သုံးရလွယ်ကူစေသည့် Link များ

Sean Turnell ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ သြစတြေးလျတောင်းဆို


ဒေါ်အောင်ဆန်းစုကြည်နှင့် အတူတွေ့ရသည့် Sean Turnell (ဇန်နဝါရီ ၃၀၊ ၂၀၁၂) (ဓာတ်ပုံ - Sean Turnell Facebook)
ဒေါ်အောင်ဆန်းစုကြည်နှင့် အတူတွေ့ရသည့် Sean Turnell (ဇန်နဝါရီ ၃၀၊ ၂၀၁၂) (ဓာတ်ပုံ - Sean Turnell Facebook)

(Zawgyi/Unicode)

ထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေးဖြစ်သူ အခု မြန်မာနိုင်ငံမှာ အဖမ်းခံထားရတဲ့ သြစတြေးလျနိုင်ငံသား ပါမောက္ခ Sean Turnell ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ မြန်မာစစ်အုပ်ချုပ်ရေးကောင်စီကို သြစတြေးလျနိုင်ငံက ဒီကနေ့ ထပ်မံ တောင်းဆိုလိုက်ပါတယ်။

ဆစ်ဒနီမြို့ Macquarie တက္ကသိုလ် ပါမောက္ခ Sean Turnell ဟာ ထိန်းသိမ်းခံနေရတာ ၂ လရှိပြီဖြစ်ပြီး သူ့ကို မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေ၊ မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေအရ စစ်ဆေးနေတဲ့အကြောင်း မတ်လ ၂၃ ရက်နေ့ နေပြည်တော်မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ စစ်အုပ်ချုပ်ရေးကောင်စီ ပြောခွင့်ရ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောဆိုထားပါတယ်။

Sean Turnell ကို သြစတြေးလျ သံအရာရှိတချို့နဲ့ ဆက်သွယ် စကားပြောခွင့် အကန့်အသတ်နဲ့ ခွင့်ပြုထားတာ အတည်ပြုခဲ့ပေမယ့် နောက်ထပ် သတင်းအချက်အလက် VOA က မေးမြန်းတာတွေကိုတော့ ဖြေကြားခဲ့ခြင်းမရှိပါဘူး။

ပါမောက္ခ Sean Turnell ကို ဖမ်းဆီးမှုဟာ တရားလက်လွတ် ဖမ်းဆီးမှုဖြစ်တယ်လို့ သုံးနှုန်းပြီး သူ့ကို ချက်ခြင်း ပြန်လွှတ်ပေးပြီး မိသားစုထံ ပြန်ပို့ဖို့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူက ဒီကနေ့ ကြေညာချက် ထုတ်ပြန် တောင်းဆိုထားပါတယ်။

ဖမ်းဆီးထားတဲ့ အကြောင်းရင်းနဲ့ ပတ်သက်လို့ အချက်အလက်တွေကို မြန်မာနိုင်ငံ အတွင်းမှာရော၊ သြစတြေးလျမှာရှိတဲ့ မြန်မာသံရုံးကိုပါ စုံစမ်းမေးမြန်းခဲ့တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာ Sean Turnell ဟာ ပထမဆုံးဖမ်းဆီး ထိန်းသိမ်းခံရတဲ့နိုင်ငံခြားသား ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်



-----------------

(Unicode)







XS
SM
MD
LG