သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မင္းတပ္ၿမိဳ႕ႏွိမ္နင္းမႈ ဥပေဒမဲ့လုပ္ရပ္အျဖစ္ ၿဗိတိန္သံ႐ုံး ေဝဖန္


မင္းတပ္ၿမိဳ႕ ႏွိမ္နင္းမႈနဲ႔ ပတ္သက္ၿပီး ၿဗိတိန္သံ႐ုံးရဲ႕ တြစ္တာမွာ ေဖာ္ျပခ်က္။ (ေမ ၁၅၊ ၂၀၂၁။ ဓာတ္ပုံ - UK in Myanmar Twitter)

(Zawgyi / Unicode)

ျမန္မာႏိုင္ငံ ခ်င္းျပည္နယ္ မင္းတပ္ၿမိဳ႕မွာ စစ္တပ္က အရပ္သားေတြကို ပစ္ခတ္တာ အပါအဝင္ အၾကမ္းဖက္မႈေတြ တိုးလာေနတာကို ၿဗိတိန္အစိုးရက သိရွိရေၾကာင္းနဲ႔ အခုလို အရပ္သားေတြအေပၚ တုိက္ခိုက္တာဟာ တရားမဝင္တဲ့အျပင္ တရားမွ်တမႈလည္း မရွိေၾကာင္း ရန္ကုန္ ၿဗိတိန္သံ႐ုံးက သူ႔တြစ္တာမွာ စေနေ႔က ေဖာ္ျပထားပါတယ္။

ျမန္မာစစ္တပ္ရဲ႕ အခုလို က်ဴးလြန္မႈနဲ႔ ပတ္သက္တဲ့ အေထာက္အထားေတြကို ကုလသမဂၢရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ လြတ္လပ္တဲ့ စံုစမ္းစစ္ေဆးမႈဆိုင္ရာ ယႏၱရား (Independent Investigative Mechanism for Myanmar - IIMM) ကို တင္ျပသင့္ေၾကာင္းနဲ႔ ဒီလိုတင္ျပမွသာ က်ဴးလြြန္သူေတြကို ထိုက္သင့္တဲ့ အေရးယူမႈေတြနဲ႔ အျပစ္ေပးႏုိင္မွာျဖစ္ေၾကာင္းလည္း အႀကံေပးထားပါတယ္။

ျမန္မာစစ္အာဏာသိမ္း ဆန႔္က်င္ဆႏၵျပမႈေတြအေပၚ ပစ္ခတ္ႏွိမ္နင္းမႈေတြ ျပင္းထန္လာခဲ့တဲ့ မတ္လကုန္ေလာက္ကတည္းက IIMM အႀကီးအကဲ Nicholas Koumjian က သူတို႔အဖြဲ႔အေနနဲ႔ ျမန္မာႏိုင္ငံတြင္း လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈ မွတ္တမ္းမ်ားစြာကို လက္ခံရရွိထားၿပီး ျဖစ္ေၾကာင္းနဲ႔ တာဝန္ရွိသူေတြ ႏိုင္ငံတကာ ရာဇဝတ္မႈ က်ဴးလြန္ႏိုင္တာကို ျပန္စဥ္းစားသင့္ေၾကာင္း ဗြီအိုေအရဲ႕ သီးသန္႔ ေမးျမန္းခန္းမွာ သတိေပးခဲ့တာပါ။

ျမန္မာျပည္သူေတြအေနနဲ႔ လူ႔အခြင့္ေရးခ်ိဳးေဖာက္တာ ခံရမယ္ဆိုရင္ IIMM ကို ဆက္သြယ္ႏိုင္ေၾကာင္း https://iimm.un.org ဝက္ဘ္ဆုိက္မွာ ေဖာ္ျပထားပါတယ္။ ပထမဆံုး ဆစ္ဂနယ္လို႔ေခၚတဲ့ ဖုန္းမက္ေဆ့ခ်္ပို႔ႏိုင္တဲ့ Application ကို ေဒါင္းလုပ္ လုပ္ၿပီးေတာ့ ဆြစ္ဇာလန္ႏိုင္ငံ ႏိုင္ငံ Code + (၄၁)၊ ေနာက္ ဖုန္းနံပါတ္ ၇၆၆၉၁၁၂၀၈ ကို ပို႔ေပးဖို႔ (ဒါမွမဟုတ္) ခုနေျပာတဲ့ ပ႐ိုတြန္ေမးလ္လိပ္စာ၊ mountain741@protonmail.com ကို အီးေမးလ္ေပးပို႔ၿပီး ဆက္သြယ္ႏုိင္ေၾကာင္း IIMM အဖြဲ႔ ဝက္ဘ္ဆုိက္မွာ ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------

(Unicode)

မင်းတပ်မြို့နှိမ်နင်းမှု ဥပဒေမဲ့လုပ်ရပ်အဖြစ် ဗြိတိန်သံရုံး ဝေဖန်

မြန်မာနိုင်ငံ ချင်းပြည်နယ် မင်းတပ်မြို့မှာ စစ်တပ်က အရပ်သားတွေကို ပစ်ခတ်တာ အပါအဝင် အကြမ်းဖက်မှုတွေ တိုးလာနေတာကို ဗြိတိန်အစိုးရက သိရှိရကြောင်းနဲ့ အခုလို အရပ်သားတွေအပေါ် တိုက်ခိုက်တာဟာ တရားမဝင်တဲ့အပြင် တရားမျှတမှုလည်း မရှိကြောင်း ရန်ကုန် ဗြိတိန်သံရုံးက သူ့တွစ်တာမှာ စနေေ့က ဖော်ပြထားပါတယ်။

မြန်မာစစ်တပ်ရဲ့ အခုလို ကျူးလွန်မှုနဲ့ ပတ်သက်တဲ့ အထောက်အထားတွေကို ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုဆိုင်ရာ ယန္တရား (Independent Investigative Mechanism for Myanmar - IIMM) ကို တင်ပြသင့်ကြောင်းနဲ့ ဒီလိုတင်ပြမှသာ ကျူးလွန်သူတွေကို ထိုက်သင့်တဲ့ အရေးယူမှုတွေနဲ့ အပြစ်ပေးနိုင်မှာဖြစ်ကြောင်းလည်း အကြံပေးထားပါတယ်။

မြန်မာစစ်အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြမှုတွေအပေါ် ပစ်ခတ်နှိမ်နင်းမှုတွေ ပြင်းထန်လာခဲ့တဲ့ မတ်လကုန်လောက်ကတည်းက IIMM အကြီးအကဲ Nicholas Koumjian က သူတို့အဖွဲ့အနေနဲ့ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းများစွာကို လက်ခံရရှိထားပြီး ဖြစ်ကြောင်းနဲ့ တာဝန်ရှိသူတွေ နိုင်ငံတကာ ရာဇဝတ်မှု ကျူးလွန်နိုင်တာကို ပြန်စဉ်းစားသင့်ကြောင်း ဗွီအိုအေရဲ့ သီးသန့် မေးမြန်းခန်းမှာ သတိပေးခဲ့တာပါ။

မြန်မာပြည်သူတွေအနေနဲ့ လူ့အခွင့်ရေးချိုးဖောက်တာ ခံရမယ်ဆိုရင် IIMM ကို ဆက်သွယ်နိုင်ကြောင်း https://iimm.un.org ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ ပထမဆုံး ဆစ်ဂနယ်လို့ခေါ်တဲ့ ဖုန်းမက်ဆေ့ချ်ပို့နိုင်တဲ့ Application ကို ဒေါင်းလုပ် လုပ်ပြီးတော့ ဆွစ်ဇာလန်နိုင်ငံ နိုင်ငံ Code + (၄၁)၊ နောက် ဖုန်းနံပါတ် ၇၆၆၉၁၁၂၀၈ ကို ပို့ပေးဖို့ (ဒါမှမဟုတ်) ခုနပြောတဲ့ ပရိုတွန်မေးလ်လိပ်စာ၊ mountain741@protonmail.com ကို အီးမေးလ်ပေးပို့ပြီး ဆက်သွယ်နိုင်ကြောင်း IIMM အဖွဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG