သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မဇၩိမသတင္းဌာန ၀န္ထမ္းေဟာင္း ၂ ဦး ဖမ္းဆီးခံရ 


မဇၩိမသတင္းဌာန (Photo- Mizzima - News in Burmese)

(Zawgyi/Unicode)

မဇၩိမသတင္းဌာနရဲ႕ ၀န္ထမ္းေဟာင္း ၂ ဦးကို ျမန္မာအာဏာပိုင္ေတြ ဖမ္းဆီးသြားေၾကာင္း သတင္းဌာနတာ၀န္ရွိသူေတြက အတည္ျပဳ ေျပာဆိုလိုက္ပါတယ္။ ျမန္မာႏိုင္ငံမွာ စစ္တပ္က ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ အာဏာသိမ္းၿပီး ေနာက္ပိုင္းကတည္းက မဇၩိမသတင္းဌာနကေန တရား၀င္ႏုတ္ထြက္ထားသူေတြ ျဖစ္ၾကတဲ့ ေဒၚသင္းသင္းေအာင္နဲ႔ ကိုဂ်ိမ္းပူေထာင္းတို႔ကို ဖမ္းဆီးသြားတဲ့အေပၚ အလြန္စိုးရိမ္ေၾကာင္းလည္း ၾကာသပေတးေန႔မွာပဲ ေၾကညာခ်က္ ထုတ္ျပန္ ေျပာဆိုလိုက္တာပါ။

မဇၩိမသတင္းဌာန ပူးတဲြထူေထာင္သူလည္းျဖစ္တဲ့ ေဒၚသင္းသင္းေအာင္ဟာ က်န္းမာေရးေၾကာင့္ ႏုတ္ထြက္ထားသူျဖစ္ၿပီး၊ ဖမ္းဆီးခံရသူ ၂ ဦးစလုံးရဲ႕ အသက္အႏၲရာယ္ကို စိုးရိမ္ေၾကာင္းနဲ႔ ျပန္လႊတ္ေပးဖို႔လည္း တိုက္တြန္းထားပါတယ္။

ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းမႈကို ဆန္႔က်င္လႈပ္ရွားသူေတြကို အာဏာပိုင္ေတြ အၾကမ္းဖက္ၿဖိဳခြင္းမႈေတြ၊ ဖမ္းဆီးမႈေတြ ဆက္တိုက္ဆိုသလို လုပ္လာရာမွာ တက္ႂကြလႈပ္ရွားသူေတြ သာမက သတင္းမီဒီယာသမားေတြ၊ အႏုပညာရွင္ေတြ အပါအ၀င္ နယ္ပယ္အသီးသီးက လူေပါင္းရာနဲ႔ခ်ီ ဖမ္းဆီးခံထားရတာ ျဖစ္ပါတယ္။

............

မဇ္ဈိမသတင်းဌာန ဝန်ထမ်းဟောင်း ၂ ဦး ဖမ်းဆီးခံရ
(Unicode)

မဇ္ဈိမသတင်းဌာနရဲ့ ဝန်ထမ်းဟောင်း ၂ ဦးကို မြန်မာအာဏာပိုင်တွေ ဖမ်းဆီးသွားကြောင်း သတင်းဌာနတာဝန်ရှိသူတွေက အတည်ပြု ပြောဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်က ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီး နောက်ပိုင်းကတည်းက မဇ္ဈိမသတင်းဌာနကနေ တရားဝင်နုတ်ထွက်ထားသူတွေ ဖြစ်ကြတဲ့ ဒေါ်သင်းသင်းအောင်နဲ့ ကိုဂျိမ်းပူထောင်းတို့ကို ဖမ်းဆီးသွားတဲ့အပေါ် အလွန်စိုးရိမ်ကြောင်းလည်း ကြာသပတေးနေ့မှာပဲ ကြေညာချက် ထုတ်ပြန် ပြောဆိုလိုက်တာပါ။

မဇ္ဈိမသတင်းဌာန ပူးတွဲထူထောင်သူလည်းဖြစ်တဲ့ ဒေါ်သင်းသင်းအောင်ဟာ ကျန်းမာရေးကြောင့် နုတ်ထွက်ထားသူဖြစ်ပြီး၊ ဖမ်းဆီးခံရသူ ၂ ဦးစလုံးရဲ့ အသက်အန္တရာယ်ကို စိုးရိမ်ကြောင်းနဲ့ ပြန်လွှတ်ပေးဖို့လည်း တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်လှုပ်ရှားသူတွေကို အာဏာပိုင်တွေ အကြမ်းဖက်ဖြိုခွင်းမှုတွေ၊ ဖမ်းဆီးမှုတွေ ဆက်တိုက်ဆိုသလို လုပ်လာရာမှာ တက်ကြွလှုပ်ရှားသူတွေ သာမက သတင်းမီဒီယာသမားတွေ၊ အနုပညာရှင်တွေ အပါအဝင် နယ်ပယ်အသီးသီးက လူပေါင်းရာနဲ့ချီ ဖမ်းဆီးခံထားရတာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG