သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေရွ႕ဆက္ထိပ္တိုက္တိုးၾကရင္ တိုင္းျပည္ဘာျဖစ္သြားႏိုင္သလဲ


ျမန္မာ့အေရးသုံးသပ္သူ ဦးေအာင္သူၿငိမ္း
တိုက္႐ိုက္ လင့္ခ္

ေလာေလာဆယ္ ျမန္မာႏိုင္ငံမွာ ျဖစ္ေနတဲ့ ထိပ္တိုက္ရင္ဆိုင္တိုးမႈဟာ ဒီအတိုင္းဆက္သြားေနရင္ အလုံးစုံပ်က္သုဥ္းျခင္း၊ ဆိုက္ႏိုင္တယ္လို႔ စိုးရိမ္သူေတြ ရွိေနပါတယ္။ ႏွစ္ဘက္လုံး ေျခကုန္လက္ပမ္းက်မွ ေစ့စပ္ၾကေတာ့မွာလား။ တျခားနည္းနဲ႔ ေျပလည္ႏိုင္တဲ့ အလားအလာေတြ ဘယ္လိုရိွပါသလဲ။ ျမန္မာ့အေရးသုံးသပ္သူ ဦးေအာင္သူၿငိမ္းနဲ႔ ဦးေက်ာ္ဇံသာ ေဆြးေႏြးသုံးသပ္ထားပါတယ္။

ေမး ။ ။ ကိုေအာင္သူၿငိမ္း .. အခုျမန္မာႏုိင္ငံ ပဋိပကၡမွာ ႏွစ္ဘက္စလံုးက အထူးပဲ တင္းတင္းမာမာ ျဖစ္ေနတာကို ေတြ႔ရပါတယ္။ ဒီမိုကေရစီ ေတာင္းဆိုၿပီးေတာ့ စစ္အာဏာရွင္စနစ္ကို ဆန္႔က်င္တဲ့ လူေတြဘက္ကလဲ ေစ့စပ္ေရးဆိုတဲ့ စကားကိုေတာင္ လက္မခံႏိုင္ေလာက္ေအာင္ ခါးခါးသီးသီး ျဖစ္ေနသလိုပဲ၊ စစ္တပ္ဘက္က ႏိွမ္နင္းမႈကလည္း ဆင္ျခင္တံုတရား ကင္းမဲ့လြန္ပါတယ္။ အေဖ့ရင္ခြင္ထဲက ကေလးေသဆံုးရတဲ့ကိစၥအထိ ျဖစ္လာေနပါတယ္။ ႏွစ္ဘက္စလံုးက ဘာျဖစ္လို႔ ဒီေလာက္အထိ တင္းတင္းမာမာ ျဖစ္ေနၾကသလဲ။ က်ေနာ္တုိ႔ ဆႏၵျပေနတဲ့ ျပည္သူေတြဘက္ သေဘာထားကို အရင္သံုးသပ္ၾကည့္ရေအာင္ပါ။

ေျဖ ။ ။ က်ေနာ္ ျမင္တာေတာ့ အေျခအေနကေတာ့ ေျပာင္းလာတာ ရိွပါတယ္။ အေစာပိုင္းမွာေတာ့ အခုေလာေလာလတ္လတ္ပဲ မဲေပးထားတယ္။ မဲေပးထားတဲ့ဟာမွာ အႏိုင္ရတဲ့ပါတီကို ဖမ္းဆီးထိန္းသိမ္းၿပီးေတာ့ အာဏာသိမ္းလိုက္တဲ့အခါမွာ လူေတြက သူတုိ႔ကို ေစာ္ကားတယ္ဆိုတဲ့ သံုးသပ္ခ်က္မ်ဳိး ျဖစ္ႏိုင္ပါတယ္။ ေနာက္တခုကေတာ့ အခု Generation Z လူငယ္ေတြအေနနဲ႔ၾကေတာ့ သူတုိ႔က တစံုတရာ လြတ္လပ္တဲ့ ဝန္းက်င္ကို ျဖတ္သန္းလာၿပီးေတာ့ အခုၾကေတာ့ သူတုိ႔ရဲ ႔ အနာဂတ္ေတြအားလံုးကို ဖ်က္ဆီးလိုက္တယ္လို႔ ျမင္တဲ့အျမင္ အေနအထားမ်ဳိးမွာ ပထမပိုင္းမွာေတာ့ ေဒါသျဖစ္တာနဲ႔ စတယ္လို႔ ထင္ပါတယ္။ တျဖည္းျဖည္းနဲ႔ ရက္စက္မႈေတြက မ်ားလာတယ္။ ေခ်မႈန္းမႈေတြက ရက္စက္အၾကမ္းဖက္မႈေတြ မ်ားလာတဲ့အခါၾကေတာ့ လူေတြရဲ ႔ ေဒါသက က်ေနာ္တို႔ နားလည္ႏုိင္ပါတယ္။ အထြဋ္အထိပ္ကို ေရာက္သြားတဲ့အေနအထား၊ ေဆြးေႏြးစရာအေၾကာင္း မရိွဘူးဆိုတဲ့ အေနအထားကို ေရာက္သြားတယ္လုိ႔ ထင္ပါတယ္။

ေမး ။ ။ စစ္တပ္ကလည္း သူတုိ႔က တိုင္းျပည္ကို ဒီမိုကေရစီလမ္းေၾကာင္းမွန္ ေရာက္ေစခ်င္လို႔ တိုင္းျပည္ေကာင္းေအာင္ လုပ္ေနရတာ ျဖစ္တယ့္သေဘာ ေျပာပါတယ္။ သို႔ေပမယ့္ လက္ေတြ႔မွာ သူတုိ႔လုပ္ေနတာက တိုင္းျပည္ေကာင္းက်ဳိးကို အမွန္တကယ္ ဦးတည္တဲ့ လုပ္ရပ္မ်ဳိး ဟုတ္ပါရဲ ႔လား။ ေစတနာမွန္နဲ႔ လုပ္ေနတဲ့သေဘာကို ေတြ႔ရပါသလား။

ေျဖ ။ ။ တပ္မေတာ္ဘက္ျခမ္းက ၾကည့္မယ္ဆိုရင္ အေစာပိုင္းကေတာ့ အာဏာသိမ္းတာကို ဆန္႔က်င္မႈကို ေလွ်ာ့တြက္ထားတဲ့ပံု ရိွပါတယ္။ ဒါေပမဲ့ အခု တျဖည္းျဖည္းနဲ႔ ေခ်မႈန္းတာေတြ၊ ပိတ္စို႔တားဆီးတာေတြက ပိုၿပီးေတာ့ ရက္စက္ၾကမ္းၾကဳတ္လာတယ္။ ဒီေန႔ ယဥ္ေက်းတဲ့ ကမာၻမွာ ဘယ္လိုပံုစံမ်ုိးနဲ႔မွ လက္မခံႏို္င္တဲ့ အေနအထားေလာက္အထိ ျဖစ္တယ္။ သံုးတဲ့ လက္နက္ကအစ - အခုက လက္နက္ႀကီးေတြပါ သံုးလာတဲ့ အေနအထားေတြမွာေတာ့ ေတာ္ေတာ္ႀကီးကို ဆိုးဝါးတဲ့ အေနအထားေရာက္လာတယ္။ ဆိုေတာ့ အဲဒီအေနအထားမွာ တပ္ဘက္က ျပန္စဥ္းစားရင္ေတာ့ သူတို႔ဘက္က ေနာက္ထပ္ဆုတ္လမ္းမရိွေတာ့သလို ျဖစ္သြားတယ္။။ ဒီကေန ဆုတ္လိုက္လို႔ရိွရင္ ႀကိဳးစင္ပဲ ဆိုတဲ့ အေနအထားမ်ဳိးမွာေတာ့ ရက္စက္ၾကမ္းၾကဳတ္မႈေတြက ပိုၿပီးေတာ့ မ်ားလာမယ့္ အေနအထားမ်ဳိး ျဖစ္လာမယ္။ ဒါေပမဲ့ တခုအံ့ၾသရတာကေတာ့ အေပၚကေပးတဲ့ အမိန္႔ေတြကို အခုအခ်ိန္အထိ လက္ခံၿပီး အေကာင္အထည္ေဖာ္ေနတဲ့ တပ္ဗိုလ္တပ္မွဴးေတြ ရိွေနတာကေတာ့ ေတာ္ေတာ္ေလး စိတ္ပ်က္စရာေကာင္းပါတယ္။။

ေမး ။ ။ အခုလိုသာ နွစ္ဘက္ေရွ ႔ကို တုိးေနၾကမယ္ဆိုရင္ တုိင္းျပည္ရဲ ႔ စီးပြားေရး၊ က်န္းမာေရး အစစအရာရာ ဆုတ္ယုတ္ၿပီးေတာ့ အငတ္ေဘးႀကံဳမယ့္ အေျခအေနသာ ဆက္ၿပီးေတာ့ ေရာက္သြားပါလိမ့္မယ္။ တိုင္းျပည္လည္း ရစရာမရိွေအာင္ ဖရိုဖရဲ ၿပိဳကြဲသြားႏိုင္တယ္။ ေနာက္ စိုးရိမ္စရာတခုကေတာ့ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔ေတြနဲ႔ ၿငိမ္းခ်မ္းေရးအလားအလာေလး မစို႔မပို႔ တစြန္းတစ ရိွေနတာလဲ ဒီအတိုင္းဆို အကုန္လံုး ပ်က္ျပားသြားမယ့္ အလားအလာ ရိွေနတယ္လို႔ ျမင္ရပါတယ္။ ဆိုေတာ့ ဒီေနရာမွာ ဘယ္လိုလုပ္ၿပီးေတာ့ အဖတ္ဆယ္ႏုိင္မလဲ။ ဒီအေျခအေနကေနေကာင္းေအာင္ ဘယ္လိုလုပ္ႏုိင္မလဲလို႔ စဥ္းစားၾကည့္ၾကပါစို႔။ ကိုေအာင္သူၿငိမ္း ဘယ္လိုဆိုရင္ ထြက္ေပါက္ရႏိုင္မလဲ။ အလံုးစံုပ်က္စီးမယ့္ အေျခအေနကို ေရွာင္လြဲႏိုင္မယ့္ နည္းလမ္း ဘာမ်ားစဥ္းစားမိပါသလဲ။

ေျဖ ။ ။ အခုကေတာ့ ေျပာရမယ္ဆိုရင္ အားလံုးအလံုးစံုပ်က္သုန္းေရး က်ေနာ္တို႔ႏုိင္ငံလည္း Failed State လို႔ေခၚတဲ့ က်ရႈံးႏုိင္ငံတစ္ခုအျဖစ္ သြားမယ္လမ္းေၾကာင္းကို ဦးတည္ေနတယ္။ ဒါကို ေတာ္ေတာ္မ်ားမ်ားလည္း ျမင္ႏိုင္တဲ့ အေနအထားပါ။ အဲဒီေတာ့ ဒီအေျခအေနကေန ဘယ္လိုေရွာင္လႊဲမလဲေပါ့။ ဒီအေနအထားမွာေတာ့ က်ေနာ္ျမင္တာကေတာ့ ေနာက္ဆံုးမွာေတာ့ ေတြ႔ဆံုေဆြးေႏြးေရးနဲ႔ ဇာတ္သိမ္းရမွာပါ။ ဒါေပမဲ့ အဲဒီေတြ႔ဆံုေဆြးေႏြးေရး လမ္းကိုသြားဖို႔ဆိုတာ က်ေနာ္ထင္တယ္ ေတာ္ေတာ္ေလး ခက္ခဲအံုးမယ္။ အခ်ိန္လည္းယူရအံုးမယ္ ထင္ပါတယ္။

ေမး ။ ။ အဲဒီေတြ႔ဆံုေဆြးေႏြးေရးလမ္းျဖစ္ဖို႔ ဘယ္လိုအေျခခံ လိုအပ္ခ်က္ေတြ လိုအပ္မယ္လို႔ ထင္ပါသလဲ။

ေျဖ ။ ။ စာေပေတြ ဖတ္ရတဲ့ဟာကေတာ့ သူတုိ႔သံုးတာကေတာ့ Mutually Hurting Stalemate လို႔ သံုးပါတယ္။ ဆိုလိုတာက ႏွစ္ဘက္စလံုးက ဆင္နဲ႔က်ားနဲ႔ ခ်သလို သူလည္းမထႏိုင္ေတာ့ဘူး၊ ထူလည္းမထူႏိုင္ေတာ့ဘူး။ ဒီလိုအေျခအေနမ်ဳိးမွာေတာ့ ႏွစ္ဘက္စလံုး ခ်ည့္လာတဲ့အေနအထားမွာ ေဆြးေႏြးေရးလမ္းေၾကာင္းဘက္ကို ဦးတည္လာတဲ့ အေနအထား ရိွပါတယ္။ အခုအေနအထားမွာေတာ့ အဲဒီလို အေနအထား ျဖစ္ၿပီလားေပါ့။ ဒါက ေျပာရခက္တဲ့ အေနအထားမ်ဳိးပါ။ ေနာက္တခုကေတာ့ တခ်ဳိ ႔ႏိုင္ငံေတြမွာ အထူးသျဖင့္ ႏုိင္ငံတကာရဲ ႔ ၾသဇာလႊမ္းမိုးမႈေတြ မ်ားတဲ့ႏိုင္ငံမ်ဳိး။ အထူးသျဖင့္ ဖီလစ္ပိုင္မွာျဖစ္တဲ့အခါၾကေတာ့ အေမရိကန္ကိုယ္ႏိႈက္က သမၼတမားကိုစ္ကို မင္းေတာ့ ေတာ္သင့္ၿပီဆိုတာမ်ဳိး၊ သူ႔ကို ေလယာဥ္ပ်ံနဲ႔ ေခၚထုတ္ၿပီး ဟာဝိုင္ရီကို ပို႔လိုက္သလိုမ်ဳိး။ အဲဒီလိုမ်ဳိး ႏိုင္ငံႀကီးႀကီးတခုက ေခါင္းကိုင္ဖခင္မ်ဳိး ဆိုရင္လဲ ျပဳျပင္ေျပာင္းလဲမႈကို ဦးတည္ႏိုင္ပါတယ္။ ေနာက္တခုကေတာ့ တပ္ထဲမွာရိွတဲ့ ေအာက္ေျခတပ္ေတြက ပစ္မိန္႔ေပးတာကို မလုပ္ေတာ့တဲ့အခါမ်ဳိးမွာလဲ ျပဳျပင္ေျပာင္းလဲမႈေတြျဖစ္ဖို႔ အလားအလာေတြ ရိွပါတယ္။ က်ေနာ္တို႔ အေနအထားမွာေတာ့ က်ေနာ္ျမင္တဲ့ Conflict တင္းမာမႈကေတာ့ ေတာ္ေတာ္ႀကီးကို ျပင္းထန္တဲ့ အေနအထားရိွတယ္။ ဒီလိုအေနအထားေတြက ျဖစ္ဖုိ႔လဲ ေလာေလာဆယ္ ခက္တဲ့အေနအထားမွာ ရိွပါတယ္။

ေမး ။ ။ ဆိုေတာ့ ကိုေအာင္သူၿငိမ္း ေျပာသလို ေခါင္းကိုင္ဖခင္ - မားကိုစ္ကို အေမရိကန္က ေနာက္ဆံုးကိုင္လိုက္သလို၊ ျမန္မာႏိုင္ငံမွာ စစ္တပ္ကို အဲဒီလို ၾသဇာခံမယ္လူ ဘယ္သူရိွပါသလဲ။ တရုတ္က သိပ္ၿပီးေတာ့ ၾသဇာရိွတယ္လို႔ ေျပာၾကတယ္။ သူတုိ႔ေတြရဲ ႔ ၾသဇာလႊမ္းမုိးမႈက ဒီေလာက္ရိွႏိုင္ပါ့မလား။ စစ္တပ္အေပၚမွာ။

ေျဖ ။ ။ တခုရိွတာက တရုတ္က က်ေနာ္တို႔ ႏိုင္ငံတြင္းမွာ ရင္းႏီွးျမဳပ္ႏံွမႈေတြ၊ အက်ဳိးစီးပြားေတြ ေတာ္ေတာ္ႀကီးႀကီးမားမား ရိွပါတယ္။ ေနာက္တခုက တရုတ္က သူ႔ရဲ ႔ leverage ဖိအားေပးႏိုင္တဲ့ စြမ္းအားတစံုတရာလည္း ရိွပါတယ္။ ဒါေပမဲ့ အခုအေနအထားမွာေတာ့ က်ေနာ္ေဆြးေႏြးတဲ့ ေခါင္းကိုင္ဖခင္လိုမ်ဳိးကို က်ေနာ္ထင္တယ္ လုပ္ဖို႔အေနအထားလည္ မရိွဘူးလို႔ထင္တယ္။ သူ႔အေနနဲ႔ေတာ့ တျခားစဥ္းစားစရာအေၾကာင္း၊ အထူးသျဖင့္ အခုျဖစ္ေနတဲ့ ပထဝီႏုိင္ငံေရးနဲ႔ ကမာၻ႔ဇာတ္ခံုကိစၥေတြလည္း ထည့္သြင္းစဥ္းစားၿပီးေတာ့ ကစားလိမ့္မယ္လို႔ က်ေနာ္ျမင္တယ္။

ေမး ။ ။ ဒီဘက္က စစ္အာဏာသိမ္းမႈကို ဆန္႔က်င္ေနတဲ့ လူေတြဘက္ကိုေရာ သေဘာထားေပ်ာ့ေပ်ာင္းလာေအာင္ အလားတူဆြဲေဆာင္ေပးႏိုင္မယ့္ အင္အားစု ရိွမယ္လို႔ ထင္ပါသလား။

ေျဖ ။ ။ အခုအေနအထားမွာ Movement တခုလံုးကို ၾကည့္ေျပာမယ္ဆိုရင္ ေခါင္းေဆာင္မႈ မရိွသလို ျဖစ္ေနတယ္။ ဆိုေတာ့ လူငယ္ေတြလည္း လမ္းေပၚထြက္ေနတယ္။ တေန႔တေန႔ Facebook ေပၚမွာ လံႈေဆာ္မႈေတြကလည္း ရိွတယ္။ ဆိုေတာ့ လူေတြက အဓိကေတာ့ မခံခ်င္စိတ္နဲ႔ပဲ ျဖစ္ေနတဲ့ အေနအထားမ်ဳိး၊ ဒီအေနအထားမ်ဳိးမွာေတာ့ က်ေနာ္ျမင္တယ္ ပထမပိုင္းမွာေတာ့ Non-violence အၾကမ္းမဖက္လို႔ ေျပာေပမယ့္လဲ တျဖည္းျဖည္းနဲ႔ အခုက ရရာလက္နက္နဲ႔ တံု႔ျပန္ေနတဲ့ အေနအထားမ်ဳိး ျဖစ္လာပါတယ္။ ဆိုေတာ့ အဲဒီအေနအထားကလဲ ဘယ္ေလာက္အတိုင္းအတာအထိ ဆက္ၿပီးေတာ့ ခုခံႏုိင္ၾကမလဲဆိုတာေတာ့ ေတာ္ေတာ္ေျပာရခက္ပါေသးတယ္။

ေမး ။ ။ အေျခအေန ေလာေလာဆယ္မွာ မျဖစ္ႏိုင္ေသးဘူးဆိုရင္ အဲဒီအေျခအေန ေရာက္လာေအာင္ ဘယ္ေလာက္ၾကာမလဲ။ ဘယ္ေလာက္ အခ်ိန္ယူရမလဲ။ အဲဒီအခ်ိန္မွာ တိုင္းျပည္ကေတာ့ ဘာမွမက်န္၊ ဖြတ္ဖြတ္ညွက္ညွက္ေက်သြားၿပီး ျဖစ္ေကာင္းျဖစ္မွာေပါ့။

ေျဖ ။ ။ အထူးသျဖင့္ အထိအနာဆံုးကေတာ့ စီးပြားေရးပါပဲ။ က်ေနာ္တို႔ ကိုဗစ္ ျဖစ္တဲ့ကာလမွာကတည္းက ႏိုင္ငံတကာအဖြဲ႔အစည္းေတြက ခန္႔မွန္းထားတာ ျမန္မာ့စီးပြားေရး တုိးတက္မႈက ၀.၅ ရာခိုင္ႏႈန္းပဲ ရိွမယ္လို႔ သံုးသပ္ခဲ့တာေတြ ရိွပါတယ္။ အခုအေနအထားမွာေတာ့ စီးပြားေရးက လံုးဝရပ္သလို ျဖစ္သြားပါတယ္။ က်ေနာ္ထင္တယ္ စီးပြားပ်က္ကပ္ကေတာ့ မလႊဲမေသြ ႀကံဳရမယ့္အေနအထား ရိွတယ္လို႔ ထင္ပါတယ္။ ေနာက္တခုကေတာ့ ရင္းႏီွးျမဳပ္ႏံွမႈေတြကလဲ က်ေနာ္တို႔ဆီက ထြက္သြားၿပီဆိုပါစို႔ အနည္းဆံုး သံုးေလးႏွစ္က ျပန္လာဖို႔ မရိွပါဘူး။ အဲဒီေတာ့ အာဏာသိမ္း စစ္တပ္ေတြ လုပ္တတ္ၾကတာက သူတုိ႔ကို ျပည္သူလူထု ေထာက္ခံေအာင္ Populist Policy ေခၚတဲ့ ပိုက္ဆံေတြသံုး၊ လူေတြေက်နပ္ေအာင္ လုပ္ေပးတာဟာမ်ဳိး။ ဒီအေနအထားမ်ဳိး လုပ္ဖို႔လည္း ေတာ္ေတာ္ေလး ခက္မယ္လို႔ ထင္တယ္။ အခုအေျခအေနမွာ ေတာ္ေတာ္ႀကီးကို စစ္အုပ္စု အထီးက်န္မယ့္အေနအထား ျဖစ္ေနပါတယ္။ အဲဒီအေနအထားမွာေတာ့ က်ေနာ္တို႔ စီးပြားေရးက ထိုးဆင္းသြားမယ့္ အေနအထား ရိွတယ္လို႔ က်ေနာ္ ျမင္တယ္။

ေမး ။ ။ စစ္အာဏာသိမ္မႈကို ဆန္႔က်င္တဲ့ဘက္မွာ ေခါင္းေဆာင္မႈ လိုအပ္ေနတယ္ဆိုတဲ့ ကိစၥနဲ႔ ပတ္သက္ၿပီးေတာ့ ေမးခ်င္ပါတယ္။ အဲဒီကိစၥက ဘယ္သူျဖစ္ႏိုင္လဲ။ အခု တကယ္ေတာ့ ဒီအထဲမွာ အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ကို ေထာက္ခံေနတဲ့ လူေတြႀကီးပဲ မဟုတ္ဘူး၊ ဒီမိုကေရစီ ဆံုးရႈံးရတာကို ခံျပင္းတဲ့ လူေတြလည္း ပါပါတယ္။ အဲဒီေတာ့ အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ကို သူတုိ႔က ဒီမိုကေရစီအေရးနဲ႔ ပတ္သက္ၿပီးေတာ့ ထိေရာက္တဲ့ ေခါင္းေဆာင္မႈ ေပးႏိုင္မယ့္ အဖြဲ႔လို႔ လက္ခံၾကမယ္လို႔ ထင္ပါသလား။

ေျဖ ။ ။ အခုအေနအထားမွာေတာ့ ေျပာမယ္ဆိုလို႔ရိွရင္ NLD နဲ႔ ေဒၚေအာင္ဆန္းစုၾကည္အေပၚ ေမးခြန္းထုတ္တာေတြ အမ်ားႀကီး ရိွပါတယ္။ ရိွေပမယ့္လဲ သူကို ေထာက္ခံတဲ့ မဲေပးခဲ့တဲ့ လူေတြကေတာ့ ထုနဲ႔ထယ္နဲ႔ ရိွတုန္းအေနအထားပါ။ ဆိုေတာ့ အဲဒီအေနအထားမွာေတာ့ ေနာက္ထပ္ေခါင္းေဆာင္မႈ အသစ္ဆိုတာလဲ ေလာေလာဆယ္မွာ ေတာ္ေတာ္ေျပာဖို႔ခက္ပါတယ္။ က်ေနာ္တုိ႔ အခုႀကံဳေနရတဲ့ အခက္အခဲက ျပႆနာက Facebook ေပၚမွာ ဘယ္သူမွန္းမသိတဲ့ လူေတြက ေရးၾကပါ၊ ရွယ္ၾကပါ၊ Source ကို မထည့္ပါနဲ႔ စသည္ျဖင့္ ဘယ္သူေတြက ဘယ္လိုေဆြးေႏြးေနမွန္း မသိဘဲနဲ႔ ေကာလဟာလေပါင္းစံုနဲ႔ အႀကံေပးမႈေပါင္းစံုေတြက ျဖစ္ေနပါတယ္။ ေနာက္တခုကေတာ့ က်ေနာ္တို႔ က်ဳိးေၾကာင္းဆီေလ်ာ္ ျဖစ္ႏိုင္တာေတြကို ခ်ျပမယ္၊ ေဆြးေႏြးမယ္ဆိုရင္လဲ လူေတြက အခုအခ်ိန္မွာ ခံစားမႈ သိပ္ျပင္းထန္ေနေတာ့ နားေထာင္ႏိုင္တဲ့ အေနအထား၊ စဥ္းစားခ်င္တဲ့ အေနအထားလည္း မရိွပါဘူး။ အဲဒီလို အေနအထားမ်ဳိးမွာ ေနာက္ထပ္ေခါင္းေဆာင္မႈ ေပၚဖို႔ဆိုတာလဲ ေတာ္ေတာ္ခက္မယ္လို႔ ထင္ပါတယ္။

ေမး ။ ။ ဒါေပမဲ့ အခုျဖစ္ေနတဲ့ တင္းမာမႈေတြက အခ်ိန္ၾကာၿပီးေတာ့ တုိင္းျပည္လည္းပ်က္၊ ႏွစ္ဘက္လံုး ခပ္ရိုင္းရိုင္း ဥပမာနဲ႔ေျပာရရင္ ကၽြဲႏွစ္ေကာင္းခတ္သလို ႏွစ္ဘက္စလံုးက မခတ္ႏိုင္ၾကေတာ့ဘူး၊ လက္ပန္းက်မွ ရပ္ၾကမယ့္ အေျခအေန ျဖစ္သြားၿပီဆိုရင္ေတာ့ ျမန္မာႏိုင္ငံရဲ ႔ ႏိုင္ငံေရးအခင္းအက်င္းသစ္မွာ ေခါင္းေဆာင္မႈ မ်ဳိးဆက္သစ္တခု ေပၚထြန္းလာလိမ့္မယ္လို႔ ေမွ်ာ္လင့္မယ္ဆိုရင္ေကာ ေမွ်ာ္လင့္ႏိုင္သလား။

ေျဖ ။ ။ အဲဒါလဲ က်ေနာ့္အေနနဲ႔ေတာ့ ေလာေလာဆယ္ သံုးသပ္ဖို႔ ခက္ပါတယ္။ သမိုင္းတေလွ်ာက္ျပန္ၾကည့္ရင္ လႈပ္ရွားမႈႀကီးတခု ၿပီးတိုင္းၿပီးတိုင္းမွာ ႏိုင္ငံေရးပါတီႀကီးတခု အင္အားစုႀကီိးတခု ေပၚလာတတ္ပါတယ္။ လြတ္လပ္ေရး လႈပ္ရွားမႈႀကီးၿပီးေတာ့ ဖဆပလပါတီ ေပၚပါတယ္။ ၈၈ လႈပ္ရွားမႈ ျဖစ္လာတယ္။ NLD ပါတီ ေပၚလာတယ္။ အဲဒီေတာ့ အခု ၂၁ လႈပ္ရွားမႈႀကီးကေန ဒါၿပီးေနာက္ ေနာက္ထပ္ဘယ္လိုပါတီမ်ဳိး၊ ဘယ္လိုအမ်ဳိးသားေရးအင္အားစုႀကီး ေပၚလာမလဲေပါ့။ အဲဒီလိုဟာမ်ဳိးကေတာ့ ေလာေလာဆယ္မွာေတာ့ ပံုေဖာ္လို႔ မရေသးပါဘူး။


==Unicode ==

လောလောဆယ် မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ထိပ်တိုက်ရင်ဆိုင်တိုးမှုဟာ ဒီအတိုင်းဆက်သွားနေရင် အလုံးစုံပျက်သုဉ်းခြင်း၊ ဆိုက်နိုင်တယ်လို့ စိုးရိမ်သူတွေ ရှိနေပါတယ်။ နှစ်ဘက်လုံး ခြေကုန်လက်ပမ်းကျမှ စေ့စပ်ကြတော့မှာလား။ တခြားနည်းနဲ့ ပြေလည်နိုင်တဲ့ အလားအလာတွေ ဘယ်လိုရှိပါသလဲ။ မြန်မာ့အရေးသုံးသပ်သူ ဦးအောင်သူငြိမ်းနဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။

မေး ။ ။ ကိုအောင်သူငြိမ်း .. အခုမြန်မာနိုင်ငံ ပဋိပက္ခမှာ နှစ်ဘက်စလုံးက အထူးပဲ တင်းတင်းမာမာ ဖြစ်နေတာကို တွေ့ရပါတယ်။ ဒီမိုကရေစီ တောင်းဆိုပြီးတော့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ လူတွေဘက်ကလဲ စေ့စပ်ရေးဆိုတဲ့ စကားကိုတောင် လက်မခံနိုင်လောက်အောင် ခါးခါးသီးသီး ဖြစ်နေသလိုပဲ၊ စစ်တပ်ဘက်က နှိမ်နင်းမှုကလည်း ဆင်ခြင်တုံတရား ကင်းမဲ့လွန်ပါတယ်။ အဖေ့ရင်ခွင်ထဲက ကလေးသေဆုံးရတဲ့ကိစ္စအထိ ဖြစ်လာနေပါတယ်။ နှစ်ဘက်စလုံးက ဘာဖြစ်လို့ ဒီလောက်အထိ တင်းတင်းမာမာ ဖြစ်နေကြသလဲ။ ကျနော်တို့ ဆန္ဒပြနေတဲ့ ပြည်သူတွေဘက် သဘောထားကို အရင်သုံးသပ်ကြည့်ရအောင်ပါ။

ဖြေ ။ ။ ကျနော် မြင်တာတော့ အခြေအနေကတော့ ပြောင်းလာတာ ရှိပါတယ်။ အစောပိုင်းမှာတော့ အခုလောလောလတ်လတ်ပဲ မဲပေးထားတယ်။ မဲပေးထားတဲ့ဟာမှာ အနိုင်ရတဲ့ပါတီကို ဖမ်းဆီးထိန်းသိမ်းပြီးတော့ အာဏာသိမ်းလိုက်တဲ့အခါမှာ လူတွေက သူတို့ကို စော်ကားတယ်ဆိုတဲ့ သုံးသပ်ချက်မျိုး ဖြစ်နိုင်ပါတယ်။ နောက်တခုကတော့ အခု Generation Z လူငယ်တွေအနေနဲ့ကြတော့ သူတို့က တစုံတရာ လွတ်လပ်တဲ့ ဝန်းကျင်ကို ဖြတ်သန်းလာပြီးတော့ အခုကြတော့ သူတို့ရဲ့ အနာဂတ်တွေအားလုံးကို ဖျက်ဆီးလိုက်တယ်လို့ မြင်တဲ့အမြင် အနေအထားမျိုးမှာ ပထမပိုင်းမှာတော့ ဒေါသဖြစ်တာနဲ့ စတယ်လို့ ထင်ပါတယ်။ တဖြည်းဖြည်းနဲ့ ရက်စက်မှုတွေက များလာတယ်။ ချေမှုန်းမှုတွေက ရက်စက်အကြမ်းဖက်မှုတွေ များလာတဲ့အခါကြတော့ လူတွေရဲ့ ဒေါသက ကျနော်တို့ နားလည်နိုင်ပါတယ်။ အထွဋ်အထိပ်ကို ရောက်သွားတဲ့အနေအထား၊ ဆွေးနွေးစရာအကြောင်း မရှိဘူးဆိုတဲ့ အနေအထားကို ရောက်သွားတယ်လို့ ထင်ပါတယ်။

မေး ။ ။ စစ်တပ်ကလည်း သူတို့က တိုင်းပြည်ကို ဒီမိုကရေစီလမ်းကြောင်းမှန် ရောက်စေချင်လို့ တိုင်းပြည်ကောင်းအောင် လုပ်နေရတာ ဖြစ်တယ့်သဘော ပြောပါတယ်။ သို့ပေမယ့် လက်တွေ့မှာ သူတို့လုပ်နေတာက တိုင်းပြည်ကောင်းကျိုးကို အမှန်တကယ် ဦးတည်တဲ့ လုပ်ရပ်မျိုး ဟုတ်ပါရဲ့လား။ စေတနာမှန်နဲ့ လုပ်နေတဲ့သဘောကို တွေ့ရပါသလား။

ဖြေ ။ ။ တပ်မတော်ဘက်ခြမ်းက ကြည့်မယ်ဆိုရင် အစောပိုင်းကတော့ အာဏာသိမ်းတာကို ဆန့်ကျင်မှုကို လျှော့တွက်ထားတဲ့ပုံ ရှိပါတယ်။ ဒါပေမဲ့ အခု တဖြည်းဖြည်းနဲ့ ချေမှုန်းတာတွေ၊ ပိတ်စို့တားဆီးတာတွေက ပိုပြီးတော့ ရက်စက်ကြမ်းကြုတ်လာတယ်။ ဒီနေ့ ယဉ်ကျေးတဲ့ ကမ္ဘာမှာ ဘယ်လိုပုံစံမျိုးနဲ့မှ လက်မခံနိုင်တဲ့ အနေအထားလောက်အထိ ဖြစ်တယ်။ သုံးတဲ့ လက်နက်ကအစ - အခုက လက်နက်ကြီးတွေပါ သုံးလာတဲ့ အနေအထားတွေမှာတော့ တော်တော်ကြီးကို ဆိုးဝါးတဲ့ အနေအထားရောက်လာတယ်။ ဆိုတော့ အဲဒီအနေအထားမှာ တပ်ဘက်က ပြန်စဉ်းစားရင်တော့ သူတို့ဘက်က နောက်ထပ်ဆုတ်လမ်းမရှိတော့သလို ဖြစ်သွားတယ်။။ ဒီကနေ ဆုတ်လိုက်လို့ရှိရင် ကြိုးစင်ပဲ ဆိုတဲ့ အနေအထားမျိုးမှာတော့ ရက်စက်ကြမ်းကြုတ်မှုတွေက ပိုပြီးတော့ များလာမယ့် အနေအထားမျိုး ဖြစ်လာမယ်။ ဒါပေမဲ့ တခုအံ့သြရတာကတော့ အပေါ်ကပေးတဲ့ အမိန့်တွေကို အခုအချိန်အထိ လက်ခံပြီး အကောင်အထည်ဖော်နေတဲ့ တပ်ဗိုလ်တပ်မှူးတွေ ရှိနေတာကတော့ တော်တော်လေး စိတ်ပျက်စရာကောင်းပါတယ်။။

မေး ။ ။ အခုလိုသာ နှစ်ဘက်ရှေ့ကို တိုးနေကြမယ်ဆိုရင် တိုင်းပြည်ရဲ့ စီးပွားရေး၊ ကျန်းမာရေး အစစအရာရာ ဆုတ်ယုတ်ပြီးတော့ အငတ်ဘေးကြုံမယ့် အခြေအနေသာ ဆက်ပြီးတော့ ရောက်သွားပါလိမ့်မယ်။ တိုင်းပြည်လည်း ရစရာမရှိအောင် ဖရိုဖရဲ ပြိုကွဲသွားနိုင်တယ်။ နောက် စိုးရိမ်စရာတခုကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးအလားအလာလေး မစို့မပို့ တစွန်းတစ ရှိနေတာလဲ ဒီအတိုင်းဆို အကုန်လုံး ပျက်ပြားသွားမယ့် အလားအလာ ရှိနေတယ်လို့ မြင်ရပါတယ်။ ဆိုတော့ ဒီနေရာမှာ ဘယ်လိုလုပ်ပြီးတော့ အဖတ်ဆယ်နိုင်မလဲ။ ဒီအခြေအနေကနေကောင်းအောင် ဘယ်လိုလုပ်နိုင်မလဲလို့ စဉ်းစားကြည့်ကြပါစို့။ ကိုအောင်သူငြိမ်း ဘယ်လိုဆိုရင် ထွက်ပေါက်ရနိုင်မလဲ။ အလုံးစုံပျက်စီးမယ့် အခြေအနေကို ရှောင်လွဲနိုင်မယ့် နည်းလမ်း ဘာများစဉ်းစားမိပါသလဲ။

ဖြေ ။ ။ အခုကတော့ ပြောရမယ်ဆိုရင် အားလုံးအလုံးစုံပျက်သုန်းရေး ကျနော်တို့နိုင်ငံလည်း Failed State လို့ခေါ်တဲ့ ကျရှုံးနိုင်ငံတစ်ခုအဖြစ် သွားမယ်လမ်းကြောင်းကို ဦးတည်နေတယ်။ ဒါကို တော်တော်များများလည်း မြင်နိုင်တဲ့ အနေအထားပါ။ အဲဒီတော့ ဒီအခြေအနေကနေ ဘယ်လိုရှောင်လွှဲမလဲပေါ့။ ဒီအနေအထားမှာတော့ ကျနော်မြင်တာကတော့ နောက်ဆုံးမှာတော့ တွေ့ဆုံဆွေးနွေးရေးနဲ့ ဇာတ်သိမ်းရမှာပါ။ ဒါပေမဲ့ အဲဒီတွေ့ဆုံဆွေးနွေးရေး လမ်းကိုသွားဖို့ဆိုတာ ကျနော်ထင်တယ် တော်တော်လေး ခက်ခဲအုံးမယ်။ အချိန်လည်းယူရအုံးမယ် ထင်ပါတယ်။

မေး ။ ။ အဲဒီတွေ့ဆုံဆွေးနွေးရေးလမ်းဖြစ်ဖို့ ဘယ်လိုအခြေခံ လိုအပ်ချက်တွေ လိုအပ်မယ်လို့ ထင်ပါသလဲ။

ဖြေ ။ ။ စာပေတွေ ဖတ်ရတဲ့ဟာကတော့ သူတို့သုံးတာကတော့ Mutually Hurting Stalemate လို့ သုံးပါတယ်။ ဆိုလိုတာက နှစ်ဘက်စလုံးက ဆင်နဲ့ကျားနဲ့ ချသလို သူလည်းမထနိုင်တော့ဘူး၊ ထူလည်းမထူနိုင်တော့ဘူး။ ဒီလိုအခြေအနေမျိုးမှာတော့ နှစ်ဘက်စလုံး ချည့်လာတဲ့အနေအထားမှာ ဆွေးနွေးရေးလမ်းကြောင်းဘက်ကို ဦးတည်လာတဲ့ အနေအထား ရှိပါတယ်။ အခုအနေအထားမှာတော့ အဲဒီလို အနေအထား ဖြစ်ပြီလားပေါ့။ ဒါက ပြောရခက်တဲ့ အနေအထားမျိုးပါ။ နောက်တခုကတော့ တချို့နိုင်ငံတွေမှာ အထူးသဖြင့် နိုင်ငံတကာရဲ့ သြဇာလွှမ်းမိုးမှုတွေ များတဲ့နိုင်ငံမျိုး။ အထူးသဖြင့် ဖီလစ်ပိုင်မှာဖြစ်တဲ့အခါကြတော့ အမေရိကန်ကိုယ်နှိုက်က သမ္မတမားကိုစ်ကို မင်းတော့ တော်သင့်ပြီဆိုတာမျိုး၊ သူ့ကို လေယာဉ်ပျံနဲ့ ခေါ်ထုတ်ပြီး ဟာဝိုင်ရီကို ပို့လိုက်သလိုမျိုး။ အဲဒီလိုမျိုး နိုင်ငံကြီးကြီးတခုက ခေါင်းကိုင်ဖခင်မျိုး ဆိုရင်လဲ ပြုပြင်ပြောင်းလဲမှုကို ဦးတည်နိုင်ပါတယ်။ နောက်တခုကတော့ တပ်ထဲမှာရှိတဲ့ အောက်ခြေတပ်တွေက ပစ်မိန့်ပေးတာကို မလုပ်တော့တဲ့အခါမျိုးမှာလဲ ပြုပြင်ပြောင်းလဲမှုတွေဖြစ်ဖို့ အလားအလာတွေ ရှိပါတယ်။ ကျနော်တို့ အနေအထားမှာတော့ ကျနော်မြင်တဲ့ Conflict တင်းမာမှုကတော့ တော်တော်ကြီးကို ပြင်းထန်တဲ့ အနေအထားရှိတယ်။ ဒီလိုအနေအထားတွေက ဖြစ်ဖို့လဲ လောလောဆယ် ခက်တဲ့အနေအထားမှာ ရှိပါတယ်။

မေး ။ ။ ဆိုတော့ ကိုအောင်သူငြိမ်း ပြောသလို ခေါင်းကိုင်ဖခင် - မားကိုစ်ကို အမေရိကန်က နောက်ဆုံးကိုင်လိုက်သလို၊ မြန်မာနိုင်ငံမှာ စစ်တပ်ကို အဲဒီလို သြဇာခံမယ်လူ ဘယ်သူရှိပါသလဲ။ တရုတ်က သိပ်ပြီးတော့ သြဇာရှိတယ်လို့ ပြောကြတယ်။ သူတို့တွေရဲ့ သြဇာလွှမ်းမိုးမှုက ဒီလောက်ရှိနိုင်ပါ့မလား။ စစ်တပ်အပေါ်မှာ။

ဖြေ ။ ။ တခုရှိတာက တရုတ်က ကျနော်တို့ နိုင်ငံတွင်းမှာ ရင်းနှီးမြုပ်နံှမှုတွေ၊ အကျိုးစီးပွားတွေ တော်တော်ကြီးကြီးမားမား ရှိပါတယ်။ နောက်တခုက တရုတ်က သူ့ရဲ့ leverage ဖိအားပေးနိုင်တဲ့ စွမ်းအားတစုံတရာလည်း ရှိပါတယ်။ ဒါပေမဲ့ အခုအနေအထားမှာတော့ ကျနော်ဆွေးနွေးတဲ့ ခေါင်းကိုင်ဖခင်လိုမျိုးကို ကျနော်ထင်တယ် လုပ်ဖို့အနေအထားလည် မရှိဘူးလို့ထင်တယ်။ သူ့အနေနဲ့တော့ တခြားစဉ်းစားစရာအကြောင်း၊ အထူးသဖြင့် အခုဖြစ်နေတဲ့ ပထဝီနိုင်ငံရေးနဲ့ ကမ္ဘာ့ဇာတ်ခုံကိစ္စတွေလည်း ထည့်သွင်းစဉ်းစားပြီးတော့ ကစားလိမ့်မယ်လို့ ကျနော်မြင်တယ်။

မေး ။ ။ ဒီဘက်က စစ်အာဏာသိမ်းမှုကို ဆန့်ကျင်နေတဲ့ လူတွေဘက်ကိုရော သဘောထားပျော့ပျောင်းလာအောင် အလားတူဆွဲဆောင်ပေးနိုင်မယ့် အင်အားစု ရှိမယ်လို့ ထင်ပါသလား။

ဖြေ ။ ။ အခုအနေအထားမှာ Movement တခုလုံးကို ကြည့်ပြောမယ်ဆိုရင် ခေါင်းဆောင်မှု မရှိသလို ဖြစ်နေတယ်။ ဆိုတော့ လူငယ်တွေလည်း လမ်းပေါ်ထွက်နေတယ်။ တနေ့တနေ့ Facebook ပေါ်မှာ လှုံဆော်မှုတွေကလည်း ရှိတယ်။ ဆိုတော့ လူတွေက အဓိကတော့ မခံချင်စိတ်နဲ့ပဲ ဖြစ်နေတဲ့ အနေအထားမျိုး၊ ဒီအနေအထားမျိုးမှာတော့ ကျနော်မြင်တယ် ပထမပိုင်းမှာတော့ Non-violence အကြမ်းမဖက်လို့ ပြောပေမယ့်လဲ တဖြည်းဖြည်းနဲ့ အခုက ရရာလက်နက်နဲ့ တုံ့ပြန်နေတဲ့ အနေအထားမျိုး ဖြစ်လာပါတယ်။ ဆိုတော့ အဲဒီအနေအထားကလဲ ဘယ်လောက်အတိုင်းအတာအထိ ဆက်ပြီးတော့ ခုခံနိုင်ကြမလဲဆိုတာတော့ တော်တော်ပြောရခက်ပါသေးတယ်။

မေး ။ ။ အခြေအနေ လောလောဆယ်မှာ မဖြစ်နိုင်သေးဘူးဆိုရင် အဲဒီအခြေအနေ ရောက်လာအောင် ဘယ်လောက်ကြာမလဲ။ ဘယ်လောက် အချိန်ယူရမလဲ။ အဲဒီအချိန်မှာ တိုင်းပြည်ကတော့ ဘာမှမကျန်၊ ဖွတ်ဖွတ်ညှက်ညှက်ကျေသွားပြီး ဖြစ်ကောင်းဖြစ်မှာပေါ့။

ဖြေ ။ ။ အထူးသဖြင့် အထိအနာဆုံးကတော့ စီးပွားရေးပါပဲ။ ကျနော်တို့ ကိုဗစ် ဖြစ်တဲ့ကာလမှာကတည်းက နိုင်ငံတကာအဖွဲ့အစည်းတွေက ခန့်မှန်းထားတာ မြန်မာ့စီးပွားရေး တိုးတက်မှုက ဝ.၅ ရာခိုင်နှုန်းပဲ ရှိမယ်လို့ သုံးသပ်ခဲ့တာတွေ ရှိပါတယ်။ အခုအနေအထားမှာတော့ စီးပွားရေးက လုံးဝရပ်သလို ဖြစ်သွားပါတယ်။ ကျနော်ထင်တယ် စီးပွားပျက်ကပ်ကတော့ မလွှဲမသွေ ကြုံရမယ့်အနေအထား ရှိတယ်လို့ ထင်ပါတယ်။ နောက်တခုကတော့ ရင်းနှီးမြုပ်နံှမှုတွေကလဲ ကျနော်တို့ဆီက ထွက်သွားပြီဆိုပါစို့ အနည်းဆုံး သုံးလေးနှစ်က ပြန်လာဖို့ မရှိပါဘူး။ အဲဒီတော့ အာဏာသိမ်း စစ်တပ်တွေ လုပ်တတ်ကြတာက သူတို့ကို ပြည်သူလူထု ထောက်ခံအောင် Populist Policy ခေါ်တဲ့ ပိုက်ဆံတွေသုံး၊ လူတွေကျေနပ်အောင် လုပ်ပေးတာဟာမျိုး။ ဒီအနေအထားမျိုး လုပ်ဖို့လည်း တော်တော်လေး ခက်မယ်လို့ ထင်တယ်။ အခုအခြေအနေမှာ တော်တော်ကြီးကို စစ်အုပ်စု အထီးကျန်မယ့်အနေအထား ဖြစ်နေပါတယ်။ အဲဒီအနေအထားမှာတော့ ကျနော်တို့ စီးပွားရေးက ထိုးဆင်းသွားမယ့် အနေအထား ရှိတယ်လို့ ကျနော် မြင်တယ်။

မေး ။ ။ စစ်အာဏာသိမ်မှုကို ဆန့်ကျင်တဲ့ဘက်မှာ ခေါင်းဆောင်မှု လိုအပ်နေတယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ မေးချင်ပါတယ်။ အဲဒီကိစ္စက ဘယ်သူဖြစ်နိုင်လဲ။ အခု တကယ်တော့ ဒီအထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထောက်ခံနေတဲ့ လူတွေကြီးပဲ မဟုတ်ဘူး၊ ဒီမိုကရေစီ ဆုံးရှုံးရတာကို ခံပြင်းတဲ့ လူတွေလည်း ပါပါတယ်။ အဲဒီတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို သူတို့က ဒီမိုကရေစီအရေးနဲ့ ပတ်သက်ပြီးတော့ ထိရောက်တဲ့ ခေါင်းဆောင်မှု ပေးနိုင်မယ့် အဖွဲ့လို့ လက်ခံကြမယ်လို့ ထင်ပါသလား။

ဖြေ ။ ။ အခုအနေအထားမှာတော့ ပြောမယ်ဆိုလို့ရှိရင် NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် မေးခွန်းထုတ်တာတွေ အများကြီး ရှိပါတယ်။ ရှိပေမယ့်လဲ သူကို ထောက်ခံတဲ့ မဲပေးခဲ့တဲ့ လူတွေကတော့ ထုနဲ့ထယ်နဲ့ ရှိတုန်းအနေအထားပါ။ ဆိုတော့ အဲဒီအနေအထားမှာတော့ နောက်ထပ်ခေါင်းဆောင်မှု အသစ်ဆိုတာလဲ လောလောဆယ်မှာ တော်တော်ပြောဖို့ခက်ပါတယ်။ ကျနော်တို့ အခုကြုံနေရတဲ့ အခက်အခဲက ပြဿနာက Facebook ပေါ်မှာ ဘယ်သူမှန်းမသိတဲ့ လူတွေက ရေးကြပါ၊ ရှယ်ကြပါ၊ Source ကို မထည့်ပါနဲ့ စသည်ဖြင့် ဘယ်သူတွေက ဘယ်လိုဆွေးနွေးနေမှန်း မသိဘဲနဲ့ ကောလဟာလပေါင်းစုံနဲ့ အကြံပေးမှုပေါင်းစုံတွေက ဖြစ်နေပါတယ်။ နောက်တခုကတော့ ကျနော်တို့ ကျိုးကြောင်းဆီလျော် ဖြစ်နိုင်တာတွေကို ချပြမယ်၊ ဆွေးနွေးမယ်ဆိုရင်လဲ လူတွေက အခုအချိန်မှာ ခံစားမှု သိပ်ပြင်းထန်နေတော့ နားထောင်နိုင်တဲ့ အနေအထား၊ စဉ်းစားချင်တဲ့ အနေအထားလည်း မရှိပါဘူး။ အဲဒီလို အနေအထားမျိုးမှာ နောက်ထပ်ခေါင်းဆောင်မှု ပေါ်ဖို့ဆိုတာလဲ တော်တော်ခက်မယ်လို့ ထင်ပါတယ်။

မေး ။ ။ ဒါပေမဲ့ အခုဖြစ်နေတဲ့ တင်းမာမှုတွေက အချိန်ကြာပြီးတော့ တိုင်းပြည်လည်းပျက်၊ နှစ်ဘက်လုံး ခပ်ရိုင်းရိုင်း ဥပမာနဲ့ပြောရရင် ကျွဲနှစ်ကောင်းခတ်သလို နှစ်ဘက်စလုံးက မခတ်နိုင်ကြတော့ဘူး၊ လက်ပန်းကျမှ ရပ်ကြမယ့် အခြေအနေ ဖြစ်သွားပြီဆိုရင်တော့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခင်းအကျင်းသစ်မှာ ခေါင်းဆောင်မှု မျိုးဆက်သစ်တခု ပေါ်ထွန်းလာလိမ့်မယ်လို့ မျှော်လင့်မယ်ဆိုရင်ကော မျှော်လင့်နိုင်သလား။

ဖြေ ။ ။ အဲဒါလဲ ကျနော့်အနေနဲ့တော့ လောလောဆယ် သုံးသပ်ဖို့ ခက်ပါတယ်။ သမိုင်းတလျှောက်ပြန်ကြည့်ရင် လှုပ်ရှားမှုကြီးတခု ပြီးတိုင်းပြီးတိုင်းမှာ နိုင်ငံရေးပါတီကြီးတခု အင်အားစုကြီးတခု ပေါ်လာတတ်ပါတယ်။ လွတ်လပ်ရေး လှုပ်ရှားမှုကြီးပြီးတော့ ဖဆပလပါတီ ပေါ်ပါတယ်။ ၈၈ လှုပ်ရှားမှု ဖြစ်လာတယ်။ NLD ပါတီ ပေါ်လာတယ်။ အဲဒီတော့ အခု ၂၁ လှုပ်ရှားမှုကြီးကနေ ဒါပြီးနောက် နောက်ထပ်ဘယ်လိုပါတီမျိုး၊ ဘယ်လိုအမျိုးသားရေးအင်အားစုကြီး ပေါ်လာမလဲပေါ့။ အဲဒီလိုဟာမျိုးကတော့ လောလောဆယ်မှာတော့ ပုံဖော်လို့ မရသေးပါဘူး။

XS
SM
MD
LG