[Zawgyi/Unicode]
ထိုင္းအာဏာပိုင္ေတြ မေန႔က ဖမ္းလိုက္တဲ့ DVB သတင္းေထာက္ သံုးဦးနဲ႔ တက္ႂကြလႈပ္ရွားသူႏွစ္ဦးတို႔ကို ဒီကေန႔ ခ်င္းမိုင္ၿမိဳ႕ ထုိင္းတရား႐ံုးတခုမွာ ႐ံုးထုတ္ခဲ့ၿပီးေတာ့ ဒုကၡသည္မ်ားဆိုင္ရာ ကုလသမဂၢ မဟာမင္းႀကီး႐ံုး (UNHCR) က သူတို႔ေစာင့္ေရွာက္မႈေအာက္ကို ေပးပို႔ဖို႔ ေတာင္းဆိုထားတယ္လုိ႔ DVB အမႈေဆာင္ဒါ႐ိုက္တာ ဦးေအးခ်မ္းႏုိင္က ဗီြအိုေအကိုေျပာပါတယ္။
"ရံုးထုတ္ေတာ့ ထိုင္းလူ႔အခြင့္အေရးအဖဲြ႔ကေန အကူညီေပးထားတဲ့ လူ႔အခြင့္အေရးေရွ႕ေနပဲ သူတို႔ကို ေရွ႕ေနလိုက္ေပးတယ္။ လိုက္ေပးၿပီးေတာ့ သူတို႔နဲ႔ စကားေျပာဖို႔ အခ်ိန္လိုတဲ့အတြက္ေၾကာင့္ တရားသူၾကီးကို ရက္ေရႊ႕ေပးဖို႔ ခြင့္ေတာင္းပါတယ္။ အဲဒီလို ခြင့္ေတာင္းတဲ့အတြက္ေၾကာင့္ ေနာက္ထပ္ ၅ ရက္ ရက္ေရႊ႕လိုက္ပါတယ္ခင္ဗ်။ ဒီေန႔ကေတာ့ တရားရံုး ရံုးခ်ိန္းကေတာ့ ခဏေလးနဲ႔ ၿပီးသြားပါတယ္။ ဒါေပမဲ့ ကုလသမဂၢ UNHCR ရံုးကေန ထိုင္းအစိုးရကို တရားဝင္ စာေရးထားၿပီးေတာ့ ဒီလူေတြကို သူတို႔ရဲ႕ တရားဝင္ ေစာင့္ေရွာက္မႈေအာက္ကို ပို႔ဖို႔ဆိုၿပီး တရားဝင္ေတာင္းဆိုထားတာရွိပါတယ္။ ေနာက္ တျခား လြတ္လပ္ေရးအဖဲြ႔ေတြ၊ မီဒီယာလြတ္လပ္ေရးအဖဲြ႔ေတြ၊ ေနာက္ EU ဥေရာပသမဂၢႏိုင္ငံေတြကလည္း အလားတူပဲ ထိုင္းအစိုးရကို က်ေနာ္တို႔ သတင္းေထာက္ကို ျပန္မပို႔ဖို႔နဲ႔ UNHCR လက္ထဲကို လဲႊေပးဖို႔ဆိုၿပီး ေတာင္းဆိုထားၾကပါတယ္ခင္ဗ်။"
အခုဖမ္းဆီးထားသူေတြနဲ႔ပတ္သက္ၿပီး "လူသားစာနာမႈ" အေျခခံနဲ႔ေျဖရွင္းေရး နည္းလမ္းရွာေနတယ္လုိ႔ ထုိင္းႏုိင္ငံျခားေရးဌာနကလည္း ဒီကေန႔ေျပာပါတယ္။
"သက္ဆိုင္ရာ ထိုင္းတာဝန္ရွိသူေတြအေနနဲ႔ ဒီကိစၥနဲ႔ပတ္သက္ၿပီး လူသားစာနာမႈအေျခခံ ေျဖရွင္းနည္းမ်ဳိး ရလာႏုိင္ဖို႔ ပူးေပါင္းေဆာင္ရြက္ေနၾကပါတယ္။" လို႔ ထိုင္းႏုိင္ငံျခားေရးဌာနေျပာခြင့္ရ Tanee Sangrat က သတင္းေထာက္ေတြကို ဒီကေန႔ေျပာပါတယ္။
အခု ဖမ္းထားသူငါးဦးကို ျမန္မာႏုိင္ငံျပန္မပို႔ဖို႔လည္း ထုိင္းအာဏာပိုင္ေတြကို ေတာင္းဆိုေနၾကပါတယ္။
သူတို႔ကို ျမန္မာႏုိင္ငံျပန္ပို႔မယ္ဆိုရင္ ထိုင္းႏုိင္ငံအေနနဲ႔ ႏုိင္ငံတကာဥပေဒကို ခ်ဳိးေဖာက္တာပဲျဖစ္တယ္လုိ႔ ျမန္မာႏိုင္ငံဆိုင္ရာ အထူးအၾကံေပးေကာင္စီ (SAC-M) က ဒီကေန႔ထုတ္ျပန္ခ်က္တခုမွာ သတိေပးထားပါတယ္။
ျပန္ပို႔ခံရတယ္ဆိုရင္ ဖမ္းဆီးထိန္းသိမ္းခံရ၊ ႏွိပ္စက္ခံရမယ့္အေရးအျပင္ အသက္ဆံုး႐ံႈးတဲ့အထိ အႏၲရာယ္ရွိတာေၾကာင့္ ျပန္မပို႔ဖို႔ အျပည္ျပည္ဆိုုင္ရာလြတ္ၿငိမ္းခ်မ္းသာခြင့္အဖြဲ႔ (AI) ကလည္း ဒီကေန႔ ေတာင္းဆိုထားပါတယ္။
ထိုင္း ႏုိင္ငံျခားသတင္းေထာက္မ်ားအသင္း (FCCT) ကလည္း သူတို႔သာျပန္ပို႔ခံရရင္ ပိုဆိုးတဲ့အေျခအေနနဲ႔ မၾကံဳရရင္ေတာင္ ဖမ္းဆီး ေထာင္ခ်ခံရမွာကေတာ့ ေသခ်ာတယ္လုိ႔ ဒီကေန႔ သတိေပးထားပါတယ္။
"ျမန္မာႏိုင္ငံနဲ႔ ေဒသတြင္းက သတင္းလြတ္လပ္ခြင့္အတြက္ အေရးႀကီးတဲ့ ဒီျဖစ္ရပ္ကို ထိုင္းအာဏာပိုင္ေတြ ဘယ္လိုကိုင္တြယ္မလဲဆိုတာ ကမာၻႀကီးက ေစာင့္ၾကည့္ေနပါတယ္။" လို႔ FCCT ရဲ႕ ဒီကေန႔ထုတ္ျပန္ခ်က္မွာ ေျပာထားပါတယ္။
[Unicode Version]
ထိုင်းမှာ ဖမ်းခံရသူ DVB သတင်းထောက်တွေကို လွဲှပေးဖို့ UNHCR တောင်းဆိုထား
ထိုင်းအာဏာပိုင်တွေ မနေ့က ဖမ်းလိုက်တဲ့ DVB သတင်းထောက် သုံးဦးနဲ့ တက်ကြွလှုပ်ရှားသူနှစ်ဦးတို့ကို ဒီကနေ့ ချင်းမိုင်မြို့ ထိုင်းတရားရုံးတခုမှာ ရုံးထုတ်ခဲ့ပြီးတော့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး (UNHCR) က သူတို့စောင့်ရှောက်မှုအောက်ကို ပေးပို့ဖို့ တောင်းဆိုထားတယ်လို့ DVB အမှုဆောင်ဒါရိုက်တာ ဦးအေးချမ်းနိုင်က ဗွီအိုအေကိုပြောပါတယ်။
"ရုံးထုတ်တော့ ထိုင်းလူ့အခွင့်အရေးအဖွဲ့ကနေ အကူညီပေးထားတဲ့ လူ့အခွင့်အရေးရှေ့နေပဲ သူတို့ကို ရှေ့နေလိုက်ပေးတယ်။ လိုက်ပေးပြီးတော့ သူတို့နဲ့ စကားပြောဖို့ အချိန်လိုတဲ့အတွက်ကြောင့် တရားသူကြီးကို ရက်ရွှေ့ပေးဖို့ ခွင့်တောင်းပါတယ်။ အဲဒီလို ခွင့်တောင်းတဲ့အတွက်ကြောင့် နောက်ထပ် ၅ ရက် ရက်ရွှေ့လိုက်ပါတယ်ခင်ဗျ။ ဒီနေ့ကတော့ တရားရုံး ရုံးချိန်းကတော့ ခဏလေးနဲ့ ပြီးသွားပါတယ်။ ဒါပေမဲ့ ကုလသမဂ္ဂ UNHCR ရုံးကနေ ထိုင်းအစိုးရကို တရားဝင် စာရေးထားပြီးတော့ ဒီလူတွေကို သူတို့ရဲ့ တရားဝင် စောင့်ရှောက်မှုအောက်ကို ပို့ဖို့ဆိုပြီး တရားဝင်တောင်းဆိုထားတာရှိပါတယ်။ နောက် တခြား လွတ်လပ်ရေးအဖွဲ့တွေ၊ မီဒီယာလွတ်လပ်ရေးအဖွဲ့တွေ၊ နောက် EU ဥရောပသမဂ္ဂနိုင်ငံတွေကလည်း အလားတူပဲ ထိုင်းအစိုးရကို ကျနော်တို့ သတင်းထောက်ကို ပြန်မပို့ဖို့နဲ့ UNHCR လက်ထဲကို လွဲှပေးဖို့ဆိုပြီး တောင်းဆိုထားကြပါတယ်ခင်ဗျ။"
အခုဖမ်းဆီးထားသူတွေနဲ့ပတ်သက်ပြီး "လူသားစာနာမှု" အခြေခံနဲ့ဖြေရှင်းရေး နည်းလမ်းရှာနေတယ်လို့ ထိုင်းနိုင်ငံခြားရေးဌာနကလည်း ဒီကနေ့ပြောပါတယ်။
"သက်ဆိုင်ရာ ထိုင်းတာဝန်ရှိသူတွေအနေနဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး လူသားစာနာမှုအခြေခံ ဖြေရှင်းနည်းမျိုး ရလာနိုင်ဖို့ ပူးပေါင်းဆောင်ရွက်နေကြပါတယ်။" လို့ ထိုင်းနိုင်ငံခြားရေးဌာနပြောခွင့်ရ Tanee Sangrat က သတင်းထောက်တွေကို ဒီကနေ့ပြောပါတယ်။
အခု ဖမ်းထားသူငါးဦးကို မြန်မာနိုင်ငံပြန်မပို့ဖို့လည်း ထိုင်းအာဏာပိုင်တွေကို တောင်းဆိုနေကြပါတယ်။
သူတို့ကို မြန်မာနိုင်ငံပြန်ပို့မယ်ဆိုရင် ထိုင်းနိုင်ငံအနေနဲ့ နိုင်ငံတကာဥပဒေကို ချိုးဖောက်တာပဲဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က ဒီကနေ့ထုတ်ပြန်ချက်တခုမှာ သတိပေးထားပါတယ်။
ပြန်ပို့ခံရတယ်ဆိုရင် ဖမ်းဆီးထိန်းသိမ်းခံရ၊ နှိပ်စက်ခံရမယ့်အရေးအပြင် အသက်ဆုံးရှုံးတဲ့အထိ အန္တရာယ်ရှိတာကြောင့် ပြန်မပို့ဖို့ အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) ကလည်း ဒီကနေ့ တောင်းဆိုထားပါတယ်။
ထိုင်း နိုင်ငံခြားသတင်းထောက်များအသင်း (FCCT) ကလည်း သူတို့သာပြန်ပို့ခံရရင် ပိုဆိုးတဲ့အခြေအနေနဲ့ မကြုံရရင်တောင် ဖမ်းဆီး ထောင်ချခံရမှာကတော့ သေချာတယ်လို့ ဒီကနေ့ သတိပေးထားပါတယ်။
"မြန်မာနိုင်ငံနဲ့ ဒေသတွင်းက သတင်းလွတ်လပ်ခွင့်အတွက် အရေးကြီးတဲ့ ဒီဖြစ်ရပ်ကို ထိုင်းအာဏာပိုင်တွေ ဘယ်လိုကိုင်တွယ်မလဲဆိုတာ ကမ္ဘာကြီးက စောင့်ကြည့်နေပါတယ်။" လို့ FCCT ရဲ့ ဒီကနေ့ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။