သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒါ်အောင်ဆန်းစုကြည်အပေါ် စွဲတင်အမှုပေါင်း ၅ မှုရှိပြီ


Khin Maung Zaw (C), a lawyer representing detained Myanmar civilian leader Aung San Suu Kyi and ousted president Win Myint, is pictured outside Zabuthiri Township Court in Naypyidaw on February 16, 2021. (Photo by STR / AFP)
Khin Maung Zaw (C), a lawyer representing detained Myanmar civilian leader Aung San Suu Kyi and ousted president Win Myint, is pictured outside Zabuthiri Township Court in Naypyidaw on February 16, 2021. (Photo by STR / AFP)

{{Zawgyi/Unicode}}
မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲတင်ထားတဲ့အမှု ၅ မှု ရှိသွားပြီလို့ ဥပဒေအကျိုးဆောင် ရှေ့နေကြီး ဦးခင်မောင်ဇော်က ဗွီအိုအေကို ပြောပါတယ်။

" နေပြည်တော်မှာ ၄ မူ၊ ရန်ကုန်မှာ ၁ မူ ပေါ့။ နေပြည်တော် ၄ မူ့ ကတော သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမူ ဥပဒေ ပုဒမ ၂၅ ၊ နောက်တခါ ပို့ကုန်သွင်းကုန် ဥပဒေ ပုဒ်မ ၈ ၊ နောက်တခါ ဆက်သွယ်ရေးဥပဒေ ၆၇၊ နောက်တခါ ရာဇသတ်ကြီးပုဒ်မ ၅ဝ၅ ခ ပေါ့။ နေပြည်တော်မှာ ။ နောက်တခါ ရန်ကုန် အရှေ့ပိုင်းခရိုင်တရားရုံးမှာကတော့ အစိုးရလျှို့ဝှက်ချက် အက်ဥပဒေပုဒ်မ ၃၁ ဂပေါ့"

ဒေါ်အောင်ဆန်းစုကြည်၊ သူ့ရဲ့ စီးပွားရေးအကြံပေး Sean Turnell နဲ့ တခြား ဝန်ကြီး ၃ ဦးတို့အပေါ် စွဲချက်တင်လိုက်တာဖြစ်ပေမယ့် ဝန်ကြီး ၃ ဦးဟာ ဘယ်သူတွေဖြစ်တယ်ဆိုတာတော့ မသိရသေးပါဘူး။

ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ကို လက်ရှိအပြင်မှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးပဋိပက္ခတွေကို ပြောပြခွင့်မရသေးတဲ့အတွက် သူတို့အနေနဲ့ သိထားပုံမရဘူးလို့လည်း ရှေ့နေတွေက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒေါ်လာနဲ့ ရွှေတွေ လက်ခံရယူခဲ့တယ်ဆိုပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးနေကြောင်းလည်း စစ်တပ်ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတွေမှာ ပြောဆိုထားပါတယ်။

မနေ့တုန်းကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းမာရေးကောင်းပုံရတယ်လို့ သူမနဲ့ ဗွီဒီယိုကတဆင့် တွေ့ဆုံခွင့်ရခဲ့တဲ့ အကျိုးဆောင်ရှေ့နေ ဒေါ်မင်းမင်းစိုးရဲ့ ပြောကြားချက်ကို ကိုးကားပြီး အကျိုးဆောင်ရှေ့နေအဖွဲ့ဝင် ရှေ့နေကြီး ဦးခင်မောင်ဇော်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အတွက် နောက်ထပ်ရုံးချိန်းကို ဧပြီလ ၁၂ ရက်နေ့မှာ ပြန်ချိန်းထားပါတယ်။

.................................

တိုက်ရိုက် လင့်ခ်

{{Unicode}}








XS
SM
MD
LG