သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

လတ္တေလာ ထြက္ေပါက္ ႏွင့္ ေရရွည္အလားအလာ


Anti-coup protesters holding pictures of those who died during a protest against the military offer prayers for them, in Yangon, Myanmar, Monday, April 5, 2021. Threats of lethal violence and arrests of protesters have failed to suppress daily demonstrations across Myanmar demand
လတ္တေလာ ထြက္ေပါက္ ႏွင့္ ေရရွည္အလားအလာ
please wait

No media source currently available

0:00 0:11:33 0:00
တိုက္႐ိုက္ လင့္ခ္

ျမန္မာႏိုင္ငံမွာ ျဖစ္ပါြးေနတဲ့ ဒီမိုကေရစီေရးလူထုလႈပ္ရွားမႈ အေစာတလ်င္ ထြက္ေပါက္ရရွိေရးအတြက္ ဘယ္လိုအေျခအေနေတြ လိုအပ္ေနပါသလဲ၊ ေရရွည္ျဖစ္သြားႏိုင္တဲ့ အလားအလာေကာ ဘယ္ေလာက္ရွိေနပါသလဲ ၊ ျမန္မာ့အေရးသုံးသပ္သူ ေဒါက္တာတင္ေမာင္သန္းနဲ႔ ဦးေက်ာ္ဇံသာ ေဆြြြးေႏြးသုံးသပ္ထားပါတယ္။

ေမး ။ ။ ဆရာက စစ္တပ္က ျမန္မာႏုိင္ငံမွာ ဒီတႀကိမ္ အာဏာမသိမ္းခင္ကတည္းက ႀကိဳၿပီးေတာ့ အာဏာသိမ္းလိမ့္မယ္လို႔ ေဟာကိန္းထုတ္ခဲ့တယ္လို႔ က်ေနာ္ မွတ္မိေနပါတယ္။ လူတခ်ဳိ ႔က ဆရာကို ႏွပ္ေၾကာင္းေပးခဲ့တယ္လို႔ေတာင္ ေျပာခဲ့ၾကတယ္ - အဲဒါ ဟုတ္ပါသလား ဆရာ။

ေျဖ ။ ။ ဟုတ္ပါတယ္ ဆရာ။

ေမး ။ ။ အခုလဲပဲ ေဟာကိန္းထုတ္မယ့္ကိစၥကို ေမးရမလို ျဖစ္ေနပါတယ္။ က်ေနာ္ ေမးခ်င္တာကေတာ့ - အခ်က္အလက္ေပၚ မူတည္ၿပီး ေျပာၾကတာေပါ့ - အခု ျမန္မာႏို္င္ငံမွာ အာဏာသိမ္းတဲ့ စစ္တပ္က သူတုိ႔ေမွ်ာ္မွန္းခ်က္အတုိင္း ေပါက္ေျမာက္ႏိုင္မယ့္ အလားအလာ ဘယ္ေလာက္ ရိွပါသလဲဆိုတာ။ သူတို႔ရဲ ႔အင္အား ဘယ္ေလာက္ေကာင္းလာသလဲဆုိတာကို ပထမဦးဆံုး သံုးသပ္ေစခ်င္ပါတယ္။ လူထုေထာက္ခံမႈက တျဖည္းျဖည္းက်ရွံဳးေနတယ္လို႔ က်ေနာ္ျမင္တယ္။ အာဏာသိမ္းတဲ့ စစ္တပ္က သူတို႔ေမွ်ာ္မွန္းခ်က္ ေပါက္ေျမာက္ႏိုင္တဲ့ အလားအလာကို လႊမ္းၿခံဳသံုးသပ္ေပးပါ။ ေလာေလာဆယ္ ျပည္တြင္းအေျခအေနကို ၾကည့္မယ္ဆိုရင္ တပ္က အာဏာသိမ္းလာတာ ႏွစ္လေက်ာ္လာခဲ့ၿပီ။ ဒါေပမဲ့ သူတို႔ေတြက ၿငိမ္ဝပ္ပိျပားေရးကို မတည္ေဆာက္ႏိုင္ဘူး။ တရားဥပေဒ စိုးမိုးေရးဆိုတာ အင္မတန္ အလွမ္းေဝးၿပီး၊ သူတို႔ဘက္ကေန ခ်ဳိးေဖာက္ေနတာ အမ်ားႀကီး။ စီးပြားေရးကလည္း လံုးဝက်ဆင္းလာတယ္။ အကုန္လံုး ရပ္ဆိုင္းေနတယ္။ အဖက္ဖက္က ျဖစ္လာေတာ့ ပထမဦးဆံုး တိုင္းျပည္ကို ျပန္ၿပီးေတာ့ထိန္းဖို႔ သူတုိ႔လိုခ်င္တဲ့အဆင့္ကို မသြားခင္၊ တုိင္းျပည္ကို ျပန္ထိန္းဖို႔ေတာင္ အေတာ္ေလး အခက္အခဲ ျဖစ္ေနတဲ့ကာလ ျဖစ္ပါတယ္။

ေျဖ ။ ။ ေယဘုယ်အားျဖင့္ ေျပာလို႔ရိွရင္ ဒီမိုကေရစီ အကူးအေျပာင္းေတြ ေအာင္ျမင္လား၊ မေအာင္ျမင္လား ဆိုတာကို တိုင္းတာတဲ့ အခ်က္အလက္ေတြ ရိွပါတယ္။ အဲဒီလို တုိင္းတာတဲ့ အခ်က္အလက္ေတြနဲ႔ ၾကည့္လို႔ရိွရင္ ျမန္မာျပည္ဟာ ေနာက္ဆုတ္သြားဖို႔ အဖြင့္ကိုသြားေပမယ့္၊ အကူးအထိ မသြားႏိုင္ဘဲနဲ႔ စစ္ႏိုင္ငံေတာ္အျဖစ္ ျပန္သြားဖို႔ အလားအလာေတြ အမ်ားႀကီး ရိွပါတယ္။ ဒါထက္ပိုၿပီးေတာ့ ဆုိးႏိုင္တာကေတာ့ အထူးသျဖင့္ ဘာသာေရးဆုိင္ရာ ပုဂၢိဳလ္ေတြနဲ႔ လႊဲၿပီးေတာ့ ဗုဒၶဘာသာ အီရန္ႏုိင္ငံမ်ဳိးေတာင္ ျမန္မာႏိုင္ငံက ျဖစ္ေကာင္းျဖစ္သြားႏိုင္ပါတယ္။

ေမး ။ ။ ဒါေပမဲ့ ျပည္သူလူထုကေရာ အဲဒီေနာက္ကို လိုက္ပါႏိုင္ပါ့မလား။ တဘက္က စဥ္းစားမိတာကေတာ့ ျပည္သူလူထုမွာ သူတို႔အင္အားက လံုးဝေနာက္မဆုတ္ဘူး။ ပိုမိုၿပီးေတာ့ ျပည္တြင္းမွာ စစ္တပ္ရဲ ႔ လုပ္ရပ္ေတြကို မုန္းတီး။ သူတုိ႔က ဖိႏိွပ္ေလ၊ ျပည္သူေတြက မုန္းတီးစိတ္နဲ႔ ပိုမိုအံုၾကြေလ ျဖစ္လာၾကတာကို ေတြ႔ရပါတယ္။ သို႔ေပမဲ့လဲ ျပည္သူလူထုဘက္က တခ်ဳိ ႔က ေျပာၾကတာက ဒီမိုကေရစီ ေတာင္းဆိုတဲ့ဘက္မွာ အားနည္းမႈေတြ ရိွတယ္။ သူတုိ႔က ေထာက္ခံမႈ အမ်ားႀကီးရတယ္။ အဲဒါကို တစုတစည္းတည္းျဖစ္ေအာင္ လုပ္ႏိုင္တဲ့၊ ခိုင္မာျပတ္သားေသာ ေခါင္းေဆာင္မႈ လိုေနတယ္။ မဟာဗ်ဴဟာလိုေနတယ္ စသည္ျဖင့္ အမ်ဳိးမ်ဳိးသံုးသပ္ၾကပါတယ္။ အဲဒါကို ဆရာ ဘယ္လိုျမင္သလဲ။

ေျဖ ။ ။ က်ေနာ္ကေတာ့ အဲဒီအပိုင္းမွာ သိပ္အားနည္းတယ္လို႔ မထင္ဘူး။ တကယ့္ အဓိကျပႆနာက ေသနတ္ေျပာင္းက အာဏာထြက္တယ္။ ေသနတ္နဲ႔ အုပ္ခ်ဳပ္တယ္။ လက္နက္နဲ႔ အုပ္ခ်ဳပ္တယ္။ မတရားအုပ္ခ်ဳပ္မႈကို ခုခံဆန္႔က်င္တဲ့ ေနရာမွာ ျပည္တြင္းအင္အားစု တစ္စုတည္းပဲ ရိွေသးတယ္။ နိုင္ငံတကာက လံုေလာက္တဲ့စနစ္ စီမံကိန္း၊ အေရးယူေဆာင္ရြက္မႈေတြ မလုပ္ႏုိင္ေသးတာက အဓိကျပႆနာလို႔ က်ေနာ္ထင္တယ္။ ကမာၻႀကီးအေနနဲ႔ ေျပာရမယ္ဆိုရင္ေပါ့။ အခုလႈပ္ရွားမႈတခုလံုးက ေခါင္းေဆာင္မႈက ေပးတာထက္၊ ဆန္႔က်င္ကန္႔ကြက္ၾကတာ လူတိုင္းလူတိုင္းက သူ႔အသိစိတ္ဓါတ္နဲ႔ ဆန္က်င္ကန္႔ကြက္ၾကတာ။ ဒါေၾကာင့္ ေယဘုယ် ႏုိင္ငံေရးအမွန္တရားတခုကေတာ့ ေသနတ္ေျပာင္းဝက အာဏာထြက္တယ္ဆိုတာ ေရရွည္မဟုတ္ေပမယ့္ ကာလတစံုတရာ အထိကေတာ့ ဒီအတိုင္းပဲ ရိွႏိုင္တယ္။ ဒါေၾကာင့္မုိ႔လို႔ ေခါင္းေဆာင္မႈ အားနည္းတယ္။ ျပည္သူလူထုဘက္မွာ စုစည္းမႈ အားနည္းတယ္ဆိုတာထက္ ေသနတ္က စကားေျပာတယ္။ အဲဒီေသနတ္ကို ခ်ဳပ္ထိန္းႏိုင္တဲ့ နည္းနာယႏၱရား၊ စနစ္ ကမာၻႀကီးက တည္ေဆာက္ထားမႈ မရိွဘူး။ ဒါေၾကာင့္မို႔ ျဖစ္တာပါ။

ေမး ။ ။ ဆိုေတာ့ ႏုိင္ငံတကာရဲ ႔ က႑ကို မေျပာခင္ ျပည္တြင္းက တုိင္းရင္းသားလက္နက္ကိုင္ အင္အားစုေတြ၊ ေတာ္လွန္ေရးအဖြဲ႔ေတြရဲ ႔ အခန္းက႑ကို ဒီေနရာမွာ ေျပာခ်င္တယ္။ အစတုန္းကေတာ့ စစ္တပ္က သူတုုိ႔ကို ဖယ္ဒရယ္ျပည္ေထာင္စု ဘာညာနဲ႔ ေၾကြးေၾကာ္ခဲ့တယ္။ အပစ္အခတ္ရပ္စဲေရးကို တစ္လေၾကညာတယ္။ ဘာညာလုပ္ခဲ့တယ္။ သို႔ေသာ္လဲ သူတုိ႔ရဲ ႔ လုပ္ရပ္ေပၚမွာ တုိင္းရင္းသားအင္အားစုေတြဘက္က ယံုယံုၾကည္ၾကည္ သိပ္ရိွပံု မျပၾကဘူး။ သူတို႔ဟာ ျပည္သူဘက္က ရပ္တည္မယ္ ျဖစ္တယ္။ ျပည္သူကလည္း သူတုိ႔ကို အားကိုးၿပီးေတာ့ စစ္တပ္ကို အၾကမ္းဖက္အဖြဲ႔လို႔ သတ္မွတ္လာၾကတယ္။ ဆိုေတာ့ ဒီဟာက ဘယ္ေလာက္ အေရးႀကီးသလဲ။ တုိင္းရင္းသားအင္အားစုေတြ - အခုဆုိရင္ ကခ်င္၊ ကရင္တို႔ဘက္မွာ တိုက္ေနၾကၿပီ။ ဆိုေတာ့ ဒီဟာက ေစာေစာက ဆရာေျပာတယ္ ‘ဝ’ က မပါေသးဘူး ဆိုေပမယ့္၊ ဒီတုိင္းရင္းသားေတြရဲ ႔ ျပည္သူဘက္က ပါဝင္လာမႈ၊ ေတာ္လွန္္ေရးအင္အားစုေတြဘက္က ပါဝင္လာမႈက ပိုမုိခိုင္မာလာတယ္လို႔ မသတ္မွတ္ႏိုင္ဘူးလား။

ေျဖ ။ ။ ပိုၿပီးေတာ့ ခိုင္မာလာပါတယ္။ ဒါေပမဲ့ ဆရာ ေစာေစာကေျပာသြားတဲ့ အခ်က္ - တိုင္းရင္းသားေတြက ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲမွာ စစ္တပ္အေပၚ ယံုၾကည္မႈဆိုတာ။ ပထမဦးဆံုးကေတာ့ စစ္တပ္ကိုယ္က မယံုၾကည္ဘူးလို႔ က်ေနာ္ထင္တယ္။ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈ္င္ ကိုယ္တုိင္က (၂၁) ရာစု ပင္လံုမွာ ေျပာသြားတယ္။ EAO တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔ေတြက မရိုးသားဘူး။ ဆိတ္ေခါင္းခ်ိတ္ၿပီး ေခြးသားေရာင္းေနတယ္ဆိုတဲ့ စကားကို အဲဒီညီလာခံႀကီးမွာ ေျပာသြားတယ္။ အဲဒီေတာ့ လက္ရိွအတိုင္းသြားေနလို႔ကေတာ့ ပဋိပကၡေတြက ျဖစ္ေနမွာပဲ။ နံပတ္တစ္ တုိင္းရင္းသား လက္နက္ကိုင္အဖြဲ႔ေတြအေပၚမွာ ယံုၾကည္မႈမရိွဘူး။ ဆန္႔က်င္တဲ့စကားေတြကို ေျပာထားတယ္။ အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ လူထုတရပ္လံုးက ေထာက္ခံတဲ့ အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ကိုလည္း ရန္ဘက္လို႔ ဆက္ဆံေနတယ္။ ဒါေတြအားလံုးဟာ တိုင္းျပည္အတြက္ ေကာင္းတဲ့လကၡဏာ မဟုတ္ဘူး။ အဲဒီကေန ထြက္ေပါက္လိုခ်င္တယ္ဆိုရင္ တပ္တြင္းမွာ ေခါင္းေဆာင္မႈ အေျပာင္းအလဲရိွမွ ထြက္ေပါက္ရလိမ့္မယ္လို႔ က်ေနာ္ ထင္တယ္။

ေမး ။ ။ တိုင္းရင္းသားေတြဘက္က အခု တခ်ဳိ ႔က ေမွ်ာ္မွန္းေနၾကတာက ဖယ္ဒရယ္တပ္မေတာ္ - Federal Army တည္ေထာင္မယ္ဆုိတဲ့ကိစၥ။ ဒါကေတာ့ တပ္တတပ္ တည္ေထာင္ဖုိ႔ဆိုတာ သူ႔ရဲ ႔ စည္းမ်ဥ္း၊ စည္းကမ္းေတြနဲ႔ ေတာ္ေတာ္ေလး အခ်ိန္ယူ ၾကန္႔ၾကာႏိုင္မယ့္ ကိစၥ ျဖစ္ပါတယ္။ ေလာေလာဆယ္မွာေတာ့ သူတုိ႔စုေပါင္းၿပီးေတာ့ တိုက္တဲ့ခိုက္တဲ့ ပံုစံမ်ဳိး ျဖစ္လာပါလိမ့္မယ္။ ၈၈ ေနာက္ပိုင္းမွာလဲ တပ္ေပါင္းစုဖြဲ႔ၿပီးေတာ့ တုိက္ဖို႔လုပ္ခဲ့ၾကတာ ရိွပါတယ္။ ဆိုေတာ့ သူတုိ႔က ႏုိင္ငံေရးအားျဖင့္ ေထာက္ခံမႈအျပင္၊ သူတုိ႔ရဲ ႔ ဖိအား။ စစ္ေရးဖိအားက ထိေရာက္ႏိုင္ပါ့မလား။ ဒါလဲ သံသယေတာ့ ရိွစရာေကာင္းမယ္ ထင္တယ္ဆရာ။

ေျဖ ။ ။ တရုတ္္အေနအထား။ ဒါကလဲ ရုရွားနဲ႔ အင္တာဗ်ဴးမွာ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္ ကိုယ္တုိင္က ႏုိင္ငံႀကီးတႏုိင္ငံ ရိွေနေသးတာေၾကာင့္ အခက္အခဲေတြ ရိွေနေသးတယ္လို႔ ဒီလိုေျပာသြားတယ္။ ဆိုေတာ့ တရုတ္ရဲ ႔ အေနအထားကိုက က်ေနာ္တို႔ ဘယ္လို သေဘာထားမလဲဆိုတဲ့အေပၚ မူတည္တယ္။ ‘ဝ’ တပ္မေတာ္ ပါဝင္မႈ၊ မပါဝင္မႈက စုစည္းႏုိင္မႈေပၚမွာ မူတည္ပါတယ္။ အခုဟာက ကခ်င္နဲ႔ ကရင္၊ လက္နက္ကိုင္ တပ္ဖြဲ႔ႏွစ္ဖြဲ႔ကို အဓိကထားေနရတယ္ အတြက္ေၾကာင့္မို႔ ေလာေလာဆယ္မွာေတာ့ အားအင္ ဒီေလာက္မေကာင္းေသးဘူးလို႔ ေျပာရမွာပါ။

ေမး ။ ။ ဒါေပမဲ့ တရုတ္ကေတာ့ ဝေတြကို ေျမွာက္ေပးၿပီးေတာ့ တိုက္ၾကပါကြာဆိုတဲ့ ပံုစံမ်ဳိးေတာ့ လုပ္မွာမဟုတ္ဘူး။ တကယ္လို႔ စစ္ေရးသား ပိုမိုအားေကာင္းလာရင္ေတာ့ သူတုိ႔ရဲ ႔ စီးပြားေရးလုပ္ကြက္ေတြလည္း ထိခိုက္သြားႏိုင္တယ္ဆိုတာကို တရုတ္က တြက္ထားၿပီးသား ျဖစ္မွာပါ။ ဆိုေတာ့ တရုတ္ရဲ ႔ အျဖစ္ႏုိင္ဆံုးနည္းကေတာ့ ႏွစ္ဘက္ေျပလည္ေအာင္ လုပ္မယ္ဆိုတာကို ႏိုင္ငံတကာမွာလည္း တက္တက္ၿပီးေတာ့ ေျပာေနပါတယ္။ အဲဒီနည္းလမ္းေကာ ျဖစ္ႏုိင္ပါ့မလား။ နားဝင္ပါ့မလား။ ႏွစ္ဘက္စလံုးကို တရုတ္က အဲဒီလို ျဖစ္ေစခ်င္တာ ဒီအခ်ိန္မွာ။။

ေျဖ ။ ။ တပ္မေတာ္ေခါင္းေဆာင္ လက္ရိွေခါင္းေဆာင္ေတြ အနားယူၿပီးေတာ့ ေနာက္ထပ္ေခါင္းေဆာင္သစ္ေတြ မေပၚလာခဲ့ဘူးဆိုရင္ ေတြ႔ဆံုေဆြးေႏြးေရးက ဒုတိယအေကာင္းဆံုး လမ္းေၾကာင္းလို႔ က်ေနာ္ထင္တယ္။ တိုင္းျပည္အတြက္ - ျဖစ္မျဖစ္ဆိုတာကေတာ့ လက္ရိွေခါင္းမာေနပံုအရဆုိရင္ အလားအလာနည္းတယ္လို႔ ေျပာလို႔ရတယ္။ ဒါကလဲ လက္ရိွ တပ္မေတာ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈ္င္နဲ႔ ေခါင္းေဆာင္ေတြက ငါတို႔မွာ တျခားနည္းလမ္း မရိွဘူးဆိုတဲ့ အေျခအေနကို ေရာက္သြားမွာပဲ သူက ေဆြးေႏြးပိုင္းကို ေရာက္မယ့္သေဘာ ရိွပါတယ္။ အဲဒီအေျခအေနကို ေရာက္သြားႏိုင္ေအာင္လဲ ႏုိင္ငံတကာက ဆက္ၿပီးေတာ့ ဖိအားေပးႏိုင္မလားဆိုတာ သူတုိ႔ေပၚမွာ အမ်ားႀကီးမူတည္ပါတယ္။ ျပည္တြင္းလႈပ္ရွားမႈေတြေပၚမွာလည္း အမ်ားႀကီး မူတည္ပါတယ္။ ဒါေၾကာင့္ ဒီလႈပ္ရွားမႈေတြရဲ ႔ ျဖစ္ေပၚတိုးတက္မႈေတြ၊ ထိန္းသိမ္းႏိုင္မႈေတြကို က်ေနာ္တို႔ ဆက္ၿပီးေစာင့္ၾကည့္မွာပဲ အနာဂတ္ ဘယ္လိုသြားမလဲဆိုတာကို ေျပာႏုိင္မယ္လို႔ထင္တယ္။

ေမး ။ ။ အခုေလာေလာဆယ္မွာေတာ့ တုိင္းျပည္နစ္နာတယ္။ တုိင္းျပည္ဆုိတာထက္ ျပည္သူလူထု အမ်ားႀကီးနစ္နာတယ္။ ေနမေကာင္းတဲ့လူေတြ လြတ္လြတ္လပ္လပ္ ဒီအတုိင္း ေဆးမကုႏုိင္ဘူး။ ဝန္ထမ္းေတြ လခ မရဘူး။ စားဝတ္ေနေရး အက်ပ္အတည္းအမ်ဳိးမ်ဳိး ျဖစ္လာတယ္ဆိုေတာ့ ဒီအက်ပ္အတည္းေတြကို စစ္တပ္က သူတုိ႔က တိုင္းျပည္ကို မွန္မွန္ကန္ကန္ မအုပ္ခ်ဳပ္ႏိုင္ဘူး။ သူတုိ႔ဘက္မွာလဲ အက်ပ္အတည္းေတြ ရိွတယ္ဆိုေတာ့ ႏွစ္ဘက္စလံုး ႀကံဳေနရတဲ့ အက်ပ္အတည္းကို ဘယ္ဘက္က ပိုမိုႀကံ့ႀကံ့ခံႏိုင္မယ္လို႔ ထင္သလဲ။ ျပည္သူလူထုက ပိုမုိႀကံ့ႀကံ့ခံၿပီးေတာ့ ဆက္လက္တိုက္ပြဲဝင္ႏုိင္မလား။ သို႔တည္းမဟုတ္ စစ္တပ္ကပဲ ႀကံ့ႀကံ့ခံၿပီးေတာ့ ငါတုိ႔လုပ္ခ်င္တာကို အတင္းလုပ္မယ္ဆုိၿပီးေတာ့ အင္အားသံုးၿပီးေတာ့ ႀကံ့ႀကံ့ခံႏုိင္သလား။

ေျဖ ။ ။ အခုက ဒီလို လူထုလႈပ္ရွားမႈရဲ ႔ သေဘာသဘာဝကိုေတြက တစံုတရာ လူထုလႈပ္ရွားမႈလုပ္တယ္။ ၿပီးရင္ ျပန္ဆုတ္ရတယ္။ အကန္႔အသတ္ေတြ ရိွတယ္။ ဒါက သူ႔ရဲ ႔ သေဘာသဘာဝ။ တပြဲတည္းနဲ႔ ၿပီးတာမဟုတ္ဘူး။ ဆရာလည္း သမိုင္းအမ်ားႀကီး ေလ့လာခဲ့တဲ့လူဆိုေတာ့ ဘယ္ႏိုင္ငံရဲ ႔ သမိုင္းမွာပဲျဖစ္ျဖစ္ မ်ဳိးဆက္ခ်ီၿပီးေတာ့ ရုန္းကန္လႈပ္ရွားရတာပါ။ ဒီမိုကေရစီနဲ႔ လူ႔အခြင့္အေရး လႈပ္ရွားမႈဆိုတာ။ တခ်ီတေမာင္းနဲ႔ ၿပီးရိုးထံုးစံ မရိွပါဘူး။ အဲဒီေထာင့္ကေနလဲ ၾကည့္လို႔ မရပါဘူး။ ဒါေၾကာင့္ ေရရွည္အားျဖင့္ တပ္မေတာ္က အခုေခါင္းေဆာင္ေတြက ဆက္ၿပီးေတာ့ အာဏာယူထားမယ္။ ဘာပဲျဖစ္ျဖစ္ ဆက္ၿပီးေတာ့ သြားမယ္ဆိုရင္ေတာ့ က်ေနာ္တုိ႔က ေရရွည္တိုက္ပြဲသ႑ာန္ ျဖစ္လာတဲ့အတြက္ေၾကာင့္မို႔ ေရရွည္မဟာဗ်ဴဟာ တုိက္ပြဲပံုစံကို ေျပာင္းရမွာပါ။ ဥပမာ ေတာင္အာဖရိကမွာလုပ္တဲ့ MPLAN ဆိုတာမ်ဳိး။ ဆက္ၿပီးေတာ့ ရုန္းကန္လႈပ္ရွားၾကရမွာပါ။ ဒါေပမဲ့ မတရား ဖိႏိွပ္မႈေၾကာင့္ တစံုတရာ ယာယီရပ္နားတာမ်ဳိး၊ ရပ္ဆုိင္းရတာမ်ဳိး၊ ယာယီၿငိမ္ရတာမ်ဳိး ျဖစ္ေကာင္းျဖစ္ႏိုင္တယ္။ ဒါေပမဲ့ ဒါကမၿပီးႏုိင္ဘူး။ တၿပိဳင္တည္းမွာပဲ တုိင္းရင္းသားလက္နက္ကိုင္အဖြဲ႔ေတြရဲ ႔ လႈပ္ရွားမႈေတြကလည္း တုိးမ်ားလာစရာအေၾကာင္း ရိွတယ္။ ဒါေၾကာင့္မို႔ ျပည္တြင္းစစ္ျဖစ္ၿပီး ဆီးရီးယားလို ျဖစ္မလားဆိုတဲ့ ဂါဒီးယန္းသတင္းစာႀကီးရဲ ႔ ခန္႔မွန္းခ်က္ေတြလည္း ရိွလာခဲ့တယ္။

ေမး ။ ။ ျပည္တြင္းစစ္ ျဖစ္မလားဆိုတာက လြတ္လပ္ေရးရကတည္းက ျပည္တြင္းစစ္က ႏွစ္ေပါင္း (၇၀) ေက်ာ္ေလာက္ ျဖစ္လာခဲ့တာေပါ့။ ပိုၿပီးေတာ့ ၿမိဳ ႔ေပၚထိ ျပည္တြင္းစစ္က ပိုက်ယ္ျပန္႔လာမယ့္ သေဘာေပါ့။

ေျဖ ။ ။ ပိုမိုၿပီး ႀကီးမားလာမယ္ေပါ့။ ဒါေပမဲ့ ဒါကလဲ တရုတ္ရဲ ႔ ရပ္တည္ခ်က္ အေနအထားေပၚမွာ မူတည္ေနတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ‘ဝ’ တပ္မပါဘဲနဲ႔ တုိင္းရင္းသားလက္နက္ကိုင္အဖြဲ႔ေတြရဲ ႔ အင္အားက ေကာင္းမလားဆိုတာ သံသယရိွစရာေကာင္းတယ္။ ဒါေၾကာင့္မို႔ ဒီလိုအခင္းအက်င္း ျဖစ္လာဖို႔ဆုိတာက အေၾကာင္းအခ်က္ေတြ အမ်ားႀကီးရဲ ႔ လႈပ္ရွားမႈေပၚၾကည့္ၿပီးေတာ့မွ ေျပာလို႔ရတယ္။ အခုအခ်ိန္အထိက ပီပီျပင္ျပင္ က်ေနာ္တို႔ ဘာမွေျပာလို႔ မရေသးဘူး။ ႏုိင္ငံတကာ ဖိအားကလည္း CRPH နဲ႔ လူထုလႈပ္ရွားမႈ လုပ္ေနၾကတဲ့ လူေတြက လိုခ်င္တဲ့ အတိုင္းအတာအထိ မရေသးေပမယ့္ အရင္ထက္မတူတဲ့ ဖိအားေပးပံုမ်ဳိးကေတာ့ ေတြ႔လာေနရတယ္။ အထူးသျဖင့္ တရုတ္၊ အာဆီယံေပါ့။ ဒါေပမဲ့ အာဆီယံတို႔က ေျပာင္းသြားႏုိင္ေခ် အမ်ားႀကီးရိွပါတယ္။

==Unicode==

မြန်မာနိုင်ငံမှာ ဖြစ်ပါွးနေတဲ့ ဒီမိုကရေစီရေးလူထုလှုပ်ရှားမှု အစောတလျင် ထွက်ပေါက်ရရှိရေးအတွက် ဘယ်လိုအခြေအနေတွေ လိုအပ်နေပါသလဲ၊ ရေရှည်ဖြစ်သွားနိုင်တဲ့ အလားအလာကော ဘယ်လောက်ရှိနေပါသလဲ ၊ မြန်မာ့အရေးသုံးသပ်သူ ဒေါက်တာတင်မောင်သန်းနဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။

မေး ။ ။ ဆရာက စစ်တပ်က မြန်မာနိုင်ငံမှာ ဒီတကြိမ် အာဏာမသိမ်းခင်ကတည်းက ကြိုပြီးတော့ အာဏာသိမ်းလိမ့်မယ်လို့ ဟောကိန်းထုတ်ခဲ့တယ်လို့ ကျနော် မှတ်မိနေပါတယ်။ လူတချို့က ဆရာကို နှပ်ကြောင်းပေးခဲ့တယ်လို့တောင် ပြောခဲ့ကြတယ် - အဲဒါ ဟုတ်ပါသလား ဆရာ။

ဖြေ ။ ။ ဟုတ်ပါတယ် ဆရာ။

မေး ။ ။ အခုလဲပဲ ဟောကိန်းထုတ်မယ့်ကိစ္စကို မေးရမလို ဖြစ်နေပါတယ်။ ကျနော် မေးချင်တာကတော့ - အချက်အလက်ပေါ် မူတည်ပြီး ပြောကြတာပေါ့ - အခု မြန်မာနိုင်ငံမှာ အာဏာသိမ်းတဲ့ စစ်တပ်က သူတို့မျှော်မှန်းချက်အတိုင်း ပေါက်မြောက်နိုင်မယ့် အလားအလာ ဘယ်လောက် ရှိပါသလဲဆိုတာ။ သူတို့ရဲ့အင်အား ဘယ်လောက်ကောင်းလာသလဲဆိုတာကို ပထမဦးဆုံး သုံးသပ်စေချင်ပါတယ်။ လူထုထောက်ခံမှုက တဖြည်းဖြည်းကျရှုံးနေတယ်လို့ ကျနော်မြင်တယ်။ အာဏာသိမ်းတဲ့ စစ်တပ်က သူတို့မျှော်မှန်းချက် ပေါက်မြောက်နိုင်တဲ့ အလားအလာကို လွှမ်းခြုံသုံးသပ်ပေးပါ။ လောလောဆယ် ပြည်တွင်းအခြေအနေကို ကြည့်မယ်ဆိုရင် တပ်က အာဏာသိမ်းလာတာ နှစ်လကျော်လာခဲ့ပြီ။ ဒါပေမဲ့ သူတို့တွေက ငြိမ်ဝပ်ပိပြားရေးကို မတည်ဆောက်နိုင်ဘူး။ တရားဥပဒေ စိုးမိုးရေးဆိုတာ အင်မတန် အလှမ်းဝေးပြီး၊ သူတို့ဘက်ကနေ ချိုးဖောက်နေတာ အများကြီး။ စီးပွားရေးကလည်း လုံးဝကျဆင်းလာတယ်။ အကုန်လုံး ရပ်ဆိုင်းနေတယ်။ အဖက်ဖက်က ဖြစ်လာတော့ ပထမဦးဆုံး တိုင်းပြည်ကို ပြန်ပြီးတော့ထိန်းဖို့ သူတို့လိုချင်တဲ့အဆင့်ကို မသွားခင်၊ တိုင်းပြည်ကို ပြန်ထိန်းဖို့တောင် အတော်လေး အခက်အခဲ ဖြစ်နေတဲ့ကာလ ဖြစ်ပါတယ်။

ဖြေ ။ ။ ယေဘုယျအားဖြင့် ပြောလို့ရှိရင် ဒီမိုကရေစီ အကူးအပြောင်းတွေ အောင်မြင်လား၊ မအောင်မြင်လား ဆိုတာကို တိုင်းတာတဲ့ အချက်အလက်တွေ ရှိပါတယ်။ အဲဒီလို တိုင်းတာတဲ့ အချက်အလက်တွေနဲ့ ကြည့်လို့ရှိရင် မြန်မာပြည်ဟာ နောက်ဆုတ်သွားဖို့ အဖွင့်ကိုသွားပေမယ့်၊ အကူးအထိ မသွားနိုင်ဘဲနဲ့ စစ်နိုင်ငံတော်အဖြစ် ပြန်သွားဖို့ အလားအလာတွေ အများကြီး ရှိပါတယ်။ ဒါထက်ပိုပြီးတော့ ဆိုးနိုင်တာကတော့ အထူးသဖြင့် ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်တွေနဲ့ လွှဲပြီးတော့ ဗုဒ္ဓဘာသာ အီရန်နိုင်ငံမျိုးတောင် မြန်မာနိုင်ငံက ဖြစ်ကောင်းဖြစ်သွားနိုင်ပါတယ်။

မေး ။ ။ ဒါပေမဲ့ ပြည်သူလူထုကရော အဲဒီနောက်ကို လိုက်ပါနိုင်ပါ့မလား။ တဘက်က စဉ်းစားမိတာကတော့ ပြည်သူလူထုမှာ သူတို့အင်အားက လုံးဝနောက်မဆုတ်ဘူး။ ပိုမိုပြီးတော့ ပြည်တွင်းမှာ စစ်တပ်ရဲ့ လုပ်ရပ်တွေကို မုန်းတီး။ သူတို့က ဖိနှိပ်လေ၊ ပြည်သူတွေက မုန်းတီးစိတ်နဲ့ ပိုမိုအုံကြွလေ ဖြစ်လာကြတာကို တွေ့ရပါတယ်။ သို့ပေမဲ့လဲ ပြည်သူလူထုဘက်က တချို့က ပြောကြတာက ဒီမိုကရေစီ တောင်းဆိုတဲ့ဘက်မှာ အားနည်းမှုတွေ ရှိတယ်။ သူတို့က ထောက်ခံမှု အများကြီးရတယ်။ အဲဒါကို တစုတစည်းတည်းဖြစ်အောင် လုပ်နိုင်တဲ့၊ ခိုင်မာပြတ်သားသော ခေါင်းဆောင်မှု လိုနေတယ်။ မဟာဗျူဟာလိုနေတယ် စသည်ဖြင့် အမျိုးမျိုးသုံးသပ်ကြပါတယ်။ အဲဒါကို ဆရာ ဘယ်လိုမြင်သလဲ။

ဖြေ ။ ။ ကျနော်ကတော့ အဲဒီအပိုင်းမှာ သိပ်အားနည်းတယ်လို့ မထင်ဘူး။ တကယ့် အဓိကပြဿနာက သေနတ်ပြောင်းက အာဏာထွက်တယ်။ သေနတ်နဲ့ အုပ်ချုပ်တယ်။ လက်နက်နဲ့ အုပ်ချုပ်တယ်။ မတရားအုပ်ချုပ်မှုကို ခုခံဆန့်ကျင်တဲ့ နေရာမှာ ပြည်တွင်းအင်အားစု တစ်စုတည်းပဲ ရှိသေးတယ်။ နိုင်ငံတကာက လုံလောက်တဲ့စနစ် စီမံကိန်း၊ အရေးယူဆောင်ရွက်မှုတွေ မလုပ်နိုင်သေးတာက အဓိကပြဿနာလို့ ကျနော်ထင်တယ်။ ကမ္ဘာကြီးအနေနဲ့ ပြောရမယ်ဆိုရင်ပေါ့။ အခုလှုပ်ရှားမှုတခုလုံးက ခေါင်းဆောင်မှုက ပေးတာထက်၊ ဆန့်ကျင်ကန့်ကွက်ကြတာ လူတိုင်းလူတိုင်းက သူ့အသိစိတ်ဓါတ်နဲ့ ဆန်ကျင်ကန့်ကွက်ကြတာ။ ဒါကြောင့် ယေဘုယျ နိုင်ငံရေးအမှန်တရားတခုကတော့ သေနတ်ပြောင်းဝက အာဏာထွက်တယ်ဆိုတာ ရေရှည်မဟုတ်ပေမယ့် ကာလတစုံတရာ အထိကတော့ ဒီအတိုင်းပဲ ရှိနိုင်တယ်။ ဒါကြောင့်မို့လို့ ခေါင်းဆောင်မှု အားနည်းတယ်။ ပြည်သူလူထုဘက်မှာ စုစည်းမှု အားနည်းတယ်ဆိုတာထက် သေနတ်က စကားပြောတယ်။ အဲဒီသေနတ်ကို ချုပ်ထိန်းနိုင်တဲ့ နည်းနာယန္တရား၊ စနစ် ကမ္ဘာကြီးက တည်ဆောက်ထားမှု မရှိဘူး။ ဒါကြောင့်မို့ ဖြစ်တာပါ။

မေး ။ ။ ဆိုတော့ နိုင်ငံတကာရဲ့ ကဏ္ဍကို မပြောခင် ပြည်တွင်းက တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေ၊ တော်လှန်ရေးအဖွဲ့တွေရဲ့ အခန်းကဏ္ဍကို ဒီနေရာမှာ ပြောချင်တယ်။ အစတုန်းကတော့ စစ်တပ်က သူတို့ကို ဖယ်ဒရယ်ပြည်ထောင်စု ဘာညာနဲ့ ကြွေးကြော်ခဲ့တယ်။ အပစ်အခတ်ရပ်စဲရေးကို တစ်လကြေညာတယ်။ ဘာညာလုပ်ခဲ့တယ်။ သို့သော်လဲ သူတို့ရဲ့ လုပ်ရပ်ပေါ်မှာ တိုင်းရင်းသားအင်အားစုတွေဘက်က ယုံယုံကြည်ကြည် သိပ်ရှိပုံ မပြကြဘူး။ သူတို့ဟာ ပြည်သူဘက်က ရပ်တည်မယ် ဖြစ်တယ်။ ပြည်သူကလည်း သူတို့ကို အားကိုးပြီးတော့ စစ်တပ်ကို အကြမ်းဖက်အဖွဲ့လို့ သတ်မှတ်လာကြတယ်။ ဆိုတော့ ဒီဟာက ဘယ်လောက် အရေးကြီးသလဲ။ တိုင်းရင်းသားအင်အားစုတွေ - အခုဆိုရင် ကချင်၊ ကရင်တို့ဘက်မှာ တိုက်နေကြပြီ။ ဆိုတော့ ဒီဟာက စောစောက ဆရာပြောတယ် ‘ဝ’ က မပါသေးဘူး ဆိုပေမယ့်၊ ဒီတိုင်းရင်းသားတွေရဲ့ ပြည်သူဘက်က ပါဝင်လာမှု၊ တော်လှန်ရေးအင်အားစုတွေဘက်က ပါဝင်လာမှုက ပိုမိုခိုင်မာလာတယ်လို့ မသတ်မှတ်နိုင်ဘူးလား။

ဖြေ ။ ။ ပိုပြီးတော့ ခိုင်မာလာပါတယ်။ ဒါပေမဲ့ ဆရာ စောစောကပြောသွားတဲ့ အချက် - တိုင်းရင်းသားတွေက ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ စစ်တပ်အပေါ် ယုံကြည်မှုဆိုတာ။ ပထမဦးဆုံးကတော့ စစ်တပ်ကိုယ်က မယုံကြည်ဘူးလို့ ကျနော်ထင်တယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကိုယ်တိုင်က (၂၁) ရာစု ပင်လုံမှာ ပြောသွားတယ်။ EAO တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက မရိုးသားဘူး။ ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းနေတယ်ဆိုတဲ့ စကားကို အဲဒီညီလာခံကြီးမှာ ပြောသွားတယ်။ အဲဒီတော့ လက်ရှိအတိုင်းသွားနေလို့ကတော့ ပဋိပက္ခတွေက ဖြစ်နေမှာပဲ။ နံပတ်တစ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအပေါ်မှာ ယုံကြည်မှုမရှိဘူး။ ဆန့်ကျင်တဲ့စကားတွေကို ပြောထားတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူထုတရပ်လုံးက ထောက်ခံတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုလည်း ရန်ဘက်လို့ ဆက်ဆံနေတယ်။ ဒါတွေအားလုံးဟာ တိုင်းပြည်အတွက် ကောင်းတဲ့လက္ခဏာ မဟုတ်ဘူး။ အဲဒီကနေ ထွက်ပေါက်လိုချင်တယ်ဆိုရင် တပ်တွင်းမှာ ခေါင်းဆောင်မှု အပြောင်းအလဲရှိမှ ထွက်ပေါက်ရလိမ့်မယ်လို့ ကျနော် ထင်တယ်။

မေး ။ ။ တိုင်းရင်းသားတွေဘက်က အခု တချို့က မျှော်မှန်းနေကြတာက ဖယ်ဒရယ်တပ်မတော် - Federal Army တည်ထောင်မယ်ဆိုတဲ့ကိစ္စ။ ဒါကတော့ တပ်တတပ် တည်ထောင်ဖို့ဆိုတာ သူ့ရဲ့ စည်းမျဉ်း၊ စည်းကမ်းတွေနဲ့ တော်တော်လေး အချိန်ယူ ကြန့်ကြာနိုင်မယ့် ကိစ္စ ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ သူတို့စုပေါင်းပြီးတော့ တိုက်တဲ့ခိုက်တဲ့ ပုံစံမျိုး ဖြစ်လာပါလိမ့်မယ်။ ၈၈ နောက်ပိုင်းမှာလဲ တပ်ပေါင်းစုဖွဲ့ပြီးတော့ တိုက်ဖို့လုပ်ခဲ့ကြတာ ရှိပါတယ်။ ဆိုတော့ သူတို့က နိုင်ငံရေးအားဖြင့် ထောက်ခံမှုအပြင်၊ သူတို့ရဲ့ ဖိအား။ စစ်ရေးဖိအားက ထိရောက်နိုင်ပါ့မလား။ ဒါလဲ သံသယတော့ ရှိစရာကောင်းမယ် ထင်တယ်ဆရာ။

ဖြေ ။ ။ တရုတ်အနေအထား။ ဒါကလဲ ရုရှားနဲ့ အင်တာဗျူးမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကိုယ်တိုင်က နိုင်ငံကြီးတနိုင်ငံ ရှိနေသေးတာကြောင့် အခက်အခဲတွေ ရှိနေသေးတယ်လို့ ဒီလိုပြောသွားတယ်။ ဆိုတော့ တရုတ်ရဲ့ အနေအထားကိုက ကျနော်တို့ ဘယ်လို သဘောထားမလဲဆိုတဲ့အပေါ် မူတည်တယ်။ ‘ဝ’ တပ်မတော် ပါဝင်မှု၊ မပါဝင်မှုက စုစည်းနိုင်မှုပေါ်မှာ မူတည်ပါတယ်။ အခုဟာက ကချင်နဲ့ ကရင်၊ လက်နက်ကိုင် တပ်ဖွဲ့နှစ်ဖွဲ့ကို အဓိကထားနေရတယ် အတွက်ကြောင့်မို့ လောလောဆယ်မှာတော့ အားအင် ဒီလောက်မကောင်းသေးဘူးလို့ ပြောရမှာပါ။

မေး ။ ။ ဒါပေမဲ့ တရုတ်ကတော့ ဝတွေကို မြှောက်ပေးပြီးတော့ တိုက်ကြပါကွာဆိုတဲ့ ပုံစံမျိုးတော့ လုပ်မှာမဟုတ်ဘူး။ တကယ်လို့ စစ်ရေးသား ပိုမိုအားကောင်းလာရင်တော့ သူတို့ရဲ့ စီးပွားရေးလုပ်ကွက်တွေလည်း ထိခိုက်သွားနိုင်တယ်ဆိုတာကို တရုတ်က တွက်ထားပြီးသား ဖြစ်မှာပါ။ ဆိုတော့ တရုတ်ရဲ့ အဖြစ်နိုင်ဆုံးနည်းကတော့ နှစ်ဘက်ပြေလည်အောင် လုပ်မယ်ဆိုတာကို နိုင်ငံတကာမှာလည်း တက်တက်ပြီးတော့ ပြောနေပါတယ်။ အဲဒီနည်းလမ်းကော ဖြစ်နိုင်ပါ့မလား။ နားဝင်ပါ့မလား။ နှစ်ဘက်စလုံးကို တရုတ်က အဲဒီလို ဖြစ်စေချင်တာ ဒီအချိန်မှာ။။

ဖြေ ။ ။ တပ်မတော်ခေါင်းဆောင် လက်ရှိခေါင်းဆောင်တွေ အနားယူပြီးတော့ နောက်ထပ်ခေါင်းဆောင်သစ်တွေ မပေါ်လာခဲ့ဘူးဆိုရင် တွေ့ဆုံဆွေးနွေးရေးက ဒုတိယအကောင်းဆုံး လမ်းကြောင်းလို့ ကျနော်ထင်တယ်။ တိုင်းပြည်အတွက် - ဖြစ်မဖြစ်ဆိုတာကတော့ လက်ရှိခေါင်းမာနေပုံအရဆိုရင် အလားအလာနည်းတယ်လို့ ပြောလို့ရတယ်။ ဒါကလဲ လက်ရှိ တပ်မတော်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ခေါင်းဆောင်တွေက ငါတို့မှာ တခြားနည်းလမ်း မရှိဘူးဆိုတဲ့ အခြေအနေကို ရောက်သွားမှာပဲ သူက ဆွေးနွေးပိုင်းကို ရောက်မယ့်သဘော ရှိပါတယ်။ အဲဒီအခြေအနေကို ရောက်သွားနိုင်အောင်လဲ နိုင်ငံတကာက ဆက်ပြီးတော့ ဖိအားပေးနိုင်မလားဆိုတာ သူတို့ပေါ်မှာ အများကြီးမူတည်ပါတယ်။ ပြည်တွင်းလှုပ်ရှားမှုတွေပေါ်မှာလည်း အများကြီး မူတည်ပါတယ်။ ဒါကြောင့် ဒီလှုပ်ရှားမှုတွေရဲ့ ဖြစ်ပေါ်တိုးတက်မှုတွေ၊ ထိန်းသိမ်းနိုင်မှုတွေကို ကျနော်တို့ ဆက်ပြီးစောင့်ကြည့်မှာပဲ အနာဂတ် ဘယ်လိုသွားမလဲဆိုတာကို ပြောနိုင်မယ်လို့ထင်တယ်။

မေး ။ ။ အခုလောလောဆယ်မှာတော့ တိုင်းပြည်နစ်နာတယ်။ တိုင်းပြည်ဆိုတာထက် ပြည်သူလူထု အများကြီးနစ်နာတယ်။ နေမကောင်းတဲ့လူတွေ လွတ်လွတ်လပ်လပ် ဒီအတိုင်း ဆေးမကုနိုင်ဘူး။ ဝန်ထမ်းတွေ လခ မရဘူး။ စားဝတ်နေရေး အကျပ်အတည်းအမျိုးမျိုး ဖြစ်လာတယ်ဆိုတော့ ဒီအကျပ်အတည်းတွေကို စစ်တပ်က သူတို့က တိုင်းပြည်ကို မှန်မှန်ကန်ကန် မအုပ်ချုပ်နိုင်ဘူး။ သူတို့ဘက်မှာလဲ အကျပ်အတည်းတွေ ရှိတယ်ဆိုတော့ နှစ်ဘက်စလုံး ကြုံနေရတဲ့ အကျပ်အတည်းကို ဘယ်ဘက်က ပိုမိုကြံ့ကြံ့ခံနိုင်မယ်လို့ ထင်သလဲ။ ပြည်သူလူထုက ပိုမိုကြံ့ကြံ့ခံပြီးတော့ ဆက်လက်တိုက်ပွဲဝင်နိုင်မလား။ သို့တည်းမဟုတ် စစ်တပ်ကပဲ ကြံ့ကြံ့ခံပြီးတော့ ငါတို့လုပ်ချင်တာကို အတင်းလုပ်မယ်ဆိုပြီးတော့ အင်အားသုံးပြီးတော့ ကြံ့ကြံ့ခံနိုင်သလား။

ဖြေ ။ ။ အခုက ဒီလို လူထုလှုပ်ရှားမှုရဲ့ သဘောသဘာဝကိုတွေက တစုံတရာ လူထုလှုပ်ရှားမှုလုပ်တယ်။ ပြီးရင် ပြန်ဆုတ်ရတယ်။ အကန့်အသတ်တွေ ရှိတယ်။ ဒါက သူ့ရဲ့ သဘောသဘာဝ။ တပွဲတည်းနဲ့ ပြီးတာမဟုတ်ဘူး။ ဆရာလည်း သမိုင်းအများကြီး လေ့လာခဲ့တဲ့လူဆိုတော့ ဘယ်နိုင်ငံရဲ့ သမိုင်းမှာပဲဖြစ်ဖြစ် မျိုးဆက်ချီပြီးတော့ ရုန်းကန်လှုပ်ရှားရတာပါ။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး လှုပ်ရှားမှုဆိုတာ။ တချီတမောင်းနဲ့ ပြီးရိုးထုံးစံ မရှိပါဘူး။ အဲဒီထောင့်ကနေလဲ ကြည့်လို့ မရပါဘူး။ ဒါကြောင့် ရေရှည်အားဖြင့် တပ်မတော်က အခုခေါင်းဆောင်တွေက ဆက်ပြီးတော့ အာဏာယူထားမယ်။ ဘာပဲဖြစ်ဖြစ် ဆက်ပြီးတော့ သွားမယ်ဆိုရင်တော့ ကျနော်တို့က ရေရှည်တိုက်ပွဲသဏ္ဍာန် ဖြစ်လာတဲ့အတွက်ကြောင့်မို့ ရေရှည်မဟာဗျူဟာ တိုက်ပွဲပုံစံကို ပြောင်းရမှာပါ။ ဥပမာ တောင်အာဖရိကမှာလုပ်တဲ့ MPLAN ဆိုတာမျိုး။ ဆက်ပြီးတော့ ရုန်းကန်လှုပ်ရှားကြရမှာပါ။ ဒါပေမဲ့ မတရား ဖိနှိပ်မှုကြောင့် တစုံတရာ ယာယီရပ်နားတာမျိုး၊ ရပ်ဆိုင်းရတာမျိုး၊ ယာယီငြိမ်ရတာမျိုး ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါပေမဲ့ ဒါကမပြီးနိုင်ဘူး။ တပြိုင်တည်းမှာပဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေကလည်း တိုးများလာစရာအကြောင်း ရှိတယ်။ ဒါကြောင့်မို့ ပြည်တွင်းစစ်ဖြစ်ပြီး ဆီးရီးယားလို ဖြစ်မလားဆိုတဲ့ ဂါဒီးယန်းသတင်းစာကြီးရဲ့ ခန့်မှန်းချက်တွေလည်း ရှိလာခဲ့တယ်။

မေး ။ ။ ပြည်တွင်းစစ် ဖြစ်မလားဆိုတာက လွတ်လပ်ရေးရကတည်းက ပြည်တွင်းစစ်က နှစ်ပေါင်း (၇၀) ကျော်လောက် ဖြစ်လာခဲ့တာပေါ့။ ပိုပြီးတော့ မြို့ပေါ်ထိ ပြည်တွင်းစစ်က ပိုကျယ်ပြန့်လာမယ့် သဘောပေါ့။

ဖြေ ။ ။ ပိုမိုပြီး ကြီးမားလာမယ်ပေါ့။ ဒါပေမဲ့ ဒါကလဲ တရုတ်ရဲ့ ရပ်တည်ချက် အနေအထားပေါ်မှာ မူတည်နေတယ်။ ဘာကြောင့်လဲဆိုတော့ ‘ဝ’ တပ်မပါဘဲနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ အင်အားက ကောင်းမလားဆိုတာ သံသယရှိစရာကောင်းတယ်။ ဒါကြောင့်မို့ ဒီလိုအခင်းအကျင်း ဖြစ်လာဖို့ဆိုတာက အကြောင်းအချက်တွေ အများကြီးရဲ့ လှုပ်ရှားမှုပေါ်ကြည့်ပြီးတော့မှ ပြောလို့ရတယ်။ အခုအချိန်အထိက ပီပီပြင်ပြင် ကျနော်တို့ ဘာမှပြောလို့ မရသေးဘူး။ နိုင်ငံတကာ ဖိအားကလည်း CRPH နဲ့ လူထုလှုပ်ရှားမှု လုပ်နေကြတဲ့ လူတွေက လိုချင်တဲ့ အတိုင်းအတာအထိ မရသေးပေမယ့် အရင်ထက်မတူတဲ့ ဖိအားပေးပုံမျိုးကတော့ တွေ့လာနေရတယ်။ အထူးသဖြင့် တရုတ်၊ အာဆီယံပေါ့။ ဒါပေမဲ့ အာဆီယံတို့က ပြောင်းသွားနိုင်ချေ အများကြီးရှိပါတယ်။

XS
SM
MD
LG