သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကနီၿမိဳ႕နယ္ ရြာေတြမွာ တိမ္းေရွာင္ေနသူေတြကို လိုက္လံဖမ္းဆီး


ပစ္ခတ္ ဖမ္းဆီးမႈမွ ေရွာင္တိမ္းေနေသာ ယင္းမာပင္ ရြာသား တခ်ဳိ႕အား ေတာတြင္းမွာ ေတြ႔ရစဥ္ ။

(Zawgyi/Unicode)

စစ္ကိုင္းတိုင္း ကနီၿမဳိ႕နယ္ ကေလးဝ-ယာႀကီး ကားလမ္းနေဘးက ေအာင္မဂၤလာရြာနဲ႔ ဇီးပင္တြင္းရြာေတြကုိ ေမလ(၁၁)ရက္နဲ႔ (၁၂)ရက္ေန႔တုန္းက စစ္ေကာင္စီတပ္ေတြ ဝင္ေရာက္ၿပီး ဒါဇင္နဲ႔ခ်ီတဲ့ အမ်ဳိးသားေတြကို ဖမ္းဆီး ေခၚေဆာင္သြားတယ္လို႔ အဲဒီေဒသအတြက္ အေရးေပၚ ေဆးဝါးပစၥည္း ကူညီေထာက္ပံ့ေနတဲ့ အမ်ဳိးသမီးတဦးက ဗီြအိုေအကို ေျပာပါတယ္။

" ကေလးဝ-ယာႀကီး တက္တဲ့လမ္းမွာ ေအာင္မဂၤလာရြာဆိုတာ ရွိတယ္။ အဲဒီမွာက ျပည္သူ႔ ကာကြယ္ေရးအတြက္ ပုန္းေရွာင္ေနသူေတြရွိတယ္။ အဲဒီလူေတြကို စစ္ေကာင္စီတပ္ကေနၿပီးမွ လူ(၂၀)ေက်ာ္ ေမလ(၁၁)ရက္ေန႔က ဖမ္းသြားတယ္။ ေယာက်္ားေလးမွန္ရင္ အကုန္ေခၚဆိုေတာ့ - ၉ တန္းေက်ာင္းသားကအစ ပါသြားတယ္။ အခုထိ ဘယ္ေခၚသြားမွန္း က်မတို႔ သတင္းမရဘူး။ ေမလ(၁၂) ဒီေန႔လည္း ဇီးပင္တြင္းရြာကို စစ္ေကာင္စီေတြက အလုံးအရင္းနဲ႔ ဝင္ၿပီးေတာ့ ျပည္သူေတြကို ပစ္ခတ္ၿခိမ္းေျခာက္ၿပီး ပစၥည္းေတြကိုလည္း ရွာေဖြယူသြားတယ္။ အျပန္က်ေတာ့လည္း အမ်ဳိးသားမွန္သမွ် ကားႏွစ္စီးတိုက္ အဖမ္းခံလုိက္ရတယ္။ "

ဖမ္းဆီးသြားတဲ့ အေရအတြက္နဲ႔ ပတ္သက္လို႔ ဗြီအိုေအက သီးျခားအတည္ျပဳႏို္င္ဖို႔ စုံစမ္းေနဆဲ ျဖစ္ပါတယ္။

ယင္းမာပင္နဲ႔ ကနီၿမဳိ႕နယ္တဝိုက္မွာ ေက်းရြာသားေတြက အိမ္လုပ္ေသနပ္ေတြနဲ႔ စစ္ေကာင္စီတပ္ေတြကို ဧၿပီလတုန္းက ျပန္လည္ခုခံ တုိက္ခိုက္ခဲ့ၿပီးေနာက္ပုိင္း အာဏာပိုင္ေတြဖက္က အခုလို လိုက္လံဖမ္းဆီး ႏွိမ္နင္းေနတာ ျဖစ္တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ အခုဆိုရင္ စစ္ေကာင္စီတပ္ေတြက ကနီၿမဳိ႕နယ္တဝိုက္က ေတာင္ကုန္းေတြနဲ႔ ဘုန္းႀကီးေက်ာင္းေတြမွာပါ တပ္စဲြ လာၾကပါတယ္။

ေမလ(၇)ရက္ေန႔တုန္းကလည္း ကနီၿမဳိ႕နယ္ သမင္ၿခံေက်းမွာ ေဒသခံေတြက ျပန္လည္ပစ္ခတ္တာေၾကာင့္ စစ္ေကာင္စီတပ္ေတြနဲ႔ တိုက္ပဲြ(၂)ႀကိမ္ ျဖစ္ပြားခဲ့ပါတယ္။

...............

ကနီမြို့နယ် ရွာတွေမှာ တိမ်းရှောင်နေသူတွေကို လိုက်လံဖမ်းဆီး

(Unicode)

စစ်ကိုင်းတိုင်း ကနီမြို့နယ် ကလေးဝ-ယာကြီး ကားလမ်းနဘေးက အောင်မင်္ဂလာရွာနဲ့ ဇီးပင်တွင်းရွာတွေကို မေလ(၁၁)ရက်နဲ့ (၁၂)ရက်နေ့တုန်းက စစ်ကောင်စီတပ်တွေ ဝင်ရောက်ပြီး ဒါဇင်နဲ့ချီတဲ့ အမျိုးသားတွေကို ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ အဲဒီဒေသအတွက် အရေးပေါ် ဆေးဝါးပစ္စည်း ကူညီထောက်ပံ့နေတဲ့ အမျိုးသမီးတဦးက ဗွီအိုအေကို ပြောပါတယ်။

" ကလေးဝ-ယာကြီး တက်တဲ့လမ်းမှာ အောင်မင်္ဂလာရွာဆိုတာ ရှိတယ်။ အဲဒီမှာက ပြည်သူ့ ကာကွယ်ရေးအတွက် ပုန်းရှောင်နေသူတွေရှိတယ်။ အဲဒီလူတွေကို စစ်ကောင်စီတပ်ကနေပြီးမှ လူ(၂၀)ကျော် မေလ(၁၁)ရက်နေ့က ဖမ်းသွားတယ်။ ယောကျ်ားလေးမှန်ရင် အကုန်ခေါ်ဆိုတော့ - ၉ တန်းကျောင်းသားကအစ ပါသွားတယ်။ အခုထိ ဘယ်ခေါ်သွားမှန်း ကျမတို့ သတင်းမရဘူး။ မေလ(၁၂) ဒီနေ့လည်း ဇီးပင်တွင်းရွာကို စစ်ကောင်စီတွေက အလုံးအရင်းနဲ့ ဝင်ပြီးတော့ ပြည်သူတွေကို ပစ်ခတ်ခြိမ်းခြောက်ပြီး ပစ္စည်းတွေကိုလည်း ရှာဖွေယူသွားတယ်။ အပြန်ကျတော့လည်း အမျိုးသားမှန်သမျှ ကားနှစ်စီးတိုက် အဖမ်းခံလိုက်ရတယ်။ "

ဖမ်းဆီးသွားတဲ့ အရေအတွက်နဲ့ ပတ်သက်လို့ ဗွီအိုအေက သီးခြားအတည်ပြုနိုင်ဖို့ စုံစမ်းနေဆဲ ဖြစ်ပါတယ်။

ယင်းမာပင်နဲ့ ကနီမြို့နယ်တဝိုက်မှာ ကျေးရွာသားတွေက အိမ်လုပ်သေနပ်တွေနဲ့ စစ်ကောင်စီတပ်တွေကို ဧပြီလတုန်းက ပြန်လည်ခုခံ တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း အာဏာပိုင်တွေဖက်က အခုလို လိုက်လံဖမ်းဆီး နှိမ်နင်းနေတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အခုဆိုရင် စစ်ကောင်စီတပ်တွေက ကနီမြို့နယ်တဝိုက်က တောင်ကုန်းတွေနဲ့ ဘုန်းကြီးကျောင်းတွေမှာပါ တပ်စွဲ လာကြပါတယ်။

မေလ(၇)ရက်နေ့တုန်းကလည်း ကနီမြို့နယ် သမင်ခြံကျေးမှာ ဒေသခံတွေက ပြန်လည်ပစ်ခတ်တာကြောင့် စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲ(၂)ကြိမ် ဖြစ်ပွားခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG