သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ-ဘဂၤလားေဒ့ရွ္ နယ္စပ္မူးယစ္ႏွိမ္ႏွင္းေရး ပူးေပါင္းေဆာင္ရြက္မည္


ျမန္မာ-ဘဂၤလားေဒ့ရွ္နယ္စပ္ ခ်စ္ၾကည္ေရးတံတားေပၚတြင္ ျမန္မာႏုိင္ငံဘက္မွ ျမင္ရသည့္ျမင္ကြငး္တခု

{{Zawgyi/Unicode}}

ဘဂၤလားေဒ့ရွ္နိုင္ငံထဲ နယ္စပ္ျဖတ္ေက်ာ္ ဝင္ေရာက္လာေနတဲ့ ရာဘမူးယစ္ေဆးေတြကို တားဆီးနိုင္ဖို႔အတြက္ ႏွစ္နိုင္ငံ နယ္စပ္တပ္ဖြဲ႕ေတြ ကင္းလွည့္ ေစာင့္ၾကည့္ဖို႔ ျမန္မာနဲ႔ ဘဂၤလားေဒ့ရွ္ မူးယစ္ေဆးဝါးတိုက္ဖ်က္ေရး အာဏာပိုင္ေတြအၾကား သေဘာတူညီ ခဲ့ၾကပါတယ္။

မူးယစ္ေဆးဝါးကိစၥ ေထာက္လွမ္းေရး သတင္းေတြ ဖလွယ္ေရးနဲ႔ နတ္ျမစ္တစ္ေၾကာ ေစာင့္ၾကည့္ဖို႔လည္း ႏွစ္ဖက္ေဆြးေႏြး သေဘာတူညီခဲ့ၾကတယ္ လို႔ ဘဂၤလားေဒ့ရွ္အေျခစုိက္ Daily Star သတင္းမွာ ေဖာ္ျပထားပါတယ္။

ျမန္မာနိုင္ငံ မူယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႕ (DED) နဲ႔ ဘဂၤလားေဒ့ရွ္နိုင္ငံ မူးယစ္ေဆးဝါး ထိန္းခ်ဳပ္ေရးဦးစီးဌာန (DNC) တို႔အၾကား ဗီဒီယိုက တဆင့္ အစည္းအေဝး က်င္းအၿပီးမွာ အခုလို သေဘာတူညီခ်က္ေတြ ရရွိတာ ျဖစ္ပါတယ္။

ဘဂၤလားေဒ့ရွ္နိုင္ငံထဲ ရာဘေဆးျပားေတြ ခိုးသြင္းေနတဲ့အခ်က္ကို အဓိကထား ေဆြးေႏြးခဲ့ေၾကာင္းနဲ႔ ဘဂၤလားေဒ့ရွ္နယ္စပ္အနားက ရာဘေဆးျပား ထုတ္လုပ္ရာ ေနရာ ၄၉ ေနရာနဲ႔ပတ္သက္တဲ့ သတင္းအခ်က္အလက္ေတြကို ျမန္မာနိုင္ငံကို ေပးအပ္ခဲ့ေၾကာင္း ဘဂၤလားေဒ့ရွ္ မူးယစ္ေဆးဝါး ထိန္းခ်ဳပ္ေရးဦးစီးဌာန ညႊန္ၾကားေရးမႉးခ်ဳပ္ Muhammed Ahsanul Jabbar က အစည္းအေဝး အၿပီးမွာ သတင္းေထာက္ေတြကို ေျပာပါတယ္။

ဘဂၤလားေဒ့ရွ္က ေပးအပ္တဲ့ သတင္းေတြအေပၚ အေျခခံၿပီး ျမန္မာနိုင္ငံဘက္က ေမာင္ေတာ၊ ရခိုင္ နဲ႔ ရွမ္းျပည္နယ္ေတြအတြင္းက ရာဘေဆးျပား ထုတ္လုပ္ရာေနရာေတြကို ရွာေဖြေဖာ္ထုတ္ ႏွိမ္နင္းနိုင္ခဲ့ေၾကာင္းကို အစည္းအေဝးမွာ ေျပာတယ္လို႔လည္း ညႊန္ၾကား ေရးမႉးခ်ဳပ္ Jabber က ေျပာပါတယ္။

အစည္းအေဝးမွာ ႏွစ္နိုင္ငံအၾကား နယ္စပ္တစ္ေလၽွာက္ ပူးတြဲကင္းလွည့္ဖို႔နဲ႔ ဆက္သြယ္ေရး႐ုံးေတြ ပိုၿပီး ဖြင့္လွစ္သြားဖို႔ ကိစၥေတြကို ေဆြးေႏြးခဲ့ၾကေပမယ့္ ဘယ္အခ်ိန္မွာဒီလုပ္ငန္းေတြစတင္လုပ္ေဆာင္မလဲဆိုတာကိုေတာ့ ဘဂၤလားေဒ့ရွ္မူးယစ္ေဆးဝါးထိန္းခ်ဳပ္ေရး ဌာနက ေျပာၾကားျခင္း မရွိဘူးလို႔လည္း The Daily Star သတင္းမွာ ေဖာ္ျပထားပါတယ္။

......................................

တိုက္႐ိုက္ လင့္ခ္


{{Unicode}}

ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာနေတဲ့ ရာဘမူးယစ်ဆေးတွေကို တားဆီးနိုင်ဖို့အတွက် နှစ်နိုင်ငံ နယ်စပ်တပ်ဖွဲ့တွေ ကင်းလှည့် စောင့်ကြည့်ဖို့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အာဏာပိုင်တွေအကြား သဘောတူညီ ခဲ့ကြပါတယ်။

မူးယစ်ဆေးဝါးကိစ္စ ထောက်လှမ်းရေး သတင်းတွေ ဖလှယ်ရေးနဲ့ နတ်မြစ်တစ်ကြော စောင့်ကြည့်ဖို့လည်း နှစ်ဖက်ဆွေးနွေး သဘောတူညီခဲ့ကြတယ် လို့ ဘင်္ဂလားဒေ့ရှ်အခြေစိုက် Daily Star သတင်းမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံ မူယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ (DED) နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဦးစီးဌာန (DNC) တို့အကြား ဗီဒီယိုက တဆင့် အစည်းအဝေး ကျင်းအပြီးမှာ အခုလို သဘောတူညီချက်တွေ ရရှိတာ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ရာဘဆေးပြားတွေ ခိုးသွင်းနေတဲ့အချက်ကို အဓိကထား ဆွေးနွေးခဲ့ကြောင်းနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်အနားက ရာဘဆေးပြား ထုတ်လုပ်ရာ နေရာ ၄၉ နေရာနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို မြန်မာနိုင်ငံကို ပေးအပ်ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Muhammed Ahsanul Jabbar က အစည်းအဝေး အပြီးမှာ သတင်းထောက်တွေကို ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်က ပေးအပ်တဲ့ သတင်းတွေအပေါ် အခြေခံပြီး မြန်မာနိုင်ငံဘက်က မောင်တော၊ ရခိုင် နဲ့ ရှမ်းပြည်နယ်တွေအတွင်းက ရာဘဆေးပြား ထုတ်လုပ်ရာနေရာတွေကို ရှာဖွေဖော်ထုတ် နှိမ်နင်းနိုင်ခဲ့ကြောင်းကို အစည်းအဝေးမှာ ပြောတယ်လို့လည်း ညွှန်ကြား ရေးမှူးချုပ် Jabber က ပြောပါတယ်။

အစည်းအဝေးမှာ နှစ်နိုင်ငံအကြား နယ်စပ်တစ်လျှောက် ပူးတွဲကင်းလှည့်ဖို့နဲ့ ဆက်သွယ်ရေးရုံးတွေ ပိုပြီး ဖွင့်လှစ်သွားဖို့ ကိစ္စတွေကို ဆွေးနွေးခဲ့ကြပေမယ့် ဘယ်အချိန်မှာဒီလုပ်ငန်းတွေစတင်လုပ်ဆောင်မလဲဆိုတာကိုတော့ ဘင်္ဂလားဒေ့ရှ်မူးယစ်ဆေးဝါးထိန်းချုပ်ရေး ဌာနက ပြောကြားခြင်း မရှိဘူးလို့လည်း The Daily Star သတင်းမှာ ဖော်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG