သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

သတင္းေထာက္ေတြကို စစ္ေကာင္စီ ဖမ္းဆီးမႈ ကန္သတင္းသမားေတြ ကန္႔ကြက္


မွတ္တမ္းဓါတ္ပံု - ေဖေဖာ္၀ါရီ ၂၇ ရက္တုန္းက ရဲၿဖိဳခြဲလို႔ ဆႏၵျပသူႏွင့္ သတင္းေထာက္မ်ား ထြက္ေျပးေန

(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ ဒါဇင္ေပါင္းမ်ားစြာ ဖမ္းဆီးခံထားရတဲ့ သတင္းေထာက္ေတြကို လႊတ္ေပးဖို႔နဲ႔ ႏိုင္ငံတြင္း သတင္းမီဒီယာလြတ္လပ္ခြင့္အေပၚ ကန႔္သတ္ခ်က္ေတြကို ပယ္ဖ်က္ဖို႔ စစ္ေကာင္စီကို အေမရိကန္ျပည္ေထာင္စုက ဝါရင့္ သတင္းစာနယ္ဇင္းအဖြဲ႕ေခါင္းေဆာင္ေတြက ေတာင္းဆိုလိုက္ပါတယ္။

ဝါရွင္တန္ဒီစီအေျခစိုက္ နာမည္ႀကီး သတင္းစာနယ္ဇင္းအဖြဲ႕ေတြျဖစ္တဲ့ National Press Club (NPC) နဲ႔ National Press Club သတင္းစာနယ္ဇင္း အင္စတီက်ဴတို႔ရဲ႕ ေခါင္းေဆာင္ေတြရဲ႕ ဗုဒၶဟူးေန႔က ပူးတြဲထုတ္ျပန္တဲ့ေၾကညာခ်က္မွာ- ဖမ္းဆီးခံထားရတဲ့ ျမန္မာသတင္းသမားေတြနဲ႔ ပတ္သက္လို႔ ေဖၚျပထားရမွာ လြပ္လပ္တဲ့ ေလ့လာသူေတြရဲ႕ အဆိုအရ စစ္ေကာင္စီ ထိန္းသိမ္းထားတဲ့ သတင္းေထာက္စုစုေပါင္း အနည္းဆုံး ၄၀ ဦးမက ရွိေနေၾကာင္း ေဖၚျပထားပါတယ္။

ဒါအျပင္ သတင္းယူတဲ့ေနရာမွာလည္း အမ်ိဳးမ်ိဳးကန႔္သတ္ခ်က္ေတြကို စစ္ေကာင္စီက ခ်မွတ္ထားတဲ့အျပင္ ႐ုပ္သံလိုင္းအတြက္ ၿဂိဳလ္တုစေလာင္းေတြကို ပိတ္ပင္တာ၊ အင္တာနက္ေတြျဖတ္ေတာက္တာ၊ ဆင္ဆာကန႔္သတ္မႈေတြအျပင္ ဥပေဒအရ ၿခိမ္းေျခာက္ မႈေတြကိုပါ စစ္ေကာင္စီက ျပဳလုပ္ေၾကာင္း အဲဒီထုတ္ျပန္ခ်က္မွာ ေရးသားထားပါတယ္။

ျမန္မာႏိုင္ငံမွာ ျဖစ္ေပၚေနတဲ့ ဆႏၵျပမႈေတြနဲ႔ ပတ္သက္လို႔ ျပည္တြင္း ျပည္ပကေန သတင္းယူ ေနတာေတြကို ႏႈတ္ပိတ္ဖို႔ စစ္တပ္အေနနဲ႔ ႀကိဳပမ္းေနတာေတြကို ရပ္ဆိုင္းဖို႔ NPC ဥကၠဌ Lisa Nicole Matthews နဲ႔ NPC Journalism အင္စတီက်ဴ႕ ဥကၠဌ Angela Greiling Keane တို႔က ေျပာၾကားခဲ့ပါတယ္။ ျမန္မာႏိုင္ငံမွာ ျဖစ္ေနတဲ့ သတင္းလြတ္လပ္ခြင့္အေပၚ အႀကီးအက်ယ္ဖိႏွိပ္မႈအပါအဝင္ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြကို ႏိုင္ငံတကာအသိုင္းအဝိုင္းအေနနဲ႔ လက္မခံသင့္ဘူးလို႔လည္း သူတို႔ေတြက ေျပာဆိုခဲ့ပါတယ္။

ဒါအျပင္ အေမရိကန္ သတင္းစာနယ္ဇင္းေခါင္းေဆာင္ေတြရဲ႕ ထုတ္ျပန္ခ်က္မွာ- ထိုင္းႏိုင္ငံမွာ တရားမဝင္ေနထိုင္မႈနဲ႔ ဖမ္းဆီးခံထားရတဲ့ ဒီမိုကရက္တစ္ျမန္မာ့အသံ DVB သတင္းေထာက္ေတြကို ခ်က္ခ်င္းလႊတ္ေပးၿပီး သူတို႔ကို လက္ခံခိုလႈံခြင့္ေပးျခင္းအားျဖင့္ ထိုင္းအစိုးရအေနနဲ႔ သတင္းလြတ္လပ္ခြင့္ကို ေထာက္ခံေၾကာင္းျပသဖို႔လည္း ေတာင္းဆိုထားပါတယ္။

ဒီအေတာအတြင္း ျပင္သစ္အေျခစိုက္ RSF နယ္စည္းမျခားသတင္းေထာက္မ်ားအဖြဲ႕ကလည္း ထိုင္းႏိုင္ငံမွာ ဖမ္းဆီးခံထားရတဲ့ ျမန္မာသတင္းသမားေတြနဲ႔ တက္ၾကြလႈပ္ရွားသူေတြကို ျမန္မာဘက္ကို ျပန္မပို႔ေရး ထိုင္းဝန္ႀကီးခ်ဳပ္ ပရာယြတ္ခ်န္အိုခ်ာ အေနနဲ႔ ေဆာင္ရြက္ေပးဖို႔ ေတာင္းဆိုထားသလို၊ ကုလသမဂၢ အေနနဲ႔ ၾကား၀င္ေဆာင္ရြက္ဖို႔ သက္ဆိုင္ရာ ကုလ အထူးကိုယ္စားလွယ္ သံုးဦးကို RSF က တိုက္တြန္း ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


...........

သတင်းထောက်တွေကို စစ်ကောင်စီ ဖမ်းဆီးမှု ကန်သတင်းသမားတွေ ကန့်ကွက်

(Unicode)

မြန်မာနိုင်ငံမှာ ဒါဇင်ပေါင်းများစွာ ဖမ်းဆီးခံထားရတဲ့ သတင်းထောက်တွေကို လွှတ်ပေးဖို့နဲ့ နိုင်ငံတွင်း သတင်းမီဒီယာလွတ်လပ်ခွင့်အပေါ် ကန့်သတ်ချက်တွေကို ပယ်ဖျက်ဖို့ စစ်ကောင်စီကို အမေရိကန်ပြည်ထောင်စုက ဝါရင့် သတင်းစာနယ်ဇင်းအဖွဲ့ခေါင်းဆောင်တွေက တောင်းဆိုလိုက်ပါတယ်။

ဝါရှင်တန်ဒီစီအခြေစိုက် နာမည်ကြီး သတင်းစာနယ်ဇင်းအဖွဲ့တွေဖြစ်တဲ့ National Press Club (NPC) နဲ့ National Press Club သတင်းစာနယ်ဇင်း အင်စတီကျူတို့ရဲ့ ခေါင်းဆောင်တွေရဲ့ ဗုဒ္ဓဟူးနေ့က ပူးတွဲထုတ်ပြန်တဲ့ကြေညာချက်မှာ- ဖမ်းဆီးခံထားရတဲ့ မြန်မာသတင်းသမားတွေနဲ့ ပတ်သက်လို့ ဖေါ်ပြထားရမှာ လွပ်လပ်တဲ့ လေ့လာသူတွေရဲ့ အဆိုအရ စစ်ကောင်စီ ထိန်းသိမ်းထားတဲ့ သတင်းထောက်စုစုပေါင်း အနည်းဆုံး ၄၀ ဦးမက ရှိနေကြောင်း ဖေါ်ပြထားပါတယ်။

ဒါအပြင် သတင်းယူတဲ့နေရာမှာလည်း အမျိုးမျိုးကန့်သတ်ချက်တွေကို စစ်ကောင်စီက ချမှတ်ထားတဲ့အပြင် ရုပ်သံလိုင်းအတွက် ဂြိုလ်တုစလောင်းတွေကို ပိတ်ပင်တာ၊ အင်တာနက်တွေဖြတ်တောက်တာ၊ ဆင်ဆာကန့်သတ်မှုတွေအပြင် ဥပဒေအရ ခြိမ်းခြောက် မှုတွေကိုပါ စစ်ကောင်စီက ပြုလုပ်ကြောင်း အဲဒီထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ဆန္ဒပြမှုတွေနဲ့ ပတ်သက်လို့ ပြည်တွင်း ပြည်ပကနေ သတင်းယူ နေတာတွေကို နှုတ်ပိတ်ဖို့ စစ်တပ်အနေနဲ့ ကြိုပမ်းနေတာတွေကို ရပ်ဆိုင်းဖို့ NPC ဥက္ကဌ Lisa Nicole Matthews နဲ့ NPC Journalism အင်စတီကျူ့ ဥက္ကဌ Angela Greiling Keane တို့က ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ သတင်းလွတ်လပ်ခွင့်အပေါ် အကြီးအကျယ်ဖိနှိပ်မှုအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ လက်မခံသင့်ဘူးလို့လည်း သူတို့တွေက ပြောဆိုခဲ့ပါတယ်။

ဒါအပြင် အမေရိကန် သတင်းစာနယ်ဇင်းခေါင်းဆောင်တွေရဲ့ ထုတ်ပြန်ချက်မှာ- ထိုင်းနိုင်ငံမှာ တရားမဝင်နေထိုင်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ ဒီမိုကရက်တစ်မြန်မာ့အသံ DVB သတင်းထောက်တွေကို ချက်ချင်းလွှတ်ပေးပြီး သူတို့ကို လက်ခံခိုလှုံခွင့်ပေးခြင်းအားဖြင့် ထိုင်းအစိုးရအနေနဲ့ သတင်းလွတ်လပ်ခွင့်ကို ထောက်ခံကြောင်းပြသဖို့လည်း တောင်းဆိုထားပါတယ်။

ဒီအတောအတွင်း ပြင်သစ်အခြေစိုက် RSF နယ်စည်းမခြားသတင်းထောက်များအဖွဲ့ကလည်း ထိုင်းနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ မြန်မာသတင်းသမားတွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို မြန်မာဘက်ကို ပြန်မပို့ရေး ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ အနေနဲ့ ဆောင်ရွက်ပေးဖို့ တောင်းဆိုထားသလို၊ ကုလသမဂ္ဂ အနေနဲ့ ကြားဝင်ဆောင်ရွက်ဖို့ သက်ဆိုင်ရာ ကုလ အထူးကိုယ်စားလှယ် သုံးဦးကို RSF က တိုက်တွန်း ထားပါတယ်။

ဆက္စပ္သတင္းမ်ား ...

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG