သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကနီ ေဒသကာကြယ္ေရးအဖြဲ႔ စစ္တပ္ၾကား ထိပ္တိုက္ေတြ႔၊ ၆ ဦးေသဆံုး


Myitkyina Shooting ျမစ္ႀကီးနား ပစ္ခတ္မႈ

{{Zawgyi/Unicode}}

စစ္ေကာင္စီကို ဆန္႔က်င္ေနတဲ့ စစ္ကိုင္းတိုင္း ကနီၿမိဳ႕ျပင္မွာ မေန႔ညက ေဒသကာကြယ္ေရးအတြက္ဆုိၿပီးဖဲြ႔ထားတဲ့ အဖဲြ႔ေတြနဲ႔ စစ္တပ္ၾကား ထိပ္တိုက္ေတြ႕ခဲ့ၿပီး ပစ္ခတ္တာမွာ ၆ ေယာက္ေသဆံုးတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

ကနီၿမိဳ႕နားမွာ ျဖစ္ခဲ့တဲ့ အေျခအေနအပါအဝင္ ျမစ္ႀကီးနား၊ တမူး စတဲ့ေဒသေတြဖက္က ဒီေန႔အေျခအေန မႏၲေလးကလာတဲ့သတင္းကို ကိုရန္ႏုိင္က ေျပာျပထားပါတယ္။

မေန႔ ဧၿပီလ ၁၅ ရက္ေန႔ ညေနပိုင္းက စစ္ကိုင္းတိုင္း၊ ကနီၿမိဳ႕ျပင္မွာ႐ွိတဲ့ ယာႀကီး႐ြာလမ္းခြဲမွာ ေဒသခံေက်း႐ြာေတြက ကာကြယ္ေရးအဖြဲ႕ေတြနဲ႔ စစ္တပ္တုိ႔ ထိပ္တိုက္ေတြ႕ဆံုခဲ့ၿပီး တပ္ဖက္က ပစ္ခတ္လို႔ ၆ ေယာက္ေသဆံုးခဲ့ပါတယ္။

စစ္အာဏာသိမ္းထားတဲ့ ျမန္မာႏိုင္ငံမွာ စစ္တပ္နဲ႔ ရဲက ျပည္သူေတြအေပၚ အၾကမ္းဖက္ ႏွိမ္ႏွင္းေနတာေၾကာင့္ ကိုယ့္ေဒသကို ကာကြယ္ဖုိ႔ဆိုၿပီး ေဒသခံေတြက ခုလိုကာကြယ္ေရးအဖဲြ႔ေတြ ဖဲြ႔ထားၾကတာျဖစ္ပါတယ္။

သူတုိ႔အဖဲြ႔ေတြနဲ႔ စစ္တပ္အင္အား ၂၀၀ ေက်ာ္ ထိပ္တိုက္ေတြ႔ခဲ့ၾကတဲ့အတြက္ ပစ္ခတ္ ၿဖိဳခြဲခံရတာပါ။ ေဒသခံ ကာကြယ္ေရးအဖဲြ႔ေတြဖက္က တူမီးေသနတ္ေတြအပါအဝင္ လက္လုပ္ လက္နက္ေတြနဲ႔ ျပန္လည္ ခုခံခဲ့ၾကတယ္လို႔ ‌ေဒသခံ ျပည္သူ တစ္ေယာက္က ဗြီအိုေအကို ေျပာျပပါတယ္။

“ဒီအနီးအနား ပတ္ခ်ာလည္က ေက်း႐ြာကာကြယ္ေရးအဖြဲ႕ေတြနဲ႔ စစ္ေကာင္စီက အင္အား ၂၀၀ ေလာက္နဲ႔ ဆုံၾကတာဗ်၊ ျဖစ္တာက ကနီၿမိဳ႕နယ္ ဒီ မုံ႐ြာ ႐ြာႀကီး ကေလး၀လမ္းမ ေပၚ လက္ရွိ လက္ရွိ ႐ြာလမ္းခြဲဗ် ။ တိုက္ပြဲကေတာ့အကို ညေန ေလး နာရီေလာက္မွာ ျဖစ္ၿပီးေတာ့ ည ရွစ္ နာရီေက်ာ္ေက်ာ္ေလာက္မွာ ၿပီးသြားတယ္ဗ်၊ သူတို႔ျပန္ေခါက္သြားတယ္ဗ်။”

ပစ္ခတ္မႈအတြင္း ေက်း႐ြာကာကြယ္ေရးအဖဲြ႔ေတြဖက္က ေဒသခံ ေျခာက္ဦး ေသဆုံးခဲ့ၿပီး ေပ်ာက္ဆုံးေနသူ ႏွစ္ဆယ္ဝန္းက်င္ခန႔္ ရွိတယ္ လို႔လည္း ေနာက္ထပ္ ေဒသခံ တစ္‌ဦးက အခုလို ေျပာ ျပပါတယ္။

“အခုလက္ရွိအေျခအေနကေတာ့ က်ေနာ္တို႔ ဒီေန႔မနက္ပိုင္းမွာဆိုရင္ က်ဆုံးသြားတယ္။ ေပ်ာက္ဆုံးေနတဲ့သူေတြေကာ က်ဆုံးတဲ့သူ‌ေတြေကာ အကုန္လုံး လိုက္ေကာက္တယ္။ မေန႔ညကက်ေနာ္တို႔ လိုက္ေကာက္တာကက်ေတာ့ သူတို႔အဲ့မွာ ကင္းေတြမ်ားရွိမလား ဆိုၿပီးေတာ့ လိုက္ေကာက္ရင္းနဲ႔ေပါ့ေနာ္၊ သူတို႔အေနအထားကိုၾကည့္ရင္းနဲ႔ လိုက္ေကာက္တာက ေလးေလာင္းရတယ္၊ ခုမနက္မွာ ႏွစ္ေလာင္းေတြ႕တယ္၊ လက္တေလာကေတာ့ ေျခာက္ ေလာင္း၊ ျပန္ေတြ႕တယ္ အဲ ႏွစ္ဆယ္၀န္းက်င္ ခန႔္ေပ်ာက္ဆုံးေနတယ္။”

ကနီၿမိဳ႕နားမွာ႐ွိတဲ့ မိုးေကာင္းေက်း႐ြာက သုံးေယာက္၊ လည္ရွည္ေက်း႐ြာက တစ္‌ေယာက္ ၊ သမင္ရပ္ေက်း႐ြာက တစ္‌ေယာက္နဲ႔ ထမ္းစင္ေက်း႐ြာက တစ္ေယာက္ စုစုေပါင္း ေျခာက္ေယာက္ ေသဆံုးခဲ့တာျဖစ္ပါတယ္။

ဧၿပီလ ၂ ရက္ေန႔ ကလည္း ကနီၿမိဳ႕နယ္ထဲမွာ ရွိတဲ့ သေျပေအးေက်း႐ြာမွာ စစ္တပ္နဲ႔ ႐ြာသားေတြ ထိပ္တိုက္ေတြ႕ဆုံ အျပန္အလွန္ပစ္ခတ္ၾကလို႔ ႐ြာသား ၃ ေယာက္ ေသဆံုးခဲ့ပါတယ္။

အခုလို ေဒသခံေတြနဲ႔ စစ္တပ္တုိ႔ၾကား ၿပီးခဲ့တဲ့ ရက္ေတြက အျပန္အလွန္ ပစ္ခတ္မႈျဖစ္ခဲ့တဲ့ စစ္ကိုင္းတိုင္းထဲက တမူးၿမိဳ႕မွာေတာ့ ေတာ္ေတာ္မ်ားမ်ား ထြက္ေျပး တိမ္းေ႐ွာင္ေနၾကၿပီး သူတုိ႔ကို ရဲနဲ႔စစ္တပ္က လိုက္႐ွာေနၾကတယ္လို႔ တမူးေဒသကာကြယ္ေရးအတြက္ ေဒသခံေတြစုဖဲြ႔ထားတဲ့ လံုၿခံဳေရးအဖဲြ႔ဝင္တေယာက္က ေျပာပါတယ္။

“ေလာေလာဆယ္သူတို႔က တမူးၿမိဳ႕မွာ အေျခအေန ခိုင္သြားၿပီးတဲ့ေနာက္ပိုင္းမွာ တမူးခရိုင္အတြင္းမွာရွိတဲ့ ရြာေတြထဲကို စစ္ကား ၃ စီးေသာ္လည္းေကာင္း ၂ စီးေသာ္လည္းေကာင္း ေစလႊတ္ၾကတဲ့ ကိစၥရပ္မ်ိဳးေတြ ရွိေနပါတယ္။

သူတို႔အနီးဆံုးခ်ိတ္ဆက္ႏိုင္တာက အိႏၵိယဘက္ပဲ ျဖစ္ႏိုင္မယ္လို႔ သံုးသပ္ေကာင္း သံုးသပ္မယ္ ထင္ပါရဲ႕၊ အဲ့ေတာ့ အိႏၵိယနယ္စပ္နဲ႔ အနီးစပ္ဆံုးရွိတဲ့ၿမိဳ႕ ၿမိဳ႕သစ္ၿမိဳ႕ ၿမိဳ႕သစ္ၿမိဳ႕နယ္အတြင္းမွာရွိတဲ့ ရြာေတြကို သူတို႔ အလံုးလိုက္အရင္းလိုက္နဲ႔ ၀င္လာၾကတဲ့ အေနအထားမ်ိဳးမွာ ရွိပါတယ္။”

စစ္အာဏာသိမ္းမႈကို ဆန္႔က်င္ေနၾကတဲ့ ျပည္သူေတြကို စစ္တပ္ဖက္က အင္အားသံုး ဖိႏွိပ္ ၿဖိဳခြဲေနတာျဖစ္ပါတယ္။ ဒါေပမဲ့ အခုက်ေရာက္ေနတဲ့ သႀကၤန္တြင္းကာလမွာလည္း စစ္အာဏာ႐ွင္ဆန္႔က်င္ေရး ဆႏၵျပပြဲေတြကို ၿမိဳ႕အစံုမွာ ဆက္လုပ္ေနၾကပါတယ္။

ကခ်င္ျပည္နယ္ ျမစ္ႀကီးနားၿမိဳ႕မွာဆိုရင္ ေတာ္လွန္တဲ့စာသားပါတဲ့ သႀကၤန္သံခ်ပ္ေတြရြတ္ဆိုၿပီး ေပ်ာက္ၾကားသပိတ္ေတြ ျပဳလုပ္ေနတယ္လို႔ ၿမိဳ႕ခံတစ္ဦးက ေျပာပါတယ္။

“ပစ္ခတ္မႈေတြေတာ့မရွိဘူး။ က်ေနာ္တို႔ ေပ်ာက္ၾကားအေနနဲ႔ လုပ္တယ္ေပါ့ေနာ္။ ရဲေတြေရာက္မလာခင္မွာ လူစုခြဲၿပီး ေအာင္ျမင္ေအာင္ လုပ္ႏိုင္ခဲ့တာရွိတယ္။ ဒီေန႔က အတက္ေန႔ဆိုေတာ့ သံခ်ပ္ေတြနဲ႔ေပါ့ေနာ္၊ ျမစ္ႀကီးနား သႀကၤန္အႀကိဳေန႔ကတည္းက ပင္မသပိတ္ကေနၿပီးေတာ့ လူထုထဲ လူစည္းကားတဲ့ထဲမွာ သံခ်ပ္ဆိုတာေတြလုပ္တယ္။ အဓိကက အေရးေတာ္ပံုေအာင္ဖို႔ရယ္ လူထုက တိုက္ပြဲ၀င္ကို ၀င္ရမယ္။ ဒီတိုက္ပြဲက ေနာက္ဆံုးတိုက္ပြဲဆိုတာ အသိေပးဖို႔ CDM လုပ္တာေတြ ေအာင္ျမင္ဖို႔ အတြက္ေတြေကာေပါ့။ ေနာက္ဘိုးေဘးေတြကလည္း လြတ္လပ္ေရးတိုက္ပြဲမွာ တုိက္ပြဲ တိုက္ႏိုင္ခဲ့တယ္ စစ္အာဏာရွင္ကိုလည္း တိုက္ပြဲတိုင္းမွာ ႏိုင္တယ္ဆိုတဲ့ Sense ကိုေပးခ်င္လို႔ သံခ်ပ္ကို လုပ္ထားတာေပါ့။”

စစ္ေကာင္စီကို ဆန္႔က်င္ သပိတ္ေမွာက္ ဆႏၵျပလို႔ စစ္တပ္နဲ႔ရဲက အၾကမ္းဖက္ ပစ္ခတ္ ၿဖိဳခြဲတာ၊ သပိတ္ေခါင္းေဆာင္ေတြကို ဖမ္းဆီး ႏွိမ္ႏွင္းတာေတြရွိေနေပမယ့္ ႏိုင္ငံတ၀န္းမွာ စစ္ေကာင္စီ ဆန္႔က်င္ေရး ဆႏၵထုတ္ေဖာ္တာေတြ ရပ္တန္႔မသြားဘဲ ၿမိဳ႕ေတြမွသာမက ေက်းလက္ေဒသပါမက်န္ ပံုစံမ်ိဳးစံု သပိတ္မ်ိဳးစံုနဲ႔ စစ္ေကာင္စီကို ဆက္လက္ ဆန္႔က်င္ေနၾကပါတယ္။

..........................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

မနေ့ ဧပြီလ ၁၅ ရက်နေ့ ညနေပိုင်းက စစ်ကိုင်းတိုင်း၊ ကနီမြို့ပြင်မှာရှိတဲ့ ယာကြီးရွာလမ်းခွဲမှာ ဒေသခံကျေးရွာတွေက ကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်တပ်တို့ ထိပ်တိုက်တွေ့ဆုံခဲ့ပြီး တပ်ဖက်က ပစ်ခတ်လို့ ၆ ယောက်သေဆုံးခဲ့ပါတယ်။

စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ စစ်တပ်နဲ့ ရဲက ပြည်သူတွေအပေါ် အကြမ်းဖက် နှိမ်နှင်းနေတာကြောင့် ကိုယ့်ဒေသကို ကာကွယ်ဖို့ဆိုပြီး ဒေသခံတွေက ခုလိုကာကွယ်ရေးအဖွဲ့တွေ ဖွဲ့ထားကြတာဖြစ်ပါတယ်။

သူတို့အဖွဲ့တွေနဲ့ စစ်တပ်အင်အား ၂၀၀ ကျော် ထိပ်တိုက်တွေ့ခဲ့ကြတဲ့အတွက် ပစ်ခတ် ဖြိုခွဲခံရတာပါ။ ဒေသခံ ကာကွယ်ရေးအဖွဲ့တွေဖက်က တူမီးသေနတ်တွေအပါအဝင် လက်လုပ် လက်နက်တွေနဲ့ ပြန်လည် ခုခံခဲ့ကြတယ်လို့ ‌ဒေသခံ ပြည်သူ တစ်ယောက်က ဗွီအိုအေကို ပြောပြပါတယ်။

“ဒီအနီးအနား ပတ်ချာလည်က ကျေးရွာကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီက အင်အား ၂၀၀ လောက်နဲ့ ဆုံကြတာဗျ၊ ဖြစ်တာက ကနီမြို့နယ် ဒီ မုံရွာ ရွာကြီး ကလေးဝလမ်းမ ပေါ် လက်ရှိ လက်ရှိ ရွာလမ်းခွဲဗျ ။ တိုက်ပွဲကတော့အကို ညနေ လေး နာရီလောက်မှာ ဖြစ်ပြီးတော့ ည ရှစ် နာရီကျော်ကျော်လောက်မှာ ပြီးသွားတယ်ဗျ၊ သူတို့ပြန်ခေါက်သွားတယ်ဗျ။”

ပစ်ခတ်မှုအတွင်း ကျေးရွာကာကွယ်ရေးအဖွဲ့တွေဖက်က ဒေသခံ ခြောက်ဦး သေဆုံးခဲ့ပြီး ပျောက်ဆုံးနေသူ နှစ်ဆယ်ဝန်းကျင်ခန့် ရှိတယ် လို့လည်း နောက်ထပ် ဒေသခံ တစ်‌ဦးက အခုလို ပြော ပြပါတယ်။

“အခုလက်ရှိအခြေအနေကတော့ ကျနော်တို့ ဒီနေ့မနက်ပိုင်းမှာဆိုရင် ကျဆုံးသွားတယ်။ ပျောက်ဆုံးနေတဲ့သူတွေကော ကျဆုံးတဲ့သူ‌တွေကော အကုန်လုံး လိုက်ကောက်တယ်။ မနေ့ညကကျနော်တို့ လိုက်ကောက်တာကကျတော့ သူတို့အဲ့မှာ ကင်းတွေများရှိမလား ဆိုပြီးတော့ လိုက်ကောက်ရင်းနဲ့ပေါ့နော်၊ သူတို့အနေအထားကိုကြည့်ရင်းနဲ့ လိုက်ကောက်တာက လေးလောင်းရတယ်၊ ခုမနက်မှာ နှစ်လောင်းတွေ့တယ်၊ လက်တလောကတော့ ခြောက် လောင်း၊ ပြန်တွေ့တယ် အဲ နှစ်ဆယ်ဝန်းကျင် ခန့်ပျောက်ဆုံးနေတယ်။”

ကနီမြို့နားမှာရှိတဲ့ မိုးကောင်းကျေးရွာက သုံးယောက်၊ လည်ရှည်ကျေးရွာက တစ်‌ယောက် ၊ သမင်ရပ်ကျေးရွာက တစ်‌ယောက်နဲ့ ထမ်းစင်ကျေးရွာက တစ်ယောက် စုစုပေါင်း ခြောက်ယောက် သေဆုံးခဲ့တာဖြစ်ပါတယ်။

ဧပြီလ ၂ ရက်နေ့ ကလည်း ကနီမြို့နယ်ထဲမှာ ရှိတဲ့ သပြေအေးကျေးရွာမှာ စစ်တပ်နဲ့ ရွာသားတွေ ထိပ်တိုက်တွေ့ဆုံ အပြန်အလှန်ပစ်ခတ်ကြလို့ ရွာသား ၃ ယောက် သေဆုံးခဲ့ပါတယ်။

အခုလို ဒေသခံတွေနဲ့ စစ်တပ်တို့ကြား ပြီးခဲ့တဲ့ ရက်တွေက အပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့တဲ့ စစ်ကိုင်းတိုင်းထဲက တမူးမြို့မှာတော့ တော်တော်များများ ထွက်ပြေး တိမ်းရှောင်နေကြပြီး သူတို့ကို ရဲနဲ့စစ်တပ်က လိုက်ရှာနေကြတယ်လို့ တမူးဒေသကာကွယ်ရေးအတွက် ဒေသခံတွေစုဖွဲ့ထားတဲ့ လုံခြုံရေးအဖွဲ့ဝင်တယောက်က ပြောပါတယ်။

“လောလောဆယ်သူတို့က တမူးမြို့မှာ အခြေအနေ ခိုင်သွားပြီးတဲ့နောက်ပိုင်းမှာ တမူးခရိုင်အတွင်းမှာရှိတဲ့ ရွာတွေထဲကို စစ်ကား ၃ စီးသော်လည်းကောင်း ၂ စီးသော်လည်းကောင်း စေလွှတ်ကြတဲ့ ကိစ္စရပ်မျိုးတွေ ရှိနေပါတယ်။

သူတို့အနီးဆုံးချိတ်ဆက်နိုင်တာက အိန္ဒိယဘက်ပဲ ဖြစ်နိုင်မယ်လို့ သုံးသပ်ကောင်း သုံးသပ်မယ် ထင်ပါရဲ့၊ အဲ့တော့ အိန္ဒိယနယ်စပ်နဲ့ အနီးစပ်ဆုံးရှိတဲ့မြို့ မြို့သစ်မြို့ မြို့သစ်မြို့နယ်အတွင်းမှာရှိတဲ့ ရွာတွေကို သူတို့ အလုံးလိုက်အရင်းလိုက်နဲ့ ဝင်လာကြတဲ့ အနေအထားမျိုးမှာ ရှိပါတယ်။”

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်နေကြတဲ့ ပြည်သူတွေကို စစ်တပ်ဖက်က အင်အားသုံး ဖိနှိပ် ဖြိုခွဲနေတာဖြစ်ပါတယ်။ ဒါပေမဲ့ အခုကျရောက်နေတဲ့ သင်္ကြန်တွင်းကာလမှာလည်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို မြို့အစုံမှာ ဆက်လုပ်နေကြပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာဆိုရင် တော်လှန်တဲ့စာသားပါတဲ့ သင်္ကြန်သံချပ်တွေရွတ်ဆိုပြီး ပျောက်ကြားသပိတ်တွေ ပြုလုပ်နေတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

“ပစ်ခတ်မှုတွေတော့မရှိဘူး။ ကျနော်တို့ ပျောက်ကြားအနေနဲ့ လုပ်တယ်ပေါ့နော်။ ရဲတွေရောက်မလာခင်မှာ လူစုခွဲပြီး အောင်မြင်အောင် လုပ်နိုင်ခဲ့တာရှိတယ်။ ဒီနေ့က အတက်နေ့ဆိုတော့ သံချပ်တွေနဲ့ပေါ့နော်၊ မြစ်ကြီးနား သင်္ကြန်အကြိုနေ့ကတည်းက ပင်မသပိတ်ကနေပြီးတော့ လူထုထဲ လူစည်းကားတဲ့ထဲမှာ သံချပ်ဆိုတာတွေလုပ်တယ်။ အဓိကက အရေးတော်ပုံအောင်ဖို့ရယ် လူထုက တိုက်ပွဲဝင်ကို ဝင်ရမယ်။ ဒီတိုက်ပွဲက နောက်ဆုံးတိုက်ပွဲဆိုတာ အသိပေးဖို့ CDM လုပ်တာတွေ အောင်မြင်ဖို့ အတွက်တွေကောပေါ့။ နောက်ဘိုးဘေးတွေကလည်း လွတ်လပ်ရေးတိုက်ပွဲမှာ တိုက်ပွဲ တိုက်နိုင်ခဲ့တယ် စစ်အာဏာရှင်ကိုလည်း တိုက်ပွဲတိုင်းမှာ နိုင်တယ်ဆိုတဲ့ Sense ကိုပေးချင်လို့ သံချပ်ကို လုပ်ထားတာပေါ့။”

စစ်ကောင်စီကို ဆန့်ကျင် သပိတ်မှောက် ဆန္ဒပြလို့ စစ်တပ်နဲ့ရဲက အကြမ်းဖက် ပစ်ခတ် ဖြိုခွဲတာ၊ သပိတ်ခေါင်းဆောင်တွေကို ဖမ်းဆီး နှိမ်နှင်းတာတွေရှိနေပေမယ့် နိုင်ငံတဝန်းမှာ စစ်ကောင်စီ ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်တာတွေ ရပ်တန့်မသွားဘဲ မြို့တွေမှသာမက ကျေးလက်ဒေသပါမကျန် ပုံစံမျိုးစုံ သပိတ်မျိုးစုံနဲ့ စစ်ကောင်စီကို ဆက်လက် ဆန့်ကျင်နေကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG