(Zawgyi/Unicode)
ဖမ္းဆီးခံထားရတဲ့ ဒီမိုကရက္တစ္ျမန္မာ့အသံ DVB သတင္းေထာက္ ကိုမင္းညို ကို မေန႔ ဗုဒၶဟူးေန႔က စစ္ေကာင္စီကေန ေထာင္ဒဏ္သံုးႏွစ္ ျပစ္ဒဏ္ခ်မွတ္လိုက္တာဟာ ျမန္မာႏိုင္ငံမွာ သတင္းသမားေတြရင္ဆိုင္ႀကံဳေတြ႕ေနရတဲ့ အေျခအေနဟာ ေၾကာက္မက္ဖြယ္ေကာင္းေနတယ္ဆိုတာ ျပသလိုက္တာျဖစ္တယ္လို႔ AI ေခၚ ႏိုင္ငံတကာလြတ္ၿငိမ္းခ်မ္းသာခြင့္ အဖြဲ႕ႀကီးက သတိေပးေျပာၾကားလိုက္ပါတယ္။
စစ္တပ္ရဲ႕ညွဥ္းပမ္းႏွိပ္စက္မႈ၊ ျပစ္မႈက်ဴးလြန္မႈေတြကို ေဖၚထုတ္ေရးသားဖို႔ ျမန္မာသတင္းသမားေတြဟာ သူတို႔ရဲ႕ အသက္ေတြ၊ လြတ္လပ္မႈေတြကို ေပးဆပ္ေနရေၾကာင္း AI အဖဲြ႔ႀကီးရဲ႕ အေရွ႕ေတာင္နဲ႔အေရွ႕ အာရွ ေဒသဆိုင္ရာ လက္ေထာက္ညြန္ၾကားေရးမွဴး Emerlynne Gil ကေျပာပါတယ္။
ဒါအျပင္ စစ္တပ္အာဏာပိုင္ေတြဟာ ရက္စက္ၾကမ္းၾကဳတ္ၿပီး သူတို႔ရဲ႕ အျပစ္ေတြကို ေဖၚထုတ္ဖို႔ ႀကိဳးစားသူေတြကို ႏႈတ္ပိတ္ျခင္းအားျဖင့္ သေဘာထားကဲြလဲြသူေတြအေပၚ ေခ်မွဳန္းဖို႔ စိတ္ပိုင္းျဖတ္ထားေၾကာင္းလည္း Emerlynne Gil က ေျပာၾကားခဲ့ပါတယ္။
ေမလ (၂)ရက္ေန႔ကအေနာက္ႏိုင္ငံေတြရဲ႕ သံတမန္ေတြ စုေပါင္းထုတ္ျပန္တဲ့ေၾကညာခ်က္မွာေတာ့ ေဖေဖၚဝါရီလ စစ္အာဏာသိမ္းၿပီးကတည္း ဖမ္းဆီးခံထားရတဲ့ သတင္းေထာက္ စုစုေပါင္း ၈၀ ေက်ာ္ရွိေနၿပီလို႔ ေဖၚျပထားပါတယ္။
..............
DVB သတင်းထောက်ကို ထောင်ဒဏ်ချမှတ်မှု AI ဝေဖန်ရှုတ်ချ
(Unicode)
ဖမ်းဆီးခံထားရတဲ့ ဒီမိုကရက်တစ်မြန်မာ့အသံ DVB သတင်းထောက် ကိုမင်းညို ကို မနေ့ ဗုဒ္ဓဟူးနေ့က စစ်ကောင်စီကနေ ထောင်ဒဏ်သုံးနှစ် ပြစ်ဒဏ်ချမှတ်လိုက်တာဟာ မြန်မာနိုင်ငံမှာ သတင်းသမားတွေရင်ဆိုင်ကြုံတွေ့နေရတဲ့ အခြေအနေဟာ ကြောက်မက်ဖွယ်ကောင်းနေတယ်ဆိုတာ ပြသလိုက်တာဖြစ်တယ်လို့ AI ခေါ် နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးက သတိပေးပြောကြားလိုက်ပါတယ်။
စစ်တပ်ရဲ့ညှဉ်းပမ်းနှိပ်စက်မှု၊ ပြစ်မှုကျူးလွန်မှုတွေကို ဖေါ်ထုတ်ရေးသားဖို့ မြန်မာသတင်းသမားတွေဟာ သူတို့ရဲ့ အသက်တွေ၊ လွတ်လပ်မှုတွေကို ပေးဆပ်နေရကြောင်း AI အဖွဲ့ကြီးရဲ့ အရှေ့တောင်နဲ့အရှေ့ အာရှ ဒေသဆိုင်ရာ လက်ထောက်ညွန်ကြားရေးမှူး Emerlynne Gil ကပြောပါတယ်။
ဒါအပြင် စစ်တပ်အာဏာပိုင်တွေဟာ ရက်စက်ကြမ်းကြုတ်ပြီး သူတို့ရဲ့ အပြစ်တွေကို ဖေါ်ထုတ်ဖို့ ကြိုးစားသူတွေကို နှုတ်ပိတ်ခြင်းအားဖြင့် သဘောထားကွဲလွဲသူတွေအပေါ် ချေမှုန်းဖို့ စိတ်ပိုင်းဖြတ်ထားကြောင်းလည်း Emerlynne Gil က ပြောကြားခဲ့ပါတယ်။
မေလ (၂)ရက်နေ့ကအနောက်နိုင်ငံတွေရဲ့ သံတမန်တွေ စုပေါင်းထုတ်ပြန်တဲ့ကြေညာချက်မှာတော့ ဖေဖေါ်ဝါရီလ စစ်အာဏာသိမ်းပြီးကတည်း ဖမ်းဆီးခံထားရတဲ့ သတင်းထောက် စုစုပေါင်း ၈၀ ကျော်ရှိနေပြီလို့ ဖေါ်ပြထားပါတယ်။