဇင်ကိုထွန်းရဲ့ အဖြစ်အပျက်ကို မိသားစုနဲ့ နီးစပ်သူတဦးက ဗွီအိုအေကို ပြောပါတယ်။

“ဒီဒေသခံတွေနဲ့ လိုက်စုံစမ်းတာပေါ့။ စုံစမ်းတဲ့အခါမှာ ဒီကလေးက ဖေ့စ်ဘွတ်မှာ ပါတယ်ဆိုတော့ ကျနော်တို့က အရပ်သားဆိုတော့ စူးစမ်းလေ့လာရတာပေါ့နော်။ ဒဏ်ရာကိုကြည့်လိုက်တဲ့အချိန်မှာ လက်မောင်းကို (ထိထားလို့) မသေနိုင်လောက်ဘူးဆိုတာ သိတယ်ပေါ့ဗျာ။ ညကျတော့ MRTV မြဝတီက ကလေးနာမည်မပါတော့ ကျနော်တို့ဘက်ကလည်း စိုးရိမ်တာပေါ့ဗျာ။ ကလေးနာမည်မပါတော့ စစ်ကြောရေးမှာပဲ ဆုံးရှုံးသွားလား၊ စိတ်ပူလို့ စုံစမ်းကြည့်တဲ့အခါကျတော့ ၈ နာရီလောက်ကျတော့ ဒေသခံနယ်မြေ ရဲစခန်းကပေါ့ဗျာ။ ကလေးသေဆုံးသွားတယ်ပေါ့ လာရောက်ယူဖို့ရာ ပြောတော့ သွားယူရတာပေါ့ဗျာ။ စခန်းကတော့ ဘာမှမပြောဘူး နယ်မြေခံရဲစခန်းက ဘာမှမပြောဘဲ အလောင်းသေဆုံးလို့ လာရောက်ယူဖို့ရာပဲ ပြောတာပေါ့ဗျာ။ တကိုယ်လုံးကို ညိုမည်းစွဲပြီး သေဆုံးနေတာပေါ့။ မျက်နှာတို့ ရင်ဘတ်တို့ထိပြီး သေဆုံးတာပေါ့။ ကျနော်တို့ထင်တာက စစ်ဆေးမေးမြန်းတဲ့အခါမှာ မေးမြန်းလို့မရတော့ လုပ်ရင်းကိုင်ရင်း သေသွားတယ်လို့ သုံးသပ်တာပဲ။”

ကိုဇင်ကိုထွန်းဟာ မြင်းခြံနည်းပညာတက္ကသိုလ်သမဂ္ဂဝင်တဦးဖြစ်ပြီး စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြင်းခြံမြို့မှာ စစ်ကောင်စီကို ဆန့်ကျင်ရာမှာ တက်ကြွစွာပါဝင်ခဲ့သူတဦးလည်း ဖြစ်ပါတယ်။

အင်္ဂါနေ့ ညနေပိုင်းက တလုပ်မြို့ကျေးရွာအုပ်စုကိုစစ်တပ်က ဝင်ရောက် ပစ်ခတ်တာကို ဒေသခံ လုံခြုံရေးအဖွဲ့တွေက ပြန်လည် ပစ်ခတ်ခဲ့ကြတာပါ။ ပစ်ခတ်မှုတွေကြောင့် ဒေသခံကျေးရွာသားတွေ အများအပြား ဘေးလွတ်ရာကို ထွက်ပြေးနေရသလို စစ်ကောင်စီက ကျေးရွာတွေထဲမှာ နေအိမ်တွေဖျက်ဆီး၊ ပစ္စည်းတွေ ယူဆောင်နေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“ရွာထဲမှာ နေအိမ်တွေကိုဝင်ပြီးတော့ သံတံခါးတွေနဲ့ နေအိမ်တွေကို ဝင်ပြီးတော့ ဂေါ်စက်တွေနဲ့ ထိုးဖျက်ပြီးတော့ ရိက္ခာတွေ အိမ်တွင်းထဲကရှိတဲ့ ဆန်ဆီ တန်ဖိုးကြီးပစ္စည်းတွေကို ယူနေတယ်ပေါ့နော် အဲ့ဒီလိုမျိုးတွေ ကြားနေရတယ်။ စစ်ကောင်စီအဖွဲ့တွေ သောင်းကျန်းမှုနဲ့ ဖျက်ဆီးသွားတဲ့ ကျနော်တို့အနေနဲ့က စိတ်ထဲမှာ မရှိတော့ဘူးလေဗျာ။ မရှိတော့ဘူးဆိုတာ ဘာပဲပြောပြော သူတို့လက်အောက်ရောက်ရင်လည်း ဆိုးမှာဆိုတော့ ဒါဆိုးတယ်ဆိုတာကတော့ မထူးတော့ဘူးလေဗျာ။ ကျနော်တို့ကတော့ ဘယ်လိုပဲဖြစ်ဖြစ် ဆက်ပြီးတော့ ဆုံးရှုံးသွားတဲ့ပစ္စည်းတွေကို နှမြေတသနေမယ့်အစား ကျနော်တို့ တတ်နိုင်သလို စစ်အာဏာရှင်ကို တွန်းလှန်ဖို့ ဒါပဲကြိုးစားသွားမှာပေါ့။ အခုပဲပြန်ချင်တာပေါ့ဗျာ ကိုယ့်ရွာကိုယ်။ ဒါပေမဲ့ သူတို့က တပ်စွဲထားတဲ့ အနေအထားမှာ ကျနော်တို့ လောလောဆယ် ပြန်ရင်လည်း ဘာပဲပြောပြော ဖမ်းဆီးခံရမှာဆိုတော့ လောလောဆယ်တော့ သူတို့မပြန်သမျှ ပြန်ဖို့ စဉ်းစားလို့မရသေးဘူး။”

စစ်ကိုင်းတိုင်း မုံရွာခရိုင် ချောင်းဦးမြို့နားမှာလည်း ဒီနေ့ မနက်က ဒေသခံကာကွယ်ရေးအဖွဲ့တွေရှိတဲ့ မယ်သယ်ကြိုးကွင်းရွာကို စစ်တပ်က ဝင်ရောက် ပစ်ခတ်ခဲ့သလို ကာကွယ်ရေးအဖွဲ့ဝင် နှစ်ဦးကိုလည်း ဖမ်းဆီးသွားခဲ့ပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်လို့ ဒေသခံကာကွယ်ရေး အဖွဲ့ဝင်တဦးက အခုလိုပြောပါတယ်။

“ဒလံအကူအညီနဲ့ မနက် ၄ နာရီလောက်မှာ ကျနော်တို့ဆီကို ဝင်ပြီးတော့စီးတယ်။ ဝင်စီးတာထက် ကလေးတွေကို မြင်တာနဲ့ တရစပ်ပစ်တော့တာပဲ အတွဲလိုက်ဆွဲတာမျိုး။ ဖမ်းဆီးခံရမှုကတော့ လက်နက်မဲ့ ကလေး နှစ်ယောက်အဖမ်းခံရတယ်။ သူတို့က ကလေးတွေမြင်တာနဲ့ ပစ်တဲ့အနေအထားတခုမှာ ကျနော်တို့ နောက်ဆုတ်ရတာမျိုးရှိတယ်။ နောက်ဆုတ်နေရင်း ရွာထဲကလူတွေကို ဘေးလွတ်ရာကိုရွှေ့ပေးနေတယ်။ ကျနော်တို့လူငယ်တွေက ခံပစ်နေတာပေါ့။ ကျနော်တို့မှာ တူမီးပဲရှိတာလေ လက်လုပ်သေနတ်လေးတွေပဲ ရှိတာဆိုတော့ အဲ့ဒီအချိန်မှာ ခုဏက အဖမ်းခံရတဲ့ကလေးက လဲသွားတဲ့အချိန်မှာ သူတို့က လက်ပြန်ကြိုးတုတ်ပြီး ဖမ်းသွားတာ ရှိတယ်ဗျ။ ပြီးတော့ရွာထဲက အိမ်တွေကို ဖျက်ဆီးတာမျိုးရှိတယ်။ မီးရှို့တာရှိတယ်။ ပြီးတော့ ရွာထဲကိုဝင်တဲ့ချောင်း ရှိတယ်။ အဲ့ဒီချောင်းထဲမှာ ဆိုင်ကယ်တွေကို မီးရှို့တယ်။ တန်ဖိုးကြီးတဲ့ Click လိုဟာမျိုးတွေ တင်သွားတယ်။”

Click ဆိုတာကတော့ ထိုင်းဘက်က ဝင်တဲ့ ဆိုင်ကယ်တွေဖြစ်ပါတယ်။ အခုလို အပြန်အလှန် ပစ်ခတ်ပြီးတဲ့နောက် ချောင်းဦးမြို့ထဲကိုလည်း စစ်သားတွေ ဝင်ပစ်ခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ မြို့မှာ တိတ်ဆိတ်နေတယ်လို့ ဒေသခံတဦးကပြောပါတယ်။

“၉ နာရီ၊ ၁၀ နာရီလောက်မှာ တောဘက်က အသံတွေ တိတ်သွားပြီးတော့ မြို့ပေါ်လာပြီးတော့ ပစ်ကြတယ် ကြားတာပေါ့။ မြို့ပေါ်ကတော့ တဘက်သတ်ပေါ့။ GZ က ကလေးတွေ ပစ်တာတော့ မဟုတ်ဘူးနဲ့ တူတယ်။ စစ်တပ်ကပဲ အသံပေးခြောက်လှန့်ပစ်တာလား မသိဘူးပေါ့။ အခုနေ့ခင်းတော့ တမြို့လုံး တိတ်ဆိတ် ခြောက်ကပ်သွားတာပေါ့ ဆိုင်ကယ်သံလည်းမကြားရတော့ဘူး။ ဘာအသံမှကို မကြားရတော့ဘူး။”

ချောင်းဦးမြို့မှာ စစ်ကောင်စီဆန့်ကျင်ရေး ဆန္ဒပြပွဲကို ဖြိုခွဲပြီးနောက်မှာပဲ မြို့ပေါ်ကလူငယ်တွေဟာ နီးစပ်ရာ ကျေးရွာတွေမှာ ခိုလှုံပြီး စစ်ကောင်စီကိုတော်လှန်ဖို့ လက်လုပ်သေနတ်တွေကို ပြင်ဆင်နေခဲ့ကြတာပါ။ အဲဒီအချိန်မှာ စစ်တပ်က ဝင်ရောက်စီးနင်းရာကနေ အပြန်အလှန် ပစ်ခတ်မှုတွေ ရှိပြီး စစ်တပ်ဘက်က ၅ ယောက်လောက် ဒဏ်ရာရသွားတယ်လို့ လူငယ်တွေဘက်က ပြောပါတယ်။ ဒါကိုတော့ ဗွီအိုအေ သီးခြားအတည်မပြုနိုင်ပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG