သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ပါေမာကၡ ေမာ္ေမာ္ဦးကို လႊတ္ေပးဖို႔ႏိုင္ငံတကာ အေရးေပၚ ေဆးပညာရွင္ေတြ ေတာင္းဆို


ျမန္မာအေရးေပၚေဆးပညာအသင္း ဥကၠဌ ေဒါက္တာ ေမာ္ေမာ္ဦး (ဓာတ္ပံု-Courtesy)

(Zawgyi/Unicode)
ျမန္မာစစ္အာဏာသိမ္းအၿပီး က်န္းမာေရးဝန္ထမ္းေတြအေပၚ ပစ္မွတ္ထားႏိွမ္နင္းေနမူေတြကို၊ ႏိုင္ငံတကာ အေရးေပၚေဆးပညာရွင္မ်ားအဖြဲ႔ခ်ဳပ္က ရႈတ္ခ်လိုက္ၿပီး၊ ျမန္မာအေရးေပၚေဆးပညာအသင္း ဥကၠဌ ပါေမာကၡ ေဒါက္တာေမာ္ေမာ္ဦးကို၊ အျမန္ဆံုးျပန္လႊတ္ေပးဖို႔ ေတာင္းဆိုလိုက္ပါတယ္။

IFEM လို႔အတိုေခါက္ေခၚတဲ့ ႏုိင္ငံတကာအေရးေပၚေဆးပညာဖယ္ဒေရးရွင္းအဖြဲ႔ခ်ဳပ္မွာပါဝင္တဲ့၊ ကမာၻ႔ႏိုင္ငံအသီးသီးက အေရးေပၚေဆးပညာအသင္းေခါင္းေဆာင္ေတြ စုေပါင္း၊ လက္မွတ္ေရးထိုးေတာင္းဆိုတာနဲ ့ပက္သက္ျပီး ကိုဝင္းမင္းက ေမးျမန္းထားပါတယ္။

ျမန္မာေဆးဝန္ထမ္းေတြ အႏၱရာယ္ကင္းစြာ ေဆးကုသေပးႏိုင္ေရး၊ ဒီ ႏိုင္ငံတကာအေရးေပၚေဆးပညာအဖြဲ႔ခ်ဳပ္ရဲ့ ၿပီးခဲ့တဲ့လထုတ္ ေၾကညာခ်က္ေတြကို၊ ဝိုင္းျပင္ဆင္ေပးခဲ့သူ ႀသစေတ်းလ် အေရးေပၚေဆးပညာရွင္ Dr. Georgina Phillips က -
“ဒီေၾကညာခ်က္က အရမ္းကိုအားေကာင္းတဲ့ ကမာၻလံုးဆိုင္ရာ ေတာင္းဆိုမူပါ။ ပါေမာကၡ ေမာ္ေမာ္ဦး ျပန္လြတ္လာေရးအတြက္ေပါ့ေနာ္။ သူဟာ ျမန္မာႏိုင္ငံက အေရးေပၚေစာင့္ေရွာက္မူနဲ႔ က်န္းမာေရးစနစ္အတြက္ ဘယ္ေလာက္အေရးပါတာကို အသိအမွတ္ျပဳေဖာ္ျပထားပါတယ္။ ျမန္မာႏိုင္ငံက အဆင့္ျမင့္ဆံုး အေရးေပၚက်န္းမာေရးေစာင့္ေရွာက္မူအဖြဲ႔ ဥကၠဌ အေနနဲ႔၊ သူက ကၽြန္မတို႔ ကမာၻလံုးဆိုင္ရာ အေရးေပၚေစာင့္ေရွာက္မူအဖြဲ႔ႀကီးရဲ့ မိသားစုအဖြဲ႔ဝင္လည္းျဖစ္ပါတယ္။ ႏိုင္ငံတကာ အေရးေပၚေဆးပညာဆိုင္ရာအဖြဲ႔ခ်ဳပ္ႀကီးမွာ၊ သူက ျမန္မာျပည္အတြက္ ကုိယ္စားျပဳထားသူပါ။” လို ့ဆိုပါတယ္။

ဒါ့အျပင္ ျမန္မာသတင္းမီဒီယာေတြကိုလည္း အေရးေပၚကုသမူနဲ႔ ကိုဗစ္-19 ေရာဂါဆိုင္ရာ အင္တာဗ်ဴး အမ်ားအျပားေပးခဲ့တဲ့ ေဒါက္တာေမာ္ေမာ္ဦးရဲ့ အေရးပါပံုကို၊ လံုၿခံဳေရးအရ အမည္မေဖာ္လိုတဲ့ လုပ္ေဖာ္ကိုင္ဖက္ အေရးေပၚဆရာဝန္တစ္ဦးကလည္း
“ ဆရာေမာ္ဦးကေတာ့ ပညာပိုင္းမွာေရာ၊ အလုပ္လုပ္တဲ့ ေနရာမွာေရာ အရမ္းေတာ္တဲ့ဆရာပါ။ စာသင္လည္း သူက ေတာ္ေတာ္ေကာင္းတယ္။ က်ြမ္းက်ြမ္းက်င္က်င္ ပိုင္ပိုင္နိုင္နိုင္လည္းရွိတယ္။ ျပီးေတာ့ ဒီ Emergency တခုလံုးကို ၾကိဳးစားျပီးေတာ့ ထူေထာင္ထားတဲ့အထဲမွာလည္း ပါတယ္။ ဆရာက Protest ျဖစ္ေနတဲ့ အခ်ိန္တြင္းမွာေတာင္၊ ပစ္ေနခတ္ေနတဲ့အခ်ိန္တြင္းမွာေတာင္ အိမ္ကို တရက္မွ မျပန္ပဲနဲ ့ ေဆးရံုမွာပဲအိပ္၊ ေဆးရံုမွာပဲစားျပီးေတာ့ ေဆးကုတယ္။ Protest လူနာေတြအျပင္ အျခားေရာဂါရွိတဲ့လူနာေတြကိုလည္း ကုေပးေနတဲ့အတြက္ ဒီမွာမရွိမျဖစ္လိုအပ္တဲ့လူအေယာက္အေနနဲ ့ ျပန္ျပီးေတာ့ လႊတ္ေပးေစခ်င္တယ္” လို ့ဆိုပါတယ္။

ဒီ ႏိုင္ငံတကာအေရးေပၚဆရာဝန္မ်ားအဖြဲ႔ခ်ဳပ္ေၾကညာခ်က္ထဲမွာ ေနာက္ထူးျခားမူကိုလည္း၊ ျမန္မာႏိုင္ငံမွာ အေရးေပၚေဆးပညာဆိုင္ရာ သင္တန္းေတြပံုမွန္ပို႔ခ်ေပးခဲ့တဲ့၊ ႀသစေတ်းလ်အေရးေပၚေဆးပညာေကာလိပ္ပါေမာကၡလည္းျဖစ္တဲ့ Dr. Phillips က -
“ဒီေၾကညာခ်က္မွာ တကမာၻလံုး အားလံုး ညီညႊတ္ၾကတယ္ေလ။ အာဖရိက၊ ၿဗိတိန္၊ အေမရိကား၊ ၾသစေတ်းလ်၊ နယူးဇီလန္၊ ပစိဖိတ္ေဒသတြင္းမွာ အရမ္းစိတ္ပူေနၾကတယ္၊ အာရွအဖြဲ႔ခ်ဳပ္ေရာ၊ ေျမထဲပင္လယ္ေအာ္ေဒသ၊ ေနာက္ လက္တင္အေမရိကား၊ ကေနဒါ၊ ကမာၻ႔ေဒသတိုင္းကေပါင္းၿပီး ပါေမာကၡေမာ္ေမာ္ဦးကို ခ်က္ခ်င္း ခၽြင္းခ်က္မရွိ ျပန္လႊတ္ေပးဖို႔ ေတာင္းဆိုေနတာပါ။ သူတင္မကပါဘူး၊ ျမန္မာျပည္သူေတြအတြက္ မရွိမျဖစ္နဲ႔ အေရးေပၚလိုအပ္ေနတဲ့၊ က်န္းမာေရးေစာင့္ရွာက္မူလုပ္ေပးေနတာအတြက္နဲ႔ ထိန္းသိမ္းခံေနရတဲ့ က်န္းမာေရလုပ္သားအားလံုးအတြက္ပါ ေတာင္းဆိုေနတာပါ။”

ေဒါက္တာေမာ္ေမာ္ဦးအျပင္၊ တျခားထိန္းသိမ္းဖိႏွိပ္ခံ ေဆးဝန္ထမ္းေတြရွိေနတာကိုလည္း၊ လံုၿခံဳေရးအရ အမည္မေဖာ္လိုတဲ့ အထူးကုဆရာဝန္ႀကီးတစ္ဦးက -
“ ေဒါက္တာေမာ္ေမာ္ဦးကေတာ့ Myanmar Emergency Medicine လို ့ေခၚတဲ့ Department မွာ ပထမဦးဆံုး Professor in Head ေပါ့ေနာ္ ။ မရွိမျဖစ္လိုအပ္တဲ့ လူတေယာက္ေပါ့။ သူ ့လိုလူတေယာက္ကို ဖမ္းဆီးထားျပီးေတာ့ အခုတဲ့ထိလည္း ဘာသတင္းမွ မၾကားပဲနဲ ့ ဘာျဖစ္လို ့ျဖစ္ေနမွန္းမသိဘူးဆိုတဲ့ခါက်ေတာ့ စိတ္ပူတာေတာ့ အမွန္ပဲ။ ေဒါက္တာေမာ္ေမာ္ဦးမွ မဟုတ္ဘူးခင္ဗ်။ အရိုးအထူးကဆရာ၀န္ၾကီး ေဒါက္တာေက်ာ္မင္းစိုး ဆိုရင္လည္း သူ ့သတင္းကေပ်ာက္ေနတာ ၾကာျပီခင္ဗ်။ ဟိုး စစ္အာဏာသိမ္းျပီးကတည္းကစလို ့အဂၤပူတိုက္နယ္က ဆရာ၀န္က အစေပါ့၊ လားရွဳိးက တိုက္နယ္ဆရာ၀န္ ေဒါက္တာေအးနိုင္၊ ေနာက္ျပီးေတာ့ ေဆးရံုၾကီးဆရာ၀န္ ေဒါက္တာ သန္းမင္းထြတ္ ဆိုလည္း အဖမ္းခံထားရတယ္။ တခ်ိိဳ ့ဆိုလည္း ၅၀၅ (က) ဆိုျပီး ထြက္ေျပးပုန္းေရွာင္ေနရတဲ့ ဆရာ၀န္ေတြ၊ က်န္းမာေရး၀န္ထမ္းေတြ၊ သူနာျပဳဆရာမေတြ၊ က်န္းမာေရးမႈးေတြလည္း အမ်ားၾကီးပဲခင္ဗ်။” လို ့ဆိုပါတယ္။

အခု ႏိုင္ငံတကာအေရးေပၚေဆးပညာအဖြဲ႔ခ်ဳပ္ေၾကညာခ်က္၊ ထိေရာက္မူရွိႏိုင္ပံုကိုလည္း Dr. Phillips က -
“ဒီေၾကညာခ်က္ တကမာၻလံုးမွာ သက္ေရာက္မူရွိဖို႔ ေမွ်ာ္လင့္ပါတယ္။ အခုေသခ်ာတာကေတာ့၊ ၾသစေတ်းလ်ပါလီမန္ရဲ့ ျမန္မာႏိုင္ငံဆိုင္ရာ ၾကားနာပြဲမွာ၊ ဒီေၾကညာခ်က္နဲ႔ တင္ျပစည္းရံုးႏိုင္ခဲ့ပါတယ္။ တစ္ကမာၻလံုးဆိုင္ရာေၾကညာခ်က္မို႔၊ ကၽြန္မအေနနဲ႔ ၿဗိတိန္ပါလီမန္္ရဲ့ ကမာၻလံုးဆိုင္ရာက်န္းမာေရးၾကားနာပြဲမွာပါ၊ ဆရာေဇာ္ေဝစိုးနဲ႔ အျခားထိပ္ပိုင္းက်န္းမာေရးအရာရွိေတြနဲ႔အတူ၊ ဒီေၾကညာခ်က္နဲ႔ ေျပာဆိုႏိုင္ခဲ့တာပါ။ ၿဗိတိန္နန္းေတာ္အေရးေပၚေဆးပညာေကာလိပ္ကလည္း၊ အဖြဲ႔ခ်ဳပ္အဖြဲ႔ဝင္အျဖစ္ လက္မွတ္ထိုးေပးထားေတာ့ ထိေရာက္သြားပါတယ္။ အျခားကမာၻ႔ေဒသအသီးသီးက လႊတ္ေတာ္ေတြမွာလည္း၊ အဖြဲ႔ဝင္ေတြအေနနဲ႔၊ ဒီေၾကညာခ်က္နဲ အားေကာင္းေကာင္း ေတာင္းဆိုေပးႏုိင္ပါတယ္။”

ျမန္မာႏိုင္ငံထဲမွာလည္း အလားတူေတာင္းဆိုမူမ်ိဳးလိုေနၿပီလို႔၊ ျမန္မာ အထူးကုဆရာဝန္ႀကီးက ဆိုပါတယ္။
ခုလိုအခ်ိန္မွာ ျမန္မာႏိုင္ငံထဲက ဆရာဝန္အသင္းေတြအေနနဲ႔ ေတာင္းဆိုမူမရွိေသးေပမဲ့၊ လူငယ္ဆရာဝန္အသင္းေတြကေတာ့ လူမူမီဒီယာကတဆင့္ စာထုတ္ေတာင္းဆိုမူေတြရွိေနတယ္လို႔၊ ျမန္မာအေရးေပၚဆရာဝန္က ဆိုပါတယ္။

..................................................................

တိုက္႐ိုက္ လင့္ခ္


ပါမောက္ခ မော်မော်ဦးကို လွှတ်ပေးဖို့နိုင်ငံတကာ အရေးပေါ် ဆေးပညာရှင်တွေ တောင်းဆို

(Unicode)
မြန်မာစစ်အာဏာသိမ်းအပြီး ကျန်းမာရေးဝန်ထမ်းတွေအပေါ် ပစ်မှတ်ထားနှိမ်နင်းနေမူတွေကို၊ နိုင်ငံတကာ အရေးပေါ်ဆေးပညာရှင်များအဖွဲ့ချုပ်က ရှုတ်ချလိုက်ပြီး၊ မြန်မာအရေးပေါ်ဆေးပညာအသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာမော်မော်ဦးကို၊ အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

IFEM လို့အတိုခေါက်ခေါ်တဲ့ နိုင်ငံတကာအရေးပေါ်ဆေးပညာဖယ်ဒရေးရှင်းအဖွဲ့ချုပ်မှာပါဝင်တဲ့၊ ကမ္ဘာ့နိုင်ငံအသီးသီးက အရေးပေါ်ဆေးပညာအသင်းခေါင်းဆောင်တွေ စုပေါင်း၊ လက်မှတ်ရေးထိုးတောင်းဆိုတာနဲ့ပက်သက်ပြီး ကိုဝင်းမင်းက မေးမြန်းထားပါတယ်။

မြန်မာဆေးဝန်ထမ်းတွေ အန္တရာယ်ကင်းစွာ ဆေးကုသပေးနိုင်ရေး၊ ဒီ နိုင်ငံတကာအရေးပေါ်ဆေးပညာအဖွဲ့ချုပ်ရဲ့ ပြီးခဲ့တဲ့လထုတ် ကြေညာချက်တွေကို၊ ဝိုင်းပြင်ဆင်ပေးခဲ့သူ သြစတျေးလျ အရေးပေါ်ဆေးပညာရှင် Dr. Georgina Phillips က -
“ဒီကြေညာချက်က အရမ်းကိုအားကောင်းတဲ့ ကမ္ဘာလုံးဆိုင်ရာ တောင်းဆိုမူပါ။ ပါမောက္ခ မော်မော်ဦး ပြန်လွတ်လာရေးအတွက်ပေါ့နော်။ သူဟာ မြန်မာနိုင်ငံက အရေးပေါ်စောင့်ရှောက်မူနဲ့ ကျန်းမာရေးစနစ်အတွက် ဘယ်လောက်အရေးပါတာကို အသိအမှတ်ပြုဖော်ပြထားပါတယ်။ မြန်မာနိုင်ငံက အဆင့်မြင့်ဆုံး အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မူအဖွဲ့ ဥက္ကဌ အနေနဲ့၊ သူက ကျွန်မတို့ ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်စောင့်ရှောက်မူအဖွဲ့ကြီးရဲ့ မိသားစုအဖွဲ့ဝင်လည်းဖြစ်ပါတယ်။ နိုင်ငံတကာ အရေးပေါ်ဆေးပညာဆိုင်ရာအဖွဲ့ချုပ်ကြီးမှာ၊ သူက မြန်မာပြည်အတွက် ကိုယ်စားပြုထားသူပါ။” လို့ဆိုပါတယ်။

ဒါ့အပြင် မြန်မာသတင်းမီဒီယာတွေကိုလည်း အရေးပေါ်ကုသမူနဲ့ ကိုဗစ်-19 ရောဂါဆိုင်ရာ အင်တာဗျူး အများအပြားပေးခဲ့တဲ့ ဒေါက်တာမော်မော်ဦးရဲ့ အရေးပါပုံကို၊ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လုပ်ဖော်ကိုင်ဖက် အရေးပေါ်ဆရာဝန်တစ်ဦးကလည်း
“ ဆရာမော်ဦးကတော့ ပညာပိုင်းမှာရော၊ အလုပ်လုပ်တဲ့ နေရာမှာရော အရမ်းတော်တဲ့ဆရာပါ။ စာသင်လည်း သူက တော်တော်ကောင်းတယ်။ ကျွမ်းကျွမ်းကျင်ကျင် ပိုင်ပိုင်နိုင်နိုင်လည်းရှိတယ်။ ပြီးတော့ ဒီ Emergency တခုလုံးကို ကြိုးစားပြီးတော့ ထူထောင်ထားတဲ့အထဲမှာလည်း ပါတယ်။ ဆရာက Protest ဖြစ်နေတဲ့ အချိန်တွင်းမှာတောင်၊ ပစ်နေခတ်နေတဲ့အချိန်တွင်းမှာတောင် အိမ်ကို တရက်မှ မပြန်ပဲနဲ့ ဆေးရုံမှာပဲအိပ်၊ ဆေးရုံမှာပဲစားပြီးတော့ ဆေးကုတယ်။ Protest လူနာတွေအပြင် အခြားရောဂါရှိတဲ့လူနာတွေကိုလည်း ကုပေးနေတဲ့အတွက် ဒီမှာမရှိမဖြစ်လိုအပ်တဲ့လူအယောက်အနေနဲ့ ပြန်ပြီးတော့ လွှတ်ပေးစေချင်တယ်” လို့ဆိုပါတယ်။

ဒီ နိုင်ငံတကာအရေးပေါ်ဆရာဝန်များအဖွဲ့ချုပ်ကြေညာချက်ထဲမှာ နောက်ထူးခြားမူကိုလည်း၊ မြန်မာနိုင်ငံမှာ အရေးပေါ်ဆေးပညာဆိုင်ရာ သင်တန်းတွေပုံမှန်ပို့ချပေးခဲ့တဲ့၊ သြစတျေးလျအရေးပေါ်ဆေးပညာကောလိပ်ပါမောက္ခလည်းဖြစ်တဲ့ Dr. Phillips က -
“ဒီကြေညာချက်မှာ တကမ္ဘာလုံး အားလုံး ညီညွှတ်ကြတယ်လေ။ အာဖရိက၊ ဗြိတိန်၊ အမေရိကား၊ သြစတျေးလျ၊ နယူးဇီလန်၊ ပစိဖိတ်ဒေသတွင်းမှာ အရမ်းစိတ်ပူနေကြတယ်၊ အာရှအဖွဲ့ချုပ်ရော၊ မြေထဲပင်လယ်အော်ဒေသ၊ နောက် လက်တင်အမေရိကား၊ ကနေဒါ၊ ကမ္ဘာ့ဒေသတိုင်းကပေါင်းပြီး ပါမောက္ခမော်မော်ဦးကို ချက်ချင်း ချွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ တောင်းဆိုနေတာပါ။ သူတင်မကပါဘူး၊ မြန်မာပြည်သူတွေအတွက် မရှိမဖြစ်နဲ့ အရေးပေါ်လိုအပ်နေတဲ့၊ ကျန်းမာရေးစောင့်ရှာက်မူလုပ်ပေးနေတာအတွက်နဲ့ ထိန်းသိမ်းခံနေရတဲ့ ကျန်းမာရေလုပ်သားအားလုံးအတွက်ပါ တောင်းဆိုနေတာပါ။”

ဒေါက်တာမော်မော်ဦးအပြင်၊ တခြားထိန်းသိမ်းဖိနှိပ်ခံ ဆေးဝန်ထမ်းတွေရှိနေတာကိုလည်း၊ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အထူးကုဆရာဝန်ကြီးတစ်ဦးက -
“ ဒေါက်တာမော်မော်ဦးကတော့ Myanmar Emergency Medicine လို့ခေါ်တဲ့ Department မှာ ပထမဦးဆုံး Professor in Head ပေါ့နော် ။ မရှိမဖြစ်လိုအပ်တဲ့ လူတယောက်ပေါ့။ သူ့လိုလူတယောက်ကို ဖမ်းဆီးထားပြီးတော့ အခုတဲ့ထိလည်း ဘာသတင်းမှ မကြားပဲနဲ့ ဘာဖြစ်လို့ဖြစ်နေမှန်းမသိဘူးဆိုတဲ့ခါကျတော့ စိတ်ပူတာတော့ အမှန်ပဲ။ ဒေါက်တာမော်မော်ဦးမှ မဟုတ်ဘူးခင်ဗျ။ အရိုးအထူးကဆရာဝန်ကြီး ဒေါက်တာကျော်မင်းစိုး ဆိုရင်လည်း သူ့သတင်းကပျောက်နေတာ ကြာပြီခင်ဗျ။ ဟိုး စစ်အာဏာသိမ်းပြီးကတည်းကစလို့အင်္ဂပူတိုက်နယ်က ဆရာဝန်က အစပေါ့၊ လားရှိုးက တိုက်နယ်ဆရာဝန် ဒေါက်တာအေးနိုင်၊ နောက်ပြီးတော့ ဆေးရုံကြီးဆရာဝန် ဒေါက်တာ သန်းမင်းထွတ် ဆိုလည်း အဖမ်းခံထားရတယ်။ တချို့ဆိုလည်း ၅၀၅ (က) ဆိုပြီး ထွက်ပြေးပုန်းရှောင်နေရတဲ့ ဆရာဝန်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေ၊ သူနာပြုဆရာမတွေ၊ ကျန်းမာရေးမှုးတွေလည်း အများကြီးပဲခင်ဗျ။” လို့ဆိုပါတယ်။

အခု နိုင်ငံတကာအရေးပေါ်ဆေးပညာအဖွဲ့ချုပ်ကြေညာချက်၊ ထိရောက်မူရှိနိုင်ပုံကိုလည်း Dr. Phillips က -
“ဒီကြေညာချက် တကမ္ဘာလုံးမှာ သက်ရောက်မူရှိဖို့ မျှော်လင့်ပါတယ်။ အခုသေချာတာကတော့၊ သြစတျေးလျပါလီမန်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ကြားနာပွဲမှာ၊ ဒီကြေညာချက်နဲ့ တင်ပြစည်းရုံးနိုင်ခဲ့ပါတယ်။ တစ်ကမ္ဘာလုံးဆိုင်ရာကြေညာချက်မို့၊ ကျွန်မအနေနဲ့ ဗြိတိန်ပါလီမန်ရဲ့ ကမ္ဘာလုံးဆိုင်ရာကျန်းမာရေးကြားနာပွဲမှာပါ၊ ဆရာဇော်ဝေစိုးနဲ့ အခြားထိပ်ပိုင်းကျန်းမာရေးအရာရှိတွေနဲ့အတူ၊ ဒီကြေညာချက်နဲ့ ပြောဆိုနိုင်ခဲ့တာပါ။ ဗြိတိန်နန်းတော်အရေးပေါ်ဆေးပညာကောလိပ်ကလည်း၊ အဖွဲ့ချုပ်အဖွဲ့ဝင်အဖြစ် လက်မှတ်ထိုးပေးထားတော့ ထိရောက်သွားပါတယ်။ အခြားကမ္ဘာ့ဒေသအသီးသီးက လွှတ်တော်တွေမှာလည်း၊ အဖွဲ့ဝင်တွေအနေနဲ့၊ ဒီကြေညာချက်နဲ အားကောင်းကောင်း တောင်းဆိုပေးနိုင်ပါတယ်။”

မြန်မာနိုင်ငံထဲမှာလည်း အလားတူတောင်းဆိုမူမျိုးလိုနေပြီလို့၊ မြန်မာ အထူးကုဆရာဝန်ကြီးက ဆိုပါတယ်။
ခုလိုအချိန်မှာ မြန်မာနိုင်ငံထဲက ဆရာဝန်အသင်းတွေအနေနဲ့ တောင်းဆိုမူမရှိသေးပေမဲ့၊ လူငယ်ဆရာဝန်အသင်းတွေကတော့ လူမူမီဒီယာကတဆင့် စာထုတ်တောင်းဆိုမူတွေရှိနေတယ်လို့၊ မြန်မာအရေးပေါ်ဆရာဝန်က ဆိုပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG