သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်း၊ မြန်မာနယ်စပ်မှာ စိတ်ကြွဆေး ၅ သန်း ဖမ်းဆီးမိ


မေလ ၆ ရက်နေ့က ဖမ်းဆီးမိခဲ့တဲ့စိတ်ကြွ ဆေးများ(ဓါတ်ပုံ- အမှတ် ၅ ဒေသ ရဲတပ်ဖွဲ့)
မေလ ၆ ရက်နေ့က ဖမ်းဆီးမိခဲ့တဲ့စိတ်ကြွ ဆေးများ(ဓါတ်ပုံ- အမှတ် ၅ ဒေသ ရဲတပ်ဖွဲ့)

(Zawgyi/Unicode)

ကိုဗစ်ကပ်ဘေးအရေးပေါ်ကာလအတွင်း နယ်စပ်တွေကို လုံခြုံရေး တိုးချထားချိန်မှာပဲ ထိုင်း-မြန်မာနယ်စပ် ချင်းရိုင် ပြည်နယ်မှာ ဘတ်ငွေ သန်း ၁၀၀၀ ကျော်တန်ဖိုးရှိတဲ့ စိတ်ကြွဆေးပြား (၅)သန်း ဖမ်းမိတဲ့သတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကိုဗစ်ကပ်ဘေးကာလ လုံခြုံရေးတွေ တိုးချထားချိန်မှာပဲ ထိုင်း-မြန်မာနယ်စပ် ချင်းရိုင် ပြည်နယ်အတွင်းမှာ စိတ်ကြွဆေးတွေ သန်းနဲ့ ချီပြီး ဖမ်းဆီးမိခဲ့တာပါ။ ချင်းရိုင်ပြည်နယ် အမှတ် (၅)ရဲတပ်ဖွဲ့က ရဲဗိုလ်ချုပ် Prachuapwongsuk ကမေ လ (၆) ရက် နေ့သတင်းစာရှင်းလင်းပွဲမှာ အခုလိုပြောသွားပါတယ်။

ရဲဗိုလ်ချုပ် ပြောသွားတာကတာ့ “အခုလိုကာလမှာနယ်စပ်လမ်းတွ ပိတ်ဆို့ထားတဲ့ကြားကပဲ တဖက်နိုင်ငံကနေ မူးယစ်ဆေးတွေ အလုံးအရင်းနဲ့ ဝင်ရာက်လာနေတာကို အမှတ်(၅) ဒေသ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်နိုင်ခဲ့ပါတယ်။ ထိုင်းနိုင်ငံအတွင်းပိုင်းကို

နယ်စပ်လမ်းတွေက မူးယစ်ဆေးဝါးတွေ နောက်ထပ် ဝင်ရောက်လာမယ့် အခြေအနေ တွေကိုလည်း အထူး စောင့်ကြည့် စစ်ဆေး သွားမှာဖြစ်ကြောင်း” ပြောသွားပါတယ်။

မေလ ၆ ရက်နေ့ မနက်အစောကြီးမှာပဲ စိတ်ကြွဆေးပြား ၅ သန်း သယ်ဆောင်လာတဲ့ ယာဉ်သုံးစီးနဲ့ အတူ ထိုင်းနိုင်ငံသား သုံးဦးကို ဖမ်းဆီးနိုင်ခဲ့တာပါ။

၉၉၉ တံဆိပ်နဲ့ စိတ်ကြွဆေးပြား အမြာက်အများကားနဲ့ သယ်ဆောင်လာမယ့် သတင်းကို ကြိုတင်ရထားတာကြောင့် နယ်ခြား ဝင်ပါက် တွေဖြစ်တဲ့ မဲဆွေ-ဝင်ပါပေါက် ၊ ကော့ချန်း ကားလမ်းတွေကို ပိတ်ဆို့ စစ်ဆေးခဲ့ပြီး မူးယစ်ဂိုဏ်းဝင် သုံးဦး မောင်းလာတဲ့ ကားငယ်သုံးစီးကို နောက်ယောက်ခံပြီး လိုက်လံဖမ်းဆီးနိုင်ခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဖမ်းဆီးလိုက်တဲ့ မူးယစ်ဂိုဏ်းဝင်တွေဟာ ထိုင်းမြောက်ပိုင်း ရဲတပ်ဖွဲ့က အလိုရှိ ဖမ်းဝရမ်း ထုတ်ထားသူတွေဖြစ်ပြီး ထိုင်းမူးယစ်နိမ်နင်းရေးအဖွဲ့က သူတို့ကို လအတန်ကြာ ထောက်လှမ်း နေခဲ့ပြီးမှ ခုလို မူးယစ်ဆေးတွေကို အမြောက်အများ သယ်ဆာင်လာတုန်းမှာပဲ ဖမ်ဆီးနိုင်ခဲ့တာလို့ ဆိုပါတယ်။

ကိုဗစ်ကပ်ရောဂါကာလမှာ အသွားအလာတွေ ကန့်သတ် ထိန်းချုပ်ထားပေမဲ့ မူးယစ်ဆေးဝါး မှောင်ခိုသူတွေကတော့ လမ်းကြောင်းသစ်တွေနဲ့ တင်သွင်းနေဆဲ ဖြစ်ကြောင်းလည်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) က ပြောဆိုထားပါတယ်။ ပြီးခဲ့တဲ့နှစ်ထဲ မြန်မာနိုင်ငံအပါအဝင် အရှေ့နဲ့ အရှေ့တောင်အာရှ ဒေသမှာ မူးယစ်ဆေးဝါး မှောင်ခိုမှုပမာဏဟာ ဒေါ်လာ ၇၁ ဘီလီယံထက်မနည်း ရှိခဲ့ပြီး၊ ဒီအထဲမှာ Methamphetamine စိတ်ကြွဆေး မှောင်ခိုမှုက ၆၁ ဘီလီယံအထိ ရှိတယ်လို့လည်း UNODC က ခန့်မှန်းထားပါတယ်။ ရွှေတြိဂံဒေသမှာ မူးယစ်ဆေးတွေ အများအပြား ဖမ်းဆီးမိနေတာကိုကြည့်ရင် ကမ္ဘာတဝန်း ကပ်ရောဂါထိန်းချုပ်ရေး အာရုံစိုက်နေချိန် မူးယစ်ဆေးမှောင်ခိုဂိုဏ်းတွေက အခွင့်ကောင်းယူနေတဲ့ လက္ခဏာတရပ် ဖြစ်ကြောင်းလည်း UNODC က သတိပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

............


(Unicode)









XS
SM
MD
LG