သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကနီ လေပြင်းမုန်တိုင်း ၂ ဦးသေဆုံး


ကနီ လေပြင်းမုန်တိုင်းကြောင့် အဆောက်အအုံများ ပျက်စီ (MOI)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်အတွင်းမှာ မေလ ၁၄ ရက်နေ့ ညနေက မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်ခဲ့တဲ့အတွက် လူ ၂ ဦးသေဆုံးပြီး ၆ ဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

နေအိမ်နဲ့ စာသင်ကျောင်းတွေအပါအ၀င် လျှပ်စစ်ဓာတ်တိုင်နဲ့ အဆောက်အဦး အတော်များများလည်း ပြိုကျပျက်ဆီးခဲ့ပါတယ်။

ဒေသတွင်း တာဝန်ရှိသူတွေရဲ့ လက်ရှိ ကောက်ယူရရှိတဲ့စာရင်းအရ လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၅ လုံးပြိုကျပြီး၊ ၁၂၄ လုံး အိမ်ခေါင်မိုးလန် ပျက်ဆီးတာတွေရှိခဲ့သလို သာသနိက အဆောက်အဦး ၂ ခုနဲ့ စာသင်ကျောင်း ၁ ကျောင်းအပြင် ဌာနဆိုင်ရာအဆောက်ဦး ၉ လုံး ပျက်ဆီးမှုတွေရှိခဲ့ပါတယ်။ ဒါ့အပြင် အိပ်ပေါ်ကို လျှပ်စစ်မီး ဓာတ်တိုင် ကျိုးကျရာကနေ လူ ၂ ဦးသေဆုံးပြီး ၆ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ Facebook စာမျက်နှာမှာဖော်ပြထားပါတယ်။

လေပြင်းတိုက်ခတ်မှုဖြစ်ခဲ့ပြီးတဲ့နောက်မှာတော့ စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာမြင့်နိုင်နဲ့ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးသန်းတို့ ပါဝင်တဲ့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်တွေနဲ့ ဒေသခံ အာဏာပိုင်တို့က လေပြင်းတိုက်ခတ်မှုကြောင့် ပျက်ဆီးမှုတွေရှိခဲ့တဲ့နေရာတွေကို သွားရောက်လေ့လာကြည့်ရှုခဲ့ကြပြီး သေဆုံးသူမိသားစုနဲ့ ဆေးရုံတင်ထားရတဲ့ ထိခိုက်ဒဏ်ရာသူတွေကို ထောက်ပံ့ငွေတွေပေးအပ်ခဲ့ပါတယ်။

လေပြင်းဒဏ်ကြောင့် နေအိမ် ပျက်ဆီးသွားတဲ့သူတွေအတွက် ကယ်ဆယ်ရေးစခန်းတွေဖွင့်လှစ်ပေးဖို့လည်း လုပ်ဆောင်နေတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက ဆိုပါတယ်။

ကနီ လေပြင်းမုန်တိုင်း ၂ ဦးသေဆုံး
please wait

No media source currently available

0:00 0:00:29 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG