သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

 ေက်းရြာအုပ္စုတခုလံုး ထြက္ေျပးေနရတဲ႔ တလုပ္ၿမိဳ႔နယ္သားေတြ ေဆး၀ါးရိကၡာျပတ္လပ္


စစ္တပ္အႏၱရာယ္မွ ထြက္ေျပးတိမ္းေရွာင္ၾကသည့္ တလုပ္ ေဒသခံမ်ား (ဓာတ္ပံု- CJ)

(Zawgyi/Unicode)

စစ္ေကာင္စီတပ္ေတြ ဝင္ေရာက္စီးနင္း ၿဖဳိခြဲတာေၾကာင့္ ျမင္းၿခံခ႐ုိင္ တလုပ္ေက်းရြာအုပ္စုက ေထာင္ခ်ီတဲ့ ေဒသခံျပည္သူေတြ ေဘးလြတ္ရာကုိ ထြက္ေျပး တိမ္းေရွာင္ေနရၿပီး ၊ စားနပ္ရိကၡာ ေဆးဝါး အေရးေပၚ အကူညီေတြ လိုအပ္ေနတယ္လို႔ ေဒသခံတခ်ဳိ႕က ေျပာပါတယ္။ အခုေနာက္ဆုံး စစ္တပ္က အလုံးအရင္းနဲ႔ ဖိႏွိပ္ၿဖဳိခြင္းတာေၾကာင့္ ရြာလုံးကၽြတ္နီးပါး ထြက္ေျပးရတဲ့ အေျခအေနထိ ျဖစ္လာရတာပါ။ ဆက္သြယ္ေမးျမန္း ထားတဲ့ ကိုဉာဏ္ဝင္းေအာင္က တင္ျပထားပါတယ္။

မႏၱေလးတိုင္း ျမင္းၿခံခရိုင္ထဲက တလုပ္ေက်းရြာအုပ္စုကို အခုေတာ့ စစ္ေကာင္စီတပ္ေတြ ဝင္ေရာက္စီးနင္း တပ္စဲြထားလိုက္ၿပီ ျဖစ္တယ္လို႔ ထြက္ေျပးလာတဲ့ ေဒသခံေတြက ေျပာပါတယ္။

ၿပီးခဲ့တဲ့ ရက္ပိုင္းထဲ စစ္တပ္အင္အား ရာဂဏန္းနဲ႔ လာေရာက္ၿဖဳိခဲြခ်ိန္မွာ ၊ အနီးအနား ျမင္းၿခံခ႐ုိင္ ျပည္သူ႔ ကာကြယ္ေရးတပ္ဖြဲ႔က လာေရာက္ခုခံ တိုက္ခိုက္ေပးတာေၾကာင့္ ႏွစ္ဖက္ အျပန္အလွန္ ပစ္ခတ္မႈ ရွိခဲ့တာပါ။

ေနာက္ဆက္တဲြအျဖစ္ တလုပ္ေက်းရြာအုပ္စုကို ေမလ(၁၂)နဲ႔(၁၃) ဗုဒၶဟူး ၾကာသပေတးေန႔ေတြမွာ စစ္တပ္က အလုံးအရင္းနဲ႔ ဝင္ေရာက္စီးနင္းတာေၾကာင့္ ေနာက္ဆုံးမွာ ရြာလုံးကၽြတ္နီးပါး ထြက္ေျပးရတဲ့ အျဖစ္ကို ေရာက္ခဲ့တယ္လို႔ လုံၿခဳံေရးအရ အမည္မေဖၚလိုတဲ့ တလုပ္ေက်းရြာေဒသခံ တဦးက VOA ကို ေျပာပါတယ္။

ထြက္ေျပးလာရသူေတြထဲမွာ အသက္ႀကီးရြယ္အိုေတြေရာ ၊ ကေလးငယ္ေတြပါ ေသာင္ဂဏန္းေက်ာ္ရွိၿပီး ေရာက္ရာအရပ္ေဒသက ဝိုင္းဝန္းကူညီတာ တခ်ဳိ႕ ရွိေပမယ့္၊ ခုေတာ့ စားနပ္ရိကၡာနဲ႔ ေဆးဝါး အေရးေပၚ အကူအညီေတြ လိုအပ္လာတယ္လို႔ တလုပ္ေဒသခံက ရွင္းျပပါတယ္။

" အိမ္ေျခ ၁၄၀၀ ေက်ာ္ရွိတယ္။ လူအင္အားဆိုရင္ အကုန္လံုး တေသာင္းခြဲ ေက်ာ္ေက်ာ္ေလာက္ ရွိေသးတယ္။ ေလာေလာဆယ္ ေယာက်ၤားသားမွ မဟုတ္ဘူး ၊ မိန္းမသားေတြပါ ထြက္ေျပးတိမ္းေရွာင္ေနရတယ္။ ေရွ ့ပိုင္းက တိုက္ခိုက္ေနတဲ့လူေတြ အဖို႔ေတာ့ ဘာမွ ျပင္ဆင္ခ်ိန္ မရလိုက္ဘူးေပါ့ဗ်ာ။ အဲလိုမ်ိဳးဆိုေတာ့ အ၀တ္တထည္ ကိုယ္တခုနဲ႔ ရုန္းထြက္ျပီးေတာ့ ေျပးလာၾကရတယ္ဆိုေတာ့ ေလာေလာဆယ္ စားေရးေသာက္ေရး ေတြကေတာ့ အခက္ခဲေတြရွိတာေပါ့။ ေဆး၀ါးအေျခအေန ဆုိတာကလည္း က်ေနာ္တို ့ျမိဳ့နဲ ့ျဖစ္ခဲ့တဲ့ တိုက္ပြဲေတြမွာ ဒဏ္ရာရေနတဲ့သူေတြ ရွိတဲ့အခါက်ေတာ့ လိုအပ္တဲ့ ေဆးကုသမႈခံယူဖို ့ေပါ့ေနာ္ ျဖစ္နိုင္တဲ့ေနရာေတြကို အဆက္အသြယ္နဲ ့ပို ့ၾကရတာေပါ့။ အဲလိုမ်ိဳး ဆိုတဲ့အခါက်ေတာ့ ေဆး၀ါးအကူညီတို ့ဘာတို႔ လိုေတာ့လိုပါတယ္။ "

ေမး။ ။ ခုလို ထြက္ေျပးရေလာက္တဲ့အထိ ျဖစ္တာဆိုေတာ့ စစ္တပ္ရဲ႕ ဝင္ေရာက္စီးနင္းမႈက ဘယ္ေလာက္ထိ ျပင္းထန္းလို႔လဲ ခင္ဗ်။

ေျဖ ။ ။ အကုန္လံုး ရြာသားေတြလည္း ေတာင့္မခံနိုင္တဲ့အဆံုး က်ေနာ္တို ့ဆုတ္ေပး ခဲ့ရတယ္။ သူတို ့ ရြာကို အပိုင္သိမ္းျပီးေတာ့ တပ္စြဲဖို ့စီးနင္းခြင့္ ရသြားတယ္ေပါ့။ ရြာမွာ အခြံပဲထားျပီးေတာ့ လူေတြက အကုန္လံုးကိုယ္လြတ္ရုန္းျပီး တိမ္းေရွာင္ရတယ္။ သူတို႔က ကားေတြကို ေမာင္း၀င္ျပီးေတာ့ အိမ္ေတြထဲမွာ သံတံခါးေတြကို ေဂၚေတြနဲ ့ျဖဳတ္။ အိမ္ေတြကို၀င္ျပီးေတာ့ သိန္းရာနဲ႔ခ်ီျပီး ရင္းနွီးထားတဲ့ ကုန္ပစၥည္းေတြကို အကုန္လံုး သူတို႔ ကားေပၚကိုတင္၊ ေနာက္ျပီး ဆန္အိတ္ေတြ၊ ပဲအိတ္ေတြ ၊ ေနာက္ စပါးေတြအထိ အကုန္လံုး ကားေပၚကိုတင္ျပီး ေမာင္းျပီး သယ္ေနၾကတာ။ က်ေနာ္တို ့ရြာရဲ့ ေလာေလာဆယ္ အတိုင္းအတာက ရြာပ်က္ နီးပါးေလာက္ျဖစ္ေနတယ္။

ေမး။ ။ ဘာေၾကာင့္ တလုပ္ေက်းရြာ အုပ္စုကိုမွ ခုလို ၿဖဳိခြင္းရတယ္ ထင္ပါသလဲ ။

ေျဖ ။ ။ က်ေနာ္ျမင္တာကေတာ့ က်ေနာ္တို ့ေတာင့္ခံတဲ့ရြာေတြကို က်န္တဲ့ရြာေတြ ျမင္ေအာင္ နမူနာေပးျပီးေတာ့ အဲလိုမ်ိဳး ျဖိဳခြင္းတယ္လို႔ပဲ ျမင္တာေပါ့ေနာ္။ အဲသလို ေလာေလာဆယ္ သူတို ့လုပ္ခ်င္သလို လုပ္ေနတဲ့အေပၚမွာ က်ေနာ္တို႔က ေၾကာက္စိတ္ ၀င္စရာအေၾကာင္းကေတာ့ မရွိဘူး။ က်ေနာ္တို ့ခံယူထားတာက သူတို႔ လက္ေအာက္ေရာက္ရင္ အနာဂတ္ေပ်ာက္ျပီး ဘ၀ေတြပါ ေသသြားမွာေလ။ အဲဒီေတာ့ က်ေနာ္တို႔က သူတို ့လက္ေအာက္ေတာ့ ဘယ္လိုမွ အေရာက္မခံနိုင္ဘူး ဆိုတဲ့စိတ္နဲ ့ ေရွ႕ဆက္ တြန္းလွန္ဖို႔ပဲ က်ေနာ္တို ့အားေမြးေနတဲ့သေဘာပါ။

တလုပ္ ေက်းရြာအုပ္စုထဲမွာ တလုပ္၊ ၿမိဳ႕ႀကီးကုန္း၊ ေျမာက္ရြာေလးနဲ႔ ရဲတိုင္ရြာႀကီးေတြ ပါဝင္ပါတယ္။

စစ္ေကာင္စီတပ္နဲ႔ အျပန္အလွန္ တိုက္ခိုက္မႈအတြင္း တလုပ္ေဒသခံ အနည္းဆုံး လူငယ္(၆)ဦး ဖမ္းဆီးခံထားရၿပီး ၊ ျမင္းၿခံ နည္းပညာတကၠသိုလ္က ေက်ာင္းသား ကိုဇင္ကိုထြန္း ေသဆုံးသြားရပါတယ္။ ပစ္ခတ္မႈအတြင္း စစ္တပ္ဖက္က အက်အဆုံးတခ်ဳိ႕ ရွိတယ္လို႔ ေဒသခံေတြ ေျပာေပမယ့္ စစ္ေကာင္စီဖက္က သတင္းထုတ္ျပန္တာမ်ဳိး မရွိသလို VOA အေနနဲ႔ သီးျခားအတည္ျပဳႏုိင္ျခင္း မရွိေသးပါဘူး။

ျမန္မာႏိုင္ငံမွာ ေဖ ေဖၚဝါရီ(၁)ရက္ေန႔ စစ္တပ္က အာဏာသိမ္းခဲ့ၿပီးေနာက္ပိုင္း စစ္ေကာင္စီတပ္ေတြရဲ႕ အၾကမ္းဖက္မႈအတြင္း ခုခ်ိန္ထိ ေသဆုံးရသူ(၇၈၀)ေက်ာ္ရွိၿပီး လူေပါင္း(၃၉၀၀)နီးပါး အဖမ္းဆီးခံေနရဆဲ ျဖစ္တယ္လို႔ AAPP (ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း)က ျပဳစုတဲ့ စာရင္းမွာ ေဖၚျပထားပါတယ္။ ဒါေပမဲ့ ဒီစာရင္းဟာ ခ်ဲ႕ကား ေျပာေနျခင္းသာ ျဖစ္တယ္လို႔ စစ္ေကာင္စီဖက္က တုန္႔ျပန္ ထားပါတယ္။

.............................................................

တိုက္႐ိုက္ လင့္ခ္

ကျေးရွာအုပ်စုတခုလုံး ထွက်ပြေးနေရတဲ့ တလုတ်မြို့နယ်သားတွေ ဆေးဝါးရိက္ခာပြတ်လပ်

(Unicode)

စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်း ဖြိုခွဲတာကြောင့် မြင်းခြံခရိုင် တလုပ်ကျေးရွာအုပ်စုက ထောင်ချီတဲ့ ဒေသခံပြည်သူတွေ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရပြီး ၊ စားနပ်ရိက္ခာ ဆေးဝါး အရေးပေါ် အကူညီတွေ လိုအပ်နေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။ အခုနောက်ဆုံး စစ်တပ်က အလုံးအရင်းနဲ့ ဖိနှိပ်ဖြိုခွင်းတာကြောင့် ရွာလုံးကျွတ်နီးပါး ထွက်ပြေးရတဲ့ အခြေအနေထိ ဖြစ်လာရတာပါ။ ဆက်သွယ်မေးမြန်း ထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

မန္တလေးတိုင်း မြင်းခြံခရိုင်ထဲက တလုပ်ကျေးရွာအုပ်စုကို အခုတော့ စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်း တပ်စွဲထားလိုက်ပြီ ဖြစ်တယ်လို့ ထွက်ပြေးလာတဲ့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းထဲ စစ်တပ်အင်အား ရာဂဏန်းနဲ့ လာရောက်ဖြိုခွဲချိန်မှာ ၊ အနီးအနား မြင်းခြံခရိုင် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က လာရောက်ခုခံ တိုက်ခိုက်ပေးတာကြောင့် နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှု ရှိခဲ့တာပါ။

နောက်ဆက်တွဲအဖြစ် တလုပ်ကျေးရွာအုပ်စုကို မေလ(၁၂)နဲ့(၁၃) ဗုဒ္ဓဟူး ကြာသပတေးနေ့တွေမှာ စစ်တပ်က အလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းတာကြောင့် နောက်ဆုံးမှာ ရွာလုံးကျွတ်နီးပါး ထွက်ပြေးရတဲ့ အဖြစ်ကို ရောက်ခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖေါ်လိုတဲ့ တလုပ်ကျေးရွာဒေသခံ တဦးက VOA ကို ပြောပါတယ်။

ထွက်ပြေးလာရသူတွေထဲမှာ အသက်ကြီးရွယ်အိုတွေရော ၊ ကလေးငယ်တွေပါ သောင်ဂဏန်းကျော်ရှိပြီး ရောက်ရာအရပ်ဒေသက ဝိုင်းဝန်းကူညီတာ တချို့ ရှိပေမယ့်၊ ခုတော့ စားနပ်ရိက္ခာနဲ့ ဆေးဝါး အရေးပေါ် အကူအညီတွေ လိုအပ်လာတယ်လို့ တလုပ်ဒေသခံက ရှင်းပြပါတယ်။

အိမ်ခြေ ၁၄၀၀ ကျော်ရှိတယ်။ လူအင်အားဆိုရင် အကုန်လုံး တသောင်းခွဲကျော်ကျော်လောက် ရှိသေးတယ်။ လောလောဆယ် ယောင်္ကျားသားမှမဟုတ်ဘူး။ မိန်းမသားတွေပါ ထွက်ပြေးတိမ်းရှောင်နေရတယ်။ ရှေ့ပိုင်းကတိုက်ခိုက်နေတဲ့ လူတွေအဖို့တော့ ဘာမှ ပြင်ဆင်ချိန်မရလိုက်ဘူးပေါ့ဗျာ။ အဲလိုမျိူးဆိုတော့ အဝတ်တထည်ကိုယ်တခုနဲ့ရုန်းထွက်ပြီးတော့ ပြေးလာကြရတယ်ဆိုတော့ လောလောဆယ် စားရေးသောက်ရေးတွေကတော့ အခက်ခဲတွေရှိတာပေါ့။ ဆေးဝါးအခြေအနေဆိုတာကလည်း ကျနော်တို့မြို့နဲ့ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေမှာ ဒဏ်ရာရနေတဲ့သူတွေရှိတဲ့အခါကျတော့ လိုအပ်တဲ့ဆေးကုသမှုခံယူဖို့ပေါ့နော် ဖြစ်နိုင်တဲ့နေရာတွေကို အဆက်အသွယ်နဲ့ပို့ကြရတာပေါ့။ အဲလိုမျိူးဆိုတဲ့အခါကျတော့ ဆေးဝါးအကူညီတို့ဘာတို့လိုတော့လိုပါတယ်။

မေး။ ။ ခုလို ထွက်ပြေးရလောက်တဲ့အထိ ဖြစ်တာဆိုတော့ စစ်တပ်ရဲ့ ဝင်ရောက်စီးနင်းမှုက ဘယ်လောက်ထိ ပြင်းထန်းလို့လဲ ခင်ဗျ။

ဖြေ ။ ။ အကုန်လုံးရွာသားတွေလည်း တောင့်မခံနိုင်တဲ့အဆုံး ကျနော်တို့ ဆုတ်ပေးခဲ့ရတယ်။ သူတို့ ရွာကို အပိုင်သိမ်းပြီးတော့ တပ်စွဲဖို့စီးနင်းခွင့်ရသွားတယ်ပေါ့။ ရွာမှာ အခွံပဲထားပြီးတော့ လူတွေက အကုန်လုံးကိုယ်လွတ်ရုန်းပြီးတိမ်းရှောင်ရတယ်။ သူတို့က ကားတွေကို မောင်းဝင်ပြီးတော့ အိမ်တွေထဲမှာ သံတံခါးတွေကို ဂေါ်တွေနဲ့ဖြုတ်။ အိမ်တွေကိုဝင်ပြီးတော့ ရာနဲ့ချီပြီး ရင်းနှီးထားတဲ့ ကုန်ပစ္စည်းတွေကို အကုန်လုံး သူတို့ကားပေါ်ကိုတင်၊ နောက်ပြီး ဆန်အိတ်တွေ၊ ပဲအိတ်တွေ ၊ နောက် စပါးတွေအထိ အကုန်လုံးကားပေါ်ကိုတင်ပြီး မောင်းပြီး သယ်နေကြတာ။ ကျနော်တို့ရွာရဲ့ လောလောဆယ်အတိုင်းအတာက ရွာပျက်နီးပါးလောက်ဖြစ်နေတယ်။

မေး။ ။ ဘာကြောင့် တလုပ်ကျေးရွာ အုပ်စုကိုမှ ခုလို ဖြိုခွင်းရတယ် ထင်ပါသလဲ ။

ဖြေ ။ ။ ကျနော်မြင်တာကတော့ ကျနော်တို့တောင့်ခံတဲ့ရွာတွေကို ကျန်တဲ့ရွာတွေ မြင်အောင် နမူနာပေးပြီးတော့ အဲလိုမျိူး ဖြိုခွင်းတယ်လို့ပဲမြင်တာပေါ့နော်။ အဲသလို လောလောဆယ် သူတို့လုပ်ချင်သလို လုပ်နေတဲ့အပေါ်မှာ ကျနော်တို့က ကြောက်စိတ်ဝင်စရာအကြောင်းကတော့ မရှိဘူး။ ကျနော်တို့ခံယူထားတာက သူတို့လက်အောက်ရောက်ရင် အနာဂတ်ပျောက်ပြီး ဘဝတွေပါ သေသွားမှာလေ။ အဲဒီတော့ ကျနော်တို့က သူတို့လက်အောက်တော့ ဘယ်လိုမှ အရောက်မခံနိုင်ဘူးဆိုတဲ့စိတ်နဲ့ ရှေ့ဆက်တွန်းလှန်ဖို့ပဲ ကျနော်တို့အားမွေးနေတဲ့သဘောပါ။

တလုပ် ကျေးရွာအုပ်စုထဲမှာ တလုပ်၊ မြို့ကြီးကုန်း၊ မြောက်ရွာလေးနဲ့ ရဲတိုင်ရွာကြီးတွေ ပါဝင်ပါတယ်။

စစ်ကောင်စီတပ်နဲ့ အပြန်အလှန် တိုက်ခိုက်မှုအတွင်း တလုပ်ဒေသခံ အနည်းဆုံး လူငယ်(၆)ဦး ဖမ်းဆီးခံထားရပြီး ၊ မြင်းခြံ နည်းပညာတက္ကသိုလ်က ကျောင်းသား ကိုဇင်ကိုထွန်း သေဆုံးသွားရပါတယ်။ ပစ်ခတ်မှုအတွင်း စစ်တပ်ဖက်က အကျအဆုံးတချို့ ရှိတယ်လို့ ဒေသခံတွေ ပြောပေမယ့် စစ်ကောင်စီဖက်က သတင်းထုတ်ပြန်တာမျိုး မရှိသလို VOA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

မြန်မာနိုင်ငံမှာ ဖေ ဖေါ်ဝါရီ(၁)ရက်နေ့ စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်မှုအတွင်း ခုချိန်ထိ သေဆုံးရသူ(၇၈၀)ကျော်ရှိပြီး လူပေါင်း(၃၉၀၀)နီးပါး အဖမ်းဆီးခံနေရဆဲ ဖြစ်တယ်လို့ AAPP (နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း)က ပြုစုတဲ့ စာရင်းမှာ ဖေါ်ပြထားပါတယ်။ ဒါပေမဲ့ ဒီစာရင်းဟာ ချဲ့ကား ပြောနေခြင်းသာ ဖြစ်တယ်လို့ စစ်ကောင်စီဖက်က တုန့်ပြန် ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG