သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာစစ္တပ္နဲ႔ ပူးေပါင္းးေဆာင္ရြက္မႈ ၾသစေၾတးလ် ဆိုင္းငံ့


ၾသစေၾတးလ်ႏိုင္ငံ ဆန္ဒနီၿမိဳ႕က ျမန္မာစစ္အာဏာသိမ္းမႈ ဆန္႔က်င္ဆႏၵျပပဲြ ( March 6 2021)

ျမန္မာႏိုင္ငံမွာ စစ္တပ္ကအာဏာသိမ္းၿပီး ဆႏၵျပျပည္သူကို အၾကမ္းဖက္ေခ်မႈန္းမႈေတြ တိုးလုပ္လာေနတာကို တုန္႔ျပန္တဲ့အေနနဲ႔ ျမန္မာအစိုးရနဲ႔ စစ္ေရးပူးေပါင္းေဆာင္ရြက္မႈေတြကို Australia က ဆိုင္းငံ့ထားလိုက္ၿပီး ျမန္မာအစိုးရ အတြက္ ေပးအပ္ေနတဲ့ ကူညီေထာက္ပံ့မႈေတြကို အစိုးရမဟုတ္တဲ့ NGO အဖြဲ႔ေတြကို ေျပာင္းလဲေပးအပ္မွာ ျဖစ္ေၾကာင္း Australia ႏိုင္ငံျခားေရးဝန္ႀကီး Marise Payne က တနဂၤေႏြေန႔မွာ ေျပာၾကားလိုက္ပါတယ္။

ေဖေဖၚဝါရီလ တရက္မွာ စစ္တပ္ကအာဏာသိမ္းၿပီး ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္တဲ့ အရပ္သား အစိုးကိုျဖဳတ္ခ်ခဲ့ခ်ိန္ကစၿပီး ဆႏၵျပျပည္သူေတြကို ေသြးေျမက်ၿဖိဳခြင္းေနတာကို Australia အစိုးရက အထူးစိတ္ပူေၾကာင္းနဲ႔ ႏိုင္ငံတကာရပိုင္ခြင့္ ျဖစ္တဲ့ ၿငိမ္းခ်မ္းစြာ စုေဝးခြင့္ ဆႏၵျပခြင့္ေတြကိုပါ ခ်ိဳးေဖါက္ေနတာအတြက္ ျပင္းျပင္းထန္ထန္ ရႈတ္ခ်လိုက္ၿပီး ရဲေတြ အေနနဲ႔ ဆႏၵျပျပည္သူေတြ အေပၚအၾကမ္းမဖက္ဖို႔ တိုက္တြန္းလိုက္ပါတယ္။

ဒါ့အျပင္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ရဲ့ စီးပြါးေရးအႀကံေပး ျဖစ္တဲ့ အခု ရန္ကုန္မွာ အဖမ္းခံေနတဲ့ Australia ပါေမာကၡ Sean Turnell ကို သံရံုးေကာင္စစ္ဝန္ေတြ႔ခြင့္ ကန္႔သတ္မႈခ်ထားတာ အတြက္ စိတ္ပူေၾကာင္းလည္းေျပာပါတယ္။ ပါေမာကၡ Turnell ကိုေရာ အဖမ္းခံေနရတဲ့ ေဒၚေအာင္ဆန္းစုၾကည္၊ သမၼတဦးဝင္းျမင့္နဲ႔ တျခားဥပေဒမဲ့ ဖမ္းထားသူေတြကိို. အျမန္ျပန္လႊတ္ေပးဖို႔ လည္း ေတာင္းဆိုပါတယ္။

Australia အစိုးရအေနနဲ႔ ျမန္မာ့အေရးမူဝါဒ ခ်မွတ္ဖို႔ အထူးသျဖင့္ အာဆီယံရဲ့ အိမ္နီးခ်င္းေတြ ျဖစ္တဲ့ ဂ်ပန္နဲ႔ အိႏၵိယ အပါအဝင္ ႏိုင္ငံတကာမိတ္ေဆြေတြနဲ႔ က်ယ္ျပန္႔တဲ့ ေဆြးေႏြးညွိႏႈိင္းမႈေတြ လုပ္ေဆာင္ေနေၾကာင္းလည္း ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------------------

မြန်မာစစ်တပ်နဲ့ ပူးပေါင်းးဆောင်ရွက်မှု သြစတြေးလျ ဆိုင်းငံ့

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီး ဆန္ဒပြပြည်သူကို အကြမ်းဖက်ချေမှုန်းမှုတွေ တိုးလုပ်လာနေတာကို တုန့်ပြန်တဲ့အနေနဲ့ မြန်မာအစိုးရနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေကို Australia က ဆိုင်းငံ့ထားလိုက်ပြီး မြန်မာအစိုးရ အတွက် ပေးအပ်နေတဲ့ ကူညီထောက်ပံ့မှုတွေကို အစိုးရမဟုတ်တဲ့ NGO အဖွဲ့တွေကို ပြောင်းလဲပေးအပ်မှာ ဖြစ်ကြောင်း Australia နိုင်ငံခြားရေးဝန်ကြီး Marise Payne က တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။

ဖေဖေါ်ဝါရီလ တရက်မှာ စစ်တပ်ကအာဏာသိမ်းပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သား အစိုးကိုဖြုတ်ချခဲ့ချိန်ကစပြီး ဆန္ဒပြပြည်သူတွေကို သွေးမြေကျဖြိုခွင်းနေတာကို Australia အစိုးရက အထူးစိတ်ပူကြောင်းနဲ့ နိုင်ငံတကာရပိုင်ခွင့် ဖြစ်တဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့် ဆန္ဒပြခွင့်တွေကိုပါ ချိုးဖေါက်နေတာအတွက် ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပြီး ရဲတွေ အနေနဲ့ ဆန္ဒပြပြည်သူတွေ အပေါ်အကြမ်းမဖက်ဖို့ တိုက်တွန်းလိုက်ပါတယ်။

ဒါ့အပြင် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွါးရေးအကြံပေး ဖြစ်တဲ့ အခု ရန်ကုန်မှာ အဖမ်းခံနေတဲ့ Australia ပါမောက္ခ Sean Turnell ကို သံရုံးကောင်စစ်ဝန်တွေ့ခွင့် ကန့်သတ်မှုချထားတာ အတွက် စိတ်ပူကြောင်းလည်းပြောပါတယ်။ ပါမောက္ခ Turnell ကိုရော အဖမ်းခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ တခြားဥပဒေမဲ့ ဖမ်းထားသူတွေကို. အမြန်ပြန်လွှတ်ပေးဖို့ လည်း တောင်းဆိုပါတယ်။

Australia အစိုးရအနေနဲ့ မြန်မာ့အရေးမူဝါဒ ချမှတ်ဖို့ အထူးသဖြင့် အာဆီယံရဲ့ အိမ်နီးချင်းတွေ ဖြစ်တဲ့ ဂျပန်နဲ့ အိန္ဒိယ အပါအဝင် နိုင်ငံတကာမိတ်ဆွေတွေနဲ့ ကျယ်ပြန့်တဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဆောင်နေကြောင်းလည်း ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG