သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကာကြယ္ေဆးေပၚလာတဲ့ ေနာက္ပိုင္း ေရာဂါပိုး စမ္းသပ္ေရး


A nurse prepares a shot of the Pfizer-BioNTech COVID-19 vaccine at Guy's Hospital in London, Tuesday, Dec. 8, 2020
ကိုဗစ္ကာကြယ္ေဆးနဲ႔ ေနာက္ဆက္တြဲ အေျခအေန
please wait

No media source currently available

0:00 0:11:44 0:00
တိုက္႐ိုက္ လင့္ခ္

Covid 19 ေရာဂါ စတင္ျဖစ္ပြါးတာ တႏွစ္မျပည့္ခင္မွာပဲ ကာကြယ္ေဆးေတြ ရလာေနပါၿပီ။ ဒါေပမဲ့ ဒီေရာဂါနဲ႔ အခ်ိန္အေတာ္ၾကာေအာင္ အတူယွဥ္တြဲ ေနထိုင္ရဖို႔ရွိသလို လာမယ့္ ၂၀၂၁ ခုႏွစ္မွာဆိုရင္ ဒီေရာဂါပိုး ရွိမရွိ စမ္းသပ္စစ္ေဆးမႈဟာ လူေတြ ေန႔စဥ္ လုပ္ေနက် အလုပ္တခု ျဖစ္လာႏိုင္တယ္လို႔ ကြၽမ္းက်င္သူေတြက ခန႔္မွန္းေနၾကပါတယ္။ ဒီေရာဂါရွိမရွိ စမ္းသပ္မႈေတြနဲ႔ ပတ္သက္ၿပီးေနာက္ဆုံး အေျခေနကို သိရဖို႔ အေမရိကန္ျပည္ေထာင္စု ေျမာက္ကာ႐ိုလိုင္းနားျပည္နယ္၊ Greenville က Vidant Medical Center အဏုဇီဝေဗဒ ဓါတ္ခြဲခန္း တာဝန္ခံ ေဒါက္တာျဖဴျမတ္သြယ္ကို ေမးျမန္းၿပီး တင္ျပထားပါတယ္။

ေမး ။ ။ မဂၤလာပါ ေဒါက္တာျဖဴျမတ္သြယ္။ ကိုဗစ္-၁၉ အတြက္ကို ကာကြယ္ေဆးေတြ ထြက္ေနပါၿပီ။ ဒါေပမဲ့လို႔ သူတုိ႔က ဒီေရာဂါပိုး ရိွမရိွ စမ္းသပ္စစ္ေဆးမႈေတြကလဲ အၿမဲတမ္း လုပ္ေနရတယ္။ ဆိုေတာ့ ေဒါက္တာျဖဴျမတ္သြယ္တို႔ ဓါတ္ခြဲခန္းမွာ လက္ရိွသံုးေနတဲ့ ဘယ္ဟာမ်ဳိးကို စမ္းသပ္တာ အဓိက လုပ္ေနလဲ အဲဒါကို ေျပာျပေပးပါ။

ေျဖ ။ ။ ဒီမွာ အခုလုပ္ေနတဲ့ ဓါတ္ခြဲခန္း Vidant Medical Center က ေျမာက္ကာရိုလိုင္းနားျပည္နယ္မွာရိွတဲ့ Microbiology Lab - အဏုဇီဝေဗဒ ဓါတ္ခြဲခန္းမွာ အခုက (၃) မ်ဳိး ရိွတယ္။ (၃) မ်ဳိးမွာ (၂) မ်ဳိးကေတာ့ ကိုဗစ္ ျဖစ္ေစတဲ့ ကိုရိုနာဗိုင္းရပ္စ္ ပိုး ရိွမရိွ သူ႔ရဲ ႔ RNA ကို စမ္းသပ္တာ။ ၿပီးေတာ့ PCR ကို သံုးၿပီးေတာ့ RNA ကို ပြားမ်ားတဲ့နည္း။ အဲဒီႏွစ္ခုက တစ္မ်ဳိး။ ေနာက္တစ္မ်ဳိးကေတာ့ Anti-body ကို တိုင္းတာ။ ကိုယ္ခံအား ရိွမရိွ၊ လကၡဏာ ရိွမရိွ၊ ေရာဂါရိွၿပီးသားလူေတြ သူတုိ႔ရဲ ႔ ကိုယ္ခံအား ရိွလာလားဆိုတဲ့ Anti-body တိုင္းတာပါ။ အဲဒီလိုမ်ဳိး စမ္းသပ္မႈ test အမ်ဳိးအစားက (၃) မ်ဳိး၊ ဒါေပမဲ့ ခြဲျခားထားတာကေတာ့ ႏွစ္မ်ဳိးပါ။ ေရာဂါပိုး ရိွလားနဲ႔ ကိုယ္ခံအား ရိွလားတို႔ ျဖစ္ပါတယ္။

ေမး ။ ။ ဆိုေတာ့ အဲဒီလိုမ်ဳိး စမ္းသပ္မႈ လုပ္တယ္ဆိုရင္ ေရာဂါ ရိွမရိွ စမ္းသပ္မႈ test လုပ္တဲ့အခါ အခုေလာေလာဆယ္ အခ်ိန္ဘယ္ေလာက္ေပးရပါလဲ။

ေျဖ ။ ။ အခုဆိုရင္ ဥပမာေျပာရရင္ ဒီမွာ ေဆးရံုမွာလုပ္တဲ့ စမ္းသပ္မႈကဆိုရင္ ႏွစ္မ်ဳိးခြဲထားတယ္။ အေရးေပၚစမ္းသပ္မႈနဲ႔ အေရးတႀကီးမဟုတ္ ပံုမွန္ဆိုၿပီး ႏွစ္မ်ဳိး ခြဲထားတယ္။ အေရးေပၚဆိုရင္ (၂) နာရီ အမ်ားဆံုး။ ဥပမာ အေရးတႀကီး facility ဝင္ရမယ့္ လူနာတို႔ဆိုရင္ သူတုိ႔မွာ ေရာဂါရိွမရိွ စမ္းတဲ့အခါ။ ဒါမွမဟုတ္ အရမ္းကို အေရးေပၚ ICU ထဲ ေရာက္ေနတဲ့လူေတြဆိုရင္ အေရးေပၚစမ္းသပ္မႈကို လုပ္လိုက္တယ္။ အဲဒါဆုိရင္ (၂) နာရီေအာက္အတြင္း သိႏုိင္တယ္။ ေနာက္တစ္ခုကေတာ့ အေရးတႀကီးမဟုတ္ဘူး ပံုမွန္စမ္းသပ္မႈေတြကေတာ့ ေဆးခန္း၊ ေဆးရံုကို လာၾကတယ္။ ဒါမွမဟုတ္ ကားေမာင္းဝင္ၿပီး စမ္းသပ္မႈလုပ္ၾကတယ္ဆိုရင္ေတာ့ အဲဒါေတြကို ပံုမွန္စမ္းသပ္မႈထဲ ဝင္သြားတယ္။ အဲဒီစမ္းသပ္မႈက (၇) နာရီ (၈) နာရီ (၁၀) နာရီအထိ ၾကာတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ အဲဒီလိုမ်ဳိး စမ္းသပ္မႈက ပိုမ်ားတယ္ဆိုေတာ့ အုပ္စုခြဲၿပီးေတာ့ စစ္ၾကတယ္။ လူနာရဲ ႔ ဘယ္ေလာက္အေရးႀကီးသလဲေပၚလဲ မူတည္ၿပီးေတာ့ အခ်ိန္ကြာသြားတယ္။ ဘယ္ပံုစံနဲ႔ စမ္းသပ္တယ္ဆိုတဲ့ေပၚမွာ ကြာသြားတယ္။

ေမး ။ ။ ဆိုေတာ့ PCR နဲ႔ Antigen တို႔ ကြာျခားခ်က္ကို နည္းနည္းေျပာျပေပးပါ။ ဘယ္ဟာကို ဘယ္ေနရာမွာ သံုးတယ္ဆိုတာကို ရွင္းျပေပးပါ။

ေျဖ ။ ။ Antigen က မ်ားေသာအားျဖင့္ Primary Care Office ေတြမွာ သံုးတာမ်ားတယ္။ ေဆးခန္း Clinic ေတြမွာ သံုးတာမ်ားတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ Antigen test ေတြက လြယ္လည္းလြယ္တယ္။ ျမန္လည္းျမန္တယ္။ ဒါေပမဲ့ Antigen test ေတြကို အစိုးရက သံုးခြင့္ျပဳထားတာက လကၡဏာျပတဲ့ လူနာေတြေပၚမွာပဲ သံုးရမယ္လို႔ သံုးခြင့္ျပဳထားတယ္။ ဆိုေတာ့ လကၡဏာ ရိွထားတဲ့လူနာက သူ႔ဆရာဝန္နဲ႔ သြားျပတယ္။ ဒါမွမဟုတ္ သူနာျပဳနဲ႔ သြားျပတယ္ဆိုရင္ ေဆးခန္းကိုသြားၾကတယ္ဆိုရင္ အဲဒီမွာ Point of Care - တိုက္ရိုက္စမ္းသပ္မႈစက္နဲ႔ သံုးတာမ်ားတယ္။ ၿပီးေတာ့ PCR စမ္းသပ္မႈကေတာ့ ေစာေစာကေျပာထားသလို ႏွစ္မ်ဳိးခြဲထားတဲ့အတြက္ေၾကာင့္ စမ္းသပ္မႈပံုစံကလည္း အမ်ဳိးမ်ဳိးရိွတာေၾကာင့္ စက္အႀကီးႀကီးေတြ အႀကီးအမားေတြ ျဖစ္တာလဲ ျဖစ္ႏုိင္တယ္။ ၿပီးေတာ့ စည္းမ်ဥ္းကန္႔သတ္ခ်က္ေတြ လိုအပ္တာေၾကာင့္ ဓါတ္ခြဲခန္းေတြမွာပဲ သံုးတာမ်ားတယ္။

ေမး ။ ။ ဒီေရာဂါပိုး ရိွမရိွ စမ္းသပ္တဲ့အထဲမွာ ကိုယ္ခံအားစမ္းတာ ဘယ္အခ်ိိန္မွာ သံုးပါသလဲ။

ေျဖ ။ ။ ကိုယ္ခံအား စမ္းတာၾကေတာ့ လူနာတစ္ေယာက္က လကၡဏာရိွသည္ျဖစ္ေစ၊ မရိွသည္ျဖစ္ေစ သူ႔သေဘာနဲ႔သူ အရင္တုန္းက ကိုဗစ္ ရိွထားလား၊ မရိွထားလား မသိဘူးဆိုတာကို သိခ်င္တယ္ဆိုလို႔ရိွရင္ အဲဒီအခ်ိန္မွာ သံုးလို႔လည္းရတယ္။ ေနာက္တစ္ခုၾကေတာ့ လူနာတစ္ေယာက္ကို အေရးတႀကီးနဲ႔ ေဆးရံုတင္လိုက္တယ္ဆိုရင္ သူ႔မွာ ေရာဂါလကၡဏာ ရိွခ်င္လဲ ရိွႏုိင္တယ္။ မရိွခ်င္လဲ မရိွႏိုင္ဘူး။ ဒါေပမဲ့ တျခားကိစၥေၾကာင့္မို႔ ေဆးရံုတင္္လိုက္တဲ့အခ်ိန္မွာ ကိုဗစ္စမ္းသပ္မႈလုပ္တယ္။ ၿပီးေတာ့ အရင္တုန္းက ရိွမရိွကို သိဖို႔အတြက္လည္း စမ္းသပ္တယ္။ ဆုိေတာ့ အေျခအေနအမ်ဳိးမ်ဳိးေပၚမွာ မူတည္ၿပီးေတာ့ စမ္းသပ္တုိင္းတာပါတယ္။ ဒီအတိုင္းဆိုရင္ ၿပီးခဲ့တဲ့ သံုးေလးငါးလ ေျခာက္လတုန္းက ကိုဗစ္ရခဲ့သလား၊ မရခဲ့လား မသိခဲ့ဘူး။ လကၡဏာမရိွေပမယ့္။ အဲဒါကို သိခ်င္တယ္ဆိုရင္ တိုင္းၾကည့္လို႔ရတယ္။

ေမး ။ ။ အခု ကာကြယ္ေဆးေတြ ထြက္ေနၿပီဆိုေတာ့ ဒါမ်ဳိးစမ္းသပ္မႈ ဘယ္ေလာက္ အေရးပါသလဲ ေျပာျပေပးပါ။

ေျဖ ။ ။ ကာကြယ္ေဆးနဲ႔ ပတ္သက္ၿပီးေတာ့ ဒီအခ်ိန္မွာ အေရးႀကီးတဲ့ စမ္းသပ္မႈကေတာ့ Antibody Test ျဖစ္ပါတယ္။ ဒီဟာက အေရးႀကီးလာတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ကိုယ္က ကာကြယ္ေဆး ထိုးၿပီးသြားၿပီ။ ပထမ (၁) လံုးထိုးသည္ျဖစ္ေစ။ ဒုတိယ (၁) လံုး ထုိးသည္ျဖစ္ေစ ေဆးပတ္ျပည့္သြားၿပီဆိုရင္ ကိုယ့္မွာ ကိုယ္ခံအား ရိွမရိွဆုိတာကို ဒီ Antibody စမ္းသပ္မႈက ကာကြယ္ေဆး ထိုးၿပီးတဲ့အခ်ိန္မွာ အေရးႀကီးလာပါၿပီ။

ေမး ။ ။ ကာကြယ္ေဆးဆုိတဲ့ သေဘာက ဒီေရာဂါပိုး ပြားထားတဲ့ဟာကို ကိုယ္ထဲမွာ ထည့္ေပးလိုက္တာလို႔ နားလည္ထားပါတယ္။ ဆိုေတာ့ ကာကြယ္ေဆး ထိုးၿပီးတဲ့လူက ဒီေရာဂါပိုး ေရာက္ေနတယ္လို႔ ကိုယ္ထဲကလည္း အသိအမွတ္ျပဳၿပီးေတာ့ ကိုယ္ခံအားေတြ ထုတ္တာဆုိေတာ့ အခုလိုမ်ဳိး ေရာဂါပိုး ရိွမရိွ စမ္းသပ္တဲ့ဟာနဲ႔ ဘာမ်ားသြားၿပီးေတာ့ အေႏွာင့္အယွက္ေတြမ်ား ရိွႏိုင္သလဲဆိုတာကို ေျပာျပေပးပါ။

ေျဖ ။ ။ ရိွေတာ့ရိွႏိုင္ပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ကာကြယ္ေဆးထဲကို ထည့္ထားတာ ဒီဗိုင္းရပ္စ္ တစ္ခုလံုးကို ထည့္ထားတာ မဟုတ္ဘူး။ ဗိုင္းရပ္စ္နဲ႔ ဆင္တူတဲ့ အပိုင္းေလးတပိုင္းကိုပဲ သံုးၿပီးေတာ့ ကိုယ့္ရဲ ႔ ကိုယ္ခံအားကို ၾကြေအာင္လုပ္ေပးတာ။ အဲဒီအခါၾကမွ ကိုယ့္ခႏၶာကေန Antibody ထုတ္တယ္။ အဲဒီအခ်ိန္မွာ ကိုယ္က COVID Test ကိုဗစ္စမ္းသပ္မႈ လုပ္တဲ့ ေစာေစာကေျပာတဲ့ Antigen ပဲျဖစ္ျဖစ္၊ PCR ပဲျဖစ္ျဖစ္ စမ္းသပ္မႈနဲ႔ သြားၿပီးေတာ့ တိုင္းလုပ္တယ္ဆိုရင္ေတာ့ False Positive ဆိုၿပီးေတာ့ ျဖစ္ႏုိင္တဲ့ အလားအလာေတာ့ ရိွပါတယ္။ ဒါကလဲ အေျခအေနေပၚမွာ မူတည္ပါတယ္။ ကာကြယ္ေဆး ထုိးထားတဲ့လူဆိုရင္ အကယ္၍ ဖ်ားလာတယ္၊ နာလာတယ္ ျဖစ္တယ္ဆိုရင္ေတာ့ အဲဒီအခ်ိန္မွာ ကိုဗစ္ကိုပါ တုိင္းမယ္ဆိုရင္ေတာ့ ကိုယ့္ဆရာဝန္ကို ေျပာျပရမွာက ငါ့မွာ ကာကြယ္ေဆး ထိုးထားတယ္။ ဒါဆိုရင္ ကိုယ္က False Positive ျဖစ္္ႏုိင္တဲ့ အေျခအေန ရိွတယ္။ အကယ္၍ ကိုယ္က ကိုဗစ္ေၾကာင့္ ဖ်ားတာလဲ ျဖစ္ႏိုင္တယ္။ ဒီအခ်ိန္က repository season တုပ္ေကြး flu ေတြလည္း ျဖစ္တယ္။ တျခား ရာသီဥတုဆိုင္ရာ ဗိုင္းရပ္စ္ပိုးေတြလည္း ရိွတယ္ဆုိေတာ့ အဲဒီအခ်ိန္မွာ ဘာေၾကာင့္ျဖစ္မွန္း မသိတဲ့အခ်ိန္မွာ ကိုယ္က ကိုဗစ္ကာကြယ္ေဆးလည္း ထိုးထားၿပီး၊ ကိုဗစ္စစ္ေဆးမႈ လုပ္မယ္ဆိုရင္ False Positive ရႏိုင္တာေပါ့။

ေမး ။ ။ အခု ကိုဗစ္-၁၉ အတြက္ ကာကြယ္ေဆးေတြ ေပၚလာတယ္ဆိုေပမယ့္ ဒီေရာဂါက လူေတြနဲ႔ အၿမဲတမ္း ယွဥ္တြဲရွင္သန္ေနမယ္လို႔ ေဆးပညာရွင္ေတြက ေျပာၾကပါတယ္။ အဲဒီအခ်ိန္မ်ဳိးမွာ ကိုဗစ္စစ္ေဆးမႈကလည္း ေနာက္ဆိုရင္ ေန႔တုိင္းလုပ္ရမယ့္ သေဘာမ်ဳိး ျဖစ္လာႏိုင္မယ့္ အေျခအေနရိွတယ္။ ထူးထူးျခားျခား နည္းပညာေတြ သံုးၿပီးေတာ့ စမ္းသပ္ေနတာေတြ ရိွပါသလား။

ေျဖ ။ ။ ေန႔တုိင္းေန႔စဥ္ ပံုမွန္စစ္ေဆးမႈ ျဖစ္ႏုိင္တယ္ဆိုတာေတာ့ မွန္ပါတယ္။ ထူးထူးဆန္းဆန္း စမ္းသပ္မႈဆိုတာမ်ဳိးထက္ အခုေနာက္ပိုင္းမွာ အစိုးရကလည္း ပထမဦးဆံုး test ကို ခြင့္ေပးလိုက္တယ္။ At-home-test kit အဲဒီလိုမ်ဳိး အခြင့္အေရးေလးေတြတာ့ ေပၚလာတယ္။ နည္းပညာကေတာ့ ထူးထူးျခားျခားေတာ့ မဟုတ္ပါဘူး။ ဒါေပမဲ့ ဒါက နည္းလမ္း ဘယ္အခ်ိန္မွာ သံုးရမလဲ။ အိမ္မွာ သံုးလို႔ရတယ္။ ေဆးရံုအထိ သြားစရာ မလိုဘူး။ ဒါေပမဲ့ သံုးဖုိ႔ အေျခအေနက ကိုယ္က ဖ်ားတာပဲျဖစ္ျဖစ္၊ လကၡဏာ မသိမသာေလး ေပၚလာတာပဲျဖစ္ျဖစ္၊ ဒါေပမဲ့ အဲဒီအခ်ိန္က်ရင္ ကိုယ့္ရဲ ႔ ဆရာဝန္ကို ဖုန္းေလးလွမ္းေခၚၿပီးေတာ့ ဆရာဝန္ကေန ဒါကို prescription ေဆးစာခြင့္ျပဳခ်က္နဲ႔ ကိုယ့္အိမ္မွာ ကိုယ္ဟာကိုယ္ သံုးခြင့္ေပးတဲ့ အခြင့္အေရးမ်ဳိးေတြ အဲဒီလိုမ်ဳိး အေျခအေနေတြ ရိွလာပါမယ္။ နည္းပညာ ထူးထူးျခားျခား ကြာသြားတယ္ဆိုတာေတာ့ မရိွပါဘူး။

ေမး ။ ။ ကိုယ္ခံအား ရိွမရိွ စမ္းသပ္တာကို ေစ်းသက္သက္သာသာနဲ႔ လြယ္လြယ္ကူကူ ရႏိုင္သလား။

ေျဖ ။ ။ ကိုယ္ခံအား ရိွမရိွ စမ္းသပ္တဲ့ကိရိယာက ေလာေလာဆယ္ေတာ့ FDA ကေန ေစ်းသက္သက္သာသာနဲ႔ ထုတ္တဲ့ ေစာေစာကေျပာသလို at-home-test kit ဆိုတာမ်ဳိးေတာ့ မေပၚလာေသးပါဘူး။ ဒါေပမဲ့ အဲဒါက ေနာက္က်လို႔ရိွရင္ ေပၚလာဖို႔ အခြင့္အေရး ရိွတယ္ဆိုတာေတာ့ ေသခ်ာေပါက္ ေျပာလို႔ရတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ကုမၸဏီ ေတာ္ေတာ္မ်ားမ်ားကလည္း ဒီလိုလြယ္လြယ္နဲ႔ ၿပီးေတာ့ ေစ်းသက္သက္သာသာနဲ႔ရဖို႔အတြက္နဲ႔ အစိုးရကလည္း အဲဒီလိုမ်ဳိး ရဖို႔အတြက္ ျပည္သူေတြအတြက္ အရမ္းကို လုပ္ေပးေနၾကတယ္။

ေမး ။ ။ ဒီလိုမ်ဳိး ဓါတ္ခြဲခန္းတစ္ခုလံုးအတြက္ တာဝန္ယူထားသူအေနနဲ႔ ကိုဗစ္-၁၉ ေရာဂါပိုး ရိွမရိွ စမ္းသပ္တာနဲ႔ ပတ္သက္ၿပီးေတာ့ ဘယ္လိုအႀကံေပးခ်င္ပါလဲ။

ေျဖ ။ ။ ကိုဗစ္-၁၉ စစ္ေဆးဖို႔အတြက္ကို နမူနာေကာက္တယ္။ ဆရာဝန္ပဲျဖစ္ျဖစ္ သူနာျပဳပဲျဖစ္ျဖစ္၊ လက္ေတာက္ေတြပဲျဖစ္ျဖစ္ အကုန္လံုးက ေရွ ႔တန္းကေန တုိက္ပြဲဝင္ေနသူေတြ ျဖစ္ေတာ့ သူတုိ႔အေနနဲ႔ ဒီကပ္ေရာဂါႀကီး စကတည္းက ေတာက္ေလွ်ာက္ လူနာေတြနဲ႔လည္း ေတြ႔ေနရတယ္ဆုိေတာ့ သူတုိ႔ေတြ ကိုယ့္ဟာကိုယ္လည္း self-care ဂရုစိုက္ဖို႔ကလည္း အေရးႀကီးတယ္။ တတ္ႏုိင္ဆံုး ကိုယ့္ကိုယ္ကုိယ္လည္း ဂရုစိုက္ၾကဖို႔။ PPE အကာအကြယ္ အလံုအေလာက္ ဝတ္ဆင္ၿပီးေတာ့ ေသေသခ်ာခ်ာ ဂရုစိုက္ၾကပါ။ ေနာက္တစ္ခုက စနမူနာ ေကာက္တာလည္း အရမ္းအေရးႀကီးပါတယ္။ စနမူနာကို ေကာင္းေကာင္းမြန္မြန္ ေကာက္ႏုိင္မွ အဲဒါမွ အေျဖရလဒ္ကလည္း အေျဖေကာင္းရမယ္။

ေမး ။ ။ ကိုဗစ္-၁၉ စမ္းသပ္မႈနဲ႔ ပတ္သက္ၿပီးေတာ့ ျမန္မာႏုိင္ငံမွာဆုိရင္ test kit ေတြကလည္း သိပ္မရေသးေတာ့ ဒါမ်ဳိးအေျခအေန၊ အေနအထားမ်ဳိးမွာ စစ္ေဆးစမ္းသပ္မႈ လုပ္ဖို႔အတြက္ ရိုးရိုးသာမန္လူေတြအေနနဲ႔ ကိုဗစ္-၁၉ နဲ႔ ပတ္သက္ၿပီး ဘာေတြလုပ္သင့္တယ္လို႔ အႀကံေပးခ်င္ပါလဲ။

ေျဖ ။ ။ အဲဒီလိုမ်ဳိး စစ္ေဆးစမ္းသပ္မႈလုပ္ဖို႔ သိပ္မရိွေသးတဲ့ အခ်ိန္မွာ ကိုယ္က ေရာဂါလကၡဏာ ျပလာတာ၊ ကိုဗစ္လိုမ်ဳိး ဖ်ားနာမႈ ျဖစ္တာ၊ အခု ေဆာင္းတြင္းရာသီဆိုတာ့ ကိုဗစ္လည္း ျဖစ္ႏုိင္တယ္။ တုပ္ေကြးလည္း ျဖစ္ႏိုင္တယ္။ အဲဒီလိုမ်ဳိး ျဖစ္တယ္ဆိုရင္ စစ္ေဆးမႈက လံုလံုေလာက္ေလာက္ မရိွတဲ့အခ်ိန္မွာ ဘယ္လိုအႀကံေပးလို႔ ရသလဲဆိုေတာ့ ကိုယ့္ဟာနဲ႔ကိုယ္ အိမ္မွာပဲ သီးျခားေနဖို႔၊ အဓိက ျဖစ္တယ္။ ေနာက္တစ္ခုကေတာ့ Antigen Test ကေတာ့ ရိွႏိုင္ရင္ေတာ့ ေကာင္းတာေပါ့။ Antigen Test က PCR ထက္စာရင္ ေဆးရံုေတြ၊ ေဆးခန္းေတြမွာ သံုးတာမ်ားတဲ့အတြက္ Antigen Test က နည္းနည္းလြယ္တယ္။ ၿပီးေတာ့ စရိတ္လည္း နည္းနည္းသက္သာတယ္။ အဲဒီလိုမ်ဳိးေတြ ရိွႏုိင္ရင္ေတာ့ အဲဒါမ်ဳိးနဲ႔ စမ္းသပ္ႏိုင္ရင္ေတာ့ ေကာင္းတာေပါ့။ လံုးဝမစမ္းသပ္ႏိုင္ဘူးဆိုရင္ေတာ့ ကိုယ့္ဟာကိုယ္ Q လုပ္ႏုိင္ရင္လုပ္၊ မိသားစုနဲ႔ခြဲၿပီးေတာ့ သက္သက္ေနႏိုင္ပါတယ္။

ေဒၚခင္မ်ဳိးသက္ ။ ။ ေဒါက္တာျဖဴျမတ္သြယ္ပါ။ ကိုဗစ္ေရာဂါပိုးရွိမရွိ အျမန္စစ္ေဆးႏိုင္မယ့္ အိမ္သုံး Covid 19 ပိုးစစ္ကရိယာ တမ်ိဳးကိုေတာ့ အေမရိကန္ႏိုင္ငံက Lucira ကုမၸဏီက တီထြင္ႏိုင္ၿပီ ျဖစ္ပါတယ္။ နာရီဝက္ေလာက္အတြင္း အေျဖထုတ္ေပးႏိုင္တဲ့ ဒီကရိယာကို ဆရာဝန္ေထာက္ခံခ်က္နဲ႔ အေရးေပၚအေျခေနမွာ သုံးဖို႔အတြက္ FDA က အတည္ျပဳေပးထားပါတယ္။ ဒါေပမယ့္ ဒါကို တြင္တြင္က်ယ္က်ယ္ သုံးႏိုင္ဖို႔ေတာ့ အခ်ိန္ယူရအုံးမွာ ျဖစ္ပါတယ္။


== Unicode ==

Covid 19 ရောဂါ စတင်ဖြစ်ပွါးတာ တနှစ်မပြည့်ခင်မှာပဲ ကာကွယ်ဆေးတွေ ရလာနေပါပြီ။ ဒါပေမဲ့ ဒီရောဂါနဲ့ အချိန်အတော်ကြာအောင် အတူယှဉ်တွဲ နေထိုင်ရဖို့ရှိသလို လာမယ့် ၂၀၂၁ ခုနှစ်မှာဆိုရင် ဒီရောဂါပိုး ရှိမရှိ စမ်းသပ်စစ်ဆေးမှုဟာ လူတွေ နေ့စဉ် လုပ်နေကျ အလုပ်တခု ဖြစ်လာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းနေကြပါတယ်။ ဒီရောဂါရှိမရှိ စမ်းသပ်မှုတွေနဲ့ ပတ်သက်ပြီးနောက်ဆုံး အခြေနေကို သိရဖို့ အမေရိကန်ပြည်ထောင်စု မြောက်ကာရိုလိုင်းနားပြည်နယ်၊ Greenville က Vidant Medical Center အဏုဇီဝဗေဒ ဓါတ်ခွဲခန်း တာဝန်ခံ ဒေါက်တာဖြူမြတ်သွယ်ကို မေးမြန်းပြီး တင်ပြထားပါတယ်။

မေး ။ ။ မင်္ဂလာပါ ဒေါက်တာဖြူမြတ်သွယ်။ ကိုဗစ်-၁၉ အတွက်ကို ကာကွယ်ဆေးတွေ ထွက်နေပါပြီ။ ဒါပေမဲ့လို့ သူတို့က ဒီရောဂါပိုး ရှိမရှိ စမ်းသပ်စစ်ဆေးမှုတွေကလဲ အမြဲတမ်း လုပ်နေရတယ်။ ဆိုတော့ ဒေါက်တာဖြူမြတ်သွယ်တို့ ဓါတ်ခွဲခန်းမှာ လက်ရှိသုံးနေတဲ့ ဘယ်ဟာမျိုးကို စမ်းသပ်တာ အဓိက လုပ်နေလဲ အဲဒါကို ပြောပြပေးပါ။

ဖြေ ။ ။ ဒီမှာ အခုလုပ်နေတဲ့ ဓါတ်ခွဲခန်း Vidant Medical Center က မြောက်ကာရိုလိုင်းနားပြည်နယ်မှာရှိတဲ့ Microbiology Lab - အဏုဇီဝဗေဒ ဓါတ်ခွဲခန်းမှာ အခုက (၃) မျိုး ရှိတယ်။ (၃) မျိုးမှာ (၂) မျိုးကတော့ ကိုဗစ် ဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် ပိုး ရှိမရှိ သူ့ရဲ့ RNA ကို စမ်းသပ်တာ။ ပြီးတော့ PCR ကို သုံးပြီးတော့ RNA ကို ပွားများတဲ့နည်း။ အဲဒီနှစ်ခုက တစ်မျိုး။ နောက်တစ်မျိုးကတော့ Anti-body ကို တိုင်းတာ။ ကိုယ်ခံအား ရှိမရှိ၊ လက္ခဏာ ရှိမရှိ၊ ရောဂါရှိပြီးသားလူတွေ သူတို့ရဲ့ ကိုယ်ခံအား ရှိလာလားဆိုတဲ့ Anti-body တိုင်းတာပါ။ အဲဒီလိုမျိုး စမ်းသပ်မှု test အမျိုးအစားက (၃) မျိုး၊ ဒါပေမဲ့ ခွဲခြားထားတာကတော့ နှစ်မျိုးပါ။ ရောဂါပိုး ရှိလားနဲ့ ကိုယ်ခံအား ရှိလားတို့ ဖြစ်ပါတယ်။

မေး ။ ။ ဆိုတော့ အဲဒီလိုမျိုး စမ်းသပ်မှု လုပ်တယ်ဆိုရင် ရောဂါ ရှိမရှိ စမ်းသပ်မှု test လုပ်တဲ့အခါ အခုလောလောဆယ် အချိန်ဘယ်လောက်ပေးရပါလဲ။

ဖြေ ။ ။ အခုဆိုရင် ဥပမာပြောရရင် ဒီမှာ ဆေးရုံမှာလုပ်တဲ့ စမ်းသပ်မှုကဆိုရင် နှစ်မျိုးခွဲထားတယ်။ အရေးပေါ်စမ်းသပ်မှုနဲ့ အရေးတကြီးမဟုတ် ပုံမှန်ဆိုပြီး နှစ်မျိုး ခွဲထားတယ်။ အရေးပေါ်ဆိုရင် (၂) နာရီ အများဆုံး။ ဥပမာ အရေးတကြီး facility ဝင်ရမယ့် လူနာတို့ဆိုရင် သူတို့မှာ ရောဂါရှိမရှိ စမ်းတဲ့အခါ။ ဒါမှမဟုတ် အရမ်းကို အရေးပေါ် ICU ထဲ ရောက်နေတဲ့လူတွေဆိုရင် အရေးပေါ်စမ်းသပ်မှုကို လုပ်လိုက်တယ်။ အဲဒါဆိုရင် (၂) နာရီအောက်အတွင်း သိနိုင်တယ်။ နောက်တစ်ခုကတော့ အရေးတကြီးမဟုတ်ဘူး ပုံမှန်စမ်းသပ်မှုတွေကတော့ ဆေးခန်း၊ ဆေးရုံကို လာကြတယ်။ ဒါမှမဟုတ် ကားမောင်းဝင်ပြီး စမ်းသပ်မှုလုပ်ကြတယ်ဆိုရင်တော့ အဲဒါတွေကို ပုံမှန်စမ်းသပ်မှုထဲ ဝင်သွားတယ်။ အဲဒီစမ်းသပ်မှုက (၇) နာရီ (၈) နာရီ (၁၀) နာရီအထိ ကြာတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီလိုမျိုး စမ်းသပ်မှုက ပိုများတယ်ဆိုတော့ အုပ်စုခွဲပြီးတော့ စစ်ကြတယ်။ လူနာရဲ့ ဘယ်လောက်အရေးကြီးသလဲပေါ်လဲ မူတည်ပြီးတော့ အချိန်ကွာသွားတယ်။ ဘယ်ပုံစံနဲ့ စမ်းသပ်တယ်ဆိုတဲ့ပေါ်မှာ ကွာသွားတယ်။

မေး ။ ။ ဆိုတော့ PCR နဲ့ Antigen တို့ ကွာခြားချက်ကို နည်းနည်းပြောပြပေးပါ။ ဘယ်ဟာကို ဘယ်နေရာမှာ သုံးတယ်ဆိုတာကို ရှင်းပြပေးပါ။

ဖြေ ။ ။ Antigen က များသောအားဖြင့် Primary Care Office တွေမှာ သုံးတာများတယ်။ ဆေးခန်း Clinic တွေမှာ သုံးတာများတယ်။ ဘာဖြစ်လို့လဲဆိုတော့ Antigen test တွေက လွယ်လည်းလွယ်တယ်။ မြန်လည်းမြန်တယ်။ ဒါပေမဲ့ Antigen test တွေကို အစိုးရက သုံးခွင့်ပြုထားတာက လက္ခဏာပြတဲ့ လူနာတွေပေါ်မှာပဲ သုံးရမယ်လို့ သုံးခွင့်ပြုထားတယ်။ ဆိုတော့ လက္ခဏာ ရှိထားတဲ့လူနာက သူ့ဆရာဝန်နဲ့ သွားပြတယ်။ ဒါမှမဟုတ် သူနာပြုနဲ့ သွားပြတယ်ဆိုရင် ဆေးခန်းကိုသွားကြတယ်ဆိုရင် အဲဒီမှာ Point of Care - တိုက်ရိုက်စမ်းသပ်မှုစက်နဲ့ သုံးတာများတယ်။ ပြီးတော့ PCR စမ်းသပ်မှုကတော့ စောစောကပြောထားသလို နှစ်မျိုးခွဲထားတဲ့အတွက်ကြောင့် စမ်းသပ်မှုပုံစံကလည်း အမျိုးမျိုးရှိတာကြောင့် စက်အကြီးကြီးတွေ အကြီးအမားတွေ ဖြစ်တာလဲ ဖြစ်နိုင်တယ်။ ပြီးတော့ စည်းမျဉ်းကန့်သတ်ချက်တွေ လိုအပ်တာကြောင့် ဓါတ်ခွဲခန်းတွေမှာပဲ သုံးတာများတယ်။

မေး ။ ။ ဒီရောဂါပိုး ရှိမရှိ စမ်းသပ်တဲ့အထဲမှာ ကိုယ်ခံအားစမ်းတာ ဘယ်အချိန်မှာ သုံးပါသလဲ။

ဖြေ ။ ။ ကိုယ်ခံအား စမ်းတာကြတော့ လူနာတစ်ယောက်က လက္ခဏာရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သူ့သဘောနဲ့သူ အရင်တုန်းက ကိုဗစ် ရှိထားလား၊ မရှိထားလား မသိဘူးဆိုတာကို သိချင်တယ်ဆိုလို့ရှိရင် အဲဒီအချိန်မှာ သုံးလို့လည်းရတယ်။ နောက်တစ်ခုကြတော့ လူနာတစ်ယောက်ကို အရေးတကြီးနဲ့ ဆေးရုံတင်လိုက်တယ်ဆိုရင် သူ့မှာ ရောဂါလက္ခဏာ ရှိချင်လဲ ရှိနိုင်တယ်။ မရှိချင်လဲ မရှိနိုင်ဘူး။ ဒါပေမဲ့ တခြားကိစ္စကြောင့်မို့ ဆေးရုံတင်လိုက်တဲ့အချိန်မှာ ကိုဗစ်စမ်းသပ်မှုလုပ်တယ်။ ပြီးတော့ အရင်တုန်းက ရှိမရှိကို သိဖို့အတွက်လည်း စမ်းသပ်တယ်။ ဆိုတော့ အခြေအနေအမျိုးမျိုးပေါ်မှာ မူတည်ပြီးတော့ စမ်းသပ်တိုင်းတာပါတယ်။ ဒီအတိုင်းဆိုရင် ပြီးခဲ့တဲ့ သုံးလေးငါးလ ခြောက်လတုန်းက ကိုဗစ်ရခဲ့သလား၊ မရခဲ့လား မသိခဲ့ဘူး။ လက္ခဏာမရှိပေမယ့်။ အဲဒါကို သိချင်တယ်ဆိုရင် တိုင်းကြည့်လို့ရတယ်။

မေး ။ ။ အခု ကာကွယ်ဆေးတွေ ထွက်နေပြီဆိုတော့ ဒါမျိုးစမ်းသပ်မှု ဘယ်လောက် အရေးပါသလဲ ပြောပြပေးပါ။

ဖြေ ။ ။ ကာကွယ်ဆေးနဲ့ ပတ်သက်ပြီးတော့ ဒီအချိန်မှာ အရေးကြီးတဲ့ စမ်းသပ်မှုကတော့ Antibody Test ဖြစ်ပါတယ်။ ဒီဟာက အရေးကြီးလာတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်က ကာကွယ်ဆေး ထိုးပြီးသွားပြီ။ ပထမ (၁) လုံးထိုးသည်ဖြစ်စေ။ ဒုတိယ (၁) လုံး ထိုးသည်ဖြစ်စေ ဆေးပတ်ပြည့်သွားပြီဆိုရင် ကိုယ့်မှာ ကိုယ်ခံအား ရှိမရှိဆိုတာကို ဒီ Antibody စမ်းသပ်မှုက ကာကွယ်ဆေး ထိုးပြီးတဲ့အချိန်မှာ အရေးကြီးလာပါပြီ။

မေး ။ ။ ကာကွယ်ဆေးဆိုတဲ့ သဘောက ဒီရောဂါပိုး ပွားထားတဲ့ဟာကို ကိုယ်ထဲမှာ ထည့်ပေးလိုက်တာလို့ နားလည်ထားပါတယ်။ ဆိုတော့ ကာကွယ်ဆေး ထိုးပြီးတဲ့လူက ဒီရောဂါပိုး ရောက်နေတယ်လို့ ကိုယ်ထဲကလည်း အသိအမှတ်ပြုပြီးတော့ ကိုယ်ခံအားတွေ ထုတ်တာဆိုတော့ အခုလိုမျိုး ရောဂါပိုး ရှိမရှိ စမ်းသပ်တဲ့ဟာနဲ့ ဘာများသွားပြီးတော့ အနှောင့်အယှက်တွေများ ရှိနိုင်သလဲဆိုတာကို ပြောပြပေးပါ။

ဖြေ ။ ။ ရှိတော့ရှိနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကာကွယ်ဆေးထဲကို ထည့်ထားတာ ဒီဗိုင်းရပ်စ် တစ်ခုလုံးကို ထည့်ထားတာ မဟုတ်ဘူး။ ဗိုင်းရပ်စ်နဲ့ ဆင်တူတဲ့ အပိုင်းလေးတပိုင်းကိုပဲ သုံးပြီးတော့ ကိုယ့်ရဲ့ ကိုယ်ခံအားကို ကြွအောင်လုပ်ပေးတာ။ အဲဒီအခါကြမှ ကိုယ့်ခန္ဓာကနေ Antibody ထုတ်တယ်။ အဲဒီအချိန်မှာ ကိုယ်က COVID Test ကိုဗစ်စမ်းသပ်မှု လုပ်တဲ့ စောစောကပြောတဲ့ Antigen ပဲဖြစ်ဖြစ်၊ PCR ပဲဖြစ်ဖြစ် စမ်းသပ်မှုနဲ့ သွားပြီးတော့ တိုင်းလုပ်တယ်ဆိုရင်တော့ False Positive ဆိုပြီးတော့ ဖြစ်နိုင်တဲ့ အလားအလာတော့ ရှိပါတယ်။ ဒါကလဲ အခြေအနေပေါ်မှာ မူတည်ပါတယ်။ ကာကွယ်ဆေး ထိုးထားတဲ့လူဆိုရင် အကယ်၍ ဖျားလာတယ်၊ နာလာတယ် ဖြစ်တယ်ဆိုရင်တော့ အဲဒီအချိန်မှာ ကိုဗစ်ကိုပါ တိုင်းမယ်ဆိုရင်တော့ ကိုယ့်ဆရာဝန်ကို ပြောပြရမှာက ငါ့မှာ ကာကွယ်ဆေး ထိုးထားတယ်။ ဒါဆိုရင် ကိုယ်က False Positive ဖြစ်နိုင်တဲ့ အခြေအနေ ရှိတယ်။ အကယ်၍ ကိုယ်က ကိုဗစ်ကြောင့် ဖျားတာလဲ ဖြစ်နိုင်တယ်။ ဒီအချိန်က repository season တုပ်ကွေး flu တွေလည်း ဖြစ်တယ်။ တခြား ရာသီဥတုဆိုင်ရာ ဗိုင်းရပ်စ်ပိုးတွေလည်း ရှိတယ်ဆိုတော့ အဲဒီအချိန်မှာ ဘာကြောင့်ဖြစ်မှန်း မသိတဲ့အချိန်မှာ ကိုယ်က ကိုဗစ်ကာကွယ်ဆေးလည်း ထိုးထားပြီး၊ ကိုဗစ်စစ်ဆေးမှု လုပ်မယ်ဆိုရင် False Positive ရနိုင်တာပေါ့။

မေး ။ ။ အခု ကိုဗစ်-၁၉ အတွက် ကာကွယ်ဆေးတွေ ပေါ်လာတယ်ဆိုပေမယ့် ဒီရောဂါက လူတွေနဲ့ အမြဲတမ်း ယှဉ်တွဲရှင်သန်နေမယ်လို့ ဆေးပညာရှင်တွေက ပြောကြပါတယ်။ အဲဒီအချိန်မျိုးမှာ ကိုဗစ်စစ်ဆေးမှုကလည်း နောက်ဆိုရင် နေ့တိုင်းလုပ်ရမယ့် သဘောမျိုး ဖြစ်လာနိုင်မယ့် အခြေအနေရှိတယ်။ ထူးထူးခြားခြား နည်းပညာတွေ သုံးပြီးတော့ စမ်းသပ်နေတာတွေ ရှိပါသလား။

ဖြေ ။ ။ နေ့တိုင်းနေ့စဉ် ပုံမှန်စစ်ဆေးမှု ဖြစ်နိုင်တယ်ဆိုတာတော့ မှန်ပါတယ်။ ထူးထူးဆန်းဆန်း စမ်းသပ်မှုဆိုတာမျိုးထက် အခုနောက်ပိုင်းမှာ အစိုးရကလည်း ပထမဦးဆုံး test ကို ခွင့်ပေးလိုက်တယ်။ At-home-test kit အဲဒီလိုမျိုး အခွင့်အရေးလေးတွေတာ့ ပေါ်လာတယ်။ နည်းပညာကတော့ ထူးထူးခြားခြားတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒါက နည်းလမ်း ဘယ်အချိန်မှာ သုံးရမလဲ။ အိမ်မှာ သုံးလို့ရတယ်။ ဆေးရုံအထိ သွားစရာ မလိုဘူး။ ဒါပေမဲ့ သုံးဖို့ အခြေအနေက ကိုယ်က ဖျားတာပဲဖြစ်ဖြစ်၊ လက္ခဏာ မသိမသာလေး ပေါ်လာတာပဲဖြစ်ဖြစ်၊ ဒါပေမဲ့ အဲဒီအချိန်ကျရင် ကိုယ့်ရဲ့ ဆရာဝန်ကို ဖုန်းလေးလှမ်းခေါ်ပြီးတော့ ဆရာဝန်ကနေ ဒါကို prescription ဆေးစာခွင့်ပြုချက်နဲ့ ကိုယ့်အိမ်မှာ ကိုယ်ဟာကိုယ် သုံးခွင့်ပေးတဲ့ အခွင့်အရေးမျိုးတွေ အဲဒီလိုမျိုး အခြေအနေတွေ ရှိလာပါမယ်။ နည်းပညာ ထူးထူးခြားခြား ကွာသွားတယ်ဆိုတာတော့ မရှိပါဘူး။

မေး ။ ။ ကိုယ်ခံအား ရှိမရှိ စမ်းသပ်တာကို ဈေးသက်သက်သာသာနဲ့ လွယ်လွယ်ကူကူ ရနိုင်သလား။

ဖြေ ။ ။ ကိုယ်ခံအား ရှိမရှိ စမ်းသပ်တဲ့ကိရိယာက လောလောဆယ်တော့ FDA ကနေ ဈေးသက်သက်သာသာနဲ့ ထုတ်တဲ့ စောစောကပြောသလို at-home-test kit ဆိုတာမျိုးတော့ မပေါ်လာသေးပါဘူး။ ဒါပေမဲ့ အဲဒါက နောက်ကျလို့ရှိရင် ပေါ်လာဖို့ အခွင့်အရေး ရှိတယ်ဆိုတာတော့ သေချာပေါက် ပြောလို့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကုမ္ပဏီ တော်တော်များများကလည်း ဒီလိုလွယ်လွယ်နဲ့ ပြီးတော့ ဈေးသက်သက်သာသာနဲ့ရဖို့အတွက်နဲ့ အစိုးရကလည်း အဲဒီလိုမျိုး ရဖို့အတွက် ပြည်သူတွေအတွက် အရမ်းကို လုပ်ပေးနေကြတယ်။

မေး ။ ။ ဒီလိုမျိုး ဓါတ်ခွဲခန်းတစ်ခုလုံးအတွက် တာဝန်ယူထားသူအနေနဲ့ ကိုဗစ်-၁၉ ရောဂါပိုး ရှိမရှိ စမ်းသပ်တာနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုအကြံပေးချင်ပါလဲ။

ဖြေ ။ ။ ကိုဗစ်-၁၉ စစ်ဆေးဖို့အတွက်ကို နမူနာကောက်တယ်။ ဆရာဝန်ပဲဖြစ်ဖြစ် သူနာပြုပဲဖြစ်ဖြစ်၊ လက်တောက်တွေပဲဖြစ်ဖြစ် အကုန်လုံးက ရှေ့တန်းကနေ တိုက်ပွဲဝင်နေသူတွေ ဖြစ်တော့ သူတို့အနေနဲ့ ဒီကပ်ရောဂါကြီး စကတည်းက တောက်လျှောက် လူနာတွေနဲ့လည်း တွေ့နေရတယ်ဆိုတော့ သူတို့တွေ ကိုယ့်ဟာကိုယ်လည်း self-care ဂရုစိုက်ဖို့ကလည်း အရေးကြီးတယ်။ တတ်နိုင်ဆုံး ကိုယ့်ကိုယ်ကိုယ်လည်း ဂရုစိုက်ကြဖို့။ PPE အကာအကွယ် အလုံအလောက် ဝတ်ဆင်ပြီးတော့ သေသေချာချာ ဂရုစိုက်ကြပါ။ နောက်တစ်ခုက စနမူနာ ကောက်တာလည်း အရမ်းအရေးကြီးပါတယ်။ စနမူနာကို ကောင်းကောင်းမွန်မွန် ကောက်နိုင်မှ အဲဒါမှ အဖြေရလဒ်ကလည်း အဖြေကောင်းရမယ်။

မေး ။ ။ ကိုဗစ်-၁၉ စမ်းသပ်မှုနဲ့ ပတ်သက်ပြီးတော့ မြန်မာနိုင်ငံမှာဆိုရင် test kit တွေကလည်း သိပ်မရသေးတော့ ဒါမျိုးအခြေအနေ၊ အနေအထားမျိုးမှာ စစ်ဆေးစမ်းသပ်မှု လုပ်ဖို့အတွက် ရိုးရိုးသာမန်လူတွေအနေနဲ့ ကိုဗစ်-၁၉ နဲ့ ပတ်သက်ပြီး ဘာတွေလုပ်သင့်တယ်လို့ အကြံပေးချင်ပါလဲ။

ဖြေ ။ ။ အဲဒီလိုမျိုး စစ်ဆေးစမ်းသပ်မှုလုပ်ဖို့ သိပ်မရှိသေးတဲ့ အချိန်မှာ ကိုယ်က ရောဂါလက္ခဏာ ပြလာတာ၊ ကိုဗစ်လိုမျိုး ဖျားနာမှု ဖြစ်တာ၊ အခု ဆောင်းတွင်းရာသီဆိုတာ့ ကိုဗစ်လည်း ဖြစ်နိုင်တယ်။ တုပ်ကွေးလည်း ဖြစ်နိုင်တယ်။ အဲဒီလိုမျိုး ဖြစ်တယ်ဆိုရင် စစ်ဆေးမှုက လုံလုံလောက်လောက် မရှိတဲ့အချိန်မှာ ဘယ်လိုအကြံပေးလို့ ရသလဲဆိုတော့ ကိုယ့်ဟာနဲ့ကိုယ် အိမ်မှာပဲ သီးခြားနေဖို့၊ အဓိက ဖြစ်တယ်။ နောက်တစ်ခုကတော့ Antigen Test ကတော့ ရှိနိုင်ရင်တော့ ကောင်းတာပေါ့။ Antigen Test က PCR ထက်စာရင် ဆေးရုံတွေ၊ ဆေးခန်းတွေမှာ သုံးတာများတဲ့အတွက် Antigen Test က နည်းနည်းလွယ်တယ်။ ပြီးတော့ စရိတ်လည်း နည်းနည်းသက်သာတယ်။ အဲဒီလိုမျိုးတွေ ရှိနိုင်ရင်တော့ အဲဒါမျိုးနဲ့ စမ်းသပ်နိုင်ရင်တော့ ကောင်းတာပေါ့။ လုံးဝမစမ်းသပ်နိုင်ဘူးဆိုရင်တော့ ကိုယ့်ဟာကိုယ် Q လုပ်နိုင်ရင်လုပ်၊ မိသားစုနဲ့ခွဲပြီးတော့ သက်သက်နေနိုင်ပါတယ်။

ဒေါ်ခင်မျိုးသက် ။ ။ ဒေါက်တာဖြူမြတ်သွယ်ပါ။ ကိုဗစ်ရောဂါပိုးရှိမရှိ အမြန်စစ်ဆေးနိုင်မယ့် အိမ်သုံး Covid 19 ပိုးစစ်ကရိယာ တမျိုးကိုတော့ အမေရိကန်နိုင်ငံက Lucira ကုမ္ပဏီက တီထွင်နိုင်ပြီ ဖြစ်ပါတယ်။ နာရီဝက်လောက်အတွင်း အဖြေထုတ်ပေးနိုင်တဲ့ ဒီကရိယာကို ဆရာဝန်ထောက်ခံချက်နဲ့ အရေးပေါ်အခြေနေမှာ သုံးဖို့အတွက် FDA က အတည်ပြုပေးထားပါတယ်။ ဒါပေမယ့် ဒါကို တွင်တွင်ကျယ်ကျယ် သုံးနိုင်ဖို့တော့ အချိန်ယူရအုံးမှာ ဖြစ်ပါတယ်။

XS
SM
MD
LG