သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မင္းတပ္မွာ စစ္တပ္နဲ႔ ေဒသခံကာကြယ္ေရးအဖြဲ႔ၾကား တိုက္ပြဲျဖစ္ေနဆဲ


ခ်င္းျပည္နယ္ကာကြယ္ေရးတပ္ဖြဲ႔၏ အမွတ္တံဆိပ္။

{{Zawgyi/Unicode}}

စစ္အုပ္ခ်ဳပ္ေရး ထုတ္ျပန္ထားတဲ့ မင္းတပ္ၿမိဳ႕နယ္မွာ ဒီေန႔လည္း စစ္တပ္နဲ႔ ေဒသခံကာကြယ္ေရးအဖဲြ႕ေတြၾကား တုိက္ပြဲျဖစ္ပါတယ္။ စစ္တပ္ဘက္က လက္နက္ႀကီးေတြနဲ႔ အဓိကထား တုိက္ခိုက္တဲ့အတြက္ ေဒသခံတဦး ေသဆံုးၿပီး တခ်ဳိ႕ ဒဏ္ရာရခဲ့ပါတယ္။ စစ္တပ္ဘက္မွာလည္း ဒဏ္ရာရသူတခ်ဳိ႕႐ွိတယ္လို႔ တပ္မေတာ္ေျပာခြင့္ရကေျပာပါတယ္။ မင္းတပ္ဘက္ကတိုက္ပြဲ အေျခအေနကို ဗီြအိုေအသတင္းေထာက္ နိုင္ကြန္းအိန္က သတင္းေပးပို႕ထားပါတယ္။

ခ်င္းျပည္နယ္ မင္းတပ္ၿမိဳ႕နယ္မွာ ေမလ ၁၃ ရက္ေန႔ညပိုင္းက စစ္အုပ္ခ်ဳပ္ေရး ထုတ္ျပန္ခဲ့ၿပီးေနာက္ စစ္တပ္ဘက္က အင္အားျဖည့္ ထိုးစစ္ဆင္တိုက္ခိုက္တဲ့အတြက္ ေဒသခံ မင္းတပ္ ျပည္သူ႔ကာကြယ္ေရးအဖဲြ႔ေတြနဲ႔ ဒီေန႔လည္း တိုက္ပြဲျဖစ္ပါတယ္။

မင္းတပ္ၿမိဳ႕တြင္းနဲ႕ ၿမိဳ႕အျပင္ဘက္မွာ႐ွိတဲ့ ေဂါက္ကြင္းနားမွာ မေကြးတိုင္း ေက်ာက္ထုၿမိဳ႕ဘက္ကလာတဲ့ စစ္ေကာင္စီတပ္ေတြနဲ႕မနက္ပိုင္းက ပစ္ခတ္တိုက္ခိုက္မွဳျဖစ္ပြားခ့ဲတဲ့အေၾကာင္း မင္းတပ္ကာကြယ္ေရးအဖြဲ႕ျပန္ၾကားေရးတာ၀န္ခံက ေျပာျပပါတယ္။

"တိုက္ပြဲအေျခအေနကေတာ့ ဒီေန႕မွာလည္း ဆက္လက္ပစ္ခတ္ေနၾကတာေပါ့ေနာ္။ ေက်ာက္ထုကလာတယ္။ တိုက္ပြဲက ျဖစ္ေနတုန္းပဲ။ ၿမိဳ႕အေရွ႕ဘက္ေပါ့ေနာ္ ေဂါက္ကြင္းေအာက္နားက။ ၂ မိုင္ ၃ မိုင္ေလာက္ေတာ့ေ၀းတယ္။ တခ်ိန္ထဲမွာပဲ ၿမိဳ႕တြင္းမွာ လက္နက္ႀကီးေတြနဲ႕လွမ္းပစ္ေနတယ္။ ဒီေန႕ ၂၇၄ တပ္ရင္းဘက္ကလည္း ၿမိဳ႕တြင္းကို လက္နက္ၾကီးေတြနဲ႕ပစ္ေနတာပဲ။"

မင္းတပ္ၿမိဳ႕နဲ႔ ၁၈ မိုင္ကြာေ၀းတဲ့ ေက်ာက္ထုၿမိဳ႕ကလာတဲ့ စစ္ကူေတြကို ကာကြယ္ေရးအဖဲြ႔ေတြက ၿမိဳ႕အျပင္ဘက္ကေန ခုခံတိုက္ခိုက္ေနသလို မင္းတပ္ၿမိဳ႕ အေျခစိုက္ ၂၇၄ တပ္ရင္းကလည္း မင္းတပ္ကာကြယ္ေရးအဖြဲ႕ေတြေနရာယူထားတဲ ၿမိဳ႕တြင္းအေဆာက္အဦးဘက္ကို လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္ တိုက္ခိုက္ခဲ့ပါတယ္။

အပစ္အခတ္ေတြ ညေနပိုင္းေလာက္မွာ ရပ္သြားခဲ့ေပမဲ့ စစ္တပ္ဖက္က ရဟတ္ယာဥ္နဲ႔ ေျမျပင္အေျခအေနကို ေထာက္လွမ္းေနတယ္လို႔လည္း ကာကြယ္ေရးအဖြဲ႔ေခါင္းေဆာင္ေတြက ေျပာပါတယ္။ မနက္က အျပန္အလွန္တိုက္ခိုက္မႈေတြအတြင္း ကာကြယ္ေရးအဖဲြ႔ဘက္က ၁ ေယာက္ေသဆံုးၿပီး ဒဏ္ရာရသူ အနည္းငယ္ရွိခဲ့တယ္လို႔ ေျပာပါတယ္။

"သူတို႕ဘက္က ခန္႕မွန္းေျခကေတာ့ အနဲဆုံး ၁၀ ေယာက္ေက်ာ္ေလာက္ရွိမယ္။ အက်ဆုံးျဖစ္မယ္ခင္ဗ်။ ကြ်န္ေတာ္တို႕ဘက္က အက်ဆုံး ၁ ေယာက္ရွိမယ္။ ဒဏ္ရာရတဲ့သူက နည္းနည္းရွိတယ္ခင္ဗ်။ ၿမိဳ႕တြင္းမွာသူတို႕ေသနတ္က်ည္ေပါ့ေလ ပစ္ခတ္မွဳေတြရွိေနေတာ့ ေခါင္မိုးကေနၿပီးေတာ့ က်ည္ဆံေတြဗုံးေတြကြဲၿပီးမွ အိမ္ေရွ႕ခန္းထဲမွာပုန္းေနတဲ့ က်န္းမာေရး၀န္ထမ္းတဦးပဲ။ က်ည္ဆံမွန္တာ ေတြျဖစ္တာေပါ့။"

စစ္တပ္ဘက္ကလည္း ဒဏ္ရာရသူတခ်ဳိ႕႐ွိတယ္လို႔ စစ္ေကာင္စီ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။

"မင္းတပ္ေဂါက္ကြင္းနားေလးမွ ာတႀကိမ္ျဖစ္ပြါးခဲ့တာရွိတယ္။ က်ေနာ္တို႕ အၾကမ္းဖက္အဖြဲ႕အင္အား ၁၀၀ ေက်ာ္ေလာက္ရွိ တယ္။ အဲဒီမွာလုံျခံဳေရးလုပ္ေနတဲ့အဖြဲ႕ေတြ ပစ္ခတ္တဲ့ဟာေတာ့ရွိပါတယ္ဗ်။ ကြ်န္ေတာ္တို႕ဘက္က ထိခိုက္ဒဏ္ရာရရွိမွဳ အနည္းငယ္ ရွိပါတယ္။"

မင္းတပ္ၿမိဳ႕နဲ႔ မတူပီၿမိဳ႕ထိဆက္ေနတဲ့ ေနရာဘက္မွာလည္း မတူပီဖဘက္ကလာတဲ့ စစ္တပ္နဲ႔ မင္းတပ္ကာကြယ္ေရးအဖဲြ႔ေတြၾကား တိုက္ပြဲေတြျဖစ္ခဲ့ပါတယ္။ စစ္တပ္ဘက္က လက္နက္ႀကီးေတြသံုးတဲ့အတြက္ လက္နက္မမ ွ်ျဖစ္ေနတယ္လို႔ ကာကြယ္ေရးအဖဲြ႔ဘက္ကေျပာပါတယ္။

"မတူပီဘက္ကလာတဲ့စစ္ကူေတြ အဲဒီမိုင္ ၃၀၊ ၄၀ ၀န္းက်င္မွာပဲ။ အဲဒီမွာလည္း သူတို႕လက္နက္ႀကီးေတြပါလာတယ္။ လူအင္အား အျပည့္နဲ႕ပါလာတယ္။ အဲတာကို ကိုယ့္လူေတြက တူမီးေတြ ခါးခ်ိဳးေတြေလာက္ပဲ ကိုင္တယ္ဆိုေတာ့ ပစ္တာခတ္တာၿပီးရင္ ကိုယ့္လူေတြက ဆုတ္ရတာေပါ့။ ဆုတ္တဲ့အခါမွာက်ေတာ့ ေတာထဲေတာင္ထဲမွာ လူရိပ္ နည္းနည္းေတြ႕ၿပီဆိုတာနဲ႕ လက္နက္ႀကီးနဲ႕ လွမ္းလွမ္းထုေနၾကတယ္။"

မင္းတပ္ၿမိဳ႕မွ ာစစ္အာဏာရွင္ဆန္႕က်င္ေရး ဆႏၵျပလွဳပ္ရွားသူေတြကို ဧၿပီလ ၂၄ ရက္ေန႕မွာ စစ္တပ္ဘက္က သပိတ္ၿဖိဳခြဲ ဖမ္းဆီးမွဳေတြ ရွိခဲ့ၿပီးေနာက္ပိုင္း ေဒသခံကာကြယ္ေရးတပ္ေတြနဲ႔ စစ္တပ္ၾကား ပစ္ခတ္မႈေတြ ျဖစ္ခဲ့တာပါ။

အလားတူ ခ်င္းျပည္နယ္ ကန္ပက္လက္ၿမိဳ႕မွာလည္း ၾကာသပေတးေန႔ညက စစ္ေကာင္စီတပ္ဖြဲ႕နဲ႕ကန္ပက္လက္ျပည္သူ႔လုံျခံဳေရးအဖြဲ႕တို႔အၾကား ပစ္ခတ္တိုက္ခိုက္ခဲ့တယ္လို႕ ကန္ပက္လက္ၿမိဳ႕ခံတဦးကေျပာပါတယ္။

"မေန႕ညက တိုက္ပြဲပုံစံမ်ိဳးေတာ့ ၿမိဳ႕ထဲမွာ ကန္ပက္လက္ျပည္သူ႕ကာကြယ္ေရးတပ္ရယ္၊ စစ္ေကာင္စီဘက္ကဟာေတြနဲ႕ ပစ္ခတ္မွဳေတာ့ရွိတယ္။ မေန႕ည ၉ နာရီေလာက္မွာေလ။ နာရီ၀က္ေလာက္ေတာ့ၾကာမယ္။ ကန္ပက္လက္ၿမိဳ႕ ျမိဳ႕မ (၁) ၿမိဳ႕မ (၂) ရပ္ကြက္မွာေလ။ ပစ္ေတာ့ပစ္တယ္ ဒါေပမဲ့ဘယ္သူမွလည္း အျပင္မထြက္ရဲၾကဘူးေလ။ အကုန္လုံး တံခါးပိတ္ၿပီးေတာ့အိမ္ထဲမွာပဲ ေနေနၾက တယ္။ ထိခိုက္ေသဆုံးမွဳအေျခအေနေတာ့ မၾကားရေသးဘူး။"

ခ်င္းျပည္နယ္ မင္းတပ္ၿမိဳ႕၊ ဟားခါးၿမိဳ႕၊ ကန္ပက္လက္ၿမိဳ႕ေတြမွာ ေဒသခံကာကြယ္ေရးအဖြဲ႕ေတြက တူမီးေသနတ္ေတြအျပင္ ရရာလက္နက္စြဲကိုင္ၿပီး ကိုယ့္ေဒသကို ကာကြယ္ဖုိ႔အတြက္ဆိုၿပီး စစ္တပ္ကို ခုခံတိုက္ေနၾကတာျဖစ္ပါတယ္။

...............................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

စစ်အုပ်ချုပ်ရေး ထုတ်ပြန်ထားတဲ့ မင်းတပ်မြို့နယ်မှာ ဒီနေ့လည်း စစ်တပ်နဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေကြား တိုက်ပွဲဖြစ်ပါတယ်။ စစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ အဓိကထား တိုက်ခိုက်တဲ့အတွက် ဒေသခံတဦး သေဆုံးပြီး တချို့ ဒဏ်ရာရခဲ့ပါတယ်။ စစ်တပ်ဘက်မှာလည်း ဒဏ်ရာရသူတချို့ရှိတယ်လို့ တပ်မတော်ပြောခွင့်ရကပြောပါတယ်။ မင်းတပ်ဘက်ကတိုက်ပွဲ အခြေအနေကို ဗွီအိုအေသတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

ချင်းပြည်နယ် မင်းတပ်မြို့နယ်မှာ မေလ ၁၃ ရက်နေ့ညပိုင်းက စစ်အုပ်ချုပ်ရေး ထုတ်ပြန်ခဲ့ပြီးနောက် စစ်တပ်ဘက်က အင်အားဖြည့် ထိုးစစ်ဆင်တိုက်ခိုက်တဲ့အတွက် ဒေသခံ မင်းတပ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ ဒီနေ့လည်း တိုက်ပွဲဖြစ်ပါတယ်။

မင်းတပ်မြို့တွင်းနဲ့ မြို့အပြင်ဘက်မှာရှိတဲ့ ဂေါက်ကွင်းနားမှာ မကွေးတိုင်း ကျောက်ထုမြို့ဘက်ကလာတဲ့ စစ်ကောင်စီတပ်တွေနဲ့မနက်ပိုင်းက ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့တဲ့အကြောင်း မင်းတပ်ကာကွယ်ရေးအဖွဲ့ပြန်ကြားရေးတာဝန်ခံက ပြောပြပါတယ်။

"တိုက်ပွဲအခြေအနေကတော့ ဒီနေ့မှာလည်း ဆက်လက်ပစ်ခတ်နေကြတာပေါ့နော်။ ကျောက်ထုကလာတယ်။ တိုက်ပွဲက ဖြစ်နေတုန်းပဲ။ မြို့အရှေ့ဘက်ပေါ့နော် ဂေါက်ကွင်းအောက်နားက။ ၂ မိုင် ၃ မိုင်လောက်တော့ဝေးတယ်။ တချိန်ထဲမှာပဲ မြို့တွင်းမှာ လက်နက်ကြီးတွေနဲ့လှမ်းပစ်နေတယ်။ ဒီနေ့ ၂၇၄ တပ်ရင်းဘက်ကလည်း မြို့တွင်းကို လက်နက်ကြီးတွေနဲ့ပစ်နေတာပဲ။"

မင်းတပ်မြို့နဲ့ ၁၈ မိုင်ကွာဝေးတဲ့ ကျောက်ထုမြို့ကလာတဲ့ စစ်ကူတွေကို ကာကွယ်ရေးအဖွဲ့တွေက မြို့အပြင်ဘက်ကနေ ခုခံတိုက်ခိုက်နေသလို မင်းတပ်မြို့ အခြေစိုက် ၂၇၄ တပ်ရင်းကလည်း မင်းတပ်ကာကွယ်ရေးအဖွဲ့တွေနေရာယူထားတဲ မြို့တွင်းအဆောက်အဦးဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။

အပစ်အခတ်တွေ ညနေပိုင်းလောက်မှာ ရပ်သွားခဲ့ပေမဲ့ စစ်တပ်ဖက်က ရဟတ်ယာဉ်နဲ့ မြေပြင်အခြေအနေကို ထောက်လှမ်းနေတယ်လို့လည်း ကာကွယ်ရေးအဖွဲ့ခေါင်းဆောင်တွေက ပြောပါတယ်။ မနက်က အပြန်အလှန်တိုက်ခိုက်မှုတွေအတွင်း ကာကွယ်ရေးအဖွဲ့ဘက်က ၁ ယောက်သေဆုံးပြီး ဒဏ်ရာရသူ အနည်းငယ်ရှိခဲ့တယ်လို့ ပြောပါတယ်။

"သူတို့ဘက်က ခန့်မှန်းခြေကတော့ အနဲဆုံး ၁၀ ယောက်ကျော်လောက်ရှိမယ်။ အကျဆုံးဖြစ်မယ်ခင်ဗျ။ ကျွန်တော်တို့ဘက်က အကျဆုံး ၁ ယောက်ရှိမယ်။ ဒဏ်ရာရတဲ့သူက နည်းနည်းရှိတယ်ခင်ဗျ။ မြို့တွင်းမှာသူတို့သေနတ်ကျည်ပေါ့လေ ပစ်ခတ်မှုတွေရှိနေတော့ ခေါင်မိုးကနေပြီးတော့ ကျည်ဆံတွေဗုံးတွေကွဲပြီးမှ အိမ်ရှေ့ခန်းထဲမှာပုန်းနေတဲ့ ကျန်းမာရေးဝန်ထမ်းတဦးပဲ။ ကျည်ဆံမှန်တာ တွေဖြစ်တာပေါ့။"

စစ်တပ်ဘက်ကလည်း ဒဏ်ရာရသူတချို့ရှိတယ်လို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

"မင်းတပ်ဂေါက်ကွင်းနားလေးမှ ာတကြိမ်ဖြစ်ပွါးခဲ့တာရှိတယ်။ ကျနော်တို့ အကြမ်းဖက်အဖွဲ့အင်အား ၁၀၀ ကျော်လောက်ရှိ တယ်။ အဲဒီမှာလုံခြုံရေးလုပ်နေတဲ့အဖွဲ့တွေ ပစ်ခတ်တဲ့ဟာတော့ရှိပါတယ်ဗျ။ ကျွန်တော်တို့ဘက်က ထိခိုက်ဒဏ်ရာရရှိမှု အနည်းငယ် ရှိပါတယ်။"

မင်းတပ်မြို့နဲ့ မတူပီမြို့ထိဆက်နေတဲ့ နေရာဘက်မှာလည်း မတူပီဖဘက်ကလာတဲ့ စစ်တပ်နဲ့ မင်းတပ်ကာကွယ်ရေးအဖွဲ့တွေကြား တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။ စစ်တပ်ဘက်က လက်နက်ကြီးတွေသုံးတဲ့အတွက် လက်နက်မမ ျှဖြစ်နေတယ်လို့ ကာကွယ်ရေးအဖွဲ့ဘက်ကပြောပါတယ်။

"မတူပီဘက်ကလာတဲ့စစ်ကူတွေ အဲဒီမိုင် ၃၀၊ ၄၀ ဝန်းကျင်မှာပဲ။ အဲဒီမှာလည်း သူတို့လက်နက်ကြီးတွေပါလာတယ်။ လူအင်အား အပြည့်နဲ့ပါလာတယ်။ အဲတာကို ကိုယ့်လူတွေက တူမီးတွေ ခါးချိုးတွေလောက်ပဲ ကိုင်တယ်ဆိုတော့ ပစ်တာခတ်တာပြီးရင် ကိုယ့်လူတွေက ဆုတ်ရတာပေါ့။ ဆုတ်တဲ့အခါမှာကျတော့ တောထဲတောင်ထဲမှာ လူရိပ် နည်းနည်းတွေ့ပြီဆိုတာနဲ့ လက်နက်ကြီးနဲ့ လှမ်းလှမ်းထုနေကြတယ်။"

မင်းတပ်မြို့မှ ာစစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားသူတွေကို ဧပြီလ ၂၄ ရက်နေ့မှာ စစ်တပ်ဘက်က သပိတ်ဖြိုခွဲ ဖမ်းဆီးမှုတွေ ရှိခဲ့ပြီးနောက်ပိုင်း ဒေသခံကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်ကြား ပစ်ခတ်မှုတွေ ဖြစ်ခဲ့တာပါ။

အလားတူ ချင်းပြည်နယ် ကန်ပက်လက်မြို့မှာလည်း ကြာသပတေးနေ့ညက စစ်ကောင်စီတပ်ဖွဲ့နဲ့ကန်ပက်လက်ပြည်သူ့လုံခြုံရေးအဖွဲ့တို့အကြား ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ကန်ပက်လက်မြို့ခံတဦးကပြောပါတယ်။

"မနေ့ညက တိုက်ပွဲပုံစံမျိုးတော့ မြို့ထဲမှာ ကန်ပက်လက်ပြည်သူ့ကာကွယ်ရေးတပ်ရယ်၊ စစ်ကောင်စီဘက်ကဟာတွေနဲ့ ပစ်ခတ်မှုတော့ရှိတယ်။ မနေ့ည ၉ နာရီလောက်မှာလေ။ နာရီဝက်လောက်တော့ကြာမယ်။ ကန်ပက်လက်မြို့ မြို့မ (၁) မြို့မ (၂) ရပ်ကွက်မှာလေ။ ပစ်တော့ပစ်တယ် ဒါပေမဲ့ဘယ်သူမှလည်း အပြင်မထွက်ရဲကြဘူးလေ။ အကုန်လုံး တံခါးပိတ်ပြီးတော့အိမ်ထဲမှာပဲ နေနေကြ တယ်။ ထိခိုက်သေဆုံးမှုအခြေအနေတော့ မကြားရသေးဘူး။"

ချင်းပြည်နယ် မင်းတပ်မြို့၊ ဟားခါးမြို့၊ ကန်ပက်လက်မြို့တွေမှာ ဒေသခံကာကွယ်ရေးအဖွဲ့တွေက တူမီးသေနတ်တွေအပြင် ရရာလက်နက်စွဲကိုင်ပြီး ကိုယ့်ဒေသကို ကာကွယ်ဖို့အတွက်ဆိုပြီး စစ်တပ်ကို ခုခံတိုက်နေကြတာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG