သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဖမ္းဆီးခံ Myanmar Now သတင္းေထာက္ တိုက္ပိတ္ခံခဲ့ရ


Myanmar Now သတင္းေထာက္ မေကဇြန္ေႏြးကို ဖမ္းဆီးသြားသည့္ျမင္ကြင္း။ (ေဖေဖာ္ဝါရီ ၂၇၊ ၂၀၂၁)

[Zawgyi/Unicode]

ေဖေဖာ္ဝါရီလထဲက ဖမ္းဆီးခံခဲ့ရတ့ဲ Myanmar Now သတင္းဌာနက သတင္းေထာက္ မေကႏြန္ေႏြး အင္းစိန္ေထာင္ထဲမွာ ရက္ေတာ္ေတာ္ၾကာ တိုက္ပိတ္ခံခဲ့ရပါတယ္။ အစာငတ္ခံဆႏၵျပတယ္ဆုိၿပီး တိုက္ပိတ္ခဲ့ေၾကာင္း မိခင္ျဖစ္သူက ဗီြအုိေအကိုေျပာပါတယ္။ မေကဇြန္ေႏြးရဲ႕အမႈကို ဒီေန႔ ႐ံုးထုတ္ စစ္ေဆးပါတယ္။ အလားတူ ကေမာၻဇတိုင္းသတင္းဌာနက အမ်ိဳးသမီးသတင္းေထာက္ ႏွစေယာက္အပါအဝင္ သတင္းေထာက္ ၄ ေယာက္ရဲ႕အမႈေတြကို စတင္စစ္ေဆးပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို မခင္ျဖဴေထြးကေျပာျပပါမယ္။

ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွာ စစ္တပ္က အရပ္သားအစိုးရဆီကေန အာဏာသိမ္းခဲ့ၿပီးတဲ့ေနာက္ ႏိုင္ငံတဝန္း စစ္အာဏာသိမ္းဆန္႔က်င္မႈေတြမွာ သတင္းရယူစဥ္ သတင္းေထာက္တခ်ဳိ႕ ဖမ္းဆီးခံခဲ့ရပါတယ္။ ေဖေဖာ္ဝါရီလ ၂၇ ရက္ေန႔က ရန္ကုန္ၿမိဳ႕ ေျမနီကုန္းၿမိဳ႕နယ္ ဆႏၵျပပြဲေတြမွာ စစ္တပ္က ပစ္ခတ္ၿဖိဳခြဲတာကို သတင္းရယူေနစဥ္ အဖမ္းခံခဲ့ရတဲ့ Myanmar Now သတင္းဌာနက သတင္းေထာက္ မေကႏြန္ေႏြးရဲ႕ အမႈကို ဒီေန႔ ႐ံုးထုတ္စစ္ေဆးပါတယ္။

မေကဇြန္ေႏြးကို ၅ ႀကိမ္ေျမာက္႐ုံးထုတ္တာျဖစ္ၿပီး တရားလိုဘက္ကို စတင္စစ္ေဆးတယ္လို႔ သူ႔ရဲ႕ေရွ႕ေနကေျပာပါတယ္။ လာမယ့္ ေမ ၂၀ ရက္ေန႔မွာ ေနာက္ထပ္ ႐ံုးထုတ္စစ္ေဆးဖုိ႔ ႐ံုးခ်ိန္းေပးထားပါတယ္။ ၿပီးခဲ့တဲ့ ၂၄ ရက္ေန႔တုန္းကေတာ့ မေကဇြန္ေႏြးကို အင္းစိန္ေထာင္တြင္း အစာငတ္ခံဆႏၵျပတာမွာ ဦးေဆာင္တယ္လို႔ဆုိၿပီး ရက္အေတာ္ၾကာ တိုက္ပိတ္ အျပစ္ေပးခံခဲ့ရတယ္လို႔ မေကဇြန္ေႏြးမိခင္ျဖစ္သူက အတည္ျပဳေျပာၾကားပါတယ္။

"၄ လပိုင္း ၂၈ ရက္ေန႔က ဧၿပီလ။ သူတို႔ ၃ ေယာက္တဲ့ အဲဒီမွာ ၃ ေယာက္ တခန္းထားတယ္တဲ့.. အဲဒီလိုေျပာတယ္။ ဘယ္လိုေၾကာင့္ တိုက္ပိတ္ခံရတာလဲဆိုေတာ့ သူေမးေတာ့ သူဘာမွမလုပ္ဘူးတဲ့... သူဥပုဒ္ေစာင့္တယ္။ ဒီလက ဥပုဒ္လေလ။ အဲဒီေတာ့ ေရလည္း မေသာက္ရဘူး၊ အစာလည္း မစားရဘူးေလ။ မစားရတာကို အဲဒါကို အစာငတ္ခံဆႏၵျပတယ္ဆိုၿပီးေတာ့ အေဆာင္ေျပာင္းမယ္ဆိုၿပီးေခၚသြားၿပီးေတာ့... ဟိုက်ေတာ့ တိုက္ပိတ္ထားတယ္တဲ့ သူတို႔ ၃ ေယာက္ကို။ တကယ္အစာငတ္ခံဆႏၵျပတဲ့ အဖြဲ႕က သတ္သတ္ရွိတယ္။ ထြက္လာေတာ့ သူ႔နာမည္ပဲထြက္လာတယ္တဲ့။ သူက ေခါင္းေဆာင္ဆိုၿပီး ထြက္တယ္တဲ့။ တကယ္က သူက အစာငတ္ခံတာ မဟုတ္ဘူး။ သူက ဥပုဒ္ေစာင့္ေနတာတဲ့။ အဲဒီလိုေျပာတယ္။ အန္တီက အဲဒီလာက္ပဲသိတယ္။ ဘာမွေသခ်ာမသိဘူး။ ႐ုံးခ်ိန္းက ခုမွ ပထမအႀကိမ္တရားလိုပဲ စစ္ေသးတယ္... သူ႔ကိုမစစ္ေသးဘူး။ ေနာက္႐ုံးခ်ိန္းကေတာ့ ရက္ ၂၀ ေန႔ ႐ုံးခ်ိန္း။"

ျဖစ္စဥ္အေသးစိတ္နဲ႔ ပတ္သတ္လို႔ မေကဇြန္ေႏြးရဲ႕ ေ႐ွ႕ေနေဒၚနီလာခိုင္ကို ဆက္သြယ္ေမးျမန္းတာမွာ ေရွ႕ေနကလည္း တိုက္ပိတ္ခံရတာ ဟုတ္မွန္တယ္လို႔ အတည္ျပဳပါတယ္။ တိုက္ပိတ္ခံရတဲ့ အေၾကာင္းရင္းကိုေတာ့ တိတိက်က် မသိေသးရေသးဘူးလို႔ေျပာပါတယ္။

ဒီေန႔ မေကဇြန္ေႏြးအမႈကို ႐ံုးထုတ္ခဲ့သလို အလြတ္တန္းသတင္းေထာက္ ကိုစိုးရာဇာထြန္းကိုလည္း ႐ုံးထုတ္စစ္ေဆးပါတယ္။ သတင္းရယူခ်ိန္မွာ ဖမ္းဆီးခံရတဲ့ ကိုစိုးရာဇာထြန္းအေပၚ ဆႏၵျပသူေတြကို ေသြးထိုးစည္း႐ုံးတယ္ဆိုတဲ့ စြဲခ်က္ကိုပါ တရားလိုဘက္က တင္ျပလာတယ္လို႔ သူ႔ရဲ႕ ေရွ႕ေန ဦးခင္ေမာင္ျမင့္က ဗီြအိုေအကိုေျပာပါတယ္။

"အမႈကိစၥကေတာ့ ဒီေန႔ တရားလိုလုပ္တဲ့ ကမာ႐ြတ္ၿမိဳ႕နယ္စခန္းမွဴး သူ႔ကို က်ေနာ္တို႔ စ စစ္တယ္။ စ စစ္တဲ့အခါက်ေတာ့ က်န္တဲ့သတင္းေထာက္ေတြနဲ႔ မတူဘဲနဲ႔ က်န္တဲ့သတင္းေထာက္ေတြကေတာ့ သတင္းရယူေနစဥ္ ဖမ္းဆီးမိတယ္လို႔ တိုင္တယ္.. နည္းနည္းေပါ့တာေပါ့။ သူက်ေတာ့ သတင္းရယူျခင္းထက္ ရွိေနတဲ့ ဆႏၵျပလူစုလူေဝးနဲ႔အတူ ပူးေပါင္းၿပီးေတာ့ လႈံ႔ေဆာ္ေႂကြးေၾကာ္ေနတဲ့ အေနအထားမ်ိဳးနဲ႔ တိုင္ေတာ့ ဥပေဒသေဘာအရ ပိုေလးေလးနက္နက္ရွိတယ္။ ရဲမွဴးကို ေသေသခ်ာေလးစစ္ေမးတဲ့အခါမွာေတာ့ သူ႔ကို အဲဒီလိုလုပ္ခဲ့တဲ့ ဓါတ္ပုံမွတ္တမ္းေတြ၊ ဗီဒီယိုမွတ္တမ္းေတြ၊ အသံဖိုင္ေတြ စတဲ့ အေထာက္အထား တစံုတရာ သူ တင္ျပနိုင္ျခင္း မရွိဘူး။ ဒီေန႔လည္း မတင္ျပႏိုင္ဘူး။ အရင္ကလည္း လုံးဝမတင္ျပခဲ့ဘူး။ ျပီးမွပဲ ဖမ္းဆီးတာတို႔ စစ္ေဆးတာတို႔ လုပ္ရမွာေပါ့။ အခုကေတာ့ ေျပာင္းျပန္ျဖစ္ေနတဲ့အတြက္ ဒါေလးကေတာ့ သူ႔အတြက္ ဥပေဒအရ အခြင့္အေရးေလး တခုရမယ္လို႔ က်ေနာ္ ေမွ်ာ္လင့္ရတာေပါ့။"

ရန္ကုန္က အာဏာသိမ္းမႈ ကန႔္ကြက္ဆႏၵျပပြဲေတြအေပၚ စစ္တပ္က အၾကမ္းဖက္ၿဖိဳခြဲတာကို သတင္းယူရင္း သတင္းေထာက္ ၆ ဦးထက္မနည္း ဖမ္းခံရတာမွာ AP သတင္းဌာနက သတင္းေထာက္တဦးကိုသာ ျပန္လႊတ္ခဲ့ၿပီး က်န္သူေတြကိုေတာ့ ပုဒ္မ ၅၀၅-က၊ တပ္မေတာ္ၿပိဳကြဲေအာင္လႈံ႔ေဆာ္မႈ၊ လုပ္ေဆာင္မႈ ပုဒ္မနဲ႔ ကမာ႐ြတ္ ၿမိဳ႕မရဲစခန္းက ဒုရဲမွဴးမ်ိဳးဦးက တရားလိုလုပ္ တရားစြဲခဲ့တာပါ။

သူတို႔လိုပဲ တျခားျပည္နယ္တိုင္းေတြျဖစ္တဲ့ ေနျပည္ေတာ္၊ ပုသိမ္၊ ၿမိတ္၊ ျပည္၊ ပဲခူး၊ တာခ်ီလိတ္ တို႔မွာလည္း ဖမ္းဆီးခံထားရသူေတြ ရွိပါတယ္။

ဒီကေန႔မွာ ရွမ္းျပည္နယ္ေတာင္ပိုင္း ေတာင္ႀကီးအေျခစိုက္ ကေမာၻဇတိုင္းက အမ်ိဳးသမီးသတင္းေထာက္ ၂ ေယာက္၊ ထုတ္ေဝသူအပါအဝင္ စုစုေပါင္း ၄ ေယာက္ကိုလည္း ႐ုံးထုတ္စစ္ေဆးခဲ့ပါတယ္။ အဲဒီမွာ ဒီေန႔႐ံုးထုတ္တဲ့ အေျခအေနကို ေ႐ွ႕ေန ဦးညီညီေဇာ္က ခုလို ေျပာျပပါတယ္။

"အရင္တခ်ိန္းလိုမ်ိဳးပဲေပါ့.. ဥပေဒအရာရွိက သူ႔ကို အာဏာမေပးထားတဲ့အခါက်ေတာ့ မလာဘူးေပါ့။ အမႈမွာလည္း တရားလိုေရာ၊ တရားလိုျပသက္ေသေရာ မလာဘူးေပါ့။ ဒါေၾကာင့္မစစ္ျဖစ္ဘူး။ ႐ုံးခ်ိန္းကေတာ့ ၂၀ ရက္ေန႔ ျပန္ခ်ိန္းထားတာေပါ့။ ကေမာၻဇတိုင္း သတင္းေထာက္ေတြရဲ႕ က်န္းမာေရးအေျခအေနကေတာ့ ေကာင္းပါတယ္။ အာမခံေလွ်ာက္ဖို႔ ကိစၥကေတာ့ ဥပေဒအရာရွိ မလာလို႔ရွိရင္ေတာ့ ကာယကံရွင္ေတြ ဆႏၵအရ ေလွ်ာက္ေပးရမွာေပါ့။ ခုကတဘက္က ဥပေဒအရာရွိ မေရာက္ေသးဘူး၊ မပါေသးတဲ့အတြက္ အဲဒီကိစၥက လုပ္လို႔ မရေသးလို႔ေလ... အဲဒီလို ျဖစ္ေနတယ္။"

ျမန္မာႏိုင္ငံမွာ ေဖေဖာ္ဝါရီ ၁ ရက္ေန႔ကစလို႔ စစ္အုပ္ခ်ဳပ္ေရးေကာင္စီက ဖမ္းဆီးထားတဲ့ သတင္းေထာက္ အေယာက္ ၅၀ ထက္မနည္း႐ွိၿပီး အေယာက္ ၂၀ နီးပါးကို ဖမ္းဝရမ္းထုတ္ထားပါတယ္။

DVB၊ မဇၥိ်မ၊ Myanmar Now၊ 7 Days၊ ေခတ္သစ္ စတဲ့ သတင္းလုပ္ငန္းႀကီးေတြရဲ႕ လုပ္ငန္းလုပ္ခြင့္ကို မတ္လ ၈ ရက္ေန႔မွာ စစ္ေကာင္စီကပိတ္ခဲ့ၿပီး ျမစ္ႀကီးနားၿမိဳ႕အေျခစိုက္ The 74 နဲ႔ ျမစ္ႀကီးနားသတင္းဌာနေတြကို ဧၿပီလ ၂၉ ရက္က ပိတ္ပင္ခဲ့ပါတယ္။

ဖမ္းဆီးခံ Myanmar Now သတင္းေထာက္ တိုက္ပိတ္ခံခဲ့ရ
please wait

No media source currently available

0:00 0:05:12 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ဖမ်းဆီးခံ Myanmar Now သတင်းထောက် တိုက်ပိတ်ခံခဲ့ရ

ဖေဖော်ဝါရီလထဲက ဖမ်းဆီးခံခဲ့ရတဲ့ Myanmar Now သတင်းဌာနက သတင်းထောက် မကေနွန်နွေး အင်းစိန်ထောင်ထဲမှာ ရက်တော်တော်ကြာ တိုက်ပိတ်ခံခဲ့ရပါတယ်။ အစာငတ်ခံဆန္ဒပြတယ်ဆိုပြီး တိုက်ပိတ်ခဲ့ကြောင်း မိခင်ဖြစ်သူက ဗွီအိုအေကိုပြောပါတယ်။ မကေဇွန်နွေးရဲ့အမှုကို ဒီနေ့ ရုံးထုတ် စစ်ဆေးပါတယ်။ အလားတူ ကမ္ဘောဇတိုင်းသတင်းဌာနက အမျိုးသမီးသတင်းထောက် နှစယောက်အပါအဝင် သတင်းထောက် ၄ ယောက်ရဲ့အမှုတွေကို စတင်စစ်ဆေးပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို မခင်ဖြူထွေးကပြောပြပါမယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က အရပ်သားအစိုးရဆီကနေ အာဏာသိမ်းခဲ့ပြီးတဲ့နောက် နိုင်ငံတဝန်း စစ်အာဏာသိမ်းဆန့်ကျင်မှုတွေမှာ သတင်းရယူစဉ် သတင်းထောက်တချို့ ဖမ်းဆီးခံခဲ့ရပါတယ်။ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ရန်ကုန်မြို့ မြေနီကုန်းမြို့နယ် ဆန္ဒပြပွဲတွေမှာ စစ်တပ်က ပစ်ခတ်ဖြိုခွဲတာကို သတင်းရယူနေစဉ် အဖမ်းခံခဲ့ရတဲ့ Myanmar Now သတင်းဌာနက သတင်းထောက် မကေနွန်နွေးရဲ့ အမှုကို ဒီနေ့ ရုံးထုတ်စစ်ဆေးပါတယ်။

မကေဇွန်နွေးကို ၅ ကြိမ်မြောက်ရုံးထုတ်တာဖြစ်ပြီး တရားလိုဘက်ကို စတင်စစ်ဆေးတယ်လို့ သူ့ရဲ့ရှေ့နေကပြောပါတယ်။ လာမယ့် မေ ၂၀ ရက်နေ့မှာ နောက်ထပ် ရုံးထုတ်စစ်ဆေးဖို့ ရုံးချိန်းပေးထားပါတယ်။ ပြီးခဲ့တဲ့ ၂၄ ရက်နေ့တုန်းကတော့ မကေဇွန်နွေးကို အင်းစိန်ထောင်တွင်း အစာငတ်ခံဆန္ဒပြတာမှာ ဦးဆောင်တယ်လို့ဆိုပြီး ရက်အတော်ကြာ တိုက်ပိတ် အပြစ်ပေးခံခဲ့ရတယ်လို့ မကေဇွန်နွေးမိခင်ဖြစ်သူက အတည်ပြုပြောကြားပါတယ်။

"၄ လပိုင်း ၂၈ ရက်နေ့က ဧပြီလ။ သူတို့ ၃ ယောက်တဲ့ အဲဒီမှာ ၃ ယောက် တခန်းထားတယ်တဲ့.. အဲဒီလိုပြောတယ်။ ဘယ်လိုကြောင့် တိုက်ပိတ်ခံရတာလဲဆိုတော့ သူမေးတော့ သူဘာမှမလုပ်ဘူးတဲ့... သူဥပုဒ်စောင့်တယ်။ ဒီလက ဥပုဒ်လလေ။ အဲဒီတော့ ရေလည်း မသောက်ရဘူး၊ အစာလည်း မစားရဘူးလေ။ မစားရတာကို အဲဒါကို အစာငတ်ခံဆန္ဒပြတယ်ဆိုပြီးတော့ အဆောင်ပြောင်းမယ်ဆိုပြီးခေါ်သွားပြီးတော့... ဟိုကျတော့ တိုက်ပိတ်ထားတယ်တဲ့ သူတို့ ၃ ယောက်ကို။ တကယ်အစာငတ်ခံဆန္ဒပြတဲ့ အဖွဲ့က သတ်သတ်ရှိတယ်။ ထွက်လာတော့ သူ့နာမည်ပဲထွက်လာတယ်တဲ့။ သူက ခေါင်းဆောင်ဆိုပြီး ထွက်တယ်တဲ့။ တကယ်က သူက အစာငတ်ခံတာ မဟုတ်ဘူး။ သူက ဥပုဒ်စောင့်နေတာတဲ့။ အဲဒီလိုပြောတယ်။ အန်တီက အဲဒီလာက်ပဲသိတယ်။ ဘာမှသေချာမသိဘူး။ ရုံးချိန်းက ခုမှ ပထမအကြိမ်တရားလိုပဲ စစ်သေးတယ်... သူ့ကိုမစစ်သေးဘူး။ နောက်ရုံးချိန်းကတော့ ရက် ၂၀ နေ့ ရုံးချိန်း။"

ဖြစ်စဉ်အသေးစိတ်နဲ့ ပတ်သတ်လို့ မကေဇွန်နွေးရဲ့ ရှေ့နေဒေါ်နီလာခိုင်ကို ဆက်သွယ်မေးမြန်းတာမှာ ရှေ့နေကလည်း တိုက်ပိတ်ခံရတာ ဟုတ်မှန်တယ်လို့ အတည်ပြုပါတယ်။ တိုက်ပိတ်ခံရတဲ့ အကြောင်းရင်းကိုတော့ တိတိကျကျ မသိသေးရသေးဘူးလို့ပြောပါတယ်။

ဒီနေ့ မကေဇွန်နွေးအမှုကို ရုံးထုတ်ခဲ့သလို အလွတ်တန်းသတင်းထောက် ကိုစိုးရာဇာထွန်းကိုလည်း ရုံးထုတ်စစ်ဆေးပါတယ်။ သတင်းရယူချိန်မှာ ဖမ်းဆီးခံရတဲ့ ကိုစိုးရာဇာထွန်းအပေါ် ဆန္ဒပြသူတွေကို သွေးထိုးစည်းရုံးတယ်ဆိုတဲ့ စွဲချက်ကိုပါ တရားလိုဘက်က တင်ပြလာတယ်လို့ သူ့ရဲ့ ရှေ့နေ ဦးခင်မောင်မြင့်က ဗွီအိုအေကိုပြောပါတယ်။

"အမှုကိစ္စကတော့ ဒီနေ့ တရားလိုလုပ်တဲ့ ကမာရွတ်မြို့နယ်စခန်းမှူး သူ့ကို ကျနော်တို့ စ စစ်တယ်။ စ စစ်တဲ့အခါကျတော့ ကျန်တဲ့သတင်းထောက်တွေနဲ့ မတူဘဲနဲ့ ကျန်တဲ့သတင်းထောက်တွေကတော့ သတင်းရယူနေစဉ် ဖမ်းဆီးမိတယ်လို့ တိုင်တယ်.. နည်းနည်းပေါ့တာပေါ့။ သူကျတော့ သတင်းရယူခြင်းထက် ရှိနေတဲ့ ဆန္ဒပြလူစုလူဝေးနဲ့အတူ ပူးပေါင်းပြီးတော့ လှုံ့ဆော်ကြွေးကြော်နေတဲ့ အနေအထားမျိုးနဲ့ တိုင်တော့ ဥပဒေသဘောအရ ပိုလေးလေးနက်နက်ရှိတယ်။ ရဲမှူးကို သေသေချာလေးစစ်မေးတဲ့အခါမှာတော့ သူ့ကို အဲဒီလိုလုပ်ခဲ့တဲ့ ဓါတ်ပုံမှတ်တမ်းတွေ၊ ဗီဒီယိုမှတ်တမ်းတွေ၊ အသံဖိုင်တွေ စတဲ့ အထောက်အထား တစုံတရာ သူ တင်ပြနိုင်ခြင်း မရှိဘူး။ ဒီနေ့လည်း မတင်ပြနိုင်ဘူး။ အရင်ကလည်း လုံးဝမတင်ပြခဲ့ဘူး။ ပြီးမှပဲ ဖမ်းဆီးတာတို့ စစ်ဆေးတာတို့ လုပ်ရမှာပေါ့။ အခုကတော့ ပြောင်းပြန်ဖြစ်နေတဲ့အတွက် ဒါလေးကတော့ သူ့အတွက် ဥပဒေအရ အခွင့်အရေးလေး တခုရမယ်လို့ ကျနော် မျှော်လင့်ရတာပေါ့။"

ရန်ကုန်က အာဏာသိမ်းမှု ကန့်ကွက်ဆန္ဒပြပွဲတွေအပေါ် စစ်တပ်က အကြမ်းဖက်ဖြိုခွဲတာကို သတင်းယူရင်း သတင်းထောက် ၆ ဦးထက်မနည်း ဖမ်းခံရတာမှာ AP သတင်းဌာနက သတင်းထောက်တဦးကိုသာ ပြန်လွှတ်ခဲ့ပြီး ကျန်သူတွေကိုတော့ ပုဒ်မ ၅၀၅-က၊ တပ်မတော်ပြိုကွဲအောင်လှုံ့ဆော်မှု၊ လုပ်ဆောင်မှု ပုဒ်မနဲ့ ကမာရွတ် မြို့မရဲစခန်းက ဒုရဲမှူးမျိုးဦးက တရားလိုလုပ် တရားစွဲခဲ့တာပါ။

သူတို့လိုပဲ တခြားပြည်နယ်တိုင်းတွေဖြစ်တဲ့ နေပြည်တော်၊ ပုသိမ်၊ မြိတ်၊ ပြည်၊ ပဲခူး၊ တာချီလိတ် တို့မှာလည်း ဖမ်းဆီးခံထားရသူတွေ ရှိပါတယ်။

ဒီကနေ့မှာ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးအခြေစိုက် ကမ္ဘောဇတိုင်းက အမျိုးသမီးသတင်းထောက် ၂ ယောက်၊ ထုတ်ဝေသူအပါအဝင် စုစုပေါင်း ၄ ယောက်ကိုလည်း ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ အဲဒီမှာ ဒီနေ့ရုံးထုတ်တဲ့ အခြေအနေကို ရှေ့နေ ဦးညီညီဇော်က ခုလို ပြောပြပါတယ်။

"အရင်တချိန်းလိုမျိုးပဲပေါ့.. ဥပဒေအရာရှိက သူ့ကို အာဏာမပေးထားတဲ့အခါကျတော့ မလာဘူးပေါ့။ အမှုမှာလည်း တရားလိုရော၊ တရားလိုပြသက်သေရော မလာဘူးပေါ့။ ဒါကြောင့်မစစ်ဖြစ်ဘူး။ ရုံးချိန်းကတော့ ၂၀ ရက်နေ့ ပြန်ချိန်းထားတာပေါ့။ ကမ္ဘောဇတိုင်း သတင်းထောက်တွေရဲ့ ကျန်းမာရေးအခြေအနေကတော့ ကောင်းပါတယ်။ အာမခံလျှောက်ဖို့ ကိစ္စကတော့ ဥပဒေအရာရှိ မလာလို့ရှိရင်တော့ ကာယကံရှင်တွေ ဆန္ဒအရ လျှောက်ပေးရမှာပေါ့။ ခုကတဘက်က ဥပဒေအရာရှိ မရောက်သေးဘူး၊ မပါသေးတဲ့အတွက် အဲဒီကိစ္စက လုပ်လို့ မရသေးလို့လေ... အဲဒီလို ဖြစ်နေတယ်။"

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်နေ့ကစလို့ စစ်အုပ်ချုပ်ရေးကောင်စီက ဖမ်းဆီးထားတဲ့ သတင်းထောက် အယောက် ၅၀ ထက်မနည်းရှိပြီး အယောက် ၂၀ နီးပါးကို ဖမ်းဝရမ်းထုတ်ထားပါတယ်။

DVB၊ မဇ္ဈိမ၊ Myanmar Now၊ 7 Days၊ ခေတ်သစ် စတဲ့ သတင်းလုပ်ငန်းကြီးတွေရဲ့ လုပ်ငန်းလုပ်ခွင့်ကို မတ်လ ၈ ရက်နေ့မှာ စစ်ကောင်စီကပိတ်ခဲ့ပြီး မြစ်ကြီးနားမြို့အခြေစိုက် The 74 နဲ့ မြစ်ကြီးနားသတင်းဌာနတွေကို ဧပြီလ ၂၉ ရက်က ပိတ်ပင်ခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG