သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္အုပ္ခ်ဳပ္ေရးေကာင္စီသတင္းရွင္းလင္းပဲြနဲ႔ VOA ေမးျမန္းခ်က္မ်ား


စစ္အုပ္ခ်ဳပ္ေရးေကာင္စီသတင္းစာရွင္းလင္းပဲြ ေျပာခြင့္ရ ဗိုလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္း။ (မတ္ ၂၃၊ ၂၀၂၁)

[Zawgyi/Unicode]

စစ္အာဏာသိမ္းဆန္႔က်င္တဲ့ ဆႏၵျပမႈေတြကို အၾကမ္းဖက္တုံ႔ျပန္ႏွိမ္နင္းရာမွာ အမ်ားျပည္သူရဲ့အခဲမေၾက မုန္းတီးမႈေတြျဖစ္လာေစမလား၊ ၾသစေၾတးလ် စီးပြားေရးပညာရွင္ Sean Turnell အမႈ၊ ျမန္မာႏိုင္ငံအၾကပ္အတည္းအတြက္ တ႐ုတ္ႏိုင္ငံရဲ႕ကမ္းလွမ္းမႈ၊ ေဒၚေအာင္ဆန္းစုၾကည္အပါအ၀င္ အရင္အစိုးရေခါင္းေဆာင္ေတြနဲ႔ ညိွႏိႈင္းမႈျဖစ္လာႏိုင္မလားဆိုတဲ့ ေမးခြန္းေတြကို ဒီကေန႔ ျပဳလုပ္တဲ့ စစ္အုပ္ခ်ဳပ္ေရးေကာင္စီသတင္းစာရွင္းလင္းပဲြမွာ VOA က ေမးျမန္းခဲ့ပါတယ္။ ကိုယ္တိုင္တတ္ေရာက္ ေမးျမန္းသတင္းယူခဲ့တဲ့ VOA သတင္းေထာက္ ကိုမိုးေဇာ္ကို ကိုသားၫြန္႔ဦး ဆက္သြယ္ေမးျမန္းထားပါတယ္။

ကိုသားၫြန္႔ဦး။ ။ အခုေနျပည္ေတာ္မွာ ျမန္မာစစ္ေကာင္စီက လုပ္တဲ့ သတင္းစာရွင္းလင္းပဲြကို အခုဒီေန႔ သတင္းယူခဲ့တယ္ဆိုေတာ့ အဓိကက ဘာေတြေမးျဖစ္ခဲ့သလဲဆိုတာကို အၾကမ္ဖ်ဥ္း ေျပာျပပါလား။

ကိုမိုးေဇာ္။ ။ အခု လက္ရွိအေျခအေနမွာေပါ့ေလ... ဒီ န.စ.က ေကာင္စီဘက္ကေနၿပီးေတာ့ သူတို႔ ေျပာတာကေတာ့ ဒီဆႏၵျပပဲြေတြ ေအးေအးခ်မ္းခ်မ္းျဖစ္တဲ့အခ်ိန္မွာေတာ့ သူတို႔ဘက္က ပစ္ခတ္ႏွိမ္နင္းတာမ်ိဳးေတြ မရွိဘူးေပါ့။ ေနာက္ပိုင္းမွာ ဒီလိုမ်ိဳးအၾကမ္းဖက္မႈေတြ ရွိလာတယ္ဆိုတဲ့ အေနအထားမွာ သူတို႔ဘက္က ပစ္ခတ္ႏွိမ္နင္းတာေတြရွိတယ္ဆိုတဲ့ဟာကို ေျပာတယ္။ အဲဒီဟာေတြက မင္းမဲ့စရိုက္ဆန္တဲ့အေနအထားေၾကာင့္ဆိုၿပီးေတာ့ သူတို႔ဘက္က သတင္းစာ ရွင္းလင္းပဲြမွာ ေျပာတယ္ေပါ့ေလ။ ေျပာေတာ့ က်ေနာ္တို႔က ျပန္ေမးပါတယ္။ အဲဒါဆိုရင္ ကုလသမဂၢနဲ႔ ႏိုင္ငံတကာက ဒီလံုျခံဳေရးတပ္ဖဲြ႔ေတြက ဆႏၵျပသူေတြကို အင္အားသံုးၿပီး ေျဖရွင္းတယ္ဆိုေတာ့ ျပစ္တင္ ရႈတ္ခ်တာေတြရွိတယ္ေပါ့။ ဒီ ျမန္မာႏိုင္ငံသားအမ်ားစုကလည္း အဲဒီေပၚမွာ မေက်နပ္မႈေတြ ရွိေနတယ္။ အခဲမေၾကတာေတြ ျဖစ္လာတယ္ေပါ့ေလ။ အဲဒီအေပၚမွာ တပ္နဲ႔ ျပည္သူနဲ႔က တျဖည္းျဖည္း ကင္းကြာလာတဲ့အေနအထားရွိတယ္။ ရွိေတာ့ အဲဒီအေျခအေနကို ဘယ္လို ေျဖရွင္းမလဲေပါ့။ အခု ပစ္ခတ္မႈနဲ႔ စစ္အုပ္ခ်ဳပ္ေရးကိုေရာ၊ martial law ေတြကိုေရာ ဘယ္အခ်ိန္မွာ ရုပ္သိမ္းဖို႔ ရွိမလဲဆိုတာမ်ိဳး ေမးျဖစ္ပါတယ္ ခင္ဗ်။

ဗိုလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္း။ ။ ႏိုင္ငံတကာကလည္း ေျပာတဲ့ဟာေတြရွိပါတယ္။ ျပီးေတာ့ ခုဏက ေျပာသလို ျပည္သူနဲ႔ ကင္းကြာတယ္လို႔ ခံစားရပါသလား။ ကင္းကြာေနတယ္လို႔ မခံစားရပါဘူး က်ေနာ္တို႔ကေတာ့။ မခံစားရပါဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ တခါတေလမွာ ဆူးစူးေနတာကို နာမွာစိုးလို႔မို႔လို႔ မထြင္လို႔မရပါဘူး။ ဆူးစူးေနတာကို မနာေစခ်င္ရင္ ထြင္ရမွာ ျဖစ္ပါတယ္။ ဆူးၾကီးရင္ ၾကီးသေလာက္ အပ္ခ်ိတ္ၾကီးၾကီး သံုးရပါလိမ့္မယ္။ ဆူးေသးရင္ ေသးသေလာက္ အပ္ခ်ိတ္ေသးေသးသံုးရပါလိမ့္မယ္။ အဲ့ဒီလိုေၾကာင့္ အဲဒီဆူးကို အပ္နဲ႔ ထြင္တဲ့အခါမွာ နာသင့္သေလာက္နာပါလိမ့္မယ္။ နာသင့္သေလာက္နာမယ္ဆိုတာ မထြင္ဘဲေနရင္ ေျခေထာက္၊ ဆူးစူးတဲ့ ေျခေထာက္ ျဖတ္ပစ္ရမွာမို႔လို႔ ထြင္ေနျခင္းျဖစ္ပါတယ္။ ဆက္ၿပီးထြင္ရပါလိမ့္မယ္။ ဆူးၾကီးရင္ၾကီးသေလာက္ နာပါလိမ့္မယ္။ ဒီအတြက္ေတာ့ ေျခေထာက္ကေန ဦးေႏွာက္ကေန မုန္းခ်င္မုန္းပါမယ္။ ေပ်ာက္သြားရင္ ဦးေႏွာက္နဲ႔ ေျခေထာက္ တသားတည္း ျဖစ္သြားပါလိမ့္မယ္။ ကိစၥမရွိပါဘူး။ ေက်းဇူးတင္ပါတယ္။

ကိုမိုးေဇာ္။ ။ ဒုတိယတခုကေတာ့ ခုဏ ဗိုလ္ခ်ဳပ္ရွင္းျပသြားပါတယ္။ အဂတိလိုက္စားမႈေတြနဲ႔ ပတ္သက္တယ္ဆိုတဲ့အခ်က္မွာ ရန္ကုန္တိုင္း ဝန္ၾကီးခ်ဳပ္ ဦးျဖိဳးမင္းသိန္းရဲ႕ သက္ေသခံတဲ့ဟာေတြကိုလည္း ျပသသြားတာကို က်ေနာ္တို႔ ေတြ႔ရတယ္ေပါ့ေလ။ ဆိုေတာ့ က်ေနာ္ ေမးခ်င္တာ အဲဒီဟာမ်ိဳးေပါ့ ဒီ ၾသစေၾတးလ်ႏိုင္ငံသား Sean Turnell ေပါ့... သူနဲ႔ပတ္သက္လို႔ သူရဲ႕ ထုတ္ေဖာ္စဲြဆိုမႈေတြေၾကာင့္မို႔လို႔ ဒီမသမာတဲ့ ႏိုင္ငံရပ္ျခားက ယိုယြင္းစီးဆင္းမႈေတြရွိတယ္ဆိုတာမ်ိဳး အေစာပိုင္းတုန္းက သတင္းထုတ္ျပန္ထားတာေတြ႔ရတယ္။ အဲဒါနဲ႔ ပတ္သက္လို႔ အေသးစိတ္ ထြက္လာတာမ်ိဳးမရွိေသးဘူး။ ဒီေျပာထားတဲ့ ကိစၥေတြနဲ႔ ပတ္သင္ၿပီးေတာ့ေပါ့ေလ။ အဲဒီေတာ့ က်ေနာ္အဓိက ေမးလိုတာကေတာ့ Sean Turnell က ဒီ န.စ.က ေကာင္စီနဲ႔ ပူးေပါင္းၿပီးေတာ့မွ အရင္အစိုးရရဲ႕ ေငြေၾကးမသမာမႈေတြ သက္ေသခံမယ့္ အေနအထားမ်ိဳး ရွိလားဆိုတဲ့ဟာေပါ့ေလ။ အဲဒီအမႈအေၾကာင္းကို ပိုၿပီးေတာ့ အေသးစိတ္ ေျပာျပလို႔ ရမလား။ ေနာက္ သူထုတ္ေဖာ္တဲ့အခ်က္ေတြက ၿပီးခဲ့တဲ့ အစိုးရအၾကီးအကဲေတြမွာ ဘယ္သူ႔ကို ဦးတည္ၿပီး တရားစဲြဆိုတာမ်ိဳး ျဖစ္ေစသလဲဆိုတဲ့အခ်က္ေလး ေမးလိုပါတယ္ခင္ဗ်။

ဗိုလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္း။ ။ အဲဒါကေတာ့ အရင္ ေျဖလိုက္မယ္။ က်ေနာ္တို႔က ၾသစေၾတးလ်ႏိုင္ငံသား Mr Sean Turnell နဲ႔ ပတ္သက္ၿပီးေတာ့ သူ႔ကို စစ္ေဆးေနတဲ့ဟာကေတာ့ ျမန္မာႏိုင္ငံလူဝန္မႈၾကီးၾကပ္ေရး အက္ ဥပေဒပုဒ္မ ၁၃ (၁) နဲ႔ ျမန္မာႏိုင္ငံအစိုးရ လွ်ိဳ႕ဝွက္ခ်က္မ်ား အက္ ဥပေဒ ၃/၁ ဃ နဲ႔ က်ေနာ္တို႔ စစ္ေဆးေနတာ ရွိပါတယ္။ ဒါနဲ႔ ပတ္သက္ၿပီးေတာ့ က်ေနာ္တို႔ စစ္ေဆးတာက အဲ့ႏွစ္ခုနဲ႔ ပတ္သက္ၿပီးေတာ့ပဲ စစ္ေဆးတာ ျဖစ္တယ္။ ခုဏေျပာတဲ့ သူရဲ႕ သံရံုးတာဝန္ရွိသူေတြရယ္၊ မိသားစုဝင္ေတြနဲ႔ က်ေနာ္တို႔ တယ္လီဖုန္းနဲ႔ ဆက္သြယ္ခြင့္ ႏွစ္ၾကိမ္ ခြင့္ျပဳထားၿပီးသားျဖစ္ပါတယ္။ ေနာင္လည္း ခြင့္ျပဳသြားမွာ ျဖစ္ပါတယ္။ ဒါပဲ က်ေနာ္ ေျဖလို႔ရပါမယ္။

ကိုမိုးေဇာ္။ ။ ေနာက္ဆံုးေမးခြန္းတခုပါဗ်။ ျမန္မာႏိုင္ငံမွာ ျပန္လည္ သင့္ျမတ္ေရးအတြက္ ဘက္ေပါင္းစံုေပါ့... ထိေတြ႔ေဆြးေႏြးသြားမယ္လို႔ ေျပာထားတာ ရွိပါတယ္။ အဲဒီေတာ့ တရုတ္ဘက္က ျမန္မာျပည္ကို ကမ္းလွမ္းဆက္သြယ္တာေတြ ရွိပါေသးလား။ တကယ္လို႔ သူ႔အေနနဲ႔ လက္ရွိအေျခအေနမွာေပါ့ေလ... ကမ္းလွမ္းဆက္သြယ္လာရင္ လက္ခံဖို႔ အေျခအေနမ်ား ရွိပါသလား။ က်ေနာ္ဆိုလိုတာက ဟိုးအရင္အေျခအေနနဲ႔ အခုအေျခအေနနဲ႔မ်ား အေျပာင္းအလဲ ရွိႏိုင္မလားေပါ့... အခု ဒီလိုမ်ိဳးကမ္းလွမ္းလာတယ္ဆိုရင္။

ဗိုလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္း။ ။ တရုတ္နဲ႔ ျမန္မာႏိုင္ငံနဲ႔က မဟာဗ်ဴဟာမိတ္ဖက္ႏိုင္ငံေတြျဖစ္ပါတယ္။ ၿပီးရင္ တရုတ္ႏိုင္ငံနဲ႔ ျမန္မာႏိုင္ငံသည္ အိမ္နီးနားခ်င္းႏိုင္ငံေတြ ျဖစ္တဲ့အတြက္ေၾကာင့္ တရုတ္တပ္မေတာ္နဲ႔ ျမန္မာ့တပ္မေတာ္၊ တရုတ္ႏိုင္ငံအစိုးရ၊ ျမန္မာႏိုင္ငံအစိုးရတို႔သည္ ယခင္ကအတိုင္း ျမန္မာဗ်ဴဟာေျမာက္ ပူးေပါင္းေဆာင္ရြက္ခဲ့တဲ့အဖဲြ႔အစည္းေတြ ျဖစ္ပါတယ္။ ဒါ့အျပင္ က်ေနာ္တုိ႔ရဲ႕ အိမ္နီးနားခ်င္းႏိုင္ငံ ၅ ႏိုင္ငံရွိပါတယ္။ အိမ္နီးနားခ်င္း ၅ ႏိုင္ငံလံုးနဲ႔လည္း က်ေနာ္တို႔သည္ ပူးေပါင္းဆက္သြယ္ဆက္ဆံေနတဲ့ ႏိုင္ငံျဖစ္ပါတယ္။ က်ေနာ္တို႔အေနနဲ႔က အိမ္နီးနားခ်င္းႏိုင္ငံေရာ၊ အာဆီယံႏိုင္ငံနဲ႔ေရာ၊ ကမၻာ့ႏိုင္ငံေတြနဲ႔ေရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ စီမံခန္႔ခဲြေရးေကာင္စီဥကၠ႒ ေျပာထားတာသည္ လက္ရည္မပ်က္ ဆက္ဆံေရးကို က်ေနာ္တို႔ ဦးတည္ေဆာင္ရြက္ပါမယ္။ ဒါေၾကာင့္မို႔လို႔ က်ေနာ္တို႔အေနနဲ႔ကေတာ့ အထူးသျဖင့္ေပါ့ေနာ္... အိမ္နီးနားခ်င္းႏိုင္ငံေတြ၊ အာဆီယံႏိုင္ငံေတြက ေျပာၾကားခ်က္ေတြနဲ႔ ပတ္သက္ၿပီးေတာ့ က်ေနာ္တို႔အေနနဲ႔လည္း အေလးအနက္ထား မွတ္သားေဆာင္ရြက္လ်က္ရွိပါတယ္။ ျမန္မာႏိုင္ငံအေရးနဲ႔ ပတ္သက္ၿပီးေတာ့ ျမန္မာႏိုင္ငံတည္ျငိမ္ေအးခ်မ္းေရး၊ ျမန္မာႏိုင္ငံတရားဥပေဒျပန္လည္စိုးမိုးေရး၊ အေျခအေန ေအးခ်မ္းေရးနဲ႔ ပတ္သက္ၿပီးေတာ့ စိတ္ဝင္တစားရွိတဲ့ႏိုင္ငံဟူသမွ်ရဲ႕ ေျပာဆိုခ်က္မွန္သမွ်ကိုလည္း က်ေနာ္တို႔ အေလးထားပါတယ္။ ၄င္းတို႔ရဲ႕ သူတို႔ေျပာဆိုခ်က္အတိုင္းပဲ ေစတနာထားတဲ့ဟာေတြကိုလည္း က်ေနာ္တို႔က တန္ဖိုးထားပါတယ္လို႔ပဲ က်ေနာ္ေျပာခ်င္ပါတယ္။

ကိုမိုးေဇာ္။ ။ အခုလက္ရွိ ဖမ္းဆီးထားခံရတဲ့ ေဒၚေအာင္ဆန္းစုၾကည္တို႔၊ တျခားေသာ ႏိုင္ငံေခါင္းေဆာင္မ်ိဳးေတြ၊ အစိုးရေခါင္းေဆာင္မ်ိဳးေတြ၊ အရင္အစိုးရေခါင္းေဆာင္မ်ိဳးေတြနဲ႔ ေရွ႕ဆက္ေဆြးေႏြးရမယ့္လမ္းေၾကာင္းမ်ိဳးကို သူတို႔က တိုက္တြန္းလာမယ္ဆိုရင္ေရာ... အဲဒီအေနအထားေတြက ျဖစ္လာႏိုင္မယ့္အေနအထားရွိမလားခင္ဗ်။

ဗိုလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္း။ ။ အဓိကကေတာ့ က်ေနာ္တို႔ ေျပာခဲ့သလိုပါပဲ။ က်ေနာ္တို႔သြားမယ့္၊ က်ေနာ္တို႔ ေျပာထားတဲ့ ဦးတည္ခ်က္ ၅ ရပ္၊ ေရွ႕ လုပ္ငန္းစဥ္ ၉ ရပ္ရဲ႕ လမ္းေၾကာင္းအတိုင္းပဲ က်ေနာ္တို႔သြားမွာ ျဖစ္ပါတယ္။

ကိုသားၫြန္႔ဦး။ ။ ဒါကေတာ့ ဗီြအိုေအသတင္းေထာက္ ကိုမိုးေဇာ္နဲ႔ စစ္ေကာင္စီခန္႔တဲ့ ဒုတိယ ျပန္ၾကားေရးဝန္ၾကီး ဗိုလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္းတို႔အျပန္အလွန္ေမးျမန္း ေျဖၾကားခဲ့တဲ့အပိုင္း ျဖစ္ပါတယ္။ ဒီေတာ့ ကိုမိုးေဇာ္ေရ ဗီြအိုေအအေနနဲ႔က စစ္ေကာင္စီကလုပ္တဲ့ သတင္းစာရွင္းလင္းပဲြကို ဒါ ပထမဦးဆံုးအၾကိမ္တက္ေရာက္တာေပါ့ေနာ္။ အဲဒီေတာ့ ဒီသတင္းစာရွင္းလင္းပဲြမွာ ဘယ္ေလာက္ထိ လြတ္လြတ္လပ္လပ္ရွိသလဲ၊ ဘယ္ေလာက္ထိ လြတ္လြတ္လပ္လပ္ ေမးခြင့္ရသလဲ။ အဲဒီအေျခအေနေလး သိခ်င္ပါတယ္။

ကိုမိုးေဇာ္။ ။ အခုက်ေနာ္ၾကည့္ရသေလာက္ေတာ့ ေတာ္ေတာ္မ်ားမ်ားကိုေတာ့ လြတ္လြတ္လပ္လပ္ေမးခြင့္ ရွိပါတယ္။ ေမးတဲ့အေမးေတြကိုလည္း ေမးခြန္းတိုင္းကို ျပန္လည္ေျဖၾကားေပးတာေတြရွိတယ္ေပါ့။ ေတြ႔သေလာက္ဆိုရင္ က်ေနာ္တို႔ ရန္ကုန္ကေန လာတဲ့သတင္းသမားေရာ၊ တျခားေလ့လာသူေရာ၊ ဘာေရာဆိုရင္ အားလံုး ၂၇ ေယာက္ေလာက္ ရွိတယ္ဗ်။ ေနာက္ေနျပည္ေတာ္က သတင္းေထာက္ေတြလည္း လာတာေတြရွိပါတယ္။ အဲဒီေတာ့ အနည္းဆံုးကေတာ့ ၅၀ ပတ္ဝန္းက်င္ေလာက္မွာရွိမယ္လို႔ ထင္ပါတယ္။

ကိုသားၫြန္႔ဦး။ ။ လက္ရွိ တကယ္တမ္း သတင္းမီဒီယာမွာ တကယ္လုပ္ေနတဲ့ သတင္းသမားေတြေရာ တက္ႏိုင္ရဲ႕လား။

ကိုမိုးေဇာ္။ ။ သတင္းဌာနၾကီးေတြက တခ်ိဳ႕ဟာေတြက လိုင္စင္ပိတ္ထားတဲ့ဟာမ်ိဳးေတြရွိေတာ့ အဲဒီသတင္းဌာနေတာ္ေတာ္မ်ားမ်ားကေတာ့ မေတြ႔ရဘူးဗ်။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

စစ်အုပ်ချုပ်ရေးကောင်စီသတင်းရှင်းလင်းပွဲနဲ့ VOA မေးမြန်းချက်များ

စစ်အာဏာသိမ်းဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေကို အကြမ်းဖက်တုံ့ပြန်နှိမ်နင်းရာမှာ အများပြည်သူရဲ့အခဲမကြေ မုန်းတီးမှုတွေဖြစ်လာစေမလား၊ သြစတြေးလျ စီးပွားရေးပညာရှင် Sean Turnell အမှု၊ မြန်မာနိုင်ငံအကြပ်အတည်းအတွက် တရုတ်နိုင်ငံရဲ့ကမ်းလှမ်းမှု၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အရင်အစိုးရခေါင်းဆောင်တွေနဲ့ ညှိနှိုင်းမှုဖြစ်လာနိုင်မလားဆိုတဲ့ မေးခွန်းတွေကို ဒီကနေ့ ပြုလုပ်တဲ့ စစ်အုပ်ချုပ်ရေးကောင်စီသတင်းစာရှင်းလင်းပွဲမှာ VOA က မေးမြန်းခဲ့ပါတယ်။ ကိုယ်တိုင်တတ်ရောက် မေးမြန်းသတင်းယူခဲ့တဲ့ VOA သတင်းထောက် ကိုမိုးဇော်ကို ကိုသားညွန့်ဦး ဆက်သွယ်မေးမြန်းထားပါတယ်။

ကိုသားညွန့်ဦး။ ။ အခုနေပြည်တော်မှာ မြန်မာစစ်ကောင်စီက လုပ်တဲ့ သတင်းစာရှင်းလင်းပွဲကို အခုဒီနေ့ သတင်းယူခဲ့တယ်ဆိုတော့ အဓိကက ဘာတွေမေးဖြစ်ခဲ့သလဲဆိုတာကို အကြမ်ဖျဉ်း ပြောပြပါလား။

ကိုမိုးဇော်။ ။ အခု လက်ရှိအခြေအနေမှာပေါ့လေ... ဒီ န.စ.က ကောင်စီဘက်ကနေပြီးတော့ သူတို့ ပြောတာကတော့ ဒီဆန္ဒပြပွဲတွေ အေးအေးချမ်းချမ်းဖြစ်တဲ့အချိန်မှာတော့ သူတို့ဘက်က ပစ်ခတ်နှိမ်နင်းတာမျိုးတွေ မရှိဘူးပေါ့။ နောက်ပိုင်းမှာ ဒီလိုမျိုးအကြမ်းဖက်မှုတွေ ရှိလာတယ်ဆိုတဲ့ အနေအထားမှာ သူတို့ဘက်က ပစ်ခတ်နှိမ်နင်းတာတွေရှိတယ်ဆိုတဲ့ဟာကို ပြောတယ်။ အဲဒီဟာတွေက မင်းမဲ့စရိုက်ဆန်တဲ့အနေအထားကြောင့်ဆိုပြီးတော့ သူတို့ဘက်က သတင်းစာ ရှင်းလင်းပွဲမှာ ပြောတယ်ပေါ့လေ။ ပြောတော့ ကျနော်တို့က ပြန်မေးပါတယ်။ အဲဒါဆိုရင် ကုလသမဂ္ဂနဲ့ နိုင်ငံတကာက ဒီလုံခြုံရေးတပ်ဖွဲ့တွေက ဆန္ဒပြသူတွေကို အင်အားသုံးပြီး ဖြေရှင်းတယ်ဆိုတော့ ပြစ်တင် ရှုတ်ချတာတွေရှိတယ်ပေါ့။ ဒီ မြန်မာနိုင်ငံသားအများစုကလည်း အဲဒီပေါ်မှာ မကျေနပ်မှုတွေ ရှိနေတယ်။ အခဲမကြေတာတွေ ဖြစ်လာတယ်ပေါ့လေ။ အဲဒီအပေါ်မှာ တပ်နဲ့ ပြည်သူနဲ့က တဖြည်းဖြည်း ကင်းကွာလာတဲ့အနေအထားရှိတယ်။ ရှိတော့ အဲဒီအခြေအနေကို ဘယ်လို ဖြေရှင်းမလဲပေါ့။ အခု ပစ်ခတ်မှုနဲ့ စစ်အုပ်ချုပ်ရေးကိုရော၊ martial law တွေကိုရော ဘယ်အချိန်မှာ ရုပ်သိမ်းဖို့ ရှိမလဲဆိုတာမျိုး မေးဖြစ်ပါတယ် ခင်ဗျ။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်း။ ။ နိုင်ငံတကာကလည်း ပြောတဲ့ဟာတွေရှိပါတယ်။ ပြီးတော့ ခုဏက ပြောသလို ပြည်သူနဲ့ ကင်းကွာတယ်လို့ ခံစားရပါသလား။ ကင်းကွာနေတယ်လို့ မခံစားရပါဘူး ကျနော်တို့ကတော့။ မခံစားရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ တခါတလေမှာ ဆူးစူးနေတာကို နာမှာစိုးလို့မို့လို့ မထွင်လို့မရပါဘူး။ ဆူးစူးနေတာကို မနာစေချင်ရင် ထွင်ရမှာ ဖြစ်ပါတယ်။ ဆူးကြီးရင် ကြီးသလောက် အပ်ချိတ်ကြီးကြီး သုံးရပါလိမ့်မယ်။ ဆူးသေးရင် သေးသလောက် အပ်ချိတ်သေးသေးသုံးရပါလိမ့်မယ်။ အဲ့ဒီလိုကြောင့် အဲဒီဆူးကို အပ်နဲ့ ထွင်တဲ့အခါမှာ နာသင့်သလောက်နာပါလိမ့်မယ်။ နာသင့်သလောက်နာမယ်ဆိုတာ မထွင်ဘဲနေရင် ခြေထောက်၊ ဆူးစူးတဲ့ ခြေထောက် ဖြတ်ပစ်ရမှာမို့လို့ ထွင်နေခြင်းဖြစ်ပါတယ်။ ဆက်ပြီးထွင်ရပါလိမ့်မယ်။ ဆူးကြီးရင်ကြီးသလောက် နာပါလိမ့်မယ်။ ဒီအတွက်တော့ ခြေထောက်ကနေ ဦးနှောက်ကနေ မုန်းချင်မုန်းပါမယ်။ ပျောက်သွားရင် ဦးနှောက်နဲ့ ခြေထောက် တသားတည်း ဖြစ်သွားပါလိမ့်မယ်။ ကိစ္စမရှိပါဘူး။ ကျေးဇူးတင်ပါတယ်။

ကိုမိုးဇော်။ ။ ဒုတိယတခုကတော့ ခုဏ ဗိုလ်ချုပ်ရှင်းပြသွားပါတယ်။ အဂတိလိုက်စားမှုတွေနဲ့ ပတ်သက်တယ်ဆိုတဲ့အချက်မှာ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းရဲ့ သက်သေခံတဲ့ဟာတွေကိုလည်း ပြသသွားတာကို ကျနော်တို့ တွေ့ရတယ်ပေါ့လေ။ ဆိုတော့ ကျနော် မေးချင်တာ အဲဒီဟာမျိုးပေါ့ ဒီ သြစတြေးလျနိုင်ငံသား Sean Turnell ပေါ့... သူနဲ့ပတ်သက်လို့ သူရဲ့ ထုတ်ဖော်စွဲဆိုမှုတွေကြောင့်မို့လို့ ဒီမသမာတဲ့ နိုင်ငံရပ်ခြားက ယိုယွင်းစီးဆင်းမှုတွေရှိတယ်ဆိုတာမျိုး အစောပိုင်းတုန်းက သတင်းထုတ်ပြန်ထားတာတွေ့ရတယ်။ အဲဒါနဲ့ ပတ်သက်လို့ အသေးစိတ် ထွက်လာတာမျိုးမရှိသေးဘူး။ ဒီပြောထားတဲ့ ကိစ္စတွေနဲ့ ပတ်သင်ပြီးတော့ပေါ့လေ။ အဲဒီတော့ ကျနော်အဓိက မေးလိုတာကတော့ Sean Turnell က ဒီ န.စ.က ကောင်စီနဲ့ ပူးပေါင်းပြီးတော့မှ အရင်အစိုးရရဲ့ ငွေကြေးမသမာမှုတွေ သက်သေခံမယ့် အနေအထားမျိုး ရှိလားဆိုတဲ့ဟာပေါ့လေ။ အဲဒီအမှုအကြောင်းကို ပိုပြီးတော့ အသေးစိတ် ပြောပြလို့ ရမလား။ နောက် သူထုတ်ဖော်တဲ့အချက်တွေက ပြီးခဲ့တဲ့ အစိုးရအကြီးအကဲတွေမှာ ဘယ်သူ့ကို ဦးတည်ပြီး တရားစွဲဆိုတာမျိုး ဖြစ်စေသလဲဆိုတဲ့အချက်လေး မေးလိုပါတယ်ခင်ဗျ။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်း။ ။ အဲဒါကတော့ အရင် ဖြေလိုက်မယ်။ ကျနော်တို့က သြစတြေးလျနိုင်ငံသား Mr Sean Turnell နဲ့ ပတ်သက်ပြီးတော့ သူ့ကို စစ်ဆေးနေတဲ့ဟာကတော့ မြန်မာနိုင်ငံလူဝန်မှုကြီးကြပ်ရေး အက် ဥပဒေပုဒ်မ ၁၃ (၁) နဲ့ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များ အက် ဥပဒေ ၃/၁ ဃ နဲ့ ကျနော်တို့ စစ်ဆေးနေတာ ရှိပါတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ စစ်ဆေးတာက အဲ့နှစ်ခုနဲ့ ပတ်သက်ပြီးတော့ပဲ စစ်ဆေးတာ ဖြစ်တယ်။ ခုဏပြောတဲ့ သူရဲ့ သံရုံးတာဝန်ရှိသူတွေရယ်၊ မိသားစုဝင်တွေနဲ့ ကျနော်တို့ တယ်လီဖုန်းနဲ့ ဆက်သွယ်ခွင့် နှစ်ကြိမ် ခွင့်ပြုထားပြီးသားဖြစ်ပါတယ်။ နောင်လည်း ခွင့်ပြုသွားမှာ ဖြစ်ပါတယ်။ ဒါပဲ ကျနော် ဖြေလို့ရပါမယ်။

ကိုမိုးဇော်။ ။ နောက်ဆုံးမေးခွန်းတခုပါဗျ။ မြန်မာနိုင်ငံမှာ ပြန်လည် သင့်မြတ်ရေးအတွက် ဘက်ပေါင်းစုံပေါ့... ထိတွေ့ဆွေးနွေးသွားမယ်လို့ ပြောထားတာ ရှိပါတယ်။ အဲဒီတော့ တရုတ်ဘက်က မြန်မာပြည်ကို ကမ်းလှမ်းဆက်သွယ်တာတွေ ရှိပါသေးလား။ တကယ်လို့ သူ့အနေနဲ့ လက်ရှိအခြေအနေမှာပေါ့လေ... ကမ်းလှမ်းဆက်သွယ်လာရင် လက်ခံဖို့ အခြေအနေများ ရှိပါသလား။ ကျနော်ဆိုလိုတာက ဟိုးအရင်အခြေအနေနဲ့ အခုအခြေအနေနဲ့များ အပြောင်းအလဲ ရှိနိုင်မလားပေါ့... အခု ဒီလိုမျိုးကမ်းလှမ်းလာတယ်ဆိုရင်။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်း။ ။ တရုတ်နဲ့ မြန်မာနိုင်ငံနဲ့က မဟာဗျူဟာမိတ်ဖက်နိုင်ငံတွေဖြစ်ပါတယ်။ ပြီးရင် တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံသည် အိမ်နီးနားချင်းနိုင်ငံတွေ ဖြစ်တဲ့အတွက်ကြောင့် တရုတ်တပ်မတော်နဲ့ မြန်မာ့တပ်မတော်၊ တရုတ်နိုင်ငံအစိုးရ၊ မြန်မာနိုင်ငံအစိုးရတို့သည် ယခင်ကအတိုင်း မြန်မာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ခဲ့တဲ့အဖွဲ့အစည်းတွေ ဖြစ်ပါတယ်။ ဒါ့အပြင် ကျနော်တို့ရဲ့ အိမ်နီးနားချင်းနိုင်ငံ ၅ နိုင်ငံရှိပါတယ်။ အိမ်နီးနားချင်း ၅ နိုင်ငံလုံးနဲ့လည်း ကျနော်တို့သည် ပူးပေါင်းဆက်သွယ်ဆက်ဆံနေတဲ့ နိုင်ငံဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့က အိမ်နီးနားချင်းနိုင်ငံရော၊ အာဆီယံနိုင်ငံနဲ့ရော၊ ကမ္ဘာ့နိုင်ငံတွေနဲ့ရော တပ်မတော်ကာကွယ်ရေးဦးစီးချုပ် စီမံခန့်ခွဲရေးကောင်စီဥက္ကဋ္ဌ ပြောထားတာသည် လက်ရည်မပျက် ဆက်ဆံရေးကို ကျနော်တို့ ဦးတည်ဆောင်ရွက်ပါမယ်။ ဒါကြောင့်မို့လို့ ကျနော်တို့အနေနဲ့ကတော့ အထူးသဖြင့်ပေါ့နော်... အိမ်နီးနားချင်းနိုင်ငံတွေ၊ အာဆီယံနိုင်ငံတွေက ပြောကြားချက်တွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့အနေနဲ့လည်း အလေးအနက်ထား မှတ်သားဆောင်ရွက်လျက်ရှိပါတယ်။ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီးတော့ မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းရေး၊ မြန်မာနိုင်ငံတရားဥပဒေပြန်လည်စိုးမိုးရေး၊ အခြေအနေ အေးချမ်းရေးနဲ့ ပတ်သက်ပြီးတော့ စိတ်ဝင်တစားရှိတဲ့နိုင်ငံဟူသမျှရဲ့ ပြောဆိုချက်မှန်သမျှကိုလည်း ကျနော်တို့ အလေးထားပါတယ်။ ၎င်းတို့ရဲ့ သူတို့ပြောဆိုချက်အတိုင်းပဲ စေတနာထားတဲ့ဟာတွေကိုလည်း ကျနော်တို့က တန်ဖိုးထားပါတယ်လို့ပဲ ကျနော်ပြောချင်ပါတယ်။

ကိုမိုးဇော်။ ။ အခုလက်ရှိ ဖမ်းဆီးထားခံရတဲ့ ဒေါ်အောင်ဆန်းစုကြည်တို့၊ တခြားသော နိုင်ငံခေါင်းဆောင်မျိုးတွေ၊ အစိုးရခေါင်းဆောင်မျိုးတွေ၊ အရင်အစိုးရခေါင်းဆောင်မျိုးတွေနဲ့ ရှေ့ဆက်ဆွေးနွေးရမယ့်လမ်းကြောင်းမျိုးကို သူတို့က တိုက်တွန်းလာမယ်ဆိုရင်ရော... အဲဒီအနေအထားတွေက ဖြစ်လာနိုင်မယ့်အနေအထားရှိမလားခင်ဗျ။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်း။ ။ အဓိကကတော့ ကျနော်တို့ ပြောခဲ့သလိုပါပဲ။ ကျနော်တို့သွားမယ့်၊ ကျနော်တို့ ပြောထားတဲ့ ဦးတည်ချက် ၅ ရပ်၊ ရှေ့ လုပ်ငန်းစဉ် ၉ ရပ်ရဲ့ လမ်းကြောင်းအတိုင်းပဲ ကျနော်တို့သွားမှာ ဖြစ်ပါတယ်။

ကိုသားညွန့်ဦး။ ။ ဒါကတော့ ဗွီအိုအေသတင်းထောက် ကိုမိုးဇော်နဲ့ စစ်ကောင်စီခန့်တဲ့ ဒုတိယ ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းတို့အပြန်အလှန်မေးမြန်း ဖြေကြားခဲ့တဲ့အပိုင်း ဖြစ်ပါတယ်။ ဒီတော့ ကိုမိုးဇော်ရေ ဗွီအိုအေအနေနဲ့က စစ်ကောင်စီကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲကို ဒါ ပထမဦးဆုံးအကြိမ်တက်ရောက်တာပေါ့နော်။ အဲဒီတော့ ဒီသတင်းစာရှင်းလင်းပွဲမှာ ဘယ်လောက်ထိ လွတ်လွတ်လပ်လပ်ရှိသလဲ၊ ဘယ်လောက်ထိ လွတ်လွတ်လပ်လပ် မေးခွင့်ရသလဲ။ အဲဒီအခြေအနေလေး သိချင်ပါတယ်။

ကိုမိုးဇော်။ ။ အခုကျနော်ကြည့်ရသလောက်တော့ တော်တော်များများကိုတော့ လွတ်လွတ်လပ်လပ်မေးခွင့် ရှိပါတယ်။ မေးတဲ့အမေးတွေကိုလည်း မေးခွန်းတိုင်းကို ပြန်လည်ဖြေကြားပေးတာတွေရှိတယ်ပေါ့။ တွေ့သလောက်ဆိုရင် ကျနော်တို့ ရန်ကုန်ကနေ လာတဲ့သတင်းသမားရော၊ တခြားလေ့လာသူရော၊ ဘာရောဆိုရင် အားလုံး ၂၇ ယောက်လောက် ရှိတယ်ဗျ။ နောက်နေပြည်တော်က သတင်းထောက်တွေလည်း လာတာတွေရှိပါတယ်။ အဲဒီတော့ အနည်းဆုံးကတော့ ၅၀ ပတ်ဝန်းကျင်လောက်မှာရှိမယ်လို့ ထင်ပါတယ်။

ကိုသားညွန့်ဦး။ ။ လက်ရှိ တကယ်တမ်း သတင်းမီဒီယာမှာ တကယ်လုပ်နေတဲ့ သတင်းသမားတွေရော တက်နိုင်ရဲ့လား။

ကိုမိုးဇော်။ ။ သတင်းဌာနကြီးတွေက တချို့ဟာတွေက လိုင်စင်ပိတ်ထားတဲ့ဟာမျိုးတွေရှိတော့ အဲဒီသတင်းဌာနတော်တော်များများကတော့ မတွေ့ရဘူးဗျ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG