သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရှမူးယစ်ရာဇာလို့ သင်္ကာမကင်းသူ နယ်သာလန်ရဲ ဖမ်းဆီး


အမ်စတာဒမ်လေဆိပ်မှာ လုံခြုံရေးယူနေတဲ့ နယ်သာလန် ရဲတပ်ဖွဲ့ဝင်အချို့။ (နိုဝင်ဘာ ၆၊ ၂၀၁၉)
အမ်စတာဒမ်လေဆိပ်မှာ လုံခြုံရေးယူနေတဲ့ နယ်သာလန် ရဲတပ်ဖွဲ့ဝင်အချို့။ (နိုဝင်ဘာ ၆၊ ၂၀၁၉)

(Zawgyi / Unicode)

ကမ္ဘာပေါ်မှာ အလိုရှိဆုံး ဝရမ်းပြေးစာရင်းဝင် အာရှ မူးယစ်ဆေးဝါးဂိုဏ်း ခေါင်းဆောင်တဦးလို့ စွပ်စွဲခံထားရသူကို ဖမ်းဆီးနိုင်ခဲ့ကြောင်း နယ်သာလန်နိုင်ငံ ရဲတပ်ဖွဲ့က စနေနေ့က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ သူဟာဆိုရင် မက္ကဆီကိုက မူးယစ်ဘုရင် Joaquin လို့ကျော်ကြားတဲ့ ”El Chapo” Guzman နဲ့ နှိုင်းယှဉ်ခံထားရတာပါ။

တရုတ်နွယ်ဖွား ကနေဒါနိုင်ငံသား Tse Chi Lop ကို သြစတြေးလျ ရဲတပ်ဖွဲ့ရဲ့ မေတ္တာရပ်ခံချက်နဲ့ သောကြာနေ့က နယ်သာလန် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာပါ။

သြစတြေးလျ ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုတွေအရ Tse Chi Lop ဂိုဏ်းအုပ်စုဟာ နှစ်စဉ် ဒေါ်လာဘီလီယံ ၇၀ တန်ဖိုးရှိတဲ့ အာရှ-ပစိဖိတ် မူးယစ်ဆေးဝါး ရောင်းဝယ်မှုကို ကြီးစိုးထားကြောင်း နယ်သာလန်ရဲတပ်ဖွဲ့ ပြောခွင့်ရ Thomas Aling က ပြောပါတယ်။ ဒါ့အပြင် သူ့ကို တရားရုံးတင် စစ်ဆေးဖို့ မျှော်လင့်ရတယ်လို့လည်း ဆိုပါတယ်။

အလိုရှိဆုံးဝရမ်းပြေး စာရင်းဝင် Tse Chi Lop ကို ထောက်လှမ်းရေး အချက်အလက်တွေအရ Amsterdam မြို့ Schiphol လေဆိပ်မှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး အဲဒီအချိန်မှာ အဖြစ်အပျက် ထွေးထွေးထူးထူး မရှိခဲ့ဘူးလို့ Aling က ပြောပါတယ်။

ဒါပေမယ့် လက်ရှိ သူ့ကို တရားစွဲဆိုမှုနဲ့ ပတ်သက်လို့ နယ်သာလန် ရဲတပ်ဖွဲ့ဘက်က အသေးစိတ် မပြောသလို Tse မှာ ရှေ့နေရှိမရှိ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

လေးနိုင်ငံက မူးယစ်ဆေးဝါးနှိမ်နင်းရေး အရာရှိတွေနဲ့ အရင်က ရိုက်တာသတင်းဌာနရဲ့ အချက်အလက်တွေအရ ကနေဒါနိုင်ငံ တိုရန်တိုမှာ နေထိုင်ခဲ့ပြီး ပြစ်မှုထင်ရှား စီရင်ချက် ချမှတ်ခံခဲ့ရတဲ့ Tse ဟာ မကာအို၊ ဟောင်ကောင်နဲ့ ထိုင်ဝမ်ကြား လွန်ခဲ့တဲ့နှစ်တွေအတွင်း ရွှေ့ပြောင်းနေထိုင်ခဲ့ပါတယ်။

Tse ဦးဆောင်တဲ့ အုပ်စုဟာ ၂၀၁၅ ခုနှစ် ဇန်နဝါရီလကစပြီး မူးယစ်ဆေးဝါးရောင်းဝယ်မှု အနည်းဆုံး အမှုပေါင်း ၁၃ ခုနဲ့ တိုက်ရိုက် ဒါမှမဟုတ် ဆက်နွှယ်မှုရှိနေကြောင်း စာရွက်စာတမ်း အထောက်တွေက ပြသခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

--------------------------

(Unicode)









XS
SM
MD
LG