သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာႏိုင္ငံအေရး လုပ္ေနတဲ့ ဖက္႐ွင္ဒီဇိုင္နာ


ဂ်ပန္-ျမန္မာ ဖက္႐ွင္ဒီဇိုင္နာ Shibuya Źarny
တိုက္႐ိုက္ လင့္ခ္

ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းမႈ အဆံုးသတ္ေရး ဂ်ပန္အစိုးရဖက္က တိုက္တြန္းလုပ္ေဆာင္လာေအာင္ ႀကိဳးစားသြားမယ္လို႔ ဂ်ပန္ႏိုင္ငံမွာ ေက်ာ္ၾကားတဲ့ ဖက္႐ွင္ဒီဇိုင္နာ Shibuya Źarny ကေျပာပါတယ္။ ဂ်ပန္ဝန္ႀကီးခ်ဳပ္ေဟာင္း Shinzo Abe သာမက၊ လူသိမ်ားထင္႐ွားသူေတြအတြက္ ပြဲတက္ဝတ္စံုေတြ ဖန္တီးေပးရေလာက္ေအာင္ ေက်ာ္ၾကားတဲ့ ဖက္႐ွင္ဒီဇိုင္နာ Shibuya Źarny ကသူရဲ႕ ေက်ာ္ၾကားမႈကို အသံုးျပဳၿပီး ျမန္မာျပည္သူေတြအေရးကို ေဆာင္႐ြက္ေနပါတယ္။ အခုေနာက္ဆံုးဘယ္လို အေရးကိစၥေတြ လုပ္ေပးေနသလဲဆုိတာ မစုျမတ္မြန္က ဆက္သြယ္ေမးထားပါတယ္။

ေမး ။ ။ ကိုဇာနည္ မဂၤလာပါရွင့္။ VOA ျမန္မာပိုင္းအစီအစဥ္က ႀကိဳဆိုပါတယ္ရွင့္။ ကိုဇာနည္က ဂ်ပန္ႏုိင္ငံမွာ Shibuya Zarny ဆုိၿပီးေတာ့ ေအာင္ျမင္ေက်ာ္ၾကားေနတဲ့ ဖက္ရွင္ဒီဇိုင္းနာတစ္ေယာက္ ျဖစ္တယ္။ ေနာက္ ျမန္မာႏုိင္ငံနဲ႔ ပတ္သက္ၿပီးေတာ့လဲ ကိုယ့္ရဲ ႔ေက်ာ္ၾကားမႈကို အသံုးျပဳၿပီးေတာ့ တတ္ႏုိင္တဲ့ဘက္ကေန လုပ္ေပးေနသူပါ။ ဆိုေတာ့ မၾကာခင္တုန္းကပဲ ကိုဇာနည္က လျပည့္ေဖာင္ေဒးရွင္ဆုိတဲ့ ပရဟိတအဖြဲ႔ကို ဖြဲ႔စည္းၿပီးေတာ့ ျမန္မာႏုိင္ငံမွာ ခက္ခက္ခဲခဲ ရုန္းကန္ေနၾကသူေတြအတြက္ အကူအညီေပးမယ္လို႔ ေျပာပါတယ္။ အရင္ဆံုး လျပည့္ေဖာင္ေဒးရွင္းအေၾကာင္းနဲ႔ ဘယ္လုိ အကူအညီေပးဖို႔ အစီအစဥ္ေတြ လုပ္ထားသလဲဆိုတာကို သိပါရေစရွင့္။

ေျဖ ။ ။ ေျပာမယ္ဆိုရင္ အခု ျမန္မာျပည္သူေတြအားလံုးက အခက္အခဲေရာက္ေနၾကတယ္။ တကယ့္ကို ဘဝဆင္းရဲတဲ့ သမိုင္းထဲကို အားလံုးက ဝင္လာတယ္။ ျပည္ပမွာ ရိွေနတဲ့လူေတြနဲ႔ ျပည္တြင္းမွာ ရိွေနတဲ့ ျမန္မာလူမ်ဳိးေတြ အကုန္လံုး ခံစားေနၾကရတယ္။ အဲဒါေၾကာင့္မို႔ က်ေနာ့္အေနနဲ႔ တတ္ႏုိင္သေလာက္။ ေနာက္ၿပီးေတာ့ က်ေနာ့္ရဲ ႔ ဂ်ပန္ႏုိင္ငံမွာရိွတဲ့ သူငယ္ခ်င္းနဲ႔ ေနာက္ၿပီးေတာ့ လုပ္ငန္းရွင္ေတြနဲ႔ ေပါင္းၿပီးေတာ့ foundation တစ္ခုကို ေထာင္မယ္ဆိုၿပီး ဆံုးျဖတ္လုိက္တာပါ။ ေျပာမယ္ဆိုရင္ က်ေနာ္က UNHCR Public Relation ကိုယ္စားလွယ္တစ္ေယာက္လည္း ျဖစ္တယ္။ ေနာက္ၿပီးေတာ့ ဂ်ပန္ေဖာင္ေဒးရွင္းရဲ ႔ ျမန္မာႏိုင္ငံ စီမံကိန္းဒါရိုက္တာ (Project Advisor) လည္း ျဖစ္ခဲ့ေတာ့ ဒီ (၁၀) ႏွစ္ (၁၅) ႏွစ္အတြင္းမွာေတာ့ က်ေနာ့္အေနနဲ႔ Fashion Industry နဲ႔ UNHCR ကုလသမဂၢတို႔နဲ႔ Charity လုပ္တာတို႔ ဘာတို႔ေၾကာင့္ အေတြ႔အႀကံဳက ရိွၿပီသား။ ဒါေပမဲ့ တစ္ရက္ရက္ က်ေနာ့္လက္နဲ႔၊ က်ေနာ့္ရဲ ႔ အင္အားနဲ႔ က်ေနာ့္ရဲ ႔ အဆက္အသြယ္ Network နဲ႔ ျမန္မာျပည္သူျပည္သားေတြကို ေထာက္ပံ့ခ်င္တယ္၊ ပံ့ပိုးခ်င္တယ္ဆိုတဲ့ စိတ္ထားကေတာ့ ရိွခဲ့ပါတယ္။ ဒါေပမဲ့ က်ေနာ့္အေနနဲ႔ အသက္ကလဲ ငယ္ေသတယ္၊ အခ်ိန္က မေရာက္သးဘူး။ အဲဒီလိုမ်ဳိးပဲ သတ္မွတ္ထားတယ္။ ဒီတေခါက္က ဒီလိုမ်ဳိး စကားလွလွေတြလည္း ေျပာရမယ့္အခ်ိန္္လည္း မဟုတ္ဘူး။

တကယ့္ကို ဒီေန႔ကို ဘယ္လိုရွင္ေအာင္၊ အသက္ကိုခိုင္ေအာင္၊ လုပ္သြားရမလဲဆိုတဲ့ စဥ္းစားရမယ့္လူေတြက အမ်ားႀကီးထြက္လာတယ္။ ဒါက နယ္စပ္တုိ႔၊ ေတာရြာထဲက ျပည္သူျပည္သားေတြလည္း မဟုတ္ေတာ့ဘူး။ တကယ့္ၿမိဳ ႔ႀကီး - ရန္ကုန္ၿမိဳ ႔တစ္ခုကိုၾကည့္ရင္ လံုးဝကို စဥ္းစားလို႔မရႏိုင္တဲ့ ဘဝဆိုးကို ေရာက္လာတယ္။ အဲဒါေတာင္မွ သည္းခံႏိုင္တဲ့ ျမန္မာဘက္က အဲဒီလိုမ်ဳိး စစ္တပ္အာဏာရွင္လူေတြ ရိွေနတယ္ဆိုတာကိုလည္း က်ေနာ့္အေနနဲ႔ လံုးဝစဥ္းစားလို႔ မရခဲ့တဲ့ အတိတ္နမိတ္ေတြပါ။ အဲဒါေၾကာင့္ က်ေနာ္တုိ႔ ျပည္ပကေန Chance ရိွႏုိင္တဲ့ Network ကို သံုးၿပီးေတာ့ ျပည္တြင္းက လူေတြကို ျဖစ္ႏုိင္သေလာက္ အားေပးခ်င္တယ္။ ကူညီခ်င္တဲ့ စိတ္ထားတစ္ခုပါပဲ။

ေမး ။ ။ ကိုဇာနည္ ေျပာသလို။ အခုလက္ရိွ ျမန္မာႏုိင္ငံမွာ စစ္အာဏာသိမ္းမႈနဲ႔ ပတ္သက္ၿပီးေတာ့ ကိုဇာနည္တုိ႔လို ႏုိင္ငံစံုမွာ ေရာက္ေနၾကတဲ့ လူငယ္ေတြက ေတာ္ေတာ္ေလး စိတ္ဝင္တစား ရိွၾကတာကို ေတြ႔ရတယ္။ တစ္ခုခု ကူညီေပးခ်င္စိတ္ ရိွၾကတာကို ေတြ႔ရတယ္။ ကိုဇာနည္အေနနဲ႔ ျမန္မာႏုိင္ငံအတြင္းမွာ ဒီကိစၥေတြနဲ႔ ပတ္သက္ၿပီးေတာ့ ဘယ္ေလာက္အထိ ကိုယ္က နားလည္ေအာင္၊ သိရိွေအာင္ ေလ့လာေနသလဲ။ သိေအာင္လုပ္ေနသလဲဆိုတာကို ေျပာျပေပးပါရွင့္။

ေျဖ ။ ။ က်ေနာ္ကေတာ့ အမတို႔ VOA က ထုတ္လႊင့္တဲ့ သတင္းေတြ၊ RFA, BBC တို႔ အခုဆိုရင္ အဲဒီေလာက္ပါပဲ။ ၿပီးေတာ့ က်ေနာ့္ရဲ ႔ သူငယ္ခ်င္း သတင္းသမားေတြလည္း အကုန္လံုး အဖမ္းခံရတယ္။ တကယ္ဥာဏ္ရိွ၊ ပညာရိွ ေနာက္ၿပီးေတာ့ ႏုိင္ငံေတာ္ကိုခ်စ္တဲ့ စိတ္ထားရိွတဲ့ လူေတြက ဒီလိုမ်ဳိး အၾကမ္းဖက္ခံရတယ္။ ႏိွပ္စက္ခံရတယ္။ အဲဒီလိုမ်ဳိး အျဖစ္အပ်က္ေတြကို ၾကည့္တဲ့အခါမွာ က်ေနာ့္အေနနဲ႔ ဘယ္လိုမွ ေနလို႔မရဘူး။ ဒါကေတာ့ က်ေနာ္တစ္ေယာက္ထဲ မဟုတ္ပါဘူး။ က်ေနာ့္သူငယ္ခ်င္းကို ကယ္ခ်င္တယ္။ က်ေနာ့္ေဆြမ်ဳိးသားခ်င္းကို။ ေနာက္ က်ေနာ္ ေလးစားတဲ့ ပညာရွင္ေတြ၊ လူငယ္ေတြကို က်ေနာ့္အေနနဲ႔ ႀကိဳးစားၿပီး ဒီသတင္းကို ျပည္ပကို လႊင့္ခ်င္တယ္။ ဂ်ပန္ႏုိင္ငံလူငယ္ေတြ ေနာက္ၿပီးေတာ့ Fashion Industry ထဲက လူေတြနဲ႔ Entertainment Industry ေနာက္ၿပီးေတာ့ TV, News ေတြကို ျမန္မာျပည္က ရထားတဲ့ Cellphone နဲ႔ ရိုက္ထားတာတို႔ ဗီဒီယိုေတြ အကုန္လံုးကို ႀကိဳးစားၿပီးေတာ့ သူတို႔ကို ေပးသိတယ္။

ေမး ။ ။ ဂ်ပန္-ျမန္မာ ပါလီမန္ ခ်စ္ၾကည္ေရးအသင္း ဥကၠ႒ Ichiro Aisawa နဲ႔ NUG အမ်ဳိိးသားညႊန္႔ေပါင္းအစိုးရတို႔ ဧၿပီလ (၁၃) ရက္ေန႔က Online ေပၚမွာ ေဆြးေႏြးပြဲ ျဖစ္ေအာင္လို႔ ကိုဇာနည္ စီစဥ္ေပးခဲ့တယ္လို႔ သိရပါတယ္။ အဲဒီေဆြးေႏြးပြဲက ဘယ္လိုမ်ဳိး ျဖစ္လာပါလဲ။

ေျဖ ။ ။ ေျပာမယ္ဆိုရင္ေတာ့ ဒါကေတာ့ ရွင္းရွင္းေလးပါပဲ။ က်ေနာ့္ရဲ ႔ ျမန္မာသူငယ္ခ်င္းကို က်ေနာ့္ရဲ ႔ ဂ်ပန္သူငယ္ခ်င္းနဲ႔ ျပန္ဆံုေဆြးေႏြးခြင့္ရေအာင္ ဖန္တီးလိုက္တာ တစ္ခုပါပဲ။ အခု ျမန္မာႏိုင္ငံမွာ ဘယ္လိုအျဖစ္အပ်က္ေတြ ျဖစ္ေနသလဲ။ ဘယ္လို ဒုကၡေရာက္ေနသလဲ။ ဂ်ပန္ႏုိင္ငံအေနနဲ႔ ဘယ္လို သင့္ေတာ္တဲ့နည္းနဲ႔ ကူညီေပးႏုိင္မလဲ။ အဲဒါကို က်ေနာ့္အေနနဲ႔ ျပန္ဆံုေဆြးေႏြးလို႔ရေအာင္ ဒီလိုမ်ဳိး ေဆြးေႏြးလို႔ရတဲ့ လိုင္းက ရိွေနတယ္။ က်ေနာ့္မွာ အဲဒီလိုမ်ဳိး နည္းကလည္း ရိွေနတဲ့အတြက္ေၾကာင့္ က်ေနာ့္အေနနဲ႔ အသံုးခ်တယ္။ ေနာက္ၿပီးေတာ့ ဦးမန္းဝင္းခိုင္သန္းနဲ႔ Aisawa ဥကၠ႒ ဆိုတာလည္း ၂၀၁၆ တုန္းကလည္း ေတြ႔ထားတယ္။ အတူတူ ေနျပည္ေတာ္မွာ ညစာစားခဲ့ၾကတယ္။ အဲဒီတုန္းက က်ေနာ္လည္း အဲဒီမွာ ပါခဲ့ပါတယ္။ သိတဲ့အတိုင္းပါပဲ ဂ်ပန္ေတာ္ဝင္မင္းသမီး Yoko of Mikasa နဲ႔ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ မိတ္ဆက္ေပးခဲ့တယ္။ ေနာက္ ဂ်ပန္ေတာ္ဝင္ မ်ဳိးႏြယ္ထဲမွာလည္း ပထမဦးဆံုး ခရီးကိုလည္း ေအာင္ျမင္ေအာင္ ဖန္တီးခဲ့တယ္။ ဒီႏွစ္ႏုိင္ငံရဲ ႔ diplomacy ႏွစ္ႏုိင္ငံ ဆက္ဆံေရးမွာ က်ေနာ္က လႈပ္ရွားေနခဲ့တာ မ်ားေနၿပီ။ အဲဒါကိုေျပာမယ္ဆိုရင္ ဒီေန႔အထိပဲ။ က်ေနာ္က က်ေနာ့္တာဝန္ကိုေက်ေအာင္ ဖန္တီးသြားတာပါ။ က်ေနာ္က ႏုိင္ငံေရးသမားလည္း မဟုတ္ဘူး။ လူမႈေရးအေၾကာင္း၊ ႏွစ္ႏိုင္ငံရဲ ႔ ဘာသာေရးဆက္ဆံမႈ၊ ဘာသာေရးထြန္းကားမႈ၊ ခ်စ္ၾကည္ေရးေအာင္ျမင္မႈအတြက္ က်ေနာ့္မွာ တာဝန္ရိွတယ္လို႔လည္း ယံုၾကည္ေနတယ္။ အဲဒါေၾကာင့္လဲ ဒီလိုမ်ဳိး ေရစက္ေလးေတြ၊ တာဝန္ေလးေတြကလည္း သဘာဝေလွ်ာက္ က်ေနာ္ဆီ ေရာက္ရိွလာခဲ့တယ္လို႔ က်ေနာ္ ယံုၾကည္ေနပါတယ္။

ေမး ။ ။ ကိုဇာနည္က ေစာေစာကလည္း ေျပာတယ္။ အၿမဲလည္း ေျပာပါတယ္။ ႏုိင္ငံေရး လုပ္ေနတာ မဟုတ္ဘူး။ လူမႈေရး လုပ္ေနတာလို႔ ေျပာပါတယ္။ ဒါေပမဲ့ ျမန္မာႏိုင္ငံမွာ နာဂစ္မုန္တိုင္းဒဏ္ ခံရတုန္းကနဲ႔ ေရႊဝါေရာင္ သံဃာလႈပ္ရွားမႈေတြ ျဖစ္တုန္းက ျမန္မာႏိုင္ငံမွာ ျဖစ္ေနတဲ့ အေျခအေနေတြကို ဂ်ပန္က ျပည္သူေတြ အသိုင္းအဝိုင္းေတြ ပိုၿပီးေတာ့ သိေအာင္၊ နားလည္သေဘာေပါက္ေအာင္ ကိုဇာနည္ လုပ္ခဲ့တာေတြ အမ်ားႀကီး ရိွပါတယ္။ အခု ျမန္မာႏုိင္ငံမွာ စစ္အာဏာသိမ္းမႈနဲ႔ ပတ္သက္လို႔ ေနာက္ထပ္ဘာေတြလုပ္သြားဖုိ႔ အစီအစဥ္ေတြ ရိွပါသလဲရွင့္။

ေျဖ ။ ။ ေျပာမယ္ဆိုရင္ က်ေနာ့္အေနနဲ႔ စဥ္းစားေနတာ News အေနနဲ႔ မဟုတ္ဘူး။ ျမန္မာျပည္က အခုအျဖစ္အပ်က္ေတြကို ဂ်ပန္ႏုိင္ငံက လူအမ်ား တစ္ေယာက္ထက္မ်ားေအာင္ ပိုသိေအာင္ ဘယ္လိုလုပ္သင့္သလဲဆိုတာကို က်ေနာ့္ရဲ ႔ Fashion Industry အသံုးခ်ၿပီး ဂ်ပန္ႏုိင္ငံမွာရိွတဲ့ နန္းေတာ္ၿမိဳ ႔လို႔ေခၚတဲ့ တိုက်ဳိမွာရိွတဲ့ ဂင္ဇာ (Ginza) ၿမိဳ ႔ ကုန္တိုက္တစ္ခုမွာ ျမန္မာဓါတ္ပံုျပပြဲ (Photo Exhibitation) လုပ္ဖို႔ စဥ္းစားေနပါတယ္။ ဘယ္လိုဓါတ္ပံုျပပြဲ ျဖစ္လာမလဲဆိုတာေတာ့ က်ေနာ့္အေနနဲ႔ အခု Program ဆြဲေနတယ္အခ်ိန္ ျဖစ္ေနတာမို႔ ဘယ္လိုအစီအစဥ္ ျဖစ္မလဲဆိုတာကိုေတာ့ အခုေတာ့ မရေသးပါဘူး။ ျဖစ္ႏိုင္မယ္ဆိုရင္ေတာ့ က်ေနာ္က အခု ျမန္မာႏိုင္ငံရဲ ႔ အျဖစ္အပ်က္ကိုလည္း ျပေစခ်င္တယ္။ ဒါေပမဲ့ က်ေနာ္ ျပေစခ်င္တာက ျပည္သူေတြက ယံုၾကည္ခဲ့တဲ့ အစိုးရရဲ ႔ ေအာက္ထဲမွာ၊ အစိုးရရဲ ႔ အုပ္ခ်ဳပ္မႈထဲမွာ ျမန္မာျပည္သူျပည္သားေတြက ေပ်ာ္ရႊင္စိတ္တက္ၾကြ၊ လႈပ္ရွားခဲ့တဲ့ (၅) ႏွစ္ကို Focus လုပ္ၿပီး၊ Photo Exhibition လုပ္ခ်င္ပါတယ္။

ေမး ။ ။ အဓိက ေျပာခ်င္တာကေတာ့ အရင္တုန္းက လူေတြက ဘယ္ေလာက္ေပ်ာ္ေပ်ာင္ရႊင္ရႊင္ လြတ္လြတ္လပ္လပ္ ေနခဲ့တယ္။ အခု စစ္အုပ္ခ်ဳပ္မႈေအာက္မွာ လူေတြက ဘယ္ေလာက္ စိတ္ဒုကၡေတြေရာက္ၿပီး ခက္ခက္ခဲခဲ ျဖတ္သန္းေနတယ္ဆိုတာကို မီးေမာင္းထိုးျပခ်င္တဲ့ သေဘာေပါ့။

ေျဖ ။ ။ ဟုတ္ကဲ့ ေျပာတဲ့အတုိင္းပါပဲ။ ေျပာမယ္ဆိုရင္ ျမန္မာႏို္င္ငံရဲ ႔ ရက္ရက္စက္စက္ လူ႔အခြင့္အေရးေတြကို ဖ်က္ဆီးတယ္။ လူကို ႏိွပ္စက္သတ္ျဖတ္ေနတဲ့ အျဖစ္အပ်က္ေတြဆိုတာ - အဲဒါကို က်ေနာ့္အေနနဲ႔ တိုက္ရိုက္ ဂ်ပန္ျပည္သူေတြကို ျပလိုက္တဲ့အခါၾကရင္ အင္မတန္မွ လန္႔ေၾကာက္ၿပီး ျမန္မာႏုိ္င္ငံ News ကေန စိတ္ဝင္စားမႈ မရိွသြားမွာကို က်ေနာ့္အေနနဲ႔ အင္မတန္မွ စိုးရိမ္တယ္။ အဲဒီလိုမ်ဳိးလဲ မျဖစ္ေအာင္၊ ျမန္မာႏိုင္ငံကို စိတ္ဝင္စားတဲ့လူကိုလည္း ပိုၿပီးေတာ့ စိတ္ဝင္စားလာေအာင္ အခု ျမန္မာျပည္ရဲ ႔ အျဖစ္အပ်က္ကို၊ ေနာက္ၿပီးေတာ့ ဂ်ပန္အစိုးရ ဂ်ပန္ႏိုင္ငံကေနၿပီး ျမန္မာႏို္င္ငံကို ဆက္ၿပီးေတာ့ ဘယ္လိုလုပ္သင့္သလဲဆိုတာကို ဂ်ပန္ျပည္သူေတြ ေထာက္ခံလာေအာင္၊ ဂ်ပန္ျပည္သူေတြက လမ္းညႊန္ေပးႏိုင္ေအာင္ ဒီမိုကေရစႏိုင္ငံ အစစ္ျဖစ္တဲ့အတြက္ေၾကာင့္ အဲဒီနည္းကို ဖန္တီးဖို႔ Photo Exhibition ကို ဖန္တီးသင့္တယ္။ ဖန္တီိးရမယ့္ တာဝန္ရိွတယ္လို႔ က်ေနာ့္အေနနဲ႔ ဆံုးျဖတ္လိုက္တာပါ။

ေမး ။ ။ ေနာက္ဆံုးတစ္ခုကေတာ့ ကိုဇာနည္ ေစာေစာက ေျပာခဲ့သလို ဂ်ပန္မွာ ေအာင္ျမင္ေက်ာ္ၾကားတဲ့ ဖက္ရွင္ဒီဇိုင္းနာတစ္ေယာက္ျဖစ္ၿပီး၊ ဂ်ပန္ဝန္ႀကီးခ်ဳပ္ေဟာင္း Shinzo Abe တို႔ လင္မယားဆုိရင္ ကိုဇာနည္ ဖန္တီိးတဲ့ အဝတ္အစားေတြကို ပြဲတက္ဝတ္စံုေတြကိုမွ ဝတ္တဲ့အထိ ေက်ာ္ၾကားတဲ့ ဒီဇိုင္းနာတစ္ေယာက္ပါ။ ကိုဇာနည္ရဲ ႔ လက္ကိုင္အိတ္ေတြကိုလည္း ေက်ာ္ၾကားသူေတြ ကိုင္ၾကတယ္ဆုိေတာ့ အဲဒီေလာက္ ေက်ာ္ၾကားေနသူက ကိုယ္နဲ႔ အေဝးႀကီးမွာ ရိွေနတဲ့ ျမန္မာႏိုင္ငံ ျပည္သူေတြရဲ ႔ အေရးကို စိတ္ထဲမွာထားၿပီးေတာ့ လုပ္ေပးေနရတဲ့အေၾကာင္းက ဘာေၾကာင့္ပါလဲရွင့္။

ေျဖ ။ ။ ေျပာမယ္ဆိုရင္ က်ေနာ့္စိတ္နဲ႔ ျမန္မာျပည္ကို ခြဲၿပီးေတာ့ ဂ်ပန္ျပည္ ႏို္င္ငံျခားကို ေရာက္လာတာ မဟုတ္ဘူး။ ၁၉၈၈ ခုႏွစ္ ေနာက္ပိုင္း က်ေနာ့္ အေဖ၊ အေမတို႔က ဆံုးျဖတ္ၿပီး ႏိုင္ငံျခားကို ထြက္လာတာပါ။ အခုထိ က်ေနာ္က တစ္ရက္ ျမန္မာႏိုင္ငံကို ျပန္မယ့္စိတ္ထား ရိွပါတယ္။ တစ္ရက္ရက္ေပါ့။ အခု အသက္ (၃၆) ႏွစ္။ အနာဂတ္တစ္ရက္ရက္ေတာ့ ျမန္မာျပည္ကို ျပန္မယ္။ ျမန္မာျပည္မွာ ေနမယ္။ အဲဒီလိုမ်ဳိးစိတ္ထား အခုထိ ရိွပါတယ္။ က်ေနာ္က ဂ်ပန္လူမ်ဳိးလည္း အခုက ျဖစ္သြားၿပီ။ ဒါက ျမန္မာျပည္ကို မခ်စ္လိုိ႔လည္း မဟုတ္ဘူး။ ျမန္မာျပည္သူဆိုတဲ့ က်ေနာ့္ရဲ ႔ စိတ္ထားေပ်ာက္သြားတာလည္း မဟုတ္ဘူး။ ျမန္မာႏုိင္ငံမွာ လူ႔အခြင့္အေရး မရိွဘူး။ ျမန္မာလူမ်ဳိးက ျမန္မာလူမ်ဳိးအတိုင္းပဲ ဆက္ၿပီးေနထိုင္သြားရင္ လူ႔အခြင့္အေရး ဆက္မရိွႏုိင္ဘူး။ အဲဒါေၾကာင့္ ဆံုးျဖတ္လိုက္တာပါ။ အဲဒါေၾကာင့္မို႔ က်ေနာ့္အေနနဲ႔ ျမန္မာလူမ်ဳိးတစ္ေယာက္အေနနဲ႔ ရရိွသင့္တဲ့ အခြင့္အေရး၊ ရရိွသင့္တဲ့ chance ကို ရေအာင္ က်ေနာ္ ဒီလိုမ်ဳိး ဆံုးျဖတ္လိုက္တာပါ။ အဲဒါေၾကာင့္ တစ္ရက္ရက္ ျမန္မာႏုိ္င္ငံကို ျပန္ပါမယ္။ တစ္ရက္ရက္ ကိုယ္ေမြးတဲ့ေနရာမွာပဲ က်ေနာ္ဆက္ၿပီး ေနထိုင္သြားမယ္ဆိုတာကို ဆံုးျဖတ္ထားပါတယ္။ အဲဒါေၾကာင့္မို႔ ဒီလိုမ်ဳိး က်ေနာ္က ျမန္မာျပည္သူျပည္သားေတြနဲ႔ ျမန္မာသူငယ္ခ်င္းေတြနဲ႔အတူတူ ဒီလႈပ္ရွားမႈႀကီးကို အတူတူေပါင္းလုပ္ေနတယ္လို႔ ေျပာလို႔ရပါတယ္။

မစုျမတ္မြန္ ။ ။ ကိုဇာနည္ အခုလို အခ်ိန္ေပးၿပီး ေျဖၾကားေပးတဲ့အတြက္ ေက်းဇူးအမ်ားႀကီးတင္ပါတယ္ရွင့္။

ေျဖ ။ ။ ေက်းဇူးတင္ပါတယ္။


==Unicode==

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု အဆုံးသတ်ရေး ဂျပန်အစိုးရဖက်က တိုက်တွန်းလုပ်ဆောင်လာအောင် ကြိုးစားသွားမယ်လို့ ဂျပန်နိုင်ငံမှာ ကျော်ကြားတဲ့ ဖက်ရှင်ဒီဇိုင်နာ Shibuya Źarny ကပြောပါတယ်။ ဂျပန်ဝန်ကြီးချုပ်ဟောင်း Shinzo Abe သာမက၊ လူသိများထင်ရှားသူတွေအတွက် ပွဲတက်ဝတ်စုံတွေ ဖန်တီးပေးရလောက်အောင် ကျော်ကြားတဲ့ ဖက်ရှင်ဒီဇိုင်နာ Shibuya Źarny ကသူရဲ့ ကျော်ကြားမှုကို အသုံးပြုပြီး မြန်မာပြည်သူတွေအရေးကို ဆောင်ရွက်နေပါတယ်။ အခုနောက်ဆုံးဘယ်လို အရေးကိစ္စတွေ လုပ်ပေးနေသလဲဆိုတာ မစုမြတ်မွန်က ဆက်သွယ်မေးထားပါတယ်။

မေး ။ ။ ကိုဇာနည် မင်္ဂလာပါရှင့်။ VOA မြန်မာပိုင်းအစီအစဉ်က ကြိုဆိုပါတယ်ရှင့်။ ကိုဇာနည်က ဂျပန်နိုင်ငံမှာ Shibuya Zarny ဆိုပြီးတော့ အောင်မြင်ကျော်ကြားနေတဲ့ ဖက်ရှင်ဒီဇိုင်းနာတစ်ယောက် ဖြစ်တယ်။ နောက် မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့လဲ ကိုယ့်ရဲ့ကျော်ကြားမှုကို အသုံးပြုပြီးတော့ တတ်နိုင်တဲ့ဘက်ကနေ လုပ်ပေးနေသူပါ။ ဆိုတော့ မကြာခင်တုန်းကပဲ ကိုဇာနည်က လပြည့်ဖောင်ဒေးရှင်ဆိုတဲ့ ပရဟိတအဖွဲ့ကို ဖွဲ့စည်းပြီးတော့ မြန်မာနိုင်ငံမှာ ခက်ခက်ခဲခဲ ရုန်းကန်နေကြသူတွေအတွက် အကူအညီပေးမယ်လို့ ပြောပါတယ်။ အရင်ဆုံး လပြည့်ဖောင်ဒေးရှင်းအကြောင်းနဲ့ ဘယ်လို အကူအညီပေးဖို့ အစီအစဉ်တွေ လုပ်ထားသလဲဆိုတာကို သိပါရစေရှင့်။

ဖြေ ။ ။ ပြောမယ်ဆိုရင် အခု မြန်မာပြည်သူတွေအားလုံးက အခက်အခဲရောက်နေကြတယ်။ တကယ့်ကို ဘဝဆင်းရဲတဲ့ သမိုင်းထဲကို အားလုံးက ဝင်လာတယ်။ ပြည်ပမှာ ရှိနေတဲ့လူတွေနဲ့ ပြည်တွင်းမှာ ရှိနေတဲ့ မြန်မာလူမျိုးတွေ အကုန်လုံး ခံစားနေကြရတယ်။ အဲဒါကြောင့်မို့ ကျနော့်အနေနဲ့ တတ်နိုင်သလောက်။ နောက်ပြီးတော့ ကျနော့်ရဲ့ ဂျပန်နိုင်ငံမှာရှိတဲ့ သူငယ်ချင်းနဲ့ နောက်ပြီးတော့ လုပ်ငန်းရှင်တွေနဲ့ ပေါင်းပြီးတော့ foundation တစ်ခုကို ထောင်မယ်ဆိုပြီး ဆုံးဖြတ်လိုက်တာပါ။ ပြောမယ်ဆိုရင် ကျနော်က UNHCR Public Relation ကိုယ်စားလှယ်တစ်ယောက်လည်း ဖြစ်တယ်။ နောက်ပြီးတော့ ဂျပန်ဖောင်ဒေးရှင်းရဲ့ မြန်မာနိုင်ငံ စီမံကိန်းဒါရိုက်တာ (Project Advisor) လည်း ဖြစ်ခဲ့တော့ ဒီ (၁၀) နှစ် (၁၅) နှစ်အတွင်းမှာတော့ ကျနော့်အနေနဲ့ Fashion Industry နဲ့ UNHCR ကုလသမဂ္ဂတို့နဲ့ Charity လုပ်တာတို့ ဘာတို့ကြောင့် အတွေ့အကြုံက ရှိပြီသား။ ဒါပေမဲ့ တစ်ရက်ရက် ကျနော့်လက်နဲ့၊ ကျနော့်ရဲ့ အင်အားနဲ့ ကျနော့်ရဲ့ အဆက်အသွယ် Network နဲ့ မြန်မာပြည်သူပြည်သားတွေကို ထောက်ပံ့ချင်တယ်၊ ပံ့ပိုးချင်တယ်ဆိုတဲ့ စိတ်ထားကတော့ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ကျနော့်အနေနဲ့ အသက်ကလဲ ငယ်သေတယ်၊ အချိန်က မရောက်သးဘူး။ အဲဒီလိုမျိုးပဲ သတ်မှတ်ထားတယ်။ ဒီတခေါက်က ဒီလိုမျိုး စကားလှလှတွေလည်း ပြောရမယ့်အချိန်လည်း မဟုတ်ဘူး။

တကယ့်ကို ဒီနေ့ကို ဘယ်လိုရှင်အောင်၊ အသက်ကိုခိုင်အောင်၊ လုပ်သွားရမလဲဆိုတဲ့ စဉ်းစားရမယ့်လူတွေက အများကြီးထွက်လာတယ်။ ဒါက နယ်စပ်တို့၊ တောရွာထဲက ပြည်သူပြည်သားတွေလည်း မဟုတ်တော့ဘူး။ တကယ့်မြို့ကြီး - ရန်ကုန်မြို့တစ်ခုကိုကြည့်ရင် လုံးဝကို စဉ်းစားလို့မရနိုင်တဲ့ ဘဝဆိုးကို ရောက်လာတယ်။ အဲဒါတောင်မှ သည်းခံနိုင်တဲ့ မြန်မာဘက်က အဲဒီလိုမျိုး စစ်တပ်အာဏာရှင်လူတွေ ရှိနေတယ်ဆိုတာကိုလည်း ကျနော့်အနေနဲ့ လုံးဝစဉ်းစားလို့ မရခဲ့တဲ့ အတိတ်နမိတ်တွေပါ။ အဲဒါကြောင့် ကျနော်တို့ ပြည်ပကနေ Chance ရှိနိုင်တဲ့ Network ကို သုံးပြီးတော့ ပြည်တွင်းက လူတွေကို ဖြစ်နိုင်သလောက် အားပေးချင်တယ်။ ကူညီချင်တဲ့ စိတ်ထားတစ်ခုပါပဲ။

မေး ။ ။ ကိုဇာနည် ပြောသလို။ အခုလက်ရှိ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုနဲ့ ပတ်သက်ပြီးတော့ ကိုဇာနည်တို့လို နိုင်ငံစုံမှာ ရောက်နေကြတဲ့ လူငယ်တွေက တော်တော်လေး စိတ်ဝင်တစား ရှိကြတာကို တွေ့ရတယ်။ တစ်ခုခု ကူညီပေးချင်စိတ် ရှိကြတာကို တွေ့ရတယ်။ ကိုဇာနည်အနေနဲ့ မြန်မာနိုင်ငံအတွင်းမှာ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ဘယ်လောက်အထိ ကိုယ်က နားလည်အောင်၊ သိရှိအောင် လေ့လာနေသလဲ။ သိအောင်လုပ်နေသလဲဆိုတာကို ပြောပြပေးပါရှင့်။

ဖြေ ။ ။ ကျနော်ကတော့ အမတို့ VOA က ထုတ်လွှင့်တဲ့ သတင်းတွေ၊ RFA, BBC တို့ အခုဆိုရင် အဲဒီလောက်ပါပဲ။ ပြီးတော့ ကျနော့်ရဲ့ သူငယ်ချင်း သတင်းသမားတွေလည်း အကုန်လုံး အဖမ်းခံရတယ်။ တကယ်ဉာဏ်ရှိ၊ ပညာရှိ နောက်ပြီးတော့ နိုင်ငံတော်ကိုချစ်တဲ့ စိတ်ထားရှိတဲ့ လူတွေက ဒီလိုမျိုး အကြမ်းဖက်ခံရတယ်။ နှိပ်စက်ခံရတယ်။ အဲဒီလိုမျိုး အဖြစ်အပျက်တွေကို ကြည့်တဲ့အခါမှာ ကျနော့်အနေနဲ့ ဘယ်လိုမှ နေလို့မရဘူး။ ဒါကတော့ ကျနော်တစ်ယောက်ထဲ မဟုတ်ပါဘူး။ ကျနော့်သူငယ်ချင်းကို ကယ်ချင်တယ်။ ကျနော့်ဆွေမျိုးသားချင်းကို။ နောက် ကျနော် လေးစားတဲ့ ပညာရှင်တွေ၊ လူငယ်တွေကို ကျနော့်အနေနဲ့ ကြိုးစားပြီး ဒီသတင်းကို ပြည်ပကို လွှင့်ချင်တယ်။ ဂျပန်နိုင်ငံလူငယ်တွေ နောက်ပြီးတော့ Fashion Industry ထဲက လူတွေနဲ့ Entertainment Industry နောက်ပြီးတော့ TV, News တွေကို မြန်မာပြည်က ရထားတဲ့ Cellphone နဲ့ ရိုက်ထားတာတို့ ဗီဒီယိုတွေ အကုန်လုံးကို ကြိုးစားပြီးတော့ သူတို့ကို ပေးသိတယ်။

မေး ။ ။ ဂျပန်-မြန်မာ ပါလီမန် ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ Ichiro Aisawa နဲ့ NUG အမျိုးသားညွှန့်ပေါင်းအစိုးရတို့ ဧပြီလ (၁၃) ရက်နေ့က Online ပေါ်မှာ ဆွေးနွေးပွဲ ဖြစ်အောင်လို့ ကိုဇာနည် စီစဉ်ပေးခဲ့တယ်လို့ သိရပါတယ်။ အဲဒီဆွေးနွေးပွဲက ဘယ်လိုမျိုး ဖြစ်လာပါလဲ။

ဖြေ ။ ။ ပြောမယ်ဆိုရင်တော့ ဒါကတော့ ရှင်းရှင်းလေးပါပဲ။ ကျနော့်ရဲ့ မြန်မာသူငယ်ချင်းကို ကျနော့်ရဲ့ ဂျပန်သူငယ်ချင်းနဲ့ ပြန်ဆုံဆွေးနွေးခွင့်ရအောင် ဖန်တီးလိုက်တာ တစ်ခုပါပဲ။ အခု မြန်မာနိုင်ငံမှာ ဘယ်လိုအဖြစ်အပျက်တွေ ဖြစ်နေသလဲ။ ဘယ်လို ဒုက္ခရောက်နေသလဲ။ ဂျပန်နိုင်ငံအနေနဲ့ ဘယ်လို သင့်တော်တဲ့နည်းနဲ့ ကူညီပေးနိုင်မလဲ။ အဲဒါကို ကျနော့်အနေနဲ့ ပြန်ဆုံဆွေးနွေးလို့ရအောင် ဒီလိုမျိုး ဆွေးနွေးလို့ရတဲ့ လိုင်းက ရှိနေတယ်။ ကျနော့်မှာ အဲဒီလိုမျိုး နည်းကလည်း ရှိနေတဲ့အတွက်ကြောင့် ကျနော့်အနေနဲ့ အသုံးချတယ်။ နောက်ပြီးတော့ ဦးမန်းဝင်းခိုင်သန်းနဲ့ Aisawa ဥက္ကဋ္ဌ ဆိုတာလည်း ၂၀၁၆ တုန်းကလည်း တွေ့ထားတယ်။ အတူတူ နေပြည်တော်မှာ ညစာစားခဲ့ကြတယ်။ အဲဒီတုန်းက ကျနော်လည်း အဲဒီမှာ ပါခဲ့ပါတယ်။ သိတဲ့အတိုင်းပါပဲ ဂျပန်တော်ဝင်မင်းသမီး Yoko of Mikasa နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မိတ်ဆက်ပေးခဲ့တယ်။ နောက် ဂျပန်တော်ဝင် မျိုးနွယ်ထဲမှာလည်း ပထမဦးဆုံး ခရီးကိုလည်း အောင်မြင်အောင် ဖန်တီးခဲ့တယ်။ ဒီနှစ်နိုင်ငံရဲ့ diplomacy နှစ်နိုင်ငံ ဆက်ဆံရေးမှာ ကျနော်က လှုပ်ရှားနေခဲ့တာ များနေပြီ။ အဲဒါကိုပြောမယ်ဆိုရင် ဒီနေ့အထိပဲ။ ကျနော်က ကျနော့်တာဝန်ကိုကျေအောင် ဖန်တီးသွားတာပါ။ ကျနော်က နိုင်ငံရေးသမားလည်း မဟုတ်ဘူး။ လူမှုရေးအကြောင်း၊ နှစ်နိုင်ငံရဲ့ ဘာသာရေးဆက်ဆံမှု၊ ဘာသာရေးထွန်းကားမှု၊ ချစ်ကြည်ရေးအောင်မြင်မှုအတွက် ကျနော့်မှာ တာဝန်ရှိတယ်လို့လည်း ယုံကြည်နေတယ်။ အဲဒါကြောင့်လဲ ဒီလိုမျိုး ရေစက်လေးတွေ၊ တာဝန်လေးတွေကလည်း သဘာဝလျှောက် ကျနော်ဆီ ရောက်ရှိလာခဲ့တယ်လို့ ကျနော် ယုံကြည်နေပါတယ်။

မေး ။ ။ ကိုဇာနည်က စောစောကလည်း ပြောတယ်။ အမြဲလည်း ပြောပါတယ်။ နိုင်ငံရေး လုပ်နေတာ မဟုတ်ဘူး။ လူမှုရေး လုပ်နေတာလို့ ပြောပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ နာဂစ်မုန်တိုင်းဒဏ် ခံရတုန်းကနဲ့ ရွှေဝါရောင် သံဃာလှုပ်ရှားမှုတွေ ဖြစ်တုန်းက မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အခြေအနေတွေကို ဂျပန်က ပြည်သူတွေ အသိုင်းအဝိုင်းတွေ ပိုပြီးတော့ သိအောင်၊ နားလည်သဘောပေါက်အောင် ကိုဇာနည် လုပ်ခဲ့တာတွေ အများကြီး ရှိပါတယ်။ အခု မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုနဲ့ ပတ်သက်လို့ နောက်ထပ်ဘာတွေလုပ်သွားဖို့ အစီအစဉ်တွေ ရှိပါသလဲရှင့်။

ဖြေ ။ ။ ပြောမယ်ဆိုရင် ကျနော့်အနေနဲ့ စဉ်းစားနေတာ News အနေနဲ့ မဟုတ်ဘူး။ မြန်မာပြည်က အခုအဖြစ်အပျက်တွေကို ဂျပန်နိုင်ငံက လူအများ တစ်ယောက်ထက်များအောင် ပိုသိအောင် ဘယ်လိုလုပ်သင့်သလဲဆိုတာကို ကျနော့်ရဲ့ Fashion Industry အသုံးချပြီး ဂျပန်နိုင်ငံမှာရှိတဲ့ နန်းတော်မြို့လို့ခေါ်တဲ့ တိုကျိုမှာရှိတဲ့ ဂင်ဇာ (Ginza) မြို့ ကုန်တိုက်တစ်ခုမှာ မြန်မာဓါတ်ပုံပြပွဲ (Photo Exhibitation) လုပ်ဖို့ စဉ်းစားနေပါတယ်။ ဘယ်လိုဓါတ်ပုံပြပွဲ ဖြစ်လာမလဲဆိုတာတော့ ကျနော့်အနေနဲ့ အခု Program ဆွဲနေတယ်အချိန် ဖြစ်နေတာမို့ ဘယ်လိုအစီအစဉ် ဖြစ်မလဲဆိုတာကိုတော့ အခုတော့ မရသေးပါဘူး။ ဖြစ်နိုင်မယ်ဆိုရင်တော့ ကျနော်က အခု မြန်မာနိုင်ငံရဲ့ အဖြစ်အပျက်ကိုလည်း ပြစေချင်တယ်။ ဒါပေမဲ့ ကျနော် ပြစေချင်တာက ပြည်သူတွေက ယုံကြည်ခဲ့တဲ့ အစိုးရရဲ့ အောက်ထဲမှာ၊ အစိုးရရဲ့ အုပ်ချုပ်မှုထဲမှာ မြန်မာပြည်သူပြည်သားတွေက ပျော်ရွှင်စိတ်တက်ကြွ၊ လှုပ်ရှားခဲ့တဲ့ (၅) နှစ်ကို Focus လုပ်ပြီး၊ Photo Exhibition လုပ်ချင်ပါတယ်။

မေး ။ ။ အဓိက ပြောချင်တာကတော့ အရင်တုန်းက လူတွေက ဘယ်လောက်ပျော်ပျောင်ရွှင်ရွှင် လွတ်လွတ်လပ်လပ် နေခဲ့တယ်။ အခု စစ်အုပ်ချုပ်မှုအောက်မှာ လူတွေက ဘယ်လောက် စိတ်ဒုက္ခတွေရောက်ပြီး ခက်ခက်ခဲခဲ ဖြတ်သန်းနေတယ်ဆိုတာကို မီးမောင်းထိုးပြချင်တဲ့ သဘောပေါ့။

ဖြေ ။ ။ ဟုတ်ကဲ့ ပြောတဲ့အတိုင်းပါပဲ။ ပြောမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ရက်ရက်စက်စက် လူ့အခွင့်အရေးတွေကို ဖျက်ဆီးတယ်။ လူကို နှိပ်စက်သတ်ဖြတ်နေတဲ့ အဖြစ်အပျက်တွေဆိုတာ - အဲဒါကို ကျနော့်အနေနဲ့ တိုက်ရိုက် ဂျပန်ပြည်သူတွေကို ပြလိုက်တဲ့အခါကြရင် အင်မတန်မှ လန့်ကြောက်ပြီး မြန်မာနိုင်ငံ News ကနေ စိတ်ဝင်စားမှု မရှိသွားမှာကို ကျနော့်အနေနဲ့ အင်မတန်မှ စိုးရိမ်တယ်။ အဲဒီလိုမျိုးလဲ မဖြစ်အောင်၊ မြန်မာနိုင်ငံကို စိတ်ဝင်စားတဲ့လူကိုလည်း ပိုပြီးတော့ စိတ်ဝင်စားလာအောင် အခု မြန်မာပြည်ရဲ့ အဖြစ်အပျက်ကို၊ နောက်ပြီးတော့ ဂျပန်အစိုးရ ဂျပန်နိုင်ငံကနေပြီး မြန်မာနိုင်ငံကို ဆက်ပြီးတော့ ဘယ်လိုလုပ်သင့်သလဲဆိုတာကို ဂျပန်ပြည်သူတွေ ထောက်ခံလာအောင်၊ ဂျပန်ပြည်သူတွေက လမ်းညွှန်ပေးနိုင်အောင် ဒီမိုကရေစနိုင်ငံ အစစ်ဖြစ်တဲ့အတွက်ကြောင့် အဲဒီနည်းကို ဖန်တီးဖို့ Photo Exhibition ကို ဖန်တီးသင့်တယ်။ ဖန်တီးရမယ့် တာဝန်ရှိတယ်လို့ ကျနော့်အနေနဲ့ ဆုံးဖြတ်လိုက်တာပါ။

မေး ။ ။ နောက်ဆုံးတစ်ခုကတော့ ကိုဇာနည် စောစောက ပြောခဲ့သလို ဂျပန်မှာ အောင်မြင်ကျော်ကြားတဲ့ ဖက်ရှင်ဒီဇိုင်းနာတစ်ယောက်ဖြစ်ပြီး၊ ဂျပန်ဝန်ကြီးချုပ်ဟောင်း Shinzo Abe တို့ လင်မယားဆိုရင် ကိုဇာနည် ဖန်တီးတဲ့ အဝတ်အစားတွေကို ပွဲတက်ဝတ်စုံတွေကိုမှ ဝတ်တဲ့အထိ ကျော်ကြားတဲ့ ဒီဇိုင်းနာတစ်ယောက်ပါ။ ကိုဇာနည်ရဲ့ လက်ကိုင်အိတ်တွေကိုလည်း ကျော်ကြားသူတွေ ကိုင်ကြတယ်ဆိုတော့ အဲဒီလောက် ကျော်ကြားနေသူက ကိုယ်နဲ့ အဝေးကြီးမှာ ရှိနေတဲ့ မြန်မာနိုင်ငံ ပြည်သူတွေရဲ့ အရေးကို စိတ်ထဲမှာထားပြီးတော့ လုပ်ပေးနေရတဲ့အကြောင်းက ဘာကြောင့်ပါလဲရှင့်။

ဖြေ ။ ။ ပြောမယ်ဆိုရင် ကျနော့်စိတ်နဲ့ မြန်မာပြည်ကို ခွဲပြီးတော့ ဂျပန်ပြည် နိုင်ငံခြားကို ရောက်လာတာ မဟုတ်ဘူး။ ၁၉၈၈ ခုနှစ် နောက်ပိုင်း ကျနော့် အဖေ၊ အမေတို့က ဆုံးဖြတ်ပြီး နိုင်ငံခြားကို ထွက်လာတာပါ။ အခုထိ ကျနော်က တစ်ရက် မြန်မာနိုင်ငံကို ပြန်မယ့်စိတ်ထား ရှိပါတယ်။ တစ်ရက်ရက်ပေါ့။ အခု အသက် (၃၆) နှစ်။ အနာဂတ်တစ်ရက်ရက်တော့ မြန်မာပြည်ကို ပြန်မယ်။ မြန်မာပြည်မှာ နေမယ်။ အဲဒီလိုမျိုးစိတ်ထား အခုထိ ရှိပါတယ်။ ကျနော်က ဂျပန်လူမျိုးလည်း အခုက ဖြစ်သွားပြီ။ ဒါက မြန်မာပြည်ကို မချစ်လို့လည်း မဟုတ်ဘူး။ မြန်မာပြည်သူဆိုတဲ့ ကျနော့်ရဲ့ စိတ်ထားပျောက်သွားတာလည်း မဟုတ်ဘူး။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး မရှိဘူး။ မြန်မာလူမျိုးက မြန်မာလူမျိုးအတိုင်းပဲ ဆက်ပြီးနေထိုင်သွားရင် လူ့အခွင့်အရေး ဆက်မရှိနိုင်ဘူး။ အဲဒါကြောင့် ဆုံးဖြတ်လိုက်တာပါ။ အဲဒါကြောင့်မို့ ကျနော့်အနေနဲ့ မြန်မာလူမျိုးတစ်ယောက်အနေနဲ့ ရရှိသင့်တဲ့ အခွင့်အရေး၊ ရရှိသင့်တဲ့ chance ကို ရအောင် ကျနော် ဒီလိုမျိုး ဆုံးဖြတ်လိုက်တာပါ။ အဲဒါကြောင့် တစ်ရက်ရက် မြန်မာနိုင်ငံကို ပြန်ပါမယ်။ တစ်ရက်ရက် ကိုယ်မွေးတဲ့နေရာမှာပဲ ကျနော်ဆက်ပြီး နေထိုင်သွားမယ်ဆိုတာကို ဆုံးဖြတ်ထားပါတယ်။ အဲဒါကြောင့်မို့ ဒီလိုမျိုး ကျနော်က မြန်မာပြည်သူပြည်သားတွေနဲ့ မြန်မာသူငယ်ချင်းတွေနဲ့အတူတူ ဒီလှုပ်ရှားမှုကြီးကို အတူတူပေါင်းလုပ်နေတယ်လို့ ပြောလို့ရပါတယ်။

မစုမြတ်မွန် ။ ။ ကိုဇာနည် အခုလို အချိန်ပေးပြီး ဖြေကြားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။

ဖြေ ။ ။ ကျေးဇူးတင်ပါတယ်။

XS
SM
MD
LG