သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္အာဏာသိမ္းမႈေနာက္ပိုင္း နယ္စပ္ေဒသ မူးယစ္ေမွာင္ခိုမႈေတြ တိုးလာဖြယ္ရွိ (UNODC)


၂၀၁၃ ခုႏွစ္ ေဖေဖာ္ဝါရီလက ထုိင္းႏုိင္ငံတြင္ ဖမ္းမိသည့္ စိတ္ႂကြေဆးထုတ္မ်ား။

(Zawgyi/Unicode)

ျမန္မာႏိ္ုင္ငံမွာ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ ႏိုင္ငံေရး အက်ပ္အတည္းေတြ ၾကံဳေနရခ်ိန္မွာ မူးယစ္ေဆးဝါး ေမွာင္ခိုမႈေတြ အားေကာင္းလာမွာကို စိုးရိမ္မႈေတြလည္း ထြက္ေပၚလာပါတယ္။

ျမန္မာႏိုင္ငံမွာ ႏိုင္ငံေရး ျပႆနာေတြ ေပၚေပါက္ေနခ်ိန္ လက္နက္ကိုင္ အုပ္စုေတြနဲ႔ မူးယစ္ေဆးဝါး ေမွာင္ခိုသူေတြ အခြင့္ေကာင္းယူမယ့္ အလားအလာေတြ ရွိေနေၾကာင္း ကုလသမဂၢ မူးယစ္ေဆးဝါးနဲ႔ ရာဇ၀တ္မႈဆိုင္ရာ႐ုံး (UNODC) ရဲ႕ အေရွ႕ေတာင္အာရွနဲ႔ ပစိဖိတ္ေဒသ တာ၀န္ခံ Jeremy Douglas ကေျပာပါတယ္။

“အက်ပ္အတည္း ၾကံဳရတဲ့ ကာလမ်ဳိးမွာ ထုတ္လုပ္မႈေတြ တိုးေအာင္ လုပ္တာမ်ဳိးေတြ ရွိပါတယ္။ ေရွ႕လာမယ့္ ၂ လ ၃ လ၊ ေရတိုကာလမွာ ျဖစ္လာမယ္လို႔လည္း ခန္႔မွန္းပါတယ္။ ရွမ္းျပည္နယ္ကေန ထုတ္လုပ္မႈေတြ တိုးလာတာမ်ဳိး စၿပီး ေတြ႕လာရႏိုင္ပါတယ္။” လို႔ UNODC အရာရွိက AFP သတင္းဌာနကို ေျပာဆိုလိုက္တာပါ။

ျမန္မာႏိုင္ငံကေန စိတ္ႂကြေဆးေတြ အႀကီးအက်ယ္ ၀င္ေရာက္လာမွာကို အိမ္နီးခ်င္း ထိုင္းႏိုင္ငံ ကလည္း စိုးရိမ္ေနပါတယ္။ ကိုဗစ္ကပ္ေဘးကာလ လြန္ခဲ့တဲ့ ၆ လ အတြင္း ထိုင္းႏိုင္ငံမွာ စံခ်ိန္ခ်ိဳးေလာက္ေအာင္ စိတ္ႂကြေဆးျပား သန္း ၈၀ ေက်ာ္ ဖမ္းဆီးမိခဲ့တာပါ။

ထိုင္းႏိုင္ငံက နယ္စပ္ေဒသေတြမွာ လုံျခံဳေရး တင္းၾကပ္ထားေပမဲ့ မူးယစ္ေဆးဝါး ေမွာင္ခိုသူေတြက နည္းမ်ဳိးစုံနဲ႔ တင္သြင္းဖို႔ ႀကိဳးစားတာေတြ ရွိေနၿပီး၊ လာအိုႏိုင္ငံနယ္စပ္ကေန တင္သြင္းတာေတြလည္း အမ်ားအျပား ရွိေနတယ္လို႔ ထိုင္းနဲ႔ ကုလသမဂၢ တာ၀န္ရွိသူေတြကခန္႔မွန္းထားၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္


..........

စစ်အာဏာသိမ်းမှုနောက်ပိုင်း နယ်စပ်ဒေသ မူးယစ်မှောင်ခိုမှုတွေ တိုးလာဖွယ်ရှိ (UNODC)

(Unicode)

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံရေး အကျပ်အတည်းတွေ ကြုံနေရချိန်မှာ မူးယစ်ဆေးဝါး မှောင်ခိုမှုတွေ အားကောင်းလာမှာကို စိုးရိမ်မှုတွေလည်း ထွက်ပေါ်လာပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြဿနာတွေ ပေါ်ပေါက်နေချိန် လက်နက်ကိုင် အုပ်စုတွေနဲ့ မူးယစ်ဆေးဝါး မှောင်ခိုသူတွေ အခွင့်ကောင်းယူမယ့် အလားအလာတွေ ရှိနေကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) ရဲ့ အရှေ့တောင်အာရှနဲ့ ပစိဖိတ်ဒေသ တာဝန်ခံ Jeremy Douglas ကပြောပါတယ်။

“အကျပ်အတည်း ကြုံရတဲ့ ကာလမျိုးမှာ ထုတ်လုပ်မှုတွေ တိုးအောင် လုပ်တာမျိုးတွေ ရှိပါတယ်။ ရှေ့လာမယ့် ၂ လ ၃ လ၊ ရေတိုကာလမှာ ဖြစ်လာမယ်လို့လည်း ခန့်မှန်းပါတယ်။ ရှမ်းပြည်နယ်ကနေ ထုတ်လုပ်မှုတွေ တိုးလာတာမျိုး စပြီး တွေ့လာရနိုင်ပါတယ်။” လို့ UNODC အရာရှိက AFP သတင်းဌာနကို ပြောဆိုလိုက်တာပါ။

မြန်မာနိုင်ငံကနေ စိတ်ကြွဆေးတွေ အကြီးအကျယ် ဝင်ရောက်လာမှာကို အိမ်နီးချင်း ထိုင်းနိုင်ငံကလည်း စိုးရိမ်နေပါတယ်။ ကိုဗစ်ကပ်ဘေးကာလ လွန်ခဲ့တဲ့ ၆ လ အတွင်း ထိုင်းနိုင်ငံမှာ စံချိန်ချိုးလောက်အောင် စိတ်ကြွဆေးပြား သန်း ၈၀ ကျော် ဖမ်းဆီးမိခဲ့တာပါ။

ထိုင်းနိုင်ငံက နယ်စပ်ဒေသတွေမှာ လုံခြုံရေး တင်းကြပ်ထားပေမဲ့ မူးယစ်ဆေးဝါး မှောင်ခိုသူတွေက နည်းမျိုးစုံနဲ့ တင်သွင်းဖို့ ကြိုးစားတာတွေ ရှိနေပြီး၊ လာအိုနိုင်ငံနယ်စပ်ကနေ တင်သွင်းတာတွေလည်း အများအပြား ရှိနေတယ်လို့ ထိုင်းနဲ့ ကုလသမဂ္ဂ တာဝန်ရှိသူတွေကခန့်မှန်းထားကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG