သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

USAGM အႀကီးအကဲ Michael Pack ရဲ႕လုပ္ရပ္ကုိ ဟန္႔တားေပးဖုိ႔ ညႊန္မွဴးေဟာင္းေတြ တရားစြဲ


The U.S. Agency for Global Media logo at Voice of America, in Washington, D.C., Nov. 22, 2019. (VOA)

(Zawgyi/Unicode)

ဇြန္လမွာ အေမရိကန္ ကမာၻ႔သတင္းမီဒီယာဌာန USAGM ရဲ႕ အႀကီးအကဲသစ္ျဖစ္လာတဲ့ Michael Pack နဲ႔ သူ႔အဖြဲ႔ဟာ သူအလုပ္စဝင္ခ်ိန္ကစၿပီး USAGM ကို အေမရိကန္အစိုးရရဲ့ သတင္းဌာနတခု ျဖစ္လာေအာင္ ျပဳျပင္ေျပာင္းလဲဖို႔ အျပင္းအထန္ လုပ္ေနတယ္လို႔ ၾကာသပေတးေန႔ ဝါရွင္တန္ဒီစီ တရားရံုးမွာ တင္သြင္းတဲ့ စြဲခ်က္ မွာ ေဖၚျပထားပါတယ္။

အလုပ္ကေနဆိုင္းငံ့ခံခဲ့ရတဲ့ USAGM ဝန္ထမ္းေဟာင္း ၅ ဦးကိုယ္စားတင္သြင္းတဲ့ စာမ်က္ႏွာ ၈၄ မ်က္ႏွာပါ စြဲခ်က္ထဲမွာ Michael Pack နဲ႔ သူ႔အဖြဲ႔ရဲ့ လုပ္ေဆာင္မႈေတြဟာ တရားဥပေဒနဲ႔ မညီညြတ္တာ ဒါမွမဟုတ္ လက္စားေခ်တာ နဲ႔ သတင္းမီဒီယာကြန္ယက္ကို ႏိုင္ငံေရးလႊမ္းမိုးမႈ ကင္းေအာင္ ကာကြယ္တဲ့ တားျမစ္ခ်က္ကို ခ်ိဳးေဖာက္တာမ်ိဳး ျဖစ္တဲအတြက္ သူတို႔ရဲ့ ဆံုးျဖတ္ခ်က္နဲ႔ လုပ္ရပ္ေတြကို တားျမစ္ေပးဖို႔၊ တရားရံုးကေန ပါဝင္ေဆာင္ရြက္ေပးဖုိ႔ ပန္ၾကားထားတာ ျဖစ္ပါတယ္။

VOA နဲ႔ တျခားသတင္းမီဒီယာဌာန ၄ ခုကို ႀကီးၾကပ္ရတဲ့ USAGM ရဲ့ အႀကီးအကဲအျဖစ္ တာဝန္စထမ္းေဆာင္ခ်ိန္မွာ Michael Pack ဟာ သတင္းမီဒီယာ ဌာန ၄ ခုက အႀကီးအကဲေတြကို အလုပ္ျဖဳတ္ပစ္ခဲ့တာျဖစ္ၿပီး သူအလုပ္မဝင္ခင္ ႏုတ္ထြက္သြားတဲ့ VOA အႀကီးအကဲ Amanda Bennett ေနရာမွာ Elez Biberaj ကို ယာယီအႀကီးအကဲ အျဖစ္ ခန္႔အပ္ခဲ့တာ ျဖစ္ပါတယ္။

သတင္းမီဒီယာဌာန တခုျဖစ္တဲ့ Open Technology Fund အဖြဲ႔က အဖြဲ႔အႀကီးအကဲကို အလုပ္ျဖဳတ္ပစ္တာနဲ႔ သတင္းဌာနေတြမွာ လုပ္ေနတဲ့ ႏိုင္ငံတကာ သတင္းေထာက္ေတြအတြက္ ျပည္ဝင္ခြင့္ ဗီဇာ သက္တမ္းတိုးေပးဖို႔ ပ်က္ကြက္တာ အပါအဝင္ ကိစၥရပ္ေတာ္ေတာ္မ်ားမ်ား အတြက္ စိုးရိမ္စိတ္ပူေၾကာင္း ေအာက္လႊတ္ေတာ္ ႏိုင္ငံျခားေရးေကာ္မတီ အဖြဲ႔ဝင္ေတြက ေျပာၾကားခဲ့တာပါ။

ၾသဂုတ္လထဲမွာ ခြင့္ ခံစားခြင့္ေပးလိုက္တဲ့ USAGM က CFO အႀကီးကဲေဟာင္း Grant Turner နဲ႔ တျခား အႀကီးတန္းအမႈေဆာင္ အရာရွိေဟာင္း ၄ ဦးတို႔က ၾကာသပေတးေန႔မွာ တရားစြဲဆိုလိုက္တာ ျဖစ္ၿပီး တရားစြဲဆိုခံရသူေတြကေတာ့ USAGM ရဲ႕ CEO ျဖစ္တဲ့ Michael Pack နဲ႔ သူ႔ရဲ႕ ဝန္ထမ္း ၅ ဦးျဖစ္ပါတယ္။

Michael Pack နဲ႔ သူ႔အဖြဲ႔ဟာ သတင္းေတြအတြက္ သတင္းတည္းျဖတ္ေရးဆံုးျဖတ္ခ်က္ကို စြက္ဖက္တာ နဲ႔ USAGM ကြန္ယက္ထဲက သတင္းေထာက္ေတြရဲ့ လူမႈမီဒီယာမွာတင္တဲ့ ပုဂၢိဳလ္ေရး ေရးသားခ်က္ေတြ မွာ သမၼတ ေဒၚနယ္ထရမ့္ကို ဆန္႔က်င္တဲ့ ဘက္လိုက္မႈေတြ ရွိမရွိ တည္းျဖတ္စစ္ေဆးတာေတြ လုပ္ၿပီး Firewall violations လို႔ေခၚတဲ့ ျပင္ပဝင္စြက္ျခင္း တားျမစ္ေရး ခ်ိဳးေဖာက္မႈနဲ႔ မွားယြင္းတဲ့ စီမံခန္႔ခြဲမႈေတြ ရွိမွာကို စိုးရိမ္ေၾကာင္း တရားစြဲဆိုမႈမွာ ေဖၚျပထားပါတယ္။

VOA ကို ေသာၾကာေန႔က ေပးပို႔တဲ့ ေၾကညာခ်က္ တေစာင္ထဲမွာေတာ့ Michael Pack က အခုလို တရားစြဲဆုိမႈဟာ အဓိပၸါယ္မရွိေၾကာင္းနဲ႔ သူနဲ႔ သူ႔အဖြဲ႔ရဲ့ ဆံုးျဖတ္ လုပ္ေဆာင္ခ်က္ေတြ အားလံုးဟာ မွန္ကန္ၿပီး တရားဥပေဒနဲ႔ ညီညြတ္တယ္လို႔ ေဖၚျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


................

USAGM အကြီးအကဲ Michael Pack ရဲ့လုပ်ရပ်ကို ဟန့်တားပေးဖို့ ညွှန်မှူးဟောင်းတွေ တရားစွဲ

(Unicode)

ဇွန်လမှာ အမေရိကန် ကမ္ဘာ့သတင်းမီဒီယာဌာန USAGM ရဲ့ အကြီးအကဲသစ်ဖြစ်လာတဲ့ Michael Pack နဲ့ သူ့အဖွဲ့ဟာ သူအလုပ်စဝင်ချိန်ကစပြီး USAGM ကို အမေရိကန်အစိုးရရဲ့ သတင်းဌာနတခု ဖြစ်လာအောင် ပြုပြင်ပြောင်းလဲဖို့ အပြင်းအထန် လုပ်နေတယ်လို့ ကြာသပတေးနေ့ ဝါရှင်တန်ဒီစီ တရားရုံးမှာ တင်သွင်းတဲ့ စွဲချက် မှာ ဖေါ်ပြထားပါတယ်။

အလုပ်ကနေဆိုင်းငံ့ခံခဲ့ရတဲ့ USAGM ဝန်ထမ်းဟောင်း ၅ ဦးကိုယ်စားတင်သွင်းတဲ့ စာမျက်နှာ ၈၄ မျက်နှာပါ စွဲချက်ထဲမှာ Michael Pack နဲ့ သူ့အဖွဲ့ရဲ့ လုပ်ဆောင်မှုတွေဟာ တရားဥပဒေနဲ့ မညီညွတ်တာ ဒါမှမဟုတ် လက်စားချေတာ နဲ့ သတင်းမီဒီယာကွန်ယက်ကို နိုင်ငံရေးလွှမ်းမိုးမှု ကင်းအောင် ကာကွယ်တဲ့ တားမြစ်ချက်ကို ချိုးဖောက်တာမျိုး ဖြစ်တဲအတွက် သူတို့ရဲ့ ဆုံးဖြတ်ချက်နဲ့ လုပ်ရပ်တွေကို တားမြစ်ပေးဖို့၊ တရားရုံးကနေ ပါဝင်ဆောင်ရွက်ပေးဖို့ ပန်ကြားထားတာ ဖြစ်ပါတယ်။

VOA နဲ့ တခြားသတင်းမီဒီယာဌာန ၄ ခုကို ကြီးကြပ်ရတဲ့ USAGM ရဲ့ အကြီးအကဲအဖြစ် တာဝန်စထမ်းဆောင်ချိန်မှာ Michael Pack ဟာ သတင်းမီဒီယာ ဌာန ၄ ခုက အကြီးအကဲတွေကို အလုပ်ဖြုတ်ပစ်ခဲ့တာဖြစ်ပြီး သူအလုပ်မဝင်ခင် နုတ်ထွက်သွားတဲ့ VOA အကြီးအကဲ Amanda Bennett နေရာမှာ Elez Biberaj ကို ယာယီအကြီးအကဲ အဖြစ် ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။

သတင်းမီဒီယာဌာန တခုဖြစ်တဲ့ Open Technology Fund အဖွဲ့က အဖွဲ့အကြီးအကဲကို အလုပ်ဖြုတ်ပစ်တာနဲ့ သတင်းဌာနတွေမှာ လုပ်နေတဲ့ နိုင်ငံတကာ သတင်းထောက်တွေအတွက် ပြည်ဝင်ခွင့် ဗီဇာ သက်တမ်းတိုးပေးဖို့ ပျက်ကွက်တာ အပါအဝင် ကိစ္စရပ်တော်တော်များများ အတွက် စိုးရိမ်စိတ်ပူကြောင်း အောက်လွှတ်တော် နိုင်ငံခြားရေးကော်မတီ အဖွဲ့ဝင်တွေက ပြောကြားခဲ့တာပါ။

သြဂုတ်လထဲမှာ ခွင့် ခံစားခွင့်ပေးလိုက်တဲ့ USAGM က CFO အကြီးကဲဟောင်း Grant Turner နဲ့ တခြား အကြီးတန်းအမှုဆောင် အရာရှိဟောင်း ၄ ဦးတို့က ကြာသပတေးနေ့မှာ တရားစွဲဆိုလိုက်တာ ဖြစ်ပြီး တရားစွဲဆိုခံရသူတွေကတော့ USAGM ရဲ့ CEO ဖြစ်တဲ့ Michael Pack နဲ့ သူ့ရဲ့ ဝန်ထမ်း ၅ ဦးဖြစ်ပါတယ်။

Michael Pack နဲ့ သူ့အဖွဲ့ဟာ သတင်းတွေအတွက် သတင်းတည်းဖြတ်ရေးဆုံးဖြတ်ချက်ကို စွက်ဖက်တာ နဲ့ USAGM ကွန်ယက်ထဲက သတင်းထောက်တွေရဲ့ လူမှုမီဒီယာမှာတင်တဲ့ ပုဂ္ဂိုလ်ရေး ရေးသားချက်တွေ မှာ သမ္မတ ဒေါ်နယ်ထရမ့်ကို ဆန့်ကျင်တဲ့ ဘက်လိုက်မှုတွေ ရှိမရှိ တည်းဖြတ်စစ်ဆေးတာတွေ လုပ်ပြီး Firewall violations လို့ခေါ်တဲ့ ပြင်ပဝင်စွက်ခြင်း တားမြစ်ရေး ချိုးဖောက်မှုနဲ့ မှားယွင်းတဲ့ စီမံခန့်ခွဲမှုတွေ ရှိမှာကို စိုးရိမ်ကြောင်း တရားစွဲဆိုမှုမှာ ဖေါ်ပြထားပါတယ်။

VOA ကို သောကြာနေ့က ပေးပို့တဲ့ ကြေညာချက် တစောင်ထဲမှာတော့ Michael Pack က အခုလို တရားစွဲဆိုမှုဟာ အဓိပ္ပါယ်မရှိကြောင်းနဲ့ သူနဲ့ သူ့အဖွဲ့ရဲ့ ဆုံးဖြတ် လုပ်ဆောင်ချက်တွေ အားလုံးဟာ မှန်ကန်ပြီး တရားဥပဒေနဲ့ ညီညွတ်တယ်လို့ ဖေါ်ပြထားပါတယ်။

XS
SM
MD
LG