သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဆး၀န္ထမ္းေတြ တိုက္ခိုက္ခံရမႈေၾကာင္႔ လူထုအသက္ကယ္ဆယ္ေရး ထိခိုက္ (ကုလ ေျပာခြင္႔ရ)


မွတ္တမ္းဓါတ္ပံု- ေဖေဖာ္၀ါရီ ၃ ရက္ေန႔က ရန္ကုန္ေဆးရံုႀကီးရွိ က်န္းမာေရး၀န္ထမ္းမ်ား ဆႏၵျပ

(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ ေဖေဖာ္၀ါရီလ ၁ ရက္ေန႔ စစ္အာဏာသိမ္းမႈ ေနာက္ပိုင္း ေဆးရံုေတြနဲ႔ က်န္းမာေရး ၀န္ထမ္းေတြ တိုက္ခုိက္ခံရမႈ အနည္းဆံုး ၂၈ ႀကိမ္ ရွိခဲ႔ၿပီး ေက်ာင္းေတြနဲ႔ ပညာေရး ၀န္ထမ္းေတြ အေပၚ တိုက္ခုိက္ခံရမႈက အနည္းဆံုး ၇ ခု ရွိခဲ႔ေၾကာင္း ကုလသမဂၢက အဂၤါေန႔မွာ ေျပာဆိုပါတယ္။

“ေစတနာ႔၀န္ထမ္း က်န္းမာေရး လုပ္သားေတြ အေပၚ တိုက္ခုိက္မႈ၊ လူနာတင္ယာဥ္ေတြ တိုက္ခိုက္မႈဟာဆိုရင္ လံုၿခံဳေရး တပ္ဖြဲ႔ေတြ လက္ခ်က္နဲ႔ ထိခိုက္ဒဏ္ရာရၾကတဲ႔ အရပ္သားေတြကို အသက္ကယ္ အကူအညီေပးႏုိင္ေရးကို အဟန္႔အတား ျဖစ္ေစတယ္” လို႔ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ ေျပာခြင့္ရ Stephane Dujarric က အဂၤါေန႔ သတင္းစာ ရွင္းလင္းပြဲမွာ ေျပာပါတယ္။

ျမန္မာႏုိင္ငံ စစ္အာဏာသိမ္းမႈ ေနာက္ပိုင္း အၾကမ္းဖက္မႈေတြ ဆက္ျဖစ္ေနၿပီး ႏုိင္ငံရဲ႕ ပညာေရးနဲ႔ က်န္းမာေရး စနစ္ အေပၚမွာ ထိခိုက္သက္ေရာက္မႈေတြဟာ အထူး စိုးရိမ္ဖြယ္ ျဖစ္ေၾကာင္း ျမန္မာႏုိင္ငံဆိုင္ရာ ကုလသမဂၢ အဖြဲ႔ကလည္း ေျပာဆိုထားပါတယ္။ ၿပီးခဲ႔တဲ႔ တနလာၤေန႔ ဧၿပီလ ၅ ရက္ေန႔မွာဘဲ ရန္ကုန္တိုင္း စမ္းေခ်ာင္းၿမိဳ႕နယ္ ေညာင္တုန္းလမ္းက ပရဟိတယ ေဆးခန္းတခုကို စစ္တပ္နဲ႔ ရဲတပ္ဖြဲ႔က ၀င္ေရာက္ၿပီး ဆရာ၀န္ေတြ အပါအ၀င္ လူ ၉ ဦးကို ဖမ္းဆီးခဲ႔ေၾကာင္း မ်က္ျမင္ေတြ႔သူက ဗီြအိုေအကို ေျပာပါတယ္။

"ေညာင္တုန္းလမ္း ဓမၼာရံုက ဟုိးတုန္းကတည္းက စၿပီးအေရးအခင္းေတြ ျဖစ္တဲ့အခ်ိန္ကတည္းက ေဆးခန္းေတြ ပိတ္တယ္ဆိုေတာ့ ပရဟိတအေနနဲ႔ ေဆးခန္းေလးေတြ ဖြင့္ေပးထားတာ။ ဆရာ၀န္ပါသြားတယ္။ အားလံုးေပါင္း ၉ ေယာက္ပါသြားတယ္။ ေန႔လည္ ၂ နာရီက ၀င္ၿပီးေတာ့ ေဆးပစၥည္းေတြ၊ ေဆးပစၥည္းကိရိယာေတြ၊ လမ္းမွာ တပ္တဲ့ CCTV တပ္တယ္ေလ။ အဲဒီပစၥည္းေတြလည္း အကုန္သယ္သြားတယ္။ ေဆးေတြလည္း ယူသြားတယ္။ ဓမၼာရံုက ပုိက္ဆံေတြလည္း ယူသြားတယ္။ အကုန္လည္း ဖ်က္ဆီးသြားတယ္။"

ဘာေၾကာင့္ ဖမ္းဆီးသလဲ ဆိုတဲ႔ အေသးစိတ္ကိုေတာ့ မသိရပါဘူး။ တခ်ိန္တည္းမွာဘဲ ကရင္ျပည္နယ္တြင္းက ေဒသတခ်ိဳ႕ အေပၚ စစ္တပ္က ေလေၾကာင္းကေန တုိက္ခိုက္ေနတာေၾကာင့္ စာသင္ေက်ာင္းေတြ ပ်က္စီးတဲ႔ သတင္းေတြလည္း ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္


...........

ဆေးဝန်ထမ်းတွေ တိုက်ခိုက်ခံရမှုကြောင့် လူထုအသက်ကယ်ဆယ်ရေး ထိခိုက် (ကုလ ပြောခွင့်ရ)

(Unicode)

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှု နောက်ပိုင်း ဆေးရုံတွေနဲ့ ကျန်းမာရေး ဝန်ထမ်းတွေ တိုက်ခိုက်ခံရမှု အနည်းဆုံး ၂၈ ကြိမ် ရှိခဲ့ပြီး ကျောင်းတွေနဲ့ ပညာရေး ဝန်ထမ်းတွေ အပေါ် တိုက်ခိုက်ခံရမှုက အနည်းဆုံး ၇ ခု ရှိခဲ့ကြောင်း ကုလသမဂ္ဂက အင်္ဂါနေ့မှာ ပြောဆိုပါတယ်။

“စေတနာ့ဝန်ထမ်း ကျန်းမာရေး လုပ်သားတွေ အပေါ် တိုက်ခိုက်မှု၊ လူနာတင်ယာဉ်တွေ တိုက်ခိုက်မှုဟာဆိုရင် လုံခြုံရေး တပ်ဖွဲ့တွေ လက်ချက်နဲ့ ထိခိုက်ဒဏ်ရာရကြတဲ့ အရပ်သားတွေကို အသက်ကယ် အကူအညီပေးနိုင်ရေးကို အဟန့်အတား ဖြစ်စေတယ်” လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stephane Dujarric က အင်္ဂါနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှု နောက်ပိုင်း အကြမ်းဖက်မှုတွေ ဆက်ဖြစ်နေပြီး နိုင်ငံရဲ့ ပညာရေးနဲ့ ကျန်းမာရေး စနစ် အပေါ်မှာ ထိခိုက်သက်ရောက်မှုတွေဟာ အထူး စိုးရိမ်ဖွယ် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အဖွဲ့ကလည်း ပြောဆိုထားပါတယ်။ ပြီးခဲ့တဲ့ တနလာၤနေ့ ဧပြီလ ၅ ရက်နေ့မှာဘဲ ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် ညောင်တုန်းလမ်းက ပရဟိတယ ဆေးခန်းတခုကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ဝင်ရောက်ပြီး ဆရာဝန်တွေ အပါအဝင် လူ ၉ ဦးကို ဖမ်းဆီးခဲ့ကြောင်း မျက်မြင်တွေ့သူက ဗွီအိုအေကို ပြောပါတယ်။

"ညောင်တုန်းလမ်း ဓမ္မာရုံက ဟိုးတုန်းကတည်းက စပြီးအရေးအခင်းတွေ ဖြစ်တဲ့အချိန်ကတည်းက ဆေးခန်းတွေ ပိတ်တယ်ဆိုတော့ ပရဟိတအနေနဲ့ ဆေးခန်းလေးတွေ ဖွင့်ပေးထားတာ။ ဆရာဝန်ပါသွားတယ်။ အားလုံးပေါင်း ၉ ယောက်ပါသွားတယ်။ နေ့လည် ၂ နာရီက ဝင်ပြီးတော့ ဆေးပစ္စည်းတွေ၊ ဆေးပစ္စည်းကိရိယာတွေ၊ လမ်းမှာ တပ်တဲ့ CCTV တပ်တယ်လေ။ အဲဒီပစ္စည်းတွေလည်း အကုန်သယ်သွားတယ်။ ဆေးတွေလည်း ယူသွားတယ်။ ဓမ္မာရုံက ပိုက်ဆံတွေလည်း ယူသွားတယ်။ အကုန်လည်း ဖျက်ဆီးသွားတယ်။"

ဘာကြောင့် ဖမ်းဆီးသလဲ ဆိုတဲ့ အသေးစိတ်ကိုတော့ မသိရပါဘူး။ တချိန်တည်းမှာဘဲ ကရင်ပြည်နယ်တွင်းက ဒေသတချို့ အပေါ် စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်နေတာကြောင့် စာသင်ကျောင်းတွေ ပျက်စီးတဲ့ သတင်းတွေလည်း ရှိနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG