သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရန္ကုန္မွာ ေပါက္ကြဲသံေတြၾကားရေၾကာင္း ၿမိဳ႕ခံေတြေျပာဆို


မတ္လ ၁၇ ရက္ေန႔ ရန္ကုန္ၿမိဳ႕ရွိ ေနရာတခုက ဆႏၵျပပဲြ ျမင္ကြင္း။ (မတ္ ၁၇၊ ၂၀၂၁)

[Zawgyi/Unicode]

ရန္ကုန္ၿမိဳ႕မွာ မေန႔ ေမလ ၅ ရက္ေန႔ ညပိုင္းက ေပါက္ကြဲသံေတြ ၿမိဳ႕နယ္ ၅ ခုထက္မနည္းမွာ ၾကားခဲ့ရေပမဲ့ ဒီေန႔ေတာ့ အေျခအေန ထူးထူးျခားျခား မ႐ွိပါဘူး။ မေန႔ညက ဗဟန္းၿမိဳ႕နယ္ထဲမွာ ေပါက္ကြဲမႈတခုကေတာ့ လက္လုပ္မိုင္းစမ္းသပ္စဥ္ ေပါက္ကြဲတာလို႔ စစ္ေကာင္စီက သတင္းထုတ္ျပန္ထားၿပီး အဲဒီေပါက္ကဲြမႈေၾကာင့္ MMA သိုင္းေပါင္းစံုကစားသမား ဖိုးေသာ္နဲ႔ လူငယ္ ၃ ေယာက္ကို ဖမ္းဆီးထားပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို မဆုမြန္က ေျပာျပထားပါတယ္။

ရန္ကုန္က ဗဟန္း၊ ရန္ကင္း၊ ေတာင္ဥကၠလာ၊ သကၤန္းကၽြန္း စတဲ့ၿမိဳ႕နယ္ေတြအပါအဝင္ ၿမိဳ႕နယ္ ၅ ခုထက္မနည္းမွာ မေန႔ညက ဗံုးေပါက္ကြဲသံေတြ ၾကားရတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ သဃၤန္းကၽြန္းၿမိဳ႕နယ္ ျပည္သာယာလမ္းနဲ႔ ေဝဇယႏၱာလမ္းဆံုမွာ ေပါက္ကဲြမႈကေတာ့ ေနအိမ္ပါ တုန္ခါတဲ့အထိ ျပင္းထန္တယ္လို႔ အဲဒီနားမွေနသူက ေျပာပါတယ္။

“ညီမက်ေတာ့ ဒီ ဇဝနဘက္မွာက်ေတာ့ေလ အသံေလာက္ပဲ အဲ့ဒီလိုမ်ဳိး နည္းနည္းတုန္သြားတဲ့ အသံေလာက္ပဲ ၾကားရတယ္။ အတိအက်က ညီမ မေျပာတတ္ဘူး။ မီဒီယာေတြမွာတက္တဲ့ သတင္းေလာက္ပဲ သိရတာရွိတယ္ရွင့္။ လွမ္းတယ္ ညီမတို႔ဆို ၄ မွတ္တိုင္ေလာက္ေဝးတယ္ ဇဝနေလာက္ဆိုေတာ့ေလ။ နည္းနည္းတုန္သြားတယ္။ အိမ္ေတြ အဲ့ဒီလိုမ်ဳိး နည္းနည္းတုန္သြားတဲ့ ပံုစံေလာက္ပဲ သိလိုက္တာရွင့္။ ဒီဘက္မွာေတာ့ လူအထိအခိုက္မၾကားမိဘူးရွင့္။”

တာေမြၿမိဳ႕နယ္ ဗညားဒလ လမ္းမေပၚမွာလည္း ေပါက္ကြဲသံၾကားတယ္လို႔ ရပ္ကြက္ေနသူက ဗီြအိုေအကို အတည္ျပဳပါတယ္။

ေတာင္ဥကၠလာပၿမိဳ႕နယ္ထဲမွာလည္း ေမလ ၅ ရက္ မေန႔ညက ေပါက္ကြဲသံႏွစ္ႀကိမ္ ၾကားရေပမယ့္ ညပိုင္းျဖစ္လို႔ ထြက္မၾကည့္ရဲဘဲ ဘယ္ေနရာေပါက္ကြဲတယ္ဆိုတာ မသိရဘူးလို႔ ေဒသခံတစ္ဦးက ေျပာပါတယ္။

“ညေတာ့ အသံေတာ့ ၾကားတယ္။ ၈ နာရီနားေလာက္မွာ တစ္ခါ၊ ၁၀ နာရီေက်ာ္ေလာက္မွာလား၊ ၁၁ နာရီေလာက္မွာလား တစ္ခါ ၾကားတယ္၊ ႏွစ္ခါၾကားတယ္ အသံေတာ့ ႏွစ္ခါၾကားတယ္ ႏွစ္ခါေပါက္တာလား၊ မေပါက္တာလားေတာ့ မသိဘူး။ သဃၤန္းကၽြန္းေတာ့ နီးေတာ့ သဃၤန္းကၽြန္းက ေပါက္တာလည္း ဒီဘက္ကၾကားတယ္နဲ႔ေနမွာေပ့ါ။”

မေန႔ညက လႈိင္ယာသာ၊ မဂၤလာဒံု၊ ေတာင္ဒဂံု၊ ရန္ကင္းစတဲ့ေနရာေတြမွာလည္း ေပါက္ကြဲသံေတြၾကားခဲ့ၾကရပါတယ္။ အဲဒီေပါက္ကြဲမႈေတြက ဘာေပါက္ကြဲတာလဲဆိုတာ အတိအက် မသိရေသးပါဘူး။ ဗဟန္းၿမိဳ႕နယ္ထဲက နက္ေမာက္လမ္းမွာ ေပါက္ကဲြမႈကေတာ့ လက္လုပ္မိုင္း လုပ္စဥ္ ေပါက္ကြဲတာလို႔ စစ္ေကာင္စီက သတင္းထုတ္ျပန္ပါတယ္။

ျမန္မာႏိုင္ငံမွာ ေက်ာ္ၾကားတဲ့ MMA သိုင္းေပါင္းစုံ အားကစားသမား ဖိုးေသာ္ ဖြင့္လွစ္ထားတဲ့ Team PT အားကစားခန္းမမွာ လက္လုပ္မိုင္းစမ္းသပ္ရင္း ေပါက္ကြဲခဲ့တာလို႔ စစ္တပ္ပိုင္ျမဝတီ႐ုပ္သံကထုတ္ျပန္ခဲ့တာပါ။ ေပါက္ကြဲမႈအတြင္း ခႏၶာကိုယ္အႏွံ႔ ဗံုးစေတြထိမွန္ခဲ့တဲ့ ဖိုးေသာ္ကိုလည္း ေျမာက္ဥကၠလာပၿမိဳ႕နယ္ ေမဓါဝီေဆး႐ုံမွာ ေဆးကုသမႈ ခံယူေနစဥ္ စစ္ေကာင္စီက ဖမ္းဆီးခဲ့ပါတယ္။

ဖိုးေသာ္ကို ေဆး႐ုံလိုက္ပို႔တဲ့ကားထဲမွာ လက္လုပ္မိုင္းတစ္လံုးေတြ႕ရသလို သူ႔ရဲ႕ အားကစားခန္းမမွာ ပစၥတိုေသနတ္တလက္နဲ႔ က်ည္ဆံေတြ၊ ေဖာက္ခြဲေရးပစၥည္းေတြလုပ္ႏိုင္တဲ့ ပစၥည္းေတြကို ရွာေတြ႕တယ္လို႔လည္း စစ္ေကာင္စီရဲ႕ သတင္းထဲမွာ ဆိုပါတယ္။ ေပါက္ကြဲမႈနဲ႔ဆက္စပ္ၿပီး လူငယ္ ၃ ေယာက္ကိုလည္း ဖမ္းဆီးထားပါတယ္။

ရန္ကုန္ၿမိဳ႕ထဲမွာ ခုလို ေပါက္ကြဲမႈေတြ ျဖစ္ေနသလိုပဲ တနသၤာရီတိုင္း ထားဝယ္ၿမိဳ႕မွာလည္း မေန႔ညက ၿမိဳ႕ထဲ လက္ဖက္ရည္ဆိုင္နားနဲ႔ တိုင္းတရားလႊတ္ေတာ္နားမွာ ေပါက္ကြဲမႈေတြျဖစ္ခဲ့ပါတယ္။ ဒါနဲ႔ပတ္သက္ၿပီး ေဒသခံ တစ္ဦးေျပာတာက -

“မေန႔ညေနကေတာ့ က်ေနာ္တို႔ ဒီ ထားဝယ္ဘက္မွာက် က်ေနာ္တို႔ ဗံုးေတြ ဘာေတြကေတာ့ ေပါက္ကြဲတာတို႔ ဘာတို႔ ရွိတယ္။ ခဏခဏဆိုသလိုေပါ့ေနာ္။ ေန႔တိုင္းေတာ့ မဟုတ္ဘူး။ က်ေနာ္တို႔ ခဏခဏဗံုးေပါက္ကြဲတဲ့ အေနအထားမွာရွိတယ္။ မေန႔ညေနတုန္းကဆိုလို႔ရွိရင္ တိုင္းတရားလႊတ္ေတာ္႐ုံးေပါ့ေနာ္... တရားလႊတ္ေတာ္မွာ က်ေတာ့ ည ၁၀ နာရီေလာက္မွာ ဗံုးေပါက္ကြဲမႈ အေနအထားရွိတယ္။ ေနာက္တစ္ခုကေတာ့ လက္ဖက္ရည္ဆိုင္ တစ္ဆိုင္ေပါ့ေနာ္။ အာဟာရ လက္ဖက္ရည္ဆိုင္ဆိုတဲ့ေနရာမွာ အဲ့ဒီလက္ဖက္ရည္ဆိုင္နဲ႔ ခုဏေျပာတဲ့ ဒီတိုင္းတရားလႊတ္ေတာ္႐ုံးဆိုတာက စစ္သားက တပ္စြဲထားတဲ့ ေနရာေပါ့ ၿမိဳ႕ထဲမွာေပါ့။ အဲ့ဒီလိုတပ္စြဲထားတဲ့ေနရာ ႏွစ္ေနရာ မေန႔ညက ဗံုးေပါက္ကြဲတာမ်ဳိးရွိတယ္။”

စစ္အာဏာသိမ္းအုပ္ခ်ဳပ္မႈကို ျပည္သူေတြ ဆက္ၿပီး ဆႏၵျပဆန္႔က်င္ေနၾကတာနဲ႔အတူ ေပါက္ကဲြတဲ့ သတင္းေတြ ေနရာေတာ္ေတာ္မ်ားမ်ားမွာ ပိုၿပီးၾကားလာေနရတာပါ။

ရန္ကုန္ၿမိဳ႕မွာ လံုၿခံဳေရးတင္းၾကပ္ထားတဲ့ၾကားက လူငယ္ေတြဦးေဆာင္တဲ့ စစ္အာဏာ႐ွင္ဆန္႔က်င္ေရး လ ွ်ပ္တျပက္သပိတ္၊ ေျပာက္က်ားသပိတ္ေတြ ဆက္ရွိခဲ့ပါတယ္။ ၾကည့္ျမင္တိုင္၊ စမ္းေခ်ာင္းက လူငယ္ေတြစုေဝးၾကၿပီး ဘုရင့္ေနာင္လမ္းမႀကီးေပၚမွာလည္း စစ္အာဏာရွင္ဆန႔္က်င္ေရး ေႂကြးေၾကာ္ဆႏၵျပခဲ့ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရန်ကုန်မှာ ပေါက်ကွဲသံတွေကြားရကြောင်း မြို့ခံတွေပြောဆို

ရန်ကုန်မြို့မှာ မနေ့ မေလ ၅ ရက်နေ့ ညပိုင်းက ပေါက်ကွဲသံတွေ မြို့နယ် ၅ ခုထက်မနည်းမှာ ကြားခဲ့ရပေမဲ့ ဒီနေ့တော့ အခြေအနေ ထူးထူးခြားခြား မရှိပါဘူး။ မနေ့ညက ဗဟန်းမြို့နယ်ထဲမှာ ပေါက်ကွဲမှုတခုကတော့ လက်လုပ်မိုင်းစမ်းသပ်စဉ် ပေါက်ကွဲတာလို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပြီး အဲဒီပေါက်ကွဲမှုကြောင့် MMA သိုင်းပေါင်းစုံကစားသမား ဖိုးသော်နဲ့ လူငယ် ၃ ယောက်ကို ဖမ်းဆီးထားပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို မဆုမွန်က ပြောပြထားပါတယ်။

ရန်ကုန်က ဗဟန်း၊ ရန်ကင်း၊ တောင်ဥက္ကလာ၊ သင်္ကန်းကျွန်း စတဲ့မြို့နယ်တွေအပါအဝင် မြို့နယ် ၅ ခုထက်မနည်းမှာ မနေ့ညက ဗုံးပေါက်ကွဲသံတွေ ကြားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ သင်္ဃန်းကျွန်းမြို့နယ် ပြည်သာယာလမ်းနဲ့ ဝေဇယန္တာလမ်းဆုံမှာ ပေါက်ကွဲမှုကတော့ နေအိမ်ပါ တုန်ခါတဲ့အထိ ပြင်းထန်တယ်လို့ အဲဒီနားမှနေသူက ပြောပါတယ်။

“ညီမကျတော့ ဒီ ဇဝနဘက်မှာကျတော့လေ အသံလောက်ပဲ အဲ့ဒီလိုမျိုး နည်းနည်းတုန်သွားတဲ့ အသံလောက်ပဲ ကြားရတယ်။ အတိအကျက ညီမ မပြောတတ်ဘူး။ မီဒီယာတွေမှာတက်တဲ့ သတင်းလောက်ပဲ သိရတာရှိတယ်ရှင့်။ လှမ်းတယ် ညီမတို့ဆို ၄ မှတ်တိုင်လောက်ဝေးတယ် ဇဝနလောက်ဆိုတော့လေ။ နည်းနည်းတုန်သွားတယ်။ အိမ်တွေ အဲ့ဒီလိုမျိုး နည်းနည်းတုန်သွားတဲ့ ပုံစံလောက်ပဲ သိလိုက်တာရှင့်။ ဒီဘက်မှာတော့ လူအထိအခိုက်မကြားမိဘူးရှင့်။”

တာမွေမြို့နယ် ဗညားဒလ လမ်းမပေါ်မှာလည်း ပေါက်ကွဲသံကြားတယ်လို့ ရပ်ကွက်နေသူက ဗွီအိုအေကို အတည်ပြုပါတယ်။

တောင်ဥက္ကလာပမြို့နယ်ထဲမှာလည်း မေလ ၅ ရက် မနေ့ညက ပေါက်ကွဲသံနှစ်ကြိမ် ကြားရပေမယ့် ညပိုင်းဖြစ်လို့ ထွက်မကြည့်ရဲဘဲ ဘယ်နေရာပေါက်ကွဲတယ်ဆိုတာ မသိရဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ညတော့ အသံတော့ ကြားတယ်။ ၈ နာရီနားလောက်မှာ တစ်ခါ၊ ၁၀ နာရီကျော်လောက်မှာလား၊ ၁၁ နာရီလောက်မှာလား တစ်ခါ ကြားတယ်၊ နှစ်ခါကြားတယ် အသံတော့ နှစ်ခါကြားတယ် နှစ်ခါပေါက်တာလား၊ မပေါက်တာလားတော့ မသိဘူး။ သင်္ဃန်းကျွန်းတော့ နီးတော့ သင်္ဃန်းကျွန်းက ပေါက်တာလည်း ဒီဘက်ကကြားတယ်နဲ့နေမှာပေ့ါ။”

မနေ့ညက လှိုင်ယာသာ၊ မင်္ဂလာဒုံ၊ တောင်ဒဂုံ၊ ရန်ကင်းစတဲ့နေရာတွေမှာလည်း ပေါက်ကွဲသံတွေကြားခဲ့ကြရပါတယ်။ အဲဒီပေါက်ကွဲမှုတွေက ဘာပေါက်ကွဲတာလဲဆိုတာ အတိအကျ မသိရသေးပါဘူး။ ဗဟန်းမြို့နယ်ထဲက နက်မောက်လမ်းမှာ ပေါက်ကွဲမှုကတော့ လက်လုပ်မိုင်း လုပ်စဉ် ပေါက်ကွဲတာလို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံမှာ ကျော်ကြားတဲ့ MMA သိုင်းပေါင်းစုံ အားကစားသမား ဖိုးသော် ဖွင့်လှစ်ထားတဲ့ Team PT အားကစားခန်းမမှာ လက်လုပ်မိုင်းစမ်းသပ်ရင်း ပေါက်ကွဲခဲ့တာလို့ စစ်တပ်ပိုင်မြဝတီရုပ်သံကထုတ်ပြန်ခဲ့တာပါ။ ပေါက်ကွဲမှုအတွင်း ခန္ဓာကိုယ်အနှံ့ ဗုံးစတွေထိမှန်ခဲ့တဲ့ ဖိုးသော်ကိုလည်း မြောက်ဥက္ကလာပမြို့နယ် မေဓါဝီဆေးရုံမှာ ဆေးကုသမှု ခံယူနေစဉ် စစ်ကောင်စီက ဖမ်းဆီးခဲ့ပါတယ်။

ဖိုးသော်ကို ဆေးရုံလိုက်ပို့တဲ့ကားထဲမှာ လက်လုပ်မိုင်းတစ်လုံးတွေ့ရသလို သူ့ရဲ့ အားကစားခန်းမမှာ ပစ္စတိုသေနတ်တလက်နဲ့ ကျည်ဆံတွေ၊ ဖောက်ခွဲရေးပစ္စည်းတွေလုပ်နိုင်တဲ့ ပစ္စည်းတွေကို ရှာတွေ့တယ်လို့လည်း စစ်ကောင်စီရဲ့ သတင်းထဲမှာ ဆိုပါတယ်။ ပေါက်ကွဲမှုနဲ့ဆက်စပ်ပြီး လူငယ် ၃ ယောက်ကိုလည်း ဖမ်းဆီးထားပါတယ်။

ရန်ကုန်မြို့ထဲမှာ ခုလို ပေါက်ကွဲမှုတွေ ဖြစ်နေသလိုပဲ တနင်္သာရီတိုင်း ထားဝယ်မြို့မှာလည်း မနေ့ညက မြို့ထဲ လက်ဖက်ရည်ဆိုင်နားနဲ့ တိုင်းတရားလွှတ်တော်နားမှာ ပေါက်ကွဲမှုတွေဖြစ်ခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဒေသခံ တစ်ဦးပြောတာက -

“မနေ့ညနေကတော့ ကျနော်တို့ ဒီ ထားဝယ်ဘက်မှာကျ ကျနော်တို့ ဗုံးတွေ ဘာတွေကတော့ ပေါက်ကွဲတာတို့ ဘာတို့ ရှိတယ်။ ခဏခဏဆိုသလိုပေါ့နော်။ နေ့တိုင်းတော့ မဟုတ်ဘူး။ ကျနော်တို့ ခဏခဏဗုံးပေါက်ကွဲတဲ့ အနေအထားမှာရှိတယ်။ မနေ့ညနေတုန်းကဆိုလို့ရှိရင် တိုင်းတရားလွှတ်တော်ရုံးပေါ့နော်... တရားလွှတ်တော်မှာ ကျတော့ ည ၁၀ နာရီလောက်မှာ ဗုံးပေါက်ကွဲမှု အနေအထားရှိတယ်။ နောက်တစ်ခုကတော့ လက်ဖက်ရည်ဆိုင် တစ်ဆိုင်ပေါ့နော်။ အာဟာရ လက်ဖက်ရည်ဆိုင်ဆိုတဲ့နေရာမှာ အဲ့ဒီလက်ဖက်ရည်ဆိုင်နဲ့ ခုဏပြောတဲ့ ဒီတိုင်းတရားလွှတ်တော်ရုံးဆိုတာက စစ်သားက တပ်စွဲထားတဲ့ နေရာပေါ့ မြို့ထဲမှာပေါ့။ အဲ့ဒီလိုတပ်စွဲထားတဲ့နေရာ နှစ်နေရာ မနေ့ညက ဗုံးပေါက်ကွဲတာမျိုးရှိတယ်။”

စစ်အာဏာသိမ်းအုပ်ချုပ်မှုကို ပြည်သူတွေ ဆက်ပြီး ဆန္ဒပြဆန့်ကျင်နေကြတာနဲ့အတူ ပေါက်ကွဲတဲ့ သတင်းတွေ နေရာတော်တော်များများမှာ ပိုပြီးကြားလာနေရတာပါ။

ရန်ကုန်မြို့မှာ လုံခြုံရေးတင်းကြပ်ထားတဲ့ကြားက လူငယ်တွေဦးဆောင်တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လ ျှပ်တပြက်သပိတ်၊ ပြောက်ကျားသပိတ်တွေ ဆက်ရှိခဲ့ပါတယ်။ ကြည့်မြင်တိုင်၊ စမ်းချောင်းက လူငယ်တွေစုဝေးကြပြီး ဘုရင့်နောင်လမ်းမကြီးပေါ်မှာလည်း စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်ဆန္ဒပြခဲ့ကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG