သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ကပ္ေရာဂါကာလ မူးယစ္ေဆး ထုတ္လုပ္ေရာင္းဝယ္မႈ ပိုတိုးလာ


၂၀၂၀ ခုႏွစ္ ေဖေဖာ္ဝါရီလကေန ဧၿပီလအတြင္း ျမန္မာႏုိင္ငံ ရွမ္းျပည္နယ္အတြင္း ဖမ္းဆီးရမိတဲ့ မူးယစ္ေဆးဝါးနဲ႔ ဆက္စပ္ပစၥည္းမ်ား။

(Zawgyi / Unicode)

COVID-19 ကာလ နယ္စပ္ေတြ ပိတ္ထားေပမယ့္ မူးယစ္ေဆးကိုေတာ့ မတားႏိုင္ဘဲ ပိုၿပီး ထုတ္လာၾကတဲ့အျပင္ အေရွ႕ေတာင္အာရွေဒသ နယ္စပ္ေတြကို ျဖတ္သန္း သယ္ေဆာင္ေနၾကၿပီးေတာ့ ေစ်းလည္းက်လာပါတယ္။

အထူးသျဖင့္ တရားမဝင္ နယ္စပ္ဝင္ထြက္ေပါက္ေတြ မ်ားတဲ့ ျမန္မာႏိုင္ငံကေန ဒီ Methamphetamine ေဆးျပားေတြ ျဖတ္သန္းသယ္ပို႔ဖို႔ လြယ္ကူၿပီး အထြက္မ်ားလာတာေၾကာင့္ မႏွစ္ကထက္ ေစ်းတဝက္ထိ က်လာကာ တျပားကို တေဒၚလာေအာက္ထိ ေစ်းက်သြားၿပီလို႔ ေစာင့္ၾကည့္ေနသူေတြက ဆိုပါတယ္။

ကုလသမဂၢ မူးယစ္ေဆးဝါးနဲ႔ ျပစ္မႈဆိုင္ရာ႐ုံး (UNODC) က အေရွ႕ေတာင္အာရွနဲ႔ ပစိဖိတ္ေဒသ အရာရွိခ်ဳပ္ Jeremy Douglas က ဒီႏွစ္ ၂၀၂၀ မွာလည္း ဒီ မဲေခါင္ေဒသတြင္းမွာ အရင္ႏွစ္ အနည္းငယ္ကအတိုင္း ထုတ္လုပ္မႈ ပံုမွန္ဆက္တက္ေနတယ္ ဒါမွမဟုတ္ မႏွစ္ကထက္ ပိုတိုးလာတယ္လို႔ ဗြီအိုေအကို ေျပာပါတယ္။

အထူးသျဖင့္ ျမန္မာ၊ ထိုင္းနဲ႔ လာအို သံုးႏိုင္ငံနယ္စပ္ေတြ ထိစပ္ေနတဲ့ ေဝးလံေခါင္ဖ်ားၿပီး ဥပေဒမဲ့တဲ့ အရင္က ဘိန္းျဖဴထြက္တဲ့ အခ်က္အခ်ာေဒသ ေရႊႀတိဂံနယ္ေျမမွာ အခုေတာ့ ႏိုင္ငံတကာ မူးယစ္ဂိုဏ္းေတြက Methamphetamine ေဆးျပားစက္႐ုံေတြ အႀကီးအက်ယ္ ေထာင္ထားလိုက္ၿပီလို႔ UNODC က ေျပာပါတယ္။

ဒီစက္႐ုံေတြကို ျမန္မာႏုိင္ငံ ရွမ္းျပည္နယ္တြင္း တိုင္းရင္းသားလက္နက္ကိုင္ေတြနဲ႔ အစိုးရ ျပည္သူ႔စစ္ေတြက အကာအကြယ္ ေပးထားတာမို႔ ဒီမူးယစ္ေဆးျပားေလးေတြဟာ အေရွ႕ေတာင္အာရွတလႊားအျပင္ ေစ်းပိုေကာင္းတဲ့ ၾသစေၾတးလ်နဲ႔ ဂ်ပန္အထိေတာင္ ေရာက္ေနၿပီး ေမွာင္ခိုမႈပမာဏက ေဒၚလ ၆၁.၄ ဘီလီယ်ံအထိ ရွိေနၿပီလို႔ UNODC က ဆိုပါတယ္။

ကိုဗစ္ကာလ Amazon လို On-line စီးပြားျဖစ္သူေတြလိုပဲ မူးယစ္ဂိုဏ္းေတြကလည္း တီထြင္ထုတ္လုပ္ၿပီး ျဖန္႔ခ်ိအား ေကာင္းလာတာေၾကာင့္ ထိုင္းနဲ႔ျမန္မာမွာ ဖမ္းဆီးမိတာေတြလည္း မ်ားလာတယ္၊ ေစ်းကလည္း လိုက္က်လာတဲ့အထိ ျဖစ္တယ္လို႔ International Crisis Group ႏုိင္ငံတကာ ပဋိပကၡေလ့လာေရးအဖြဲ႔ရဲ႕ ျမန္မာႏုိင္ငံတာဝန္ခံ Richard Horsey က ေျပာပါတယ္။

ဒီ မူးယစ္ေဆးဂိုဏ္းေတြဟာ အရင္က ရွမ္းျပည္ေျမာက္ပိုင္းကေနပဲ အဓိက ခိုးထုတ္တာကေန အခု ပိုအထုတ္မ်ားလာတဲ့ ဒီႏွစ္ဆန္းကစၿပီး ရွမ္းျပည္ အေရွ႕ပိုင္းနဲ႔ ေတာင္ပိုင္းအျပင္ ရခိုင္ျပည္နယ္က ေရလမ္းကိုပါ အႀကီးအက်ယ္ သုံးလာေနတယ္လို႔လည္း Richard Horsey က ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------------

(Unicode)

ကိုဗစ်ကပ်ရောဂါကာလ မူးယစ်ဆေး ထုတ်လုပ်ရောင်းဝယ်မှု ပိုတိုးလာ

COVID-19 ကာလ နယ်စပ်တွေ ပိတ်ထားပေမယ့် မူးယစ်ဆေးကိုတော့ မတားနိုင်ဘဲ ပိုပြီး ထုတ်လာကြတဲ့အပြင် အရှေ့တောင်အာရှဒေသ နယ်စပ်တွေကို ဖြတ်သန်း သယ်ဆောင်နေကြပြီးတော့ ဈေးလည်းကျလာပါတယ်။

အထူးသဖြင့် တရားမဝင် နယ်စပ်ဝင်ထွက်ပေါက်တွေ များတဲ့ မြန်မာနိုင်ငံကနေ ဒီ Methamphetamine ဆေးပြားတွေ ဖြတ်သန်းသယ်ပို့ဖို့ လွယ်ကူပြီး အထွက်များလာတာကြောင့် မနှစ်ကထက် ဈေးတဝက်ထိ ကျလာကာ တပြားကို တဒေါ်လာအောက်ထိ ဈေးကျသွားပြီလို့ စောင့်ကြည့်နေသူတွေက ဆိုပါတယ်။

ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ပြစ်မှုဆိုင်ရာရုံး (UNODC) က အရှေ့တောင်အာရှနဲ့ ပစိဖိတ်ဒေသ အရာရှိချုပ် Jeremy Douglas က ဒီနှစ် ၂၀၂၀ မှာလည်း ဒီ မဲခေါင်ဒေသတွင်းမှာ အရင်နှစ် အနည်းငယ်ကအတိုင်း ထုတ်လုပ်မှု ပုံမှန်ဆက်တက်နေတယ် ဒါမှမဟုတ် မနှစ်ကထက် ပိုတိုးလာတယ်လို့ ဗွီအိုအေကို ပြောပါတယ်။

အထူးသဖြင့် မြန်မာ၊ ထိုင်းနဲ့ လာအို သုံးနိုင်ငံနယ်စပ်တွေ ထိစပ်နေတဲ့ ဝေးလံခေါင်ဖျားပြီး ဥပဒေမဲ့တဲ့ အရင်က ဘိန်းဖြူထွက်တဲ့ အချက်အချာဒေသ ရွှေတြိဂံနယ်မြေမှာ အခုတော့ နိုင်ငံတကာ မူးယစ်ဂိုဏ်းတွေက Methamphetamine ဆေးပြားစက်ရုံတွေ အကြီးအကျယ် ထောင်ထားလိုက်ပြီလို့ UNODC က ပြောပါတယ်။

ဒီစက်ရုံတွေကို မြန်မာနိုင်ငံ ရှမ်းပြည်နယ်တွင်း တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အစိုးရ ပြည်သူ့စစ်တွေက အကာအကွယ် ပေးထားတာမို့ ဒီမူးယစ်ဆေးပြားလေးတွေဟာ အရှေ့တောင်အာရှတလွှားအပြင် ဈေးပိုကောင်းတဲ့ သြစတြေးလျနဲ့ ဂျပန်အထိတောင် ရောက်နေပြီး မှောင်ခိုမှုပမာဏက ဒေါ်လ ၆၁.၄ ဘီလီယျံအထိ ရှိနေပြီလို့ UNODC က ဆိုပါတယ်။

ကိုဗစ်ကာလ Amazon လို On-line စီးပွားဖြစ်သူတွေလိုပဲ မူးယစ်ဂိုဏ်းတွေကလည်း တီထွင်ထုတ်လုပ်ပြီး ဖြန့်ချိအား ကောင်းလာတာကြောင့် ထိုင်းနဲ့မြန်မာမှာ ဖမ်းဆီးမိတာတွေလည်း များလာတယ်၊ ဈေးကလည်း လိုက်ကျလာတဲ့အထိ ဖြစ်တယ်လို့ International Crisis Group နိုင်ငံတကာ ပဋိပက္ခလေ့လာရေးအဖွဲ့ရဲ့ မြန်မာနိုင်ငံတာဝန်ခံ Richard Horsey က ပြောပါတယ်။

ဒီ မူးယစ်ဆေးဂိုဏ်းတွေဟာ အရင်က ရှမ်းပြည်မြောက်ပိုင်းကနေပဲ အဓိက ခိုးထုတ်တာကနေ အခု ပိုအထုတ်များလာတဲ့ ဒီနှစ်ဆန်းကစပြီး ရှမ်းပြည် အရှေ့ပိုင်းနဲ့ တောင်ပိုင်းအပြင် ရခိုင်ပြည်နယ်က ရေလမ်းကိုပါ အကြီးအကျယ် သုံးလာနေတယ်လို့လည်း Richard Horsey က ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG