သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးဖိအားကို အာခံခဲ့တဲ့ VOA ညွှန်မှူး နဲ့ သတင်းထောက်တွေ NLA အထူးဆုချီးမြှင့်ခံရ


နိုင်ငံရေးဖိအားကို အာခံခဲ့တဲ့ VOA ညွှန်မှူး နဲ့ သတင်းထောက်တွေ NLA အထူးဆုချီးမြှင့်ခံရ
နိုင်ငံရေးဖိအားကို အာခံခဲ့တဲ့ VOA ညွှန်မှူး နဲ့ သတင်းထောက်တွေ NLA အထူးဆုချီးမြှင့်ခံရ

(Zawgyi/Unicode)

၂၀၂၁ ခုနှစ်အတွက် သတင်းဌာနဦးဆောင်သူများအဖွဲ့ News Leaders Association – NLA ဥက္ကဋ္ဌ အထူးဆုကို VOA အစီအစဉ်ဒါရိုက်တာ Kelu Chao နဲ့ VOA ဌာနသတင်းထောက်တွေကို ချီးမြှင့်လိုက်ပါတယ်။

VOA အစီအစဉ်ဒါရိုက်တာ Kelu Chao
VOA အစီအစဉ်ဒါရိုက်တာ Kelu Chao

နိုင်ငံရေး ဖိအားတွေခံနေရတဲ့ ကြားကနေ အချက်အလက်ပေါ် အခြေခံတဲ့ သတင်းတွေကိုပဲ သတ္တိရှိရှိ ရပ်တည် တင်ပြခဲ့တာကြောင့် ပေးအပ်တာ ဖြစ်ကြောင်း NLA က ပြောပါတယ်။

Ms. Chao ဟာ VOA ရဲ့ သတင်းတွေမှာ နိုင်ငံရေးလွှမ်းမိုးမှု မရှိစေဖို့ လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့် ဆိုင်ရာ အမေရိကန်ဖွဲ့စည်းပုံဥပဒေ ပထမ ပြင်ဆင်ချက်ပါ ရပိုင်ခွင့်အတွက် VOA ကို ကြီးကြပ်ရတဲ့ အမေရိကန်သတင်းဌာန USAGM ကို တရားစွဲဆိုရာမှာ ထင်ရှားတဲ့ ဦးဆောင်သူ ဖြစ်ကြောင်း၊ သူ့အလုပ်ရာထူးထိခိုက်နိုင်တဲ့ အန္တရာယ်ရှိတဲ့ ကြားကပဲ နိုင်ငံရေးလွှမ်းမိုးမှု မခံတဲ့ သတင်းတွေ ထုတ်လွှင့်တဲ့ ထောင်နဲ့ချီတဲ့ VOA ဝန်ထမ်းအားလုံး ဘက်က မားမားမတ်မတ် ရပ်တည်ပေးခဲ့ သူဖြစ်ကြောင်း NLA ရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

Ms. Chao ကတော့ VOA ဝန်ထမ်းတွေ အနေနဲ့ နိုင်ငံရေးအရ ဝင်ရောက်စွက်ဖက်မှု အများအပြားကို အလုပ်ဖြုတ်ခံရမယ့် အရေး စွန့်စားပြီး တွန်းလှန်ခဲ့ကြတယ်လို့ ချီးကြူးခဲ့ပါတယ်။ သတင်းလွတ်လပ်ခွင့် ဆိုင်ရာ အကာကွယ်ပေးထားတာကို အုပ်ချုပ်ရေး အရာရှိကြီးတွေက ကျူးကျော်ပြီး နိုင်ငံရေးစွဲ မကင်းတဲ့ အစီစဉ်တွေနဲ့ သတင်းရေးသားဖို့ ဖိအားပေးတာကို VOA ဝန်ထမ်းတွေက ကန့်ကွက်ခဲ့ကြတယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် သူတာဝန်ထမ်းဆောင်ချိန် ကာလအတွင်း ဒါတွေကို ခေါင်းငုံ့မခံပဲ ပိုမိုအဆင့်မြင့်တဲ့ တာဝန်ရှိသူတွေ သိအောင် တိုင်တန်းခဲ့ကြောင်း၊ ဒီလို နိုင်ငံရေးအရ ဖိအားပေးတာမျိုး မလုပ်ဖို့ တရားရုံးက တားဝရန်းထုတ်ပေးတာဟာ VOA သတင်းရဲ့ အရည်အသွေးကို အာမခံလိုက်တာ ဖြစ်ကြောင်းလည်း Ms. Chao ကပြောကြားခဲ့ပါတယ်။

NLA ဟာ အမေရိကန်ပြည်ထောင်စုက ရေဒီယို၊ ရုပ်သံနဲ့ ပုံနှိပ် သတင်းမီဒီယာဌာနတွေက အယ်ဒီတာတွေ ပါဝင်ဖွဲ့စည်းထားတဲ့ လွတ်လပ်တဲ့ အဖွဲ့အစည်း တခု ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


.............


(Unicode)







ဆက်စပ်သတင်းများ ...

XS
SM
MD
LG