သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

သတင္းမီဒီယာဖိႏွိပ္မႈေတြရွိလာေပမယ့္ သတင္းစီးဆင္းမႈကရပ္တန႔္မသြားေၾကာင္းမီဒီယာအသိုင္းအဝန္းကေျပာ


လုံၿခဳံေရးတပ္ဖြဲ႔ေတြအနီး သတင္းေထာက္ေတြသတင္းရယူေနပုံ

န.စ.က စစ္ေကာင္စီက သတင္းသမားေတြကို ဖမ္းဆီး တရားတာ၊ မီဒီယာလုပ္ငန္းႀကီးတခ်ိဳ႕ကို လုပ္ငန္းလုပ္ခြင့္ ရပ္နားတာ၊ အင္တာနက္ ျဖတ္ေတာက္တာေတြ လုပ္ၿပီး သတင္းလြတ္လပ္ခြင့္ကို ထိန္းခ်ဳပ္ဖုိ႔ ႀကိဳးစားေနပါတယ္။ ဒါေပမဲ့ အပိတ္ခံရတဲ့ မီဒီယာလုပ္ငန္းေတြက ရတဲ့နည္းနဲ႔ ဆက္ၿပီးလည္ပတ္ေနၾကပါတယ္။ ခက္ခဲတဲ့ အေျခအေနၾကား လုပ္ကိုင္ေနရေပမဲ့ သတင္းရယူ ျဖန္႔ေဝ၊ တင္ျပႏိုင္မႈ ရပ္သြားမွာမဟုတ္ဘူးလို႔ သတင္းမီဒီယာသမားေတြက ေျပာပါတယ္။ ဒီအေၾကာင္း ရန္ကန္ကလာတဲ့သတင္းကိုေတာ့ ကိုေဇာ္၀င္းလႈိင္က ေျပာျပေပးမွာပါ။

စစ္တပ္က အာဏာသိမ္းခဲ့ၿပီးေနာက္ တႏိုင္ငံလုံးက ဆႏၵျပလႈပ္ရွားမႈေတြကို ထိန္းခ်ဳပ္ဖို႔အတြက္ စစ္ေကာင္စီက သတင္းမီဒီယာ လုပ္ငန္းေတြကို လိုင္စင္ပိတ္သိမ္းတာ၊ သတင္းေထာက္ေတြကို ဖမ္းဆီး တရားစြဲတာေတြ လုပ္ေနပါတယ္။ အခုဆိုရင္ တိုင္းရင္းသားေဒသအေျခစိုက္ သတင္းဌာန ၃ ခုကို လုပ္ငန္းလုိင္စင္ေတြပါ ထပ္တိုးပိတ္ခဲ့ပါတယ္။ သတင္းေတြကို တားႏုိင္ဖုိ႔ ဒီလိုနည္းလမ္းေတြလုပ္ေနေပမဲ့ ေအာင္ျမင္မွာ မဟုတ္ဘူးလို႔ လုပ္ငန္းလုပ္ပိုင္ခြင့္ ႐ုတ္သိမ္းခံထားရတဲ့ တာခ်ီလိတ္ သတင္းေအဂ်င္စီရဲ႕ အယ္ဒီတာ ကိုေဇာင္းက ေျပာပါတယ္။

“ အဓိကေတာ့ သူတို႔အေနနဲ႔က သတင္းဌာနေတြ ၿငိမ္သြားလို႔ရွိရင္ နယ္ေျမစိုးမိုးေရး လုပ္ႏိုင္မယ္ဆိုတဲ့ ရည္႐ြယ္ခ်က္နဲ႔ လုပ္တယ္လို႔ ျမင္တယ္။ ဒါေပမဲ့ တကယ္လြတ္လပ္တဲ့ သတင္းမီဒီယာေတြ ျဖစ္တဲ့အတြက္ေၾကာင့္မို႔ သတင္းကို ရတဲ့ေနရာကေန ေဖာ္ျပမယ္ဆိုၿပီး ဆုံးျဖတ္ထားၾကတယ္။ က်ေနာ္တို႔ အေနနဲ႔က ေနရာေဟာင္းေတြမွာ မေနေတာ့ဘဲနဲ႔ ေနရာသစ္ေတြမွာ ေနၿပီးေတာ့ ႀကိဳးစားၿပီး သတင္းေတြကို ေဖာ္ျပတာေပါ့ေနာ္။ အဲဒါမို႔ သူတို႔အေနနဲ႔က ဘယ္လိုပဲ အမႈဖြင့္ဖြင့္ ဘယ္လိုပဲ လိုင္စင္႐ုတ္သိမ္း႐ုတ္သိမ္း သတင္းေတြကေတာ့ တျခားတေနရာကေန ဆက္ၿပီးလုပ္ေနႏိုင္တယ္ေပါ့ဗ်ာ။”

ခုလို တရားဝင္လုပ္ေနတ့ဲ သတင္းဌာနတခ်ဳိ႕ကို တားျမစ္ၿပီး သတင္းေတြကို ထိန္းခ်ဳပ္ဖုိ႔ ႀကိဳးစားေနေပမဲ့ သတင္းရ႐ွိမႈပိုင္းအတြက္ ျပည္သူ႔သတင္းေထာက္ Citizen journalist ေတြရဲ႕ သတင္းေပးပို႔မႈက သိပ္အေရးပါလာတယ္လို႔ ေျပာပါတယ္။

“ သတင္းသမားေတြက်ေတာ့ ေျမျပင္ဆင္းတာနဲ႔တင္ အႏၲရာယ္က လုံးဝလည္းမ်ားသြားၿပီ။ သတင္းသမားေတြကို သူတို႔က ပစ္မွတ္ထားထားတယ္၊ ဒါေၾကာင့္ ေရရွည္မွာ သတင္းဌာနတိုင္းေရာ က်ေနာ္တို႔အားလုံးက ဒီ CJ ေတြကို ပိုၿပီးအားကိုးေနရတာ။ သူတို႔ေတြက လွမ္းၿပီးပို႔လာတဲ့ ေျပာလာတာကို ခ်က္ခ်င္းသတင္းမွာ ေဖာ္ျပတာမ်ိဳးမဟုတ္ေပမဲ့ က်န္တာေတြကို ကိုယ့္နည္းကိုယ့္ဟန္နဲ႔ အတည္ျပဳတာေတြ လုပ္ရတာေပါ့ေနာ္။ အဲဒါမို႔ က်ေနာ္တို႔ အဓိက ေျပာခ်င္တာကေတာ့ ဒီ CJ ေတြ၊ အရပ္သား သတင္းသမားေတြလို႔ေခၚတဲ့ လူေတြကို က်ေနာ္တို႔အေနနဲ႔ ပိုၿပီးေတာ့ အားလည္းေပးတယ္၊ ဆက္ၿပီးေတာ့ က်ေနာ္တို႔ မီဒီယာေတြကို ကိုယ္သိတဲ့ အခ်က္အလက္ေတြနဲ႔ ပံ့ပိုးေပးဖို႔လည္း က်ေနာ္တို႔အေနနဲ႔က ေမတၱာရပ္ခံခ်င္တယ္။”

စစ္ေကာင္စီဆန္႔က်င္တဲ့ သတင္းေတြကို တားႏုိင္ဖုိ႔ သတင္းဌာနႀကီးေတြကို ပိတ္ပင္ထား႐ံုမက မိုဘိုင္းဖုန္း အင္တာနက္ကိုပါ ဧၿပီလ ၂ ရက္ကစၿပီး ျဖတ္ေတာက္ထားပါတယ္။ ျပည္တြင္းမွာ အေျခအေနေတြ ပုံမွန္မျဖစ္မခ်င္း အင္တာနက္ကို ျပန္ဖြင့္ေပးမွာ မဟုတ္ဘူးလို႔လည္း ေျပာထားပါတယ္။

“တကယ္လို႔ အဲလိုဖြင့္ေပးဖို႔ အစီအစဥ္မရွိဘူး ဆိုရင္ေတာ့ က်ေနာ္တို႔က ဘယ္လိုပဲျဖစ္ျဖစ္ က်ေနာ္တို႔လႈပ္ရွားမႈကို ရတဲ့နည္းနဲ႔ သတင္းမီဒီယာေတြဆီ ေရာက္ေအာင္ ရတဲ့နည္းနဲ႔ က်ေနာ္တို႔က သြားမွာေပါ့ေနာ္။ ရတဲ့ေနရာအထိကို က်ေနာ္တို႔က ေရာက္ေအာင္ပို႔မွာေပါ့။ နည္းနည္းေနာက္က်တဲ့ အပိုင္းေတာ့ ရွိေကာင္း ရွိႏိုင္တယ္ေပါ့။ ဒါေပမဲ့ က်ေနာ္တို႔က အေကာင္းဆုံး ျဖစ္ေအာင္ေတာ့ ႀကိဳးစားၾကတာေပါ့။”

မိုင္ေပါင္းမ်ားစြာေဝးတဲ့ တိုင္းရင္းသတင္းဌာနတခုဆီကို သတင္းေရာက္ေအာင္ ခက္ခက္ခဲခဲ ပို႔ေပးေနတဲ့ လူငယ္တဦး ေျပာသြားတာ ျဖစ္ပါတယ္။ ကန္႔သတ္ တားဆီးမႈေတြ ႐ွိေပမဲ့ နည္းပညာအသံးုခ်ၿပီး ႐ုပ္သံထုတ္လႊင့္မႈေတြကို လုပ္လုိ႔ရႏုိင္တယ္ဆိုတာကို မတ္လဆန္းက လုပ္ငန္းလုပ္ခြင့္ရပ္ဆိုင္းခံရတဲ့ Mizzima သတင္းဌာနရဲ႕ အယ္ဒီတာ ဦးစိန္ဝင္းက ေျပာပါတယ္။

“ စစ္ေကာင္စီကေန လြတ္လပ္တဲ့ သတင္းမီဒီယာေတြကို မရွိေအာင္၊ သတင္းသမားေတြရဲ႕ အသံတိတ္သြားေအာင္ သူလုပ္ေပမဲ့ မေအာင္ျမင္ဘူး။ သတင္းစီးဆင္းမႈေတြက ဆက္ရွိေနတယ္။ နံပတ္ ၁ အခ်က္က သတင္းတိုက္ေတြက စစ္ေကာင္စီရဲ႕ အလွမ္းေဝးတဲ့ ေနရာေတြမွာ ဆက္ၿပီးေတာ့ တည္ရွိေနတယ္။ ဒါ့အျပင္ပဲ သာမန္ျပည္သူလူထုက Citizen Journalist အေနနဲ႔ လုပ္ေဆာင္မႈက အင္မတန္မွ အေရးပါတဲ့ အခန္းက႑ျဖစ္လာတယ္။”

မဇၹိသတင္းဌာနရဲ႕သတင္းေထာက္ေတြဟာ ေဘးကင္းတဲ့ေနရာတခုမွာ ပုန္းခိုၿပီး သတင္းေတြကို ၿဂိဳလ္တုကေန ခက္ခက္ခဲခဲ ေန႔စဥ္ ထုတ္လႊင့္ေနသလို၊ အြန္လိုင္းေပၚကေနလည္း တင္ျပေနၾကပါတယ္။

Myanmar Now၊ မဇၥိမ၊ 7Day၊ DVB ၊ ေခတ္သစ္မီဒီယာ ဒီသတင္းဌာန ၅ ခုကို ပိတ္သိမ္းေၾကာင္း မတ္လအစမွာ စစ္ေကာင္စီက ေၾကညာခဲ့ၿပီး ဧရာဝတီသတင္းဌာနကိုေတာ့ တပ္မေတာ္ၿပိဳကဲြေအာင္ လုပ္ေဆာင္၊ လႈံ႔ေဆာ္မႈ ၅၀၅ (က) နဲ႔ တရားစြဲဆိုထားတာပါ။ ရွမ္းျပည္နယ္အေျခစိုက္ တာခ်ီလိတ္ သတင္းေအဂ်င္စီ၊ ကခ်င္အေျခစိုက္ ျမစ္ႀကီးနား သတင္းဂ်ာနယ္နဲ႔ The 74 Media ေတြကိုလည္း လုပ္ငန္းလုပ္ခြင့္ ပိတ္သိမ္းေၾကာင္း စစ္ေကာင္စီက ဧၿပီလကုန္ပိုင္းက ေၾကညာခဲ့ပါတယ္။ ေဖေဖာ္ဝါရီ ၁ ရက္ စစ္အာဏာသိမ္းၿပီခ်ိန္ကစလို႔ ဖမ္းဆီးခံရတဲ့ သတင္းသမား အေယာက္ ၅၀ ေလာက္ရွိၿပီး ဖမ္းဝရမ္းထုတ္ခံထားရတဲ့ သတင္းသမားလည္း အေယာက္ ၂၀ ေလာက္ရွိပါတယ္။

(Unicode)

န.စ.က စစ်ကောင်စီက သတင်းသမားတွေကို ဖမ်းဆီး တရားတာ၊ မီဒီယာလုပ်ငန်းကြီးတချို့ကို လုပ်ငန်းလုပ်ခွင့် ရပ်နားတာ၊ အင်တာနက် ဖြတ်တောက်တာတွေ လုပ်ပြီး သတင်းလွတ်လပ်ခွင့်ကို ထိန်းချုပ်ဖို့ ကြိုးစားနေပါတယ်။ ဒါပေမဲ့ အပိတ်ခံရတဲ့ မီဒီယာလုပ်ငန်းတွေက ရတဲ့နည်းနဲ့ ဆက်ပြီးလည်ပတ်နေကြပါတယ်။ ခက်ခဲတဲ့ အခြေအနေကြား လုပ်ကိုင်နေရပေမဲ့ သတင်းရယူ ဖြန့်ဝေ၊ တင်ပြနိုင်မှု ရပ်သွားမှာမဟုတ်ဘူးလို့ သတင်းမီဒီယာသမားတွေက ပြောပါတယ်။ ဒီအကြောင်း …… က ပြောပြပေးမှာပါ။

စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် တနိုင်ငံလုံးက ဆန္ဒပြလှုပ်ရှားမှုတွေကို ထိန်းချုပ်ဖို့အတွက် စစ်ကောင်စီက သတင်းမီဒီယာ လုပ်ငန်းတွေကို လိုင်စင်ပိတ်သိမ်းတာ၊ သတင်းထောက်တွေကို ဖမ်းဆီး တရားစွဲတာတွေ လုပ်နေပါတယ်။ အခုဆိုရင် တိုင်းရင်းသားဒေသအခြေစိုက် သတင်းဌာန ၃ ခုကို လုပ်ငန်းလိုင်စင်တွေပါ ထပ်တိုးပိတ်ခဲ့ပါတယ်။ သတင်းတွေကို တားနိုင်ဖို့ ဒီလိုနည်းလမ်းတွေလုပ်နေပေမဲ့ အောင်မြင်မှာ မဟုတ်ဘူးလို့ လုပ်ငန်းလုပ်ပိုင်ခွင့် ရုတ်သိမ်းခံထားရတဲ့ တာချီလိတ် သတင်းအေဂျင်စီရဲ့ အယ်ဒီတာ ကိုဇောင်းက ပြောပါတယ်။

“ အဓိကတော့ သူတို့အနေနဲ့က သတင်းဌာနတွေ ငြိမ်သွားလို့ရှိရင် နယ်မြေစိုးမိုးရေး လုပ်နိုင်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်တယ်လို့ မြင်တယ်။ ဒါပေမဲ့ တကယ်လွတ်လပ်တဲ့ သတင်းမီဒီယာတွေ ဖြစ်တဲ့အတွက်ကြောင့်မို့ သတင်းကို ရတဲ့နေရာကနေ ဖော်ပြမယ်ဆိုပြီး ဆုံးဖြတ်ထားကြတယ်။ ကျနော်တို့ အနေနဲ့က နေရာဟောင်းတွေမှာ မနေတော့ဘဲနဲ့ နေရာသစ်တွေမှာ နေပြီးတော့ ကြိုးစားပြီး သတင်းတွေကို ဖော်ပြတာပေါ့နော်။ အဲဒါမို့ သူတို့အနေနဲ့က ဘယ်လိုပဲ အမှုဖွင့်ဖွင့် ဘယ်လိုပဲ လိုင်စင်ရုတ်သိမ်းရုတ်သိမ်း သတင်းတွေကတော့ တခြားတနေရာကနေ ဆက်ပြီးလုပ်နေနိုင်တယ်ပေါ့ဗျာ။”

ခုလို တရားဝင်လုပ်နေတဲ့ သတင်းဌာနတချို့ကို တားမြစ်ပြီး သတင်းတွေကို ထိန်းချုပ်ဖို့ ကြိုးစားနေပေမဲ့ သတင်းရရှိမှုပိုင်းအတွက် ပြည်သူ့သတင်းထောက် Citizen journalist တွေရဲ့ သတင်းပေးပို့မှုက သိပ်အရေးပါလာတယ်လို့ ပြောပါတယ်။

“ သတင်းသမားတွေကျတော့ မြေပြင်ဆင်းတာနဲ့တင် အန္တရာယ်က လုံးဝလည်းများသွားပြီ။ သတင်းသမားတွေကို သူတို့က ပစ်မှတ်ထားထားတယ်၊ ဒါကြောင့် ရေရှည်မှာ သတင်းဌာနတိုင်းရော ကျနော်တို့အားလုံးက ဒီ CJ တွေကို ပိုပြီးအားကိုးနေရတာ။ သူတို့တွေက လှမ်းပြီးပို့လာတဲ့ ပြောလာတာကို ချက်ချင်းသတင်းမှာ ဖော်ပြတာမျိုးမဟုတ်ပေမဲ့ ကျန်တာတွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ အတည်ပြုတာတွေ လုပ်ရတာပေါ့နော်။ အဲဒါမို့ ကျနော်တို့ အဓိက ပြောချင်တာကတော့ ဒီ CJ တွေ၊ အရပ်သား သတင်းသမားတွေလို့ခေါ်တဲ့ လူတွေကို ကျနော်တို့အနေနဲ့ ပိုပြီးတော့ အားလည်းပေးတယ်၊ ဆက်ပြီးတော့ ကျနော်တို့ မီဒီယာတွေကို ကိုယ်သိတဲ့ အချက်အလက်တွေနဲ့ ပံ့ပိုးပေးဖို့လည်း ကျနော်တို့အနေနဲ့က မေတ္တာရပ်ခံချင်တယ်။”

စစ်ကောင်စီဆန့်ကျင်တဲ့ သတင်းတွေကို တားနိုင်ဖို့ သတင်းဌာနကြီးတွေကို ပိတ်ပင်ထားရုံမက မိုဘိုင်းဖုန်း အင်တာနက်ကိုပါ ဧပြီလ ၂ ရက်ကစပြီး ဖြတ်တောက်ထားပါတယ်။ ပြည်တွင်းမှာ အခြေအနေတွေ ပုံမှန်မဖြစ်မချင်း အင်တာနက်ကို ပြန်ဖွင့်ပေးမှာ မဟုတ်ဘူးလို့လည်း ပြောထားပါတယ်။

“တကယ်လို့ အဲလိုဖွင့်ပေးဖို့ အစီအစဉ်မရှိဘူး ဆိုရင်တော့ ကျနော်တို့က ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့လှုပ်ရှားမှုကို ရတဲ့နည်းနဲ့ သတင်းမီဒီယာတွေဆီ ရောက်အောင် ရတဲ့နည်းနဲ့ ကျနော်တို့က သွားမှာပေါ့နော်။ ရတဲ့နေရာအထိကို ကျနော်တို့က ရောက်အောင်ပို့မှာပေါ့။ နည်းနည်းနောက်ကျတဲ့ အပိုင်းတော့ ရှိကောင်း ရှိနိုင်တယ်ပေါ့။ ဒါပေမဲ့ ကျနော်တို့က အကောင်းဆုံး ဖြစ်အောင်တော့ ကြိုးစားကြတာပေါ့။”

မိုင်ပေါင်းများစွာဝေးတဲ့ တိုင်းရင်းသတင်းဌာနတခုဆီကို သတင်းရောက်အောင် ခက်ခက်ခဲခဲ ပို့ပေးနေတဲ့ လူငယ်တဦး ပြောသွားတာ ဖြစ်ပါတယ်။ ကန့်သတ် တားဆီးမှုတွေ ရှိပေမဲ့ နည်းပညာအသံးုချပြီး ရုပ်သံထုတ်လွှင့်မှုတွေကို လုပ်လို့ရနိုင်တယ်ဆိုတာကို မတ်လဆန်းက လုပ်ငန်းလုပ်ခွင့်ရပ်ဆိုင်းခံရတဲ့ Mizzima သတင်းဌာနရဲ့ အယ်ဒီတာ ဦးစိန်ဝင်းက ပြောပါတယ်။

“ စစ်ကောင်စီကနေ လွတ်လပ်တဲ့ သတင်းမီဒီယာတွေကို မရှိအောင်၊ သတင်းသမားတွေရဲ့ အသံတိတ်သွားအောင် သူလုပ်ပေမဲ့ မအောင်မြင်ဘူး။ သတင်းစီးဆင်းမှုတွေက ဆက်ရှိနေတယ်။ နံပတ် ၁ အချက်က သတင်းတိုက်တွေက စစ်ကောင်စီရဲ့ အလှမ်းဝေးတဲ့ နေရာတွေမှာ ဆက်ပြီးတော့ တည်ရှိနေတယ်။ ဒါ့အပြင်ပဲ သာမန်ပြည်သူလူထုက Citizen Journalist အနေနဲ့ လုပ်ဆောင်မှုက အင်မတန်မှ အရေးပါတဲ့ အခန်းကဏ္ဍဖြစ်လာတယ်။”

မဇ္ဖိသတင်းဌာနရဲ့သတင်းထောက်တွေဟာ ဘေးကင်းတဲ့နေရာတခုမှာ ပုန်းခိုပြီး သတင်းတွေကို ဂြိုလ်တုကနေ ခက်ခက်ခဲခဲ နေ့စဉ် ထုတ်လွှင့်နေသလို၊ အွန်လိုင်းပေါ်ကနေလည်း တင်ပြနေကြပါတယ်။

Myanmar Now၊ မဇ္စိမ၊ 7Day၊ DVB ၊ ခေတ်သစ်မီဒီယာ ဒီသတင်းဌာန ၅ ခုကို ပိတ်သိမ်းကြောင်း မတ်လအစမှာ စစ်ကောင်စီက ကြေညာခဲ့ပြီး ဧရာဝတီသတင်းဌာနကိုတော့ တပ်မတော်ပြိုကွဲအောင် လုပ်ဆောင်၊ လှုံ့ဆော်မှု ၅၀၅ (က) နဲ့ တရားစွဲဆိုထားတာပါ။ ရှမ်းပြည်နယ်အခြေစိုက် တာချီလိတ် သတင်းအေဂျင်စီ၊ ကချင်အခြေစိုက် မြစ်ကြီးနား သတင်းဂျာနယ်နဲ့ The 74 Media တွေကိုလည်း လုပ်ငန်းလုပ်ခွင့် ပိတ်သိမ်းကြောင်း စစ်ကောင်စီက ဧပြီလကုန်ပိုင်းက ကြေညာခဲ့ပါတယ်။ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီချိန်ကစလို့ ဖမ်းဆီးခံရတဲ့ သတင်းသမား အယောက် ၅၀ လောက်ရှိပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့ သတင်းသမားလည်း အယောက် ၂၀ လောက်ရှိပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG