{{Zawgyi/Unicode}}
စစ္အာဏာသိမ္းမႈဆန႔္က်င္တဲ့ ဆႏၵျပပြဲေတြ ရန္ကုန္ၿမိဳ႕မွာ မေန႔က နည္းခဲ့ေပမဲ့ ဒီေန႔ေတာ့ ဆရာဝန္ေတြ ဂ်ဴတီကုတ္အျဖဴဝတ္ ဆႏၵျပတာအပါအဝင္ ၿမိဳ႕နယ္တခ်ိဳ႕က ဆႏၵျပပြဲေတြမွာ အင္အား ရာခ်ီ ပါဝင္ခဲ့ၾကပါတယ္။ ေက်ာက္မဲၿမိဳ႕ ဆႏၵျပပြဲကေတာ့ စစ္တပ္နဲ႔ရဲက မ်က္ရည္ယိုဗုံးနဲ႔ ပစ္ခတ္ၿဖိဳခြဲခံရပါတယ္။ မေန႔ညက ေပါက္ကြဲမႈျဖစ္ခဲ့တဲ့ တြံေတးၿမိဳ႕မွာေတာ့ ၁၁ ဦးအဖမ္းခံရပါတယ္။ ခုလို ျမန္မာႏိုင္ငံတဝန္းက အေျခအေန ရန္ကုန္ကလာတဲ့သတင္းကို မစုျမတ္မြန္က ေျပာျပပါမယ္။
ရန္ကုန္ၿမိဳ႕မွာ အျဖဴေရာင္ဂ်ဳတီကုတ္ ဝတ္ဆင္ဆႏၵျပၾကတဲ့ White Coat လႈပ္ရွားမႈလုပ္ၾကတဲ့ ဆရာဝန္ေတြအပါအဝင္ ၿမိဳ႕နယ္တခ်ဳိ႕မွာ စစ္အာဏာရွင္စနစ္ ဆန႔္က်င္ ဆႏၵျပခဲ့ၾကပါတယ္။
ေတာင္ဒဂုံ၊ မရမ္းကုန္း၊ ကမာ႐ြတ္နဲ႔ စစ္အုပ္ခ်ဳပ္ေရး ေၾကညာထားတဲ့ လႈိင္သာယာၿမိဳ႕နယ္ေတြမွာ လ ွ်ပ္တျပက္သပိတ္ေတြရွိခဲ့ၿပီး မတူတဲ့ၿမိဳ႕နယ္ေတြက ဆႏၵျပသူေတြ ပူးေပါင္းဆႏၵျပၾကတာလည္းရွိခဲ့တဲ့အတြက္ အလုံၿမိဳ႕နယ္ထဲက ဆႏၵျပပြဲတခုမွာ အင္အား ရာနဲ႔ခ်ီ မ်ားခဲ့တယ္လို႔ ဆႏၵျပသူတေယာက္က VOA ကိုေျပာျပပါတယ္။
“ဒီေန႔ ထူးထူးျခားျခားဆိုလို႔ရွိရင္ေတာ့ White Coat က ယူနီေဖာင္းေတြနဲ႔ထြက္လာတယ္။ ေဈးေတြကို အေျချပဳၿပီးထြက္ၾကပါတယ္။ မနက္ေစာေစာစီးစီးေတာ့ လႈိင္ကထြက္တယ္ဗ်။ ၿပီးေတာ့ White Coat ထြက္တယ္။ ၿပီးေတာ့ ဆင္မင္းေဈးမွာ ထြက္တယ္ေပါ့ေႏွာ္။ ၿပီးေတာ့ က်ေနာ္တို႔ ခုပဲၾကည့္ျမင္တိုင္ညေဈးမွာ ထြက္လိုက္တယ္ေပါ့ေႏွာ္။ သပိတ္ခြဲၿပီးတာ နာရီပိုင္းပဲ ရွိပါေသးတယ္။ က်ေနာ္တို႔ဆိုလို႔ရွိရင္ ၁၅၀ ေလာက္၊ မနက္က ဆင္မင္းေဈးမွာဆိုရင္ ၂၀၀ ေလာက္ရွိမယ္။ က်န္တဲ့ အလုံနဲ႔ White Coat ကေတာ့ ေဈးထဲမွာထြက္တာဆိုေတာ့ အင္အားက ေဈးသူေဈးသားနဲ႔ ေပါင္းေတာ့ေတာ္ေတာ္မ်ားတယ္။ ေဈးသူေဈးသားေတြကလည္း ပါဝင္ၾကပါတယ္ဗ်။ လုံျခံဳေရးအေျခအေနေၾကာင့္ ရန္ကုန္သပိတ္ေတြကေတာ့ ေဈးကို အေျချပဳၿပီးထြက္ေနၾကတာပါ။”
ဒီေန႔အေစာပိုင္းက ရန္ကုန္ၿမိဳ႕ ဒဂုံတကၠသိုလ္ နားေနေဆာင္အနီးမွာ ဗုံးေပါက္ကြဲခဲ့ၿပီးေနာက္ ေက်ာင္းသား ၁ ေယာက္နဲ႔ သူငယ္ခ်င္း ၂ ေယာက္ စုစုေပါင္း ၃ ေယာက္ကို စစ္တပ္က ဖမ္းဆီးသြားတယ္လို႔ တကၠသိုလ္ေက်ာင္းသားသမဂၢက သတင္းထုတ္ျပန္ထားပါတယ္။
ရန္ကုန္ၿမိဳ႕ ဗိုလ္တေထာင္ၿမိဳ႕နယ္က အမွတ္ ၅ အထက္တန္းေက်ာင္းဝန္းထဲမွာလည္း ေပါက္ကြဲမႈ ျဖစ္ခဲ့ပါတယ္။ ကခ်င္ျပည္နယ္ ျမစ္ႀကီးနားၿမိဳ႕က ကေမာၻဇဘဏ္တခုနဲ႔ မိုးေမာက္ၿမိဳ႕က ေထြအုပ္႐ုံးတို႔မွာလည္း ေပါက္ကြဲမႈေတြျဖစ္ခဲ့ပါတယ္။
ရွမ္းျပည္နယ္ ေက်ာက္မဲၿမိဳ႕မွာေတာ့ ဒီေန႔ခ်ီတက္ဆႏၵျပပြဲတခုကို စစ္ေကာင္စီတပ္ဖြဲ႕ဝင္ေတြက အင္အားအျပည့္နဲ႔ ႏွစ္ဘက္ပိတ္ၿပီး မ်က္ရည္ယိုဗုံးေတြ၊ ေရာ္ဘာက်ည္သုံးၿပီး ပစ္ခတ္ၿဖိဳခြင္းလို႔ လူငယ္ႏွစ္ဦး ေရာ္ဘာက်ည္ ထိမွန္ ဒဏ္ရာရခဲ့တယ္လို႔ ဆႏၵျပပြဲမွာပါတဲ့ ေဒသခံတစ္ဦးက ဗြီအိုေအကို ေျပာပါတယ္။
“ဒီေအာင္ဆန္လမ္းအတိုင္း တက္သြားၿပီးေတာ့ ဗဟိုေဈးေထာင့္ေရာက္တဲ့အခ်ိန္ အဲ့မွာ ကားတစီးကေနၿပီးေတာ့မွ ေအာက္လမ္းကေန ထြက္လာတဲ့အခ်ိန္ေပါ့ေနာ္ ထြက္လာၿပီးေတာ့မွ က်ေနာ္တို႔က အဲ့မွာတင္ သူတို႔ဘာျပန္လုပ္လဲဆိုေတာ့ အဲ့ကား ကေလးေတြေနာက္ကို လိုက္သြားၿပီးေတာ့မွ ကေလးလမ္းၾကားဝင္ၿပီးေတာ့မွ ဟိုဘက္ထိပ္မွာလည္း စစ္ကားေတြပိတ္ထားၿပီးမွ အဲ့ခ်ိန္မွာ ဒီေကာင္ေတြ လမ္းမွာေတြ႕တဲ့အခ်ိန္မွာ ပထမဆုံ းမ်က္ရည္ယိုဗုံးခြဲလိုက္တယ္ေပါ့ေနာ္ ။မ်က္ရည္ယိုဗုံးခြဲၿပီးတဲ့အခ်ိန္မွာ အဲ့မွာ ေရာ္ဘာက်ည္ပါ ပါလာတယ္။ေရာ္ဘာက်ည္ပါလာတဲ့အခ်ိန္ က်ေနာ္တို႔ ကေလးႏွစ္ေယာက္ထိသြားတယ္ဗ်။”
နမ့္ခမ္းၿမိဳ႕မွာလည္း ရက္ ၁၀၀ ေက်ာ္ေပမယ့္ ေသြးမေအးတဲ့ နမ့္ခမ္းဆိုၿပီး လူငယ္ေတြ ၿမိဳ႕ထဲ လွည့္လည္ခ်ီတက္ဆႏၵျပခဲ့ၾကပါတယ္။ ေန႔စဥ္လို ခ်ီတက္ဆႏၵျပပြဲေတြရွိတဲ့ မႏၲေလး၊ ဖားကန႔္၊ ထားဝယ္၊ ေလာင္းလုံၿမိဳ႕ေတြမွာ ဒီကေန႔လည္း လူရာခ်ီ ဆႏၵထုတ္ေဖာ္ၾကပါတယ္။
ေက်ာက္မဲၿမိဳ႕က လမ္းေလွ်ာက္သပိတ္ကို စစ္ေကာင္စီတပ္ကၿဖိဳခြင္းခဲ့ေပမယ့္ညေနပိုင္းမွာလူျပန္စုၿပီး ဆႏၵေဖာ္ထုတ္ခဲ့ၾကပါတယ္။ မိုးညႇင္း၊ ျမစ္ႀကီးနား၊ မိတၳီလာ၊ နမ့္ခမ္း၊ ေ႐ႊဘိုနဲ႔ ေရဦးၿမိဳ႕ေတြမွာလည္းဆိုင္ကယ္သပိတ္၊ ေပ်ာက္ၾကားသပိတ္ေတြျပဳလုပ္ၾကပါတယ္။
ေမလ ၁၃ ရက္ညပိုင္းက ဗုံးေပါက္ကြဲမႈျဖစ္ခဲ့တဲ့ တြံေတးၿမိဳ႔က ၿမိဳ႕နယ္ အထက ၂ ေက်ာင္းအနီးမွာ ေပါက္ကြဲမႈနဲ႔အတူ ေသနတ္သံေတြလည္း ၾကားခဲ့ရတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ အဲဒီေနာက္ တြံေတးၿမိဳ႕ခံ ၁၁ ေယာက္ ဖမ္းဆီးခံရပါတယ္။
“မေန႔က ညကေလ ည ၇ နာရီခြဲေလာက္မွာ တြံေတး အထက ၂ အဲ့နားမွာ ေသနတ္တခ်က္ ဗုံးတခ်က္ အသံထြက္တယ္။ ဗုံးကေတာ့ ျပည္သူတပ္ဖြဲ႕ PDF က ပစ္တာျဖစ္ဖို႔မ်ားတယ္။ ၿပီးေတာ့ သူတို႔ အဲ့အဖြဲ႕ကို အေနာက္ကေနေျပးလိုက္သြားတယ္။ ေျပးလိုက္တာက သူတို႔က စစ္ဝတ္နဲ႔ မဟုတ္ဘူး၊ အရပ္ဝတ္နဲ႔ ေျပးလိုက္တာ။ အရပ္ဝတ္နဲ႔ ေသနတ္ကိုင္ၿပီးေတာ့ ေျပးလိုက္တယ္။ မေန႔ကျပည္သူ႔တပ္ဖြဲ႕က ပါတယ္လို႔ေတာ့ အသံမၾကားရေသးဘူး။ ဒါေပမယ့္ ၁၁ ေယာက္ဖမ္းသြားတယ္လို႔ ေတာ့ ၾကားတယ္ အတိအက်ေပါ့။ ျပည္သူ႔တပ္ဖြဲ႕ဘက္ကမဟုတ္ဘူး ျပည္သူေတြဘက္ကေပါ့။”
ျမန္မာႏိုင္ငံအႏွံ႔မွာ စစ္တပ္အာဏာသိမ္း အုပ္ခ်ဳပ္ေနတဲ့အေပၚ ျပည္သူေတြက ရတဲ့နည္းနဲ႔ ဆက္ၿပီး ဆႏၵျပေနၾကသလို တခ်ိဳ႕ကလည္း ေတာ္လွန္ပုန္ကန္တဲ့ပုံစံမ်ိဳး လုပ္လာၾကပါတယ္။
...................................................
{{Unicode}}
စစ်အာဏာသိမ်းမှုဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ရန်ကုန်မြို့မှာ မနေ့က နည်းခဲ့ပေမဲ့ ဒီနေ့တော့ ဆရာဝန်တွေ ဂျူတီကုတ်အဖြူဝတ် ဆန္ဒပြတာအပါအဝင် မြို့နယ်တချို့က ဆန္ဒပြပွဲတွေမှာ အင်အား ရာချီ ပါဝင်ခဲ့ကြပါတယ်။ ကျောက်မဲမြို့ ဆန္ဒပြပွဲကတော့ စစ်တပ်နဲ့ရဲက မျက်ရည်ယိုဗုံးနဲ့ ပစ်ခတ်ဖြိုခွဲခံရပါတယ်။ မနေ့ညက ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ တွံတေးမြို့မှာတော့ ၁၁ ဦးအဖမ်းခံရပါတယ်။ ခုလို မြန်မာနိုင်ငံတဝန်းက အခြေအနေ ရန်ကုန်ကလာတဲ့သတင်းကို မစုမြတ်မွန်က ပြောပြပါမယ်။
ရန်ကုန်မြို့မှာ အဖြူရောင်ဂျုတီကုတ် ဝတ်ဆင်ဆန္ဒပြကြတဲ့ White Coat လှုပ်ရှားမှုလုပ်ကြတဲ့ ဆရာဝန်တွေအပါအဝင် မြို့နယ်တချို့မှာ စစ်အာဏာရှင်စနစ် ဆန့်ကျင် ဆန္ဒပြခဲ့ကြပါတယ်။
တောင်ဒဂုံ၊ မရမ်းကုန်း၊ ကမာရွတ်နဲ့ စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ လှိုင်သာယာမြို့နယ်တွေမှာ လ ျှပ်တပြက်သပိတ်တွေရှိခဲ့ပြီး မတူတဲ့မြို့နယ်တွေက ဆန္ဒပြသူတွေ ပူးပေါင်းဆန္ဒပြကြတာလည်းရှိခဲ့တဲ့အတွက် အလုံမြို့နယ်ထဲက ဆန္ဒပြပွဲတခုမှာ အင်အား ရာနဲ့ချီ များခဲ့တယ်လို့ ဆန္ဒပြသူတယောက်က VOA ကိုပြောပြပါတယ်။
“ဒီနေ့ ထူးထူးခြားခြားဆိုလို့ရှိရင်တော့ White Coat က ယူနီဖောင်းတွေနဲ့ထွက်လာတယ်။ ဈေးတွေကို အခြေပြုပြီးထွက်ကြပါတယ်။ မနက်စောစောစီးစီးတော့ လှိုင်ကထွက်တယ်ဗျ။ ပြီးတော့ White Coat ထွက်တယ်။ ပြီးတော့ ဆင်မင်းဈေးမှာ ထွက်တယ်ပေါ့နှော်။ ပြီးတော့ ကျနော်တို့ ခုပဲကြည့်မြင်တိုင်ညဈေးမှာ ထွက်လိုက်တယ်ပေါ့နှော်။ သပိတ်ခွဲပြီးတာ နာရီပိုင်းပဲ ရှိပါသေးတယ်။ ကျနော်တို့ဆိုလို့ရှိရင် ၁၅၀ လောက်၊ မနက်က ဆင်မင်းဈေးမှာဆိုရင် ၂၀၀ လောက်ရှိမယ်။ ကျန်တဲ့ အလုံနဲ့ White Coat ကတော့ ဈေးထဲမှာထွက်တာဆိုတော့ အင်အားက ဈေးသူဈေးသားနဲ့ ပေါင်းတော့တော်တော်များတယ်။ ဈေးသူဈေးသားတွေကလည်း ပါဝင်ကြပါတယ်ဗျ။ လုံခြုံရေးအခြေအနေကြောင့် ရန်ကုန်သပိတ်တွေကတော့ ဈေးကို အခြေပြုပြီးထွက်နေကြတာပါ။”
ဒီနေ့အစောပိုင်းက ရန်ကုန်မြို့ ဒဂုံတက္ကသိုလ် နားနေဆောင်အနီးမှာ ဗုံးပေါက်ကွဲခဲ့ပြီးနောက် ကျောင်းသား ၁ ယောက်နဲ့ သူငယ်ချင်း ၂ ယောက် စုစုပေါင်း ၃ ယောက်ကို စစ်တပ်က ဖမ်းဆီးသွားတယ်လို့ တက္ကသိုလ်ကျောင်းသားသမဂ္ဂက သတင်းထုတ်ပြန်ထားပါတယ်။
ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်က အမှတ် ၅ အထက်တန်းကျောင်းဝန်းထဲမှာလည်း ပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။ ကချင်ပြည်နယ် မြစ်ကြီးနားမြို့က ကမ္ဘောဇဘဏ်တခုနဲ့ မိုးမောက်မြို့က ထွေအုပ်ရုံးတို့မှာလည်း ပေါက်ကွဲမှုတွေဖြစ်ခဲ့ပါတယ်။
ရှမ်းပြည်နယ် ကျောက်မဲမြို့မှာတော့ ဒီနေ့ချီတက်ဆန္ဒပြပွဲတခုကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အင်အားအပြည့်နဲ့ နှစ်ဘက်ပိတ်ပြီး မျက်ရည်ယိုဗုံးတွေ၊ ရော်ဘာကျည်သုံးပြီး ပစ်ခတ်ဖြိုခွင်းလို့ လူငယ်နှစ်ဦး ရော်ဘာကျည် ထိမှန် ဒဏ်ရာရခဲ့တယ်လို့ ဆန္ဒပြပွဲမှာပါတဲ့ ဒေသခံတစ်ဦးက ဗွီအိုအေကို ပြောပါတယ်။
“ဒီအောင်ဆန်လမ်းအတိုင်း တက်သွားပြီးတော့ ဗဟိုဈေးထောင့်ရောက်တဲ့အချိန် အဲ့မှာ ကားတစီးကနေပြီးတော့မှ အောက်လမ်းကနေ ထွက်လာတဲ့အချိန်ပေါ့နော် ထွက်လာပြီးတော့မှ ကျနော်တို့က အဲ့မှာတင် သူတို့ဘာပြန်လုပ်လဲဆိုတော့ အဲ့ကား ကလေးတွေနောက်ကို လိုက်သွားပြီးတော့မှ ကလေးလမ်းကြားဝင်ပြီးတော့မှ ဟိုဘက်ထိပ်မှာလည်း စစ်ကားတွေပိတ်ထားပြီးမှ အဲ့ချိန်မှာ ဒီကောင်တွေ လမ်းမှာတွေ့တဲ့အချိန်မှာ ပထမဆုံ းမျက်ရည်ယိုဗုံးခွဲလိုက်တယ်ပေါ့နော် ။မျက်ရည်ယိုဗုံးခွဲပြီးတဲ့အချိန်မှာ အဲ့မှာ ရော်ဘာကျည်ပါ ပါလာတယ်။ရော်ဘာကျည်ပါလာတဲ့အချိန် ကျနော်တို့ ကလေးနှစ်ယောက်ထိသွားတယ်ဗျ။”
နမ့်ခမ်းမြို့မှာလည်း ရက် ၁၀၀ ကျော်ပေမယ့် သွေးမအေးတဲ့ နမ့်ခမ်းဆိုပြီး လူငယ်တွေ မြို့ထဲ လှည့်လည်ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ နေ့စဉ်လို ချီတက်ဆန္ဒပြပွဲတွေရှိတဲ့ မန္တလေး၊ ဖားကန့်၊ ထားဝယ်၊ လောင်းလုံမြို့တွေမှာ ဒီကနေ့လည်း လူရာချီ ဆန္ဒထုတ်ဖော်ကြပါတယ်။
ကျောက်မဲမြို့က လမ်းလျှောက်သပိတ်ကို စစ်ကောင်စီတပ်ကဖြိုခွင်းခဲ့ပေမယ့်ညနေပိုင်းမှာလူပြန်စုပြီး ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ မိုးညှင်း၊ မြစ်ကြီးနား၊ မိတ္ထီလာ၊ နမ့်ခမ်း၊ ရွှေဘိုနဲ့ ရေဦးမြို့တွေမှာလည်းဆိုင်ကယ်သပိတ်၊ ပျောက်ကြားသပိတ်တွေပြုလုပ်ကြပါတယ်။
မေလ ၁၃ ရက်ညပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ခဲ့တဲ့ တွံတေးမြို့က မြို့နယ် အထက ၂ ကျောင်းအနီးမှာ ပေါက်ကွဲမှုနဲ့အတူ သေနတ်သံတွေလည်း ကြားခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီနောက် တွံတေးမြို့ခံ ၁၁ ယောက် ဖမ်းဆီးခံရပါတယ်။
“မနေ့က ညကလေ ည ၇ နာရီခွဲလောက်မှာ တွံတေး အထက ၂ အဲ့နားမှာ သေနတ်တချက် ဗုံးတချက် အသံထွက်တယ်။ ဗုံးကတော့ ပြည်သူတပ်ဖွဲ့ PDF က ပစ်တာဖြစ်ဖို့များတယ်။ ပြီးတော့ သူတို့ အဲ့အဖွဲ့ကို အနောက်ကနေပြေးလိုက်သွားတယ်။ ပြေးလိုက်တာက သူတို့က စစ်ဝတ်နဲ့ မဟုတ်ဘူး၊ အရပ်ဝတ်နဲ့ ပြေးလိုက်တာ။ အရပ်ဝတ်နဲ့ သေနတ်ကိုင်ပြီးတော့ ပြေးလိုက်တယ်။ မနေ့ကပြည်သူ့တပ်ဖွဲ့က ပါတယ်လို့တော့ အသံမကြားရသေးဘူး။ ဒါပေမယ့် ၁၁ ယောက်ဖမ်းသွားတယ်လို့ တော့ ကြားတယ် အတိအကျပေါ့။ ပြည်သူ့တပ်ဖွဲ့ဘက်ကမဟုတ်ဘူး ပြည်သူတွေဘက်ကပေါ့။”
မြန်မာနိုင်ငံအနှံ့မှာ စစ်တပ်အာဏာသိမ်း အုပ်ချုပ်နေတဲ့အပေါ် ပြည်သူတွေက ရတဲ့နည်းနဲ့ ဆက်ပြီး ဆန္ဒပြနေကြသလို တချို့ကလည်း တော်လှန်ပုန်ကန်တဲ့ပုံစံမျိုး လုပ်လာကြပါတယ်။