သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ပါေမာကၡ Sean Turnell ကို အစိုးရ လွ်ိဳ႕၀ွက္ခ်က္ ဥပေဒ ၊ လူ၀င္မႈ ႀကီးၾကပ္ေရး ဥပေဒ နဲ႔ စစ္ေဆးေမးျမန္း (စစ္ေကာင္စီေျပာခြင္႔ရ)


ပါေမာကၡ Sean Turnell

(Zawgyi/Unicode)
ဖမ္းဆီးခံထားရတဲ႔ ႏုိင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ စီးပြားေရး အႀကံေပး ၾသစေတးလ် စီးပြားေရး ပညာရွင္ ပါေမာကၡ Sean Turnell ကို အစိုးရ လွ်ိဳ႕၀ွက္ခ်က္ ဥပေဒ၊ လူ၀င္မႈ ႀကီးၾကပ္ေရး ဥပေဒေတြနဲ႔ စစ္ေဆးေမးျမန္းေနေၾကာင္း စစ္ေကာင္စီ ေျပာခြင့္ရ ဗိုလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္းက ဗီြအိုေအကို ေျဖၾကားခဲ႔ပါတယ္။

"က်ေနာ္တို႔က ၾသစေၾတးလ်ႏိုင္ငံသား Mr. Sean Turnell နဲ႔ ပတ္သက္ၿပီးေတာ့ သူ႔ကို စစ္ေဆးေနတဲ့ဟာကေတာ့ ျမန္မာႏိုင္ငံလူဝန္မႈၾကီးၾကပ္ေရး အက္ ဥပေဒပုဒ္မ ၁၃ (၁) နဲ႔ ျမန္မာႏိုင္ငံအစိုးရ လွ်ိဳ႕ဝွက္ခ်က္မ်ား အက္ ဥပေဒ ၃/၁ ဃ နဲ႔ က်ေနာ္တို႔ စစ္ေဆးေနတာ ရွိပါတယ္။ "

ဖမ္းခံထားရတဲ႔ ပါေမာကၡ Sean Turnell ကို မိသားစု၊ ေနာက္ ၾသစေတးလ် သံရံုး တာ၀န္ရွိသူေတြနဲ႔ ဖုန္း အဆက္သြယ္ ၂ ႀကိမ္ ခြင့္ျပဳခဲ႔ၿပီး ဆက္ၿပီးလည္း ခြင့္ျပဳမယ္လို႔ အဂၤါေန႔က ေနျပည္ေတာ္မွာ လုပ္တဲ႔ သတင္းစာ ရွင္းလင္းပြဲမွာ ေျပာခြင့္ရက ေျပာဆိုခဲ႔ပါတယ္။ ဒါေပမယ့္လည္း ပါေမာကၡ Sean Turnell ကို ဖမ္းဆီး စစ္ေဆးေနတဲ႔ ကိစၥ ဒီထက္ပိုၿပီး ေျပာလို႔ မရေသးတဲ႔ အေၾကာင္းလည္း သူက ေျပာပါတယ္။

ေနာက္ထပ္ ဖမ္းခံထားရတဲ႔ ၾသစေတးလ် ႏုိင္ငံသားေတြ ျဖစ္တဲ႔ Matthew O'Kane နဲ႔ Christa Avery တို႔ အတြက္လည္း ၾသစေတးလ် သံရံုးက ေကာင္စစ္ဆိုင္ရာ ေဆာင္ရြက္ေပးေနရပါတယ္။ ကယ္ဆယ္ေရး ေလယာဥ္နဲ႔ ေသာၾကာေန႔က ဌာေနျပန္မယ့္ သူတို႔ကို တားျမစ္ၿပီး ေနအိမ္အက်ယ္ခ်ဳပ္နဲ႔ ထိန္းသိမ္းထားတာ ျဖစ္ပါတယ္။

ျမန္မာႏုိင္ငံမွာ ရွိတဲ႔ ၾသစေတးလ် ႏုိင္ငံသားေတြ အေနနဲ႔ မရွိမျဖစ္ လိုအပ္မယ့္ ပစၥည္းေတြ စုေဆာင္းထားၿပီး ေဘးကင္းေအာင္ ေနၾကဖို႔လည္း အဂၤါေန႔မွာဘဲ ၾသစေတးလ် သံရံုးက သတိေပးထားပါတယ္။


.................

ပါမောက္ခ Sean Turnell ကို အစိုးရ လျှို့ဝှက်ချက် ဥပဒေ ၊ လူဝင်မှု ကြီးကြပ်ရေး ဥပဒေ နဲ့ စစ်ဆေးမေးမြန်း (စစ်ကောင်စီပြောခွင့်ရ)
(Unicode)
ဖမ်းဆီးခံထားရတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေး အကြံပေး သြစတေးလျ စီးပွားရေး ပညာရှင် ပါမောက္ခ Sean Turnell ကို အစိုးရ လျှို့ဝှက်ချက် ဥပဒေ၊ လူဝင်မှု ကြီးကြပ်ရေး ဥပဒေတွေနဲ့ စစ်ဆေးမေးမြန်းနေကြောင်း စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဗွီအိုအေကို ဖြေကြားခဲ့ပါတယ်။

"ကျနော်တို့က သြစတြေးလျနိုင်ငံသား Mr Sean Turnell နဲ့ ပတ်သက်ပြီးတော့ သူ့ကို စစ်ဆေးနေတဲ့ဟာကတော့ မြန်မာနိုင်ငံလူဝန်မှုကြီးကြပ်ရေး အက် ဥပဒေပုဒ်မ ၁၃ (၁) နဲ့ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များ အက် ဥပဒေ ၃/၁ ဃ နဲ့ ကျနော်တို့ စစ်ဆေးနေတာ ရှိပါတယ်။ "

ဖမ်းခံထားရတဲ့ ပါမောက္ခ Sean Turnell ကို မိသားစု၊ နောက် သြစတေးလျ သံရုံး တာဝန်ရှိသူတွေနဲ့ ဖုန်း အဆက်သွယ် ၂ ကြိမ် ခွင့်ပြုခဲ့ပြီး ဆက်ပြီးလည်း ခွင့်ပြုမယ်လို့ အင်္ဂါနေ့က နေပြည်တော်မှာ လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောခွင့်ရက ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း ပါမောက္ခ Sean Turnell ကို ဖမ်းဆီး စစ်ဆေးနေတဲ့ ကိစ္စ ဒီထက်ပိုပြီး ပြောလို့ မရသေးတဲ့ အကြောင်းလည်း သူက ပြောပါတယ်။

နောက်ထပ် ဖမ်းခံထားရတဲ့ သြစတေးလျ နိုင်ငံသားတွေ ဖြစ်တဲ့ Matthew O'Kane နဲ့ Christa Avery တို့ အတွက်လည်း သြစတေးလျ သံရုံးက ကောင်စစ်ဆိုင်ရာ ဆောင်ရွက်ပေးနေရပါတယ်။ ကယ်ဆယ်ရေး လေယာဉ်နဲ့ သောကြာနေ့က ဌာနေပြန်မယ့် သူတို့ကို တားမြစ်ပြီး နေအိမ်အကျယ်ချုပ်နဲ့ ထိန်းသိမ်းထားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ရှိတဲ့ သြစတေးလျ နိုင်ငံသားတွေ အနေနဲ့ မရှိမဖြစ် လိုအပ်မယ့် ပစ္စည်းတွေ စုဆောင်းထားပြီး ဘေးကင်းအောင် နေကြဖို့လည်း အင်္ဂါနေ့မှာဘဲ သြစတေးလျ သံရုံးက သတိပေးထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG