(Zawgyi / Unicode)
စစ္အာဏာသိမ္းမႈကို ဆန္႔က်င္ဆႏၵျပေနၾကတဲ့ ျမန္မာျပည္သူေတြနဲ႔ တသားတည္းရွိတယ္ဆိုတာ ျပသတဲ့အေနနဲ႔ ၾသစေၾတးလ်ႏုိင္ငံ ဆစ္ဒနီ၊ ဘရစၥဘိန္း၊ မဲလ္ဘုန္းနဲ႔ ပါ့သ္ၿမိဳ႕ေတြမွာ ဒီေန႔ ဆႏၵျပပြဲေတြ လုပ္ခဲ့ၾကပါတယ္။
ၾသစေၾတးလ်ေရာက္ ျမန္မာလူငယ္ေတြ၊ ေက်ာင္းသားေတြနဲ႔ ၾသစေၾတးလ် ေက်ာင္းသားသမဂၢ အဖဲြ႔ဝင္ေတြ စုေပါင္းစီစဥ္ ဆႏၵျပၾကတာ ျဖစ္ပါတယ္။
ဆစ္ဒနီၿမိဳ႕လယ္ ၿမိဳ႕ေတာ္ခန္းမေရွ႕မွာ ျပဳလုပ္တဲ့ ဆႏၵျပပြဲမွာ မိုးေတြရြာေနတဲ့ၾကားကပဲ ဆႏၵျပသူ ၂၀၀ ေလာက္ စုေဝး ဆႏၵျပခဲ့ပါတယ္။ ဒီဆႏၵျပပြဲမွာ NSW ျပည္နယ္လႊတ္ေတာ္အမတ္တေယာက္ျဖစ္တဲ့ Jamie Parker လည္းပါဝင္ၿပီး ၾသစေၾတးလ် အစိုးရကို ခုလိုတိုက္တြန္းခဲ့ပါတယ္။
“ၾသစေၾတးလ်အစိုးရ အေနနဲ႔ ျမန္မာစစ္အာဏာသိမ္း ေခါင္းေဆာင္ေတြအေပၚ ပစ္မွတ္ထား အေရးယူ ဒဏ္ခတ္မႈေတြလုပ္ဖုိ႔ လိုအပ္သလို ၾသစေၾတးလ်ႏိုင္ငံမွာ လာေရာက္ေနထိုင္ ပညာသင္ေနၾကတဲ့ သူတို႔ရဲ႕ သားသမီး မိသားစုေတြ၊ စစ္တပ္နဲ႔ နီးစပ္သူေတြကိုပါ ျပည္ဝင္ခြင့္ဗီဇာ ႐ုပ္သိမ္းေပးဖို႔ ေတာင္းဆိုခဲ့တာ ျဖစ္ပါတယ္။ ၾသစေၾတးလ် အစိုးရက စစ္ဗိုလ္ခ်ဳပ္ေတြရဲ႕ သားသမီးေတြကို ၂၀၁၀ ခုႏွစ္တုန္းက ျပည္ဝင္ခြင့္႐ုပ္သိမ္းၿပီး ေနရပ္ျပန္ေစခဲ့တဲ့အတိုင္း အခုလည္း ထပ္လုပ္ပါ။” လို႔ NSW ျပည္နယ္လႊတ္ေတာ္အမတ္ Jamie Parker က ေျပာပါတယ္။
Greens ပါတီ လႊတ္ေတာ္အမတ္ Jamie Parker ဟာ ျမန္မာ့အေရးကို အၿမဲတမ္း တက္တက္ႂကြႂကြ ေျပာဆိုလႈပ္ရွားတဲ့ လႊတ္ေတာ္အမတ္လည္း ျဖစ္ပါတယ္။
၂၀၀၇ ခုႏွစ္ ေရႊဝါေရာင္ေတာ္လွန္ေရးအတြင္း ျပည္သူေတြကို အၾကမ္းဖက္ ႏွိမ္နင္းမႈနဲ႔ ၂၀၀၈ နာဂစ္မုန္တိုင္းအတြင္း ျပည္သူေတြအေပၚ လူသားခ်င္း စာနာေရးဆိုင္ရာ အကူအညီေတြကို ပိတ္ဆို႔ ကန္႔သတ္ခဲ့တဲ့အတြက္ ၾသစေၾတးလ်မွာ တကၠသိုလ္တက္ေနတဲ့ ေလတပ္က ဗိုလ္ခ်ဳပ္ဇင္ေယာ္ရဲ႕သမီး အပါအဝင္ စစ္တပ္အသိုင္းအဝုိင္းက မိသားစုဝင္တခ်ဳိ႕ကုိ ၾသစေၾတးလ် အစိုးရက ၂၀၁၀ မွာ ျပည္ဝင္ခြင့္ဗီဇာ ႐ုပ္သိမ္းၿပီး ေနရပ္ျပန္ပို႔ခဲ့ပါတယ္။
ဆစ္ဒနီၿမိဳ႕ ၿမိဳ႕ေတာ္ခန္းမေရွ႕မွာ စုေဝးဆႏၵျပသူေတြဟာ အဲဒီကေန NSW ျပည္နယ္လႊတ္ေတာ္ရွိတဲ့ ေနရာအထိ လမ္းေလွ်ာက္ခ်ီတက္ ဆႏၵျပခဲ့ၾကပါတယ္။ အလားတူ ဆစ္ဒနီၿမိဳ႕မွာရွိတဲ့ ျမန္မာမိသားစုေတြကလည္း ျမန္မာႏိုင္ငံက CDM လႈပ္ရွားမႈမွာ ပါဝင္ေနသူေတြအတြက္ ရန္ပံုေငြရွာပြဲကို ဒီေန႔ ျပဳလုပ္ခဲ့ၾကတာမွာ ၾသစေၾတးလ်ေဒၚလာ ၃၄,၀၀၀ ေက်ာ္ ရရွိခဲ့ပါတယ္။
----------------------
(Unicode)
သြစတြေးလျရောက် မြန်မာများ စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြ
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြနေကြတဲ့ မြန်မာပြည်သူတွေနဲ့ တသားတည်းရှိတယ်ဆိုတာ ပြသတဲ့အနေနဲ့ သြစတြေးလျနိုင်ငံ ဆစ်ဒနီ၊ ဘရစ္စဘိန်း၊ မဲလ်ဘုန်းနဲ့ ပါ့သ်မြို့တွေမှာ ဒီနေ့ ဆန္ဒပြပွဲတွေ လုပ်ခဲ့ကြပါတယ်။
သြစတြေးလျရောက် မြန်မာလူငယ်တွေ၊ ကျောင်းသားတွေနဲ့ သြစတြေးလျ ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်တွေ စုပေါင်းစီစဉ် ဆန္ဒပြကြတာ ဖြစ်ပါတယ်။
ဆစ်ဒနီမြို့လယ် မြို့တော်ခန်းမရှေ့မှာ ပြုလုပ်တဲ့ ဆန္ဒပြပွဲမှာ မိုးတွေရွာနေတဲ့ကြားကပဲ ဆန္ဒပြသူ ၂၀၀ လောက် စုဝေး ဆန္ဒပြခဲ့ပါတယ်။ ဒီဆန္ဒပြပွဲမှာ NSW ပြည်နယ်လွှတ်တော်အမတ်တယောက်ဖြစ်တဲ့ Jamie Parker လည်းပါဝင်ပြီး သြစတြေးလျ အစိုးရကို ခုလိုတိုက်တွန်းခဲ့ပါတယ်။
“သြစတြေးလျအစိုးရ အနေနဲ့ မြန်မာစစ်အာဏာသိမ်း ခေါင်းဆောင်တွေအပေါ် ပစ်မှတ်ထား အရေးယူ ဒဏ်ခတ်မှုတွေလုပ်ဖို့ လိုအပ်သလို သြစတြေးလျနိုင်ငံမှာ လာရောက်နေထိုင် ပညာသင်နေကြတဲ့ သူတို့ရဲ့ သားသမီး မိသားစုတွေ၊ စစ်တပ်နဲ့ နီးစပ်သူတွေကိုပါ ပြည်ဝင်ခွင့်ဗီဇာ ရုပ်သိမ်းပေးဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ သြစတြေးလျ အစိုးရက စစ်ဗိုလ်ချုပ်တွေရဲ့ သားသမီးတွေကို ၂၀၁၀ ခုနှစ်တုန်းက ပြည်ဝင်ခွင့်ရုပ်သိမ်းပြီး နေရပ်ပြန်စေခဲ့တဲ့အတိုင်း အခုလည်း ထပ်လုပ်ပါ။” လို့ NSW ပြည်နယ်လွှတ်တော်အမတ် Jamie Parker က ပြောပါတယ်။
Greens ပါတီ လွှတ်တော်အမတ် Jamie Parker ဟာ မြန်မာ့အရေးကို အမြဲတမ်း တက်တက်ကြွကြွ ပြောဆိုလှုပ်ရှားတဲ့ လွှတ်တော်အမတ်လည်း ဖြစ်ပါတယ်။
၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးအတွင်း ပြည်သူတွေကို အကြမ်းဖက် နှိမ်နင်းမှုနဲ့ ၂၀၀၈ နာဂစ်မုန်တိုင်းအတွင်း ပြည်သူတွေအပေါ် လူသားချင်း စာနာရေးဆိုင်ရာ အကူအညီတွေကို ပိတ်ဆို့ ကန့်သတ်ခဲ့တဲ့အတွက် သြစတြေးလျမှာ တက္ကသိုလ်တက်နေတဲ့ လေတပ်က ဗိုလ်ချုပ်ဇင်ယော်ရဲ့သမီး အပါအဝင် စစ်တပ်အသိုင်းအဝိုင်းက မိသားစုဝင်တချို့ကို သြစတြေးလျ အစိုးရက ၂၀၁၀ မှာ ပြည်ဝင်ခွင့်ဗီဇာ ရုပ်သိမ်းပြီး နေရပ်ပြန်ပို့ခဲ့ပါတယ်။
ဆစ်ဒနီမြို့ မြို့တော်ခန်းမရှေ့မှာ စုဝေးဆန္ဒပြသူတွေဟာ အဲဒီကနေ NSW ပြည်နယ်လွှတ်တော်ရှိတဲ့ နေရာအထိ လမ်းလျှောက်ချီတက် ဆန္ဒပြခဲ့ကြပါတယ်။ အလားတူ ဆစ်ဒနီမြို့မှာရှိတဲ့ မြန်မာမိသားစုတွေကလည်း မြန်မာနိုင်ငံက CDM လှုပ်ရှားမှုမှာ ပါဝင်နေသူတွေအတွက် ရန်ပုံငွေရှာပွဲကို ဒီနေ့ ပြုလုပ်ခဲ့ကြတာမှာ သြစတြေးလျဒေါ်လာ ၃၄,၀၀၀ ကျော် ရရှိခဲ့ပါတယ်။