(Zawgyi / Unicode)
ခ်င္းျပည္နယ္၊ မင္းတပ္ၿမိဳ႕ ျပည္သူ႔ကာကြယ္ေရးအဖြဲ႔ဝင္ေတြနဲ႔ စစ္ေကာင္စီ တပ္ဖြဲ႔ေတြအၾကား လြန္ခဲ့တဲ့ ရက္ပုိင္းအတြင္း ျဖစ္ပြားခဲ့တဲ့ အျပန္အလွန္ ပစ္ခတ္မႈေတြအတြင္း လူငယ္ ၆ ဦး ေသဆုံးခဲ့တယ္လုိ႔ ေဒသခံ ကာကြယ္ေရးအဖြဲ႔ဝင္ရဲ႕ ေျပာၾကားခ်က္ကုိ ကုိးကားၿပီး သတင္းမီဒီယာေတြမွာ ေဖာ္ျပထားပါတယ္။
ဒီလူငယ္ ၆ ဦးဟာ ေမလ ၁၄ ရက္နဲ႔ ၁၅ ရက္အတြင္း ျဖစ္ပြားခဲ့တဲ့ ပစ္ခတ္မႈေတြမွာ က်ဆုံးခဲ့တာလုိ႔ ဆုိပါတယ္။
ဖမ္းဆီးထားတဲ့ ေဒသခံေတြ ျပန္လႊတ္ေပးဖုိ႔ ေတာင္းဆုိရာက မင္းတပ္ၿမိဳ႕ ျပည္သူ႔ကာကြယ္ေရးအဖြဲ႔ေတြနဲ႔ စစ္ေကာင္စီ တပ္ဖြဲ႔ေတြအၾကား အျပန္အလွန္ ပစ္ခတ္မႈေတြ ၿပီးခဲ့တဲ့ သီတင္းပတ္ကတည္းက ျဖစ္ေပၚေနခဲ့တာမွာ ႏွစ္ဖက္ အေသအေပ်ာက္ေတြ ရွိခဲ့ၿပီးတဲ့ေနာက္ စစ္ေကာင္စီဘက္က မေန႔ ေမလ ၁၅ ရက္ေန႔မွာေတာ့ ေလေၾကာင္းအပါအဝင္ တပ္အင္အား အလုံးအရင္းနဲ႔ တုိက္ခုိက္ခဲ့တာေၾကာင့္ အရပ္သား ေသဆုံး၊ ဒဏ္ရာရသူေတြလည္း ရွိခဲ့တယ္လုိ႔ ေဒသခံေတြက ေျပာပါတယ္။
စစ္ေကာင္စီဘက္က လူေနအိမ္ေတြထဲ အကန္႔အသတ္မရွိ ေလေၾကာင္းကေန ပစ္ခတ္ တုိက္ခုိက္ေနတာေၾကာင့္ ေဒသခံအမ်ားအျပားလည္း ေဘးလြတ္ရာကုိ ထြက္ေျပး တိမ္းေရွာင္ေနၾကရပါတယ္။
တခ်ိန္တည္းမွာပဲ ခ်င္းျပည္နယ္ၿမိဳ႕ေတာ္ ဟားခါးမွာ စစ္ေကာင္စီက ဖမ္းဆီးထားတဲ့ ေဒသခံ လူငယ္ေတြကုိ ျပန္လႊတ္မေပးရင္ သူတုိ႔ဖမ္းထားတဲ့ ယာဥ္ထိန္းရဲ ၃ ဦးနဲ႔ ဒလန္ ၁ ဦးတို႔ကို ေသဒဏ္ခ်မယ္လုိ႔ Chinland Defense Force (CDF) အဖြဲ႔ဝင္တဦးေျပာတာကုိ ကုိးကားၿပီး မီဒီယာေတြမွာ ေဖာ္ျပထားပါတယ္။
-----------------------
(Unicode)
မင်းတပ်တိုက်ပွဲ လူငယ် ၆ ဦးသေဆုံး၊ CDF ထုတ်ပြန်
ချင်းပြည်နယ်၊ မင်းတပ်မြို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီ တပ်ဖွဲ့တွေအကြား လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့တဲ့ အပြန်အလှန် ပစ်ခတ်မှုတွေအတွင်း လူငယ် ၆ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံ ကာကွယ်ရေးအဖွဲ့ဝင်ရဲ့ ပြောကြားချက်ကို ကိုးကားပြီး သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။
ဒီလူငယ် ၆ ဦးဟာ မေလ ၁၄ ရက်နဲ့ ၁၅ ရက်အတွင်း ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုတွေမှာ ကျဆုံးခဲ့တာလို့ ဆိုပါတယ်။
ဖမ်းဆီးထားတဲ့ ဒေသခံတွေ ပြန်လွှတ်ပေးဖို့ တောင်းဆိုရာက မင်းတပ်မြို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီ တပ်ဖွဲ့တွေအကြား အပြန်အလှန် ပစ်ခတ်မှုတွေ ပြီးခဲ့တဲ့ သီတင်းပတ်ကတည်းက ဖြစ်ပေါ်နေခဲ့တာမှာ နှစ်ဖက် အသေအပျောက်တွေ ရှိခဲ့ပြီးတဲ့နောက် စစ်ကောင်စီဘက်က မနေ့ မေလ ၁၅ ရက်နေ့မှာတော့ လေကြောင်းအပါအဝင် တပ်အင်အား အလုံးအရင်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား သေဆုံး၊ ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီဘက်က လူနေအိမ်တွေထဲ အကန့်အသတ်မရှိ လေကြောင်းကနေ ပစ်ခတ် တိုက်ခိုက်နေတာကြောင့် ဒေသခံအများအပြားလည်း ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။
တချိန်တည်းမှာပဲ ချင်းပြည်နယ်မြို့တော် ဟားခါးမှာ စစ်ကောင်စီက ဖမ်းဆီးထားတဲ့ ဒေသခံ လူငယ်တွေကို ပြန်လွှတ်မပေးရင် သူတို့ဖမ်းထားတဲ့ ယာဉ်ထိန်းရဲ ၃ ဦးနဲ့ ဒလန် ၁ ဦးတို့ကို သေဒဏ်ချမယ်လို့ Chinland Defense Force (CDF) အဖွဲ့ဝင်တဦးပြောတာကို ကိုးကားပြီး မီဒီယာတွေမှာ ဖော်ပြထားပါတယ်။