သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကရင္ျပည္နယ္နဲ႔ ပဲခူးတိုင္း ေက်းရြာတခ်ိဳ႕ဆႏၵျပမႈ ၿမိဳ႕ေပၚတက္မရေအာင္တားဆီးခံရ


ကရင္ျပည္နယ္ ေကာ့ကရိတ္နဲ႔ က်ံဳဒိုးျမိဳ႕နယ္ေတြက ျမိဳ႕ခံေတြရဲ႕ ဆႏၵျပပဲြ ျမင္ကြင္းမ်ား။ (ဓာတ္ပံု - KIC - မတ္ ၉ ၊ ၂၀၂၁)

[Zawgyi/Unicode]

ကရင္ျပည္နယ္အတြင္း စစ္အုပ္ခ်ဳပ္ေရးေကာင္စီကုိ ဆန္႔က်င္ကန္႔ကြက္တဲ့ ဆႏၵျပမႈေတြ ေနရာအႏွံ႔မွာ ျဖစ္ေပၚေနတာမွာ တခ်ိဳ႕ေနရာေတြကေတာ့ ၿမိဳ႕ေပၚလမ္းေတြမွာ လက္နက္ကုိင္တပ္ဖြဲ႔ေတြရဲ႕ ပိတ္ဆို႔တားဆီးတာေတြ ခံေနၾကရပါတယ္။ အျပည့္အစုံကုိေတာ့ မေအးေအးမာကေျပာျပေပးမွာပါ။

ကရင္ျပည္နယ္ ဘားအံ၊ ေကာ့ကရိတ္နဲ႔ ပဲခူးတိုင္းနဲ႔ကပ္ေနတဲ့ ေက်ာက္ႀကီး တနသၤာရီတုိင္းထား၀ယ္နဲ႔ ကပ္လ်က္ရွိေနတဲ့ျမိဳ႕နယ္ေတြမွာ ေထာင္နဲ႔ခ်ီရွိတဲ့ လူုထုဆႏၵျပပဲြေတြ ရွိေနျပီး ျမိဳ႕ေပၚလမ္းမႀကီးေတြကို တက္လို႔မရေအာင္ တားဆီး ပိတ္ဆုိ႔မႈေတြရွိေနေၾကာင္း ကရင္သတင္းစဥ္ရဲ႕ အမႈေဆာင္အယ္ဒီတာခ်ဳပ္ နန္းေဖာေဂကေျပာျပပါတယ္။

ကရင္ျပည္နယ္ ေကာ့ကရိတ္နဲ႔ က်ံဳဒိုးျမိဳ႕နယ္ေတြက ျမိဳ႕ခံေတြရဲ႕ ဆႏၵျပပဲြ ျမင္ကြင္းမ်ား။ (ဓာတ္ပံု - KIC - မတ္ ၉ ၊ ၂၀၂၁)
ကရင္ျပည္နယ္ ေကာ့ကရိတ္နဲ႔ က်ံဳဒိုးျမိဳ႕နယ္ေတြက ျမိဳ႕ခံေတြရဲ႕ ဆႏၵျပပဲြ ျမင္ကြင္းမ်ား။ (ဓာတ္ပံု - KIC - မတ္ ၉ ၊ ၂၀၂၁)

"ေကာ့ကရိတ္ ျမ၀တီသြားတဲ့ အာရွလမ္းမႀကီးရွိတယ္။ လမ္းေၾကာတဘက္တခ်က္ လမ္းေၾကာတဘက္တခ်က္ ေကာ့ကရိတ္ေတာင္ပုိင္းေပါ့... လမ္းဘက္ တျခမ္းက ေကာ့ကရိတ္ျမိဳ႕ထဲ အ၀င္မခံဘဲ ရဲနဲ႔ စစ္တပ္ကေတာ့ ေစာင့္ေနၾကတယ္။ ဒီမနက္ကေတာ့ ေဒါန အေရွ႕ဘက္ျခမ္း ျမ၀တီျမိဳ႕နယ္ထဲက ေဒသခံေတြကေတာ့ အတိအက်သိရတာ ေလးေကေကာ္မေရာက္ခင္တေနရာမွာလည္း ရဲနဲ႔ စစ္တပ္က ေစာင့္ျပီးတားတာရွိတယ္။ အတားအဆီးခံရတယ္။ ျဖိဳခဲြတာ၊ ပစ္ခတ္တာေတြေတာ့ မရွိဘူး။ ဒါေပမဲ့ သူတို႔ကေတာ့ ဆက္သြားၾကတယ္။ ေက်ာက္ႀကီးျမိဳ႕နယ္ထဲက ေက်းရြာအုပ္စု ၇ စုက ရြာေပါင္း၂၀ ေလာက္က ေဒသခံေတြဆႏၵထုတ္ေဖာ္တယ္။ အေရအတြက္က လူဦးေရ ၃,၀၀၀ နီးပါးေလာက္ရွိတယ္။ ေက်းရြာေတြကေန ေက်ာက္ႀကီးျမိဳ႕နယ္ထဲ ဆႏၵျပဖိုိ႔လုပ္တယ္။ ဒါေပမဲ့ အတားအဆီးခံရတယ္။ ၿမိဳ႕ေပၚမတက္ေတာ့ဘဲ အဲဒီမွာ သူတို႔ လူစုခဲြရတယ္။"

တနသၤာရီတုိင္း နီးတဲ့ ေနရာမွာေတာ့ မေန႔က ဆႏၵျပပဲြကို လက္နက္ကိုင္ထားတဲ့ ေကအန္ယူတပ္သားေတြကေရွ႕ကေန ဦးေဆာင္ျပီး ထြက္ေပးေနတာေတြ ရွိတယ္လို႔လည္းဆိုပါတယ္။

"ရြာသားေတြခ်ည္းပဲ မဟုတ္ဘဲနဲ႔ ေရွ႕ကေန KNU တပ္မဟာ (၄) ဘက္မွာ ယူနီေဖာင္းအနက္နဲ႔ လက္နက္ကုိင္ျပီး ေရွ႕က အရင္သြားေပးတယ္။ အေရွ႕နဲ႔ေဘးမွာ guard လုပ္ေပးျပီး သြားတာရွိတယ္။"

ကရင္ျပည္နယ္အတြင္းမွာ ဆႏၵျပပဲြေတြသာမက စစ္တပ္ေတြ ထိန္းခ်ဳပ္ရာေနရာတခ်ိဳ႕မွာလက္နက္ႀကီးက်တာ ရွိတယ္လို ့ေဒသခံဆီက သိရေၾကာင္းကိုလည္းေျပာျပပါတယ္။

"စစ္တပ္ ၂၀၄ ၀န္းထဲကို လက္နက္ႀကီးက်တယ္လို႔ နယ္ေျမခံေတြက ေျပာဆိုတာရွိတယ္။ အဲဒီလိုေျပာတာရွိေပမဲ့ အတိေတာ့မျပဳႏုိင္ေသးဘူး။ ဘိလပ္ေျမစက္ရံုေတြကလည္း ဦးပုိင္က ပုိင္ဆိုတာဆုိေတာ့ ေလျမိဳင္က ေလးဘက္မွာေတာ့ ဘားအံအေနာက္ဘက္ကမ္းျမိဳင္ကေလးဘက္မွာေတာ့ စစ္တပ္ေနရာေတြရွိတယ္။"

ကရင္ျပည္နယ္အတြင္းမွာ ျမန္မာစစ္တပ္နဲ႔ အပစ္အခတ္ရပ္စဲထားတဲ့ ကရင္လက္နက္ကုိင္ေတြ ရိွတာေၾကာင့္ ထိပ္တုိက္ေတြ႔မႈေတြ မျဖစ္ေအာင္၊ အတတ္ႏိုင္ဆံုး ပစ္ခတ္မႈေတြမျဖစ္ေအာင္ စစ္တပ္ဘက္က ညိွႏိႈင္းတာေတြ ရွိတယ္လုိ႔လည္း ဆိုပါတယ္။ လက္ရွိမွာေတာ့ စစ္ေကာင္စီ အုပ္ခ်ဳပ္ေနတဲ့ ကာလအတြင္း ကရင္ျပည္နယ္မွာ ပစ္ခတ္မႈ၊ ဖမ္းဆီးမႈေတြ အနည္းငယ္သာရွိေပမဲ့ ေသဆံုးတာမ်ိဳးေတြေတာ့ မရွိေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကရင်ပြည်နယ်နဲ့ ပဲခူးတိုင်း ကျေးရွာတချို့ဆန္ဒပြမှု မြို့ပေါ်တက်မရအောင်တားဆီးခံရ

ကရင်ပြည်နယ်အတွင်း စစ်အုပ်ချုပ်ရေးကောင်စီကို ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြမှုတွေ နေရာအနှံ့မှာ ဖြစ်ပေါ်နေတာမှာ တချို့နေရာတွေကတော့ မြို့ပေါ်လမ်းတွေမှာ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ပိတ်ဆို့တားဆီးတာတွေ ခံနေကြရပါတယ်။ အပြည့်အစုံကိုတော့ မအေးအေးမာကပြောပြပေးမှာပါ။

ကရင်ပြည်နယ် ဘားအံ၊ ကော့ကရိတ်နဲ့ ပဲခူးတိုင်းနဲ့ကပ်နေတဲ့ ကျောက်ကြီး တနင်္သာရီတိုင်းထားဝယ်နဲ့ ကပ်လျက်ရှိနေတဲ့မြို့နယ်တွေမှာ ထောင်နဲ့ချီရှိတဲ့ လူုထုဆန္ဒပြပွဲတွေ ရှိနေပြီး မြို့ပေါ်လမ်းမကြီးတွေကို တက်လို့မရအောင် တားဆီး ပိတ်ဆို့မှုတွေရှိနေကြောင်း ကရင်သတင်းစဉ်ရဲ့ အမှုဆောင်အယ်ဒီတာချုပ် နန်းဖောဂေကပြောပြပါတယ်။

"ကော့ကရိတ် မြဝတီသွားတဲ့ အာရှလမ်းမကြီးရှိတယ်။ လမ်းကြောတဘက်တချက် လမ်းကြောတဘက်တချက် ကော့ကရိတ်တောင်ပိုင်းပေါ့... လမ်းဘက် တခြမ်းက ကော့ကရိတ်မြို့ထဲ အဝင်မခံဘဲ ရဲနဲ့ စစ်တပ်ကတော့ စောင့်နေကြတယ်။ ဒီမနက်ကတော့ ဒေါန အရှေ့ဘက်ခြမ်း မြဝတီမြို့နယ်ထဲက ဒေသခံတွေကတော့ အတိအကျသိရတာ လေးကေကော်မရောက်ခင်တနေရာမှာလည်း ရဲနဲ့ စစ်တပ်က စောင့်ပြီးတားတာရှိတယ်။ အတားအဆီးခံရတယ်။ ဖြိုခွဲတာ၊ ပစ်ခတ်တာတွေတော့ မရှိဘူး။ ဒါပေမဲ့ သူတို့ကတော့ ဆက်သွားကြတယ်။ ကျောက်ကြီးမြို့နယ်ထဲက ကျေးရွာအုပ်စု ၇ စုက ရွာပေါင်း၂၀ လောက်က ဒေသခံတွေဆန္ဒထုတ်ဖော်တယ်။ အရေအတွက်က လူဦးရေ ၃,၀၀၀ နီးပါးလောက်ရှိတယ်။ ကျေးရွာတွေကနေ ကျောက်ကြီးမြို့နယ်ထဲ ဆန္ဒပြဖို့လုပ်တယ်။ ဒါပေမဲ့ အတားအဆီးခံရတယ်။ မြို့ပေါ်မတက်တော့ဘဲ အဲဒီမှာ သူတို့ လူစုခွဲရတယ်။"

တနင်္သာရီတိုင်း နီးတဲ့ နေရာမှာတော့ မနေ့က ဆန္ဒပြပွဲကို လက်နက်ကိုင်ထားတဲ့ ကေအန်ယူတပ်သားတွေကရှေ့ကနေ ဦးဆောင်ပြီး ထွက်ပေးနေတာတွေ ရှိတယ်လို့လည်းဆိုပါတယ်။

"ရွာသားတွေချည်းပဲ မဟုတ်ဘဲနဲ့ ရှေ့ကနေ KNU တပ်မဟာ (၄) ဘက်မှာ ယူနီဖောင်းအနက်နဲ့ လက်နက်ကိုင်ပြီး ရှေ့က အရင်သွားပေးတယ်။ အရှေ့နဲ့ဘေးမှာ guard လုပ်ပေးပြီး သွားတာရှိတယ်။"

ကရင်ပြည်နယ်အတွင်းမှာ ဆန္ဒပြပွဲတွေသာမက စစ်တပ်တွေ ထိန်းချုပ်ရာနေရာတချို့မှာလက်နက်ကြီးကျတာ ရှိတယ်လို့ဒေသခံဆီက သိရကြောင်းကိုလည်းပြောပြပါတယ်။

"စစ်တပ် ၂၀၄ ဝန်းထဲကို လက်နက်ကြီးကျတယ်လို့ နယ်မြေခံတွေက ပြောဆိုတာရှိတယ်။ အဲဒီလိုပြောတာရှိပေမဲ့ အတိတော့မပြုနိုင်သေးဘူး။ ဘိလပ်မြေစက်ရုံတွေကလည်း ဦးပိုင်က ပိုင်ဆိုတာဆိုတော့ လေမြိုင်က လေးဘက်မှာတော့ ဘားအံအနောက်ဘက်ကမ်းမြိုင်ကလေးဘက်မှာတော့ စစ်တပ်နေရာတွေရှိတယ်။"

ကရင်ပြည်နယ်အတွင်းမှာ မြန်မာစစ်တပ်နဲ့ အပစ်အခတ်ရပ်စဲထားတဲ့ ကရင်လက်နက်ကိုင်တွေ ရှိတာကြောင့် ထိပ်တိုက်တွေ့မှုတွေ မဖြစ်အောင်၊ အတတ်နိုင်ဆုံး ပစ်ခတ်မှုတွေမဖြစ်အောင် စစ်တပ်ဘက်က ညှိနှိုင်းတာတွေ ရှိတယ်လို့လည်း ဆိုပါတယ်။ လက်ရှိမှာတော့ စစ်ကောင်စီ အုပ်ချုပ်နေတဲ့ ကာလအတွင်း ကရင်ပြည်နယ်မှာ ပစ်ခတ်မှု၊ ဖမ်းဆီးမှုတွေ အနည်းငယ်သာရှိပေမဲ့ သေဆုံးတာမျိုးတွေတော့ မရှိသေးပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG