သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

CRPH ခန္႔ ႏိုင္ငံျခားေရးဝန္ႀကီး ေဒၚဇင္မာေအာင္နဲ႔ ဆက္သြယ္ေမးျမန္းခ်က္


CRPH က ခန္႔ထားတဲ့ ႏိုင္ငံျခားေရးဝန္ႀကီး ေဒၚဇင္မာေအာင္။

[Zawgyi/Unicode]

ICCPR အပါအဝင္ လူ႔အခြင့္အေရးႏိုင္ငံတကာ စာခ်ဳပ္စာတမ္းေတြ လက္မွတ္ထိုးႏိုင္ဖို႔ စစ္အုပ္ခ်ဳပ္ေကာင္စီ တရားဝင္မႈ မရေအာင္ေခ်ဖ်က္ႏိုင္ဖို႔နဲ႔ တိုင္းရင္းသားအင္အားစုေတြနဲ႔ ညိွႏိႈင္းေဆြးေႏြးႏိ္ုင္ဖို႔ CRPH အေနနဲ႔ ေခတၱဒုသမၼတနဲ႔ ေခတၱဝန္ႀကီးေတြကို ခန္႔ထားတာျဖစ္တယ္လို႔ CRPH က ခန္႔ထားတဲ့ ႏိုင္ငံျခားေရးဝန္ႀကီး ေဒၚဇင္မာေအာင္က ဗြီအိုေအကို ေျပာပါတယ္။ ႏိ္ုင္ငံတကာက ျမန္မာသံတမန္ေတြအေနနဲ႔ CRPH နဲ႔ ကိုုယ္စားျပဳရပ္တည္ႏိုင္ဖို႔ကိုလည္း ဆက္သြယ္ေဆာင္ရြက္ေနတယ္လို႔ ေဒၚဇင္မာေအာင္က ေျပာပါတယ္။ မအင္ၾကင္းႏိုင္က ဆက္သြယ္ေမးျမန္းထားပါတယ္။

မအင္ၾကင္းႏိုင္။ ။ အခု မဇင္မာေအာင္တို႔က ယာယီအစိုးရကို ဖဲြ႔စည္းလိုက္တယ္ဆိုတဲ့ အေျခအေနျဖစ္ၿပီလားရွင့္။

ေဒၚဇင္မာေအာင္။ ။ အသံုးအႏႈန္းကေတာ့ acting လို႔ က်မတို႔ သံုးတယ္ေပါ့ေနာ္။ တခ်ိဳ႕ကိစၥေတြမွာ အစိုးရအတြက္ ကိုယ္စား ေျပာရဆိုရ၊ လုပ္ရတဲ့အေနအထားရွိလာႏိုင္တယ္ protocol ေတြအရ။ ဆိုေတာ့ ဒါေၾကာင့္မို႔လို႔ acting minister ေတြ ဖဲြ႔ဖို႔ က်မတို႔ ပထမ ဆံုးျဖတ္ပါတယ္။ ေနာက္တခုက က်မတို႔ ျဖစ္လာႏိုင္တဲ့ အခင္းအက်ဥ္းေတြရွိတယ္။ ဥပမာ က်မတို႔ ICCPR မွာ လက္မွတ္ထိုးမလား အစရွိသျဖင့္ေပါ့။ အထူးသျဖင့္တခ်ိဳ႕ေသာ international treaty ေတြ လက္မွတ္ထိုးတဲ့ေနရာမွာ က်မတို႔ CRPH အေနနဲ႔ လႊတ္ေတာ္အေနနဲ႔ ေထာက္ခံေပးရတာမ်ိဳးေတြရွိတယ္။ သို႔ေသာ္ တိုက္ရိုက္လက္မွတ္ထိုးတာမ်ိဳး၊ အလုပ္လုပ္တာမ်ိဳးက်ရင္ေတာ့ ဒီ executive က လုပ္ရတဲ့ အေနအထားမ်ိဳးရွိတယ္ေပါ့ေနာ္။ ဒါေၾကာင့္မို႔လို႔ သမၼတလိုမ်ိဳး လိုလာတယ္ေပါ့ေနာ္။ အဓိကကေတာ့ ဒီ minister ေတြရဲ႕ အလုပ္က စစ္ေကာင္စီရဲ႕ လုပ္သမွ်ကို delegitimize လုပ္မယ္။ ေနာက္ၿပီးေတာ့ ဒီလႈပ္ရွားမႈကို ပိုအားေကာင္းေအာင္ ဘယ္လိုနည္းနဲ႔ ပို support ျဖစ္ေအာင္ လုပ္မယ္။ ႏိုင္ငံတကာ ဘဏ္ေတြမွာေရာ၊ ေနာက္ၿပီးေတာ့ ေငြေရးေၾကးေရးဆိုင္ရာ ကိစၥမ်ိဳးေတြမွာ က်မတို႔ freeze လုပ္ရတာေတြကို ဘယ္လိုလုပ္မလဲေပါ့ေနာ္ စီမံဝန္ၾကီးအေနနဲ႔... အစရွိသျဖင့္ေပါ့ေနာ္။ ဥပမာ ဆရာၾကီးေဒါက္တာ ေဇာ္ေဝစိုးတို႔ဆိုရင္ CDM လုပ္ငန္းေတြနဲ႔ တျခား ဝန္ထမ္းေတြရဲ႕ လုပ္ထံုးလုပ္နည္းဆိုင္ရာေတြကို က်မတို႔ ဘယ္လို encourage လုပ္မလဲဆိုတာ။ ေနာက္ သမၼတရံုးဝန္ၾကီးဆိုလည္း ဒီအတိုင္းပဲ... စစ္အုပ္ခ်ဳပ္ေရးဘက္ဆိုင္ရာ စစ္ေကာင္စီရဲ႕ ထုတ္သမွ်ကို က်မတို႔ counter ဘယ္လို ျပန္လုပ္မလဲဆိုတဲ့ အေနအထားမ်ိဳးနဲ႔ ဖဲြ႔လိုက္တာ ျဖစ္ပါတယ္လို႔။ ေနာက္တပိုင္းကက်ေတာ့ more inclusive ဒီကာလဟာ ႏိုင္ငံေရးအတြက္ တိုင္းရင္းသား ဒီ federal ကို သြားဖို႔ေရာ၊ ေနာက္ၿပီးေတာ့ တိုင္းရင္းသားႏိုင္ငံေရး အင္အားစုေတြနဲ႔ေရာ စကားေျပာၿပီးေတာ့ platform တခုကို တည္ေဆာက္ရမယ့္ အခ်ိန္ကာလျဖစ္တယ္။

မအင္ၾကင္းႏိုင္။ ။ အထူးသျဖင့္ ကုလသမဂၢနဲ႔ ႏိုင္ငံတကာအသိုင္းအဝိုင္းရဲ႕ အသိအမွတ္ျပဳမႈအတိုင္းအတာေပါ့ေနာ္... ဒီ ယာယီဝန္ၾကီးေတြအေပၚမွာဆိုတဲ့ဟာေရာ ဘယ္လိုရွိသလဲရွင့္။

ေဒၚဇင္မာေအာင္။ ။ အထူးအားျဖင့္ သံအမတ္ၾကီး ဦးေက်ာ္မိုးထြန္းကေတာ့ က်မတို႔ရဲ႕ credential ျဖစ္တယ္။ အဲဒီေတာ့ က်မတို႔က ဒီ credential အရ လိုအပ္တဲ့ အေနအထားမ်ိဳးေတြမွာ ဒီ diplomatic front line ကေနၿပီးေတာ့ သံအမတ္ၾကီး ဦးေက်ာ္မိုးထြန္းကို က်မတို႔ သူကေနၿပီးေတာ့ တဆင့္ သြားပါတယ္ ... တရားဝင္အစိုးရရဲ႕ အသံအေနနဲ႔။ ထို႔အတူ လူေတာ္ေတာ္မ်ားမ်ား ... ႏိုင္ငံျခားေရးက တာဝန္ရွိတဲ့သူေတြနဲ႔ က်မတို႔ ေတြ႔တယ္။ တခါတေလ က်မေတြ႔တယ္၊ တခါတေလ က်မတို႔ ႏိုင္ငံျခားေရးက team ကေနၿပီးေတာ့ ေတြ႔တာမ်ိဳးေတြ ရွိတယ္။ တခ်ိဳ႕က informal ေတြ႔တယ္၊ တခ်ိဳ႕က formal ေတြ႔တယ္ေပါ့ေလ။ ဒီနည္းအားျဖင့္ က်မတို႔ သြားေနတဲ့ ႏိုင္ငံေရးလမ္းေၾကာင္းနဲ႔ က်မတို႔ကို ေထာက္ခံမႈရလာဖို႔၊ ေနာက္ၿပီးေတာ့ စစ္ေကာင္စီကို ဘယ္လို ဖိအားေပးမလဲေပါ့ေနာ္။ ေနာက္တခုက ဘာလဲဆိုေတာ့ CDM ဝင္လာတဲ့ သံတမန္ ဝန္ထမ္းေတြရွိပါတယ္။ သံတမန္ေတြနဲ႔ က်မတို႔ ေတြ႔ဖို႔လိုတယ္။ ဒီေန႔ညပဲ က်မတို႔ ေတြ႔ပါမယ္ အြန္လိုင္းကေနၿပီးေတာ့ေပါ့ေနာ္။

မအင္ၾကင္းႏိုင္။ ။ ျဗိတိန္က ျမန္မာသံအမတ္ၾကီး ဦးေက်ာ္စြာမင္းလိုကိစၥမ်ိဳးေပါ့ေနာ္။ သူကေတာ့ ေဒၚေအာင္ဆန္းစုၾကည္ကို ျပန္လႊတ္ေပးဖို႔၊ သမၼတ ဦးဝင္းျမင့္ကို ျပန္လႊတ္ေပးဖို႔ဆိုတဲ့ ေၾကျငာခ်က္ထုတ္ျပန္လိုက္ၿပီးေတာ့ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ အစိုးရကိုပဲ သူ႔အစိုးရအေနနဲ႔ ေျပာေပမဲ့ သူ CDM မွာ ပါဝင္တာမ်ိဳးေတာ့ ျပတ္ျပတ္သားသားေျပာတာမ်ိဳး မရွိဘူးေပါ့ေနာ္။ ဆိုေတာ့ ႏိုင္ငံတကာမွာ ရွိတဲ့ ျမန္မာသံရံုးေတြအေနနဲ႔က်ေတာ့ ဘယ္လို ထိထိေရာက္ေရာက္နဲ႔ ပါဝင္ ေဆာင္ရြက္သင့္တယ္လို႔ ျမင္လဲရွင့္။

ေဒၚဇင္မာေအာင္။ ။ တဘက္မွာ ဒီလို ကန္႔ကြက္ေနရံုနဲ႔ မရဘူး။ ကန္႔ကြက္ေနရံုနဲ႔မရသလို တည္ေဆာက္ဖို႔လည္းလိုတယ္။ ေနာက္တခုက တခုခုကို ျငင္းပယ္ရင္၊ တခုခုကို အသိအမွတ္ျပဳဖို႔လိုတယ္ေပါ့ေနာ္။ ဒါမွသာလွ်င္ က်မတို႔ရဲ႕ အေရြ႕ကို သြားႏိုင္မွာျဖစ္တယ္။ ဒီလိုမ်ိဳး ကန္႔ကြက္ေနရံု၊ အသိအမွတ္ျပဳေနရံုနဲ႔ က်မတို႔ မရပါဘူး။ ဦးဝင္းျမင့္နဲ႔ ေဒၚေအာင္ဆန္းစုၾကည္ကို က်မတို႔လည္း ေခါင္းေဆာင္လို႔ သတ္မွတ္တာပဲ။ ဒါေၾကာင့္မို႔လို႔ ဒီအတိုင္းပဲေလ။ ဆိုေတာ့ ေျပာခ်င္တာက ဒီေခါင္းေဆာင္ေတြ လႈပ္ရွားလို႔ မရေသးတဲ့အခ်ိန္မွာ က်မတို႔ရဲ႕ ေခါင္းေဆာင္ေတြရဲ႕ ကိုယ္စား ႏိုင္ငံေရးအရ အေရြ႕တခုကို လုပ္ေနရမယ့္ အဖဲြ႔အစည္းေတြလိုတယ္၊ လူပုဂိၢဳလ္ေတြလုိတယ္၊ အားေပးမႈေတြလိုတယ္။ အဲဒီ ကိုယ္စားျပဳေနတဲ့သူေတြကိုလည္း အသိအမွတ္ျပဳဖို႔လိုပါတယ္။ ဒါမွသာလွ်င္ ခုဏေျပာေနတဲ့ ဖမ္းဆီးထိန္းသိမ္းထားတဲ့သူေတြ ျပန္လြတ္ဖို႔ကအစ ႏိုင္ငံေရးအရ ဒီလိုမ်ိဳးစစ္တပ္က တခ်ိန္လံုး ႏိုင္ငံေရးမွာ ဦးေဆာင္မႈ၊ ဦးေဆာင္မႈဆိုတာနဲ႔ bully လုပ္ေနတဲ့ အေလ့အထၾကီးကိုပါ က်မတို႔က ဒီတၾကိမ္မွာ ေျပာင္းလဲပစ္ရမွာ ျဖစ္ပါတယ္။ သံတမန္ေတြထဲမွာလည္း က်မတို႔က pratically deal လုပ္တဲ့အခါမွာ အုပ္စုႏွစ္စုသြားၿပီးေတာ့ ေတြ႔ရပါတယ္။ ရိုးရိုး CDM လုပ္တဲ့သူ၊ CDM လုပ္တယ္... ဒါမဲ့ ဒီအာဏာသိမ္း ေကာင္စီေအာက္မွာ မလုပ္ေတာ့ဘူးဆိုၿပီးေတာ့ ထြက္သြားၿပီးေတာ့ ဘယ္ထြက္ ထိုင္ေနတာမ်ိဳး၊ ေနာက္တခုကဘာလဲဆိုေတာ့ CRPH နဲ႔ ပူးေပါင္းမယ္။ CRPH က သာလွ်င္ငါတို႔ရဲ႕ တရားဝင္ အစိုးရကို ကိုယ္စားျပဳေနတယ္ဆိုၿပီးေတာ့ ပူးေပါင္းလာတာေတြရွိတယ္။ ဆိုေတာ့ အဲဒီ ႏွစ္ခုလံုးကိုေတာ့ က်မတို႔ deal လုပ္သြားမယ္။ ဒါမဲ့ ပံုစံတမ်ိဳးစီနဲ႔ deal လုပ္သြားၿပီးေတာ့ ေတြ႔ဆံုအားေပးဖို႔ရွိပါတယ္လို႔ အဲဒါေလးေျပာခ်င္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

CRPH ခန့် နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်နဲ့ ဆက်သွယ်မေးမြန်းချက်

ICCPR အပါအဝင် လူ့အခွင့်အရေးနိုင်ငံတကာ စာချုပ်စာတမ်းတွေ လက်မှတ်ထိုးနိုင်ဖို့ စစ်အုပ်ချုပ်ကောင်စီ တရားဝင်မှု မရအောင်ချေဖျက်နိုင်ဖို့နဲ့ တိုင်းရင်းသားအင်အားစုတွေနဲ့ ညှိနှိုင်းဆွေးနွေးနိုင်ဖို့ CRPH အနေနဲ့ ခေတ္တဒုသမ္မတနဲ့ ခေတ္တဝန်ကြီးတွေကို ခန့်ထားတာဖြစ်တယ်လို့ CRPH က ခန့်ထားတဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဗွီအိုအေကို ပြောပါတယ်။ နိုင်ငံတကာက မြန်မာသံတမန်တွေအနေနဲ့ CRPH နဲ့ ကိုယ်စားပြုရပ်တည်နိုင်ဖို့ကိုလည်း ဆက်သွယ်ဆောင်ရွက်နေတယ်လို့ ဒေါ်ဇင်မာအောင်က ပြောပါတယ်။ မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

မအင်ကြင်းနိုင်။ ။ အခု မဇင်မာအောင်တို့က ယာယီအစိုးရကို ဖွဲ့စည်းလိုက်တယ်ဆိုတဲ့ အခြေအနေဖြစ်ပြီလားရှင့်။

ဒေါ်ဇင်မာအောင်။ ။ အသုံးအနှုန်းကတော့ acting လို့ ကျမတို့ သုံးတယ်ပေါ့နော်။ တချို့ကိစ္စတွေမှာ အစိုးရအတွက် ကိုယ်စား ပြောရဆိုရ၊ လုပ်ရတဲ့အနေအထားရှိလာနိုင်တယ် protocol တွေအရ။ ဆိုတော့ ဒါကြောင့်မို့လို့ acting minister တွေ ဖွဲ့ဖို့ ကျမတို့ ပထမ ဆုံးဖြတ်ပါတယ်။ နောက်တခုက ကျမတို့ ဖြစ်လာနိုင်တဲ့ အခင်းအကျဉ်းတွေရှိတယ်။ ဥပမာ ကျမတို့ ICCPR မှာ လက်မှတ်ထိုးမလား အစရှိသဖြင့်ပေါ့။ အထူးသဖြင့်တချို့သော international treaty တွေ လက်မှတ်ထိုးတဲ့နေရာမှာ ကျမတို့ CRPH အနေနဲ့ လွှတ်တော်အနေနဲ့ ထောက်ခံပေးရတာမျိုးတွေရှိတယ်။ သို့သော် တိုက်ရိုက်လက်မှတ်ထိုးတာမျိုး၊ အလုပ်လုပ်တာမျိုးကျရင်တော့ ဒီ executive က လုပ်ရတဲ့ အနေအထားမျိုးရှိတယ်ပေါ့နော်။ ဒါကြောင့်မို့လို့ သမ္မတလိုမျိုး လိုလာတယ်ပေါ့နော်။ အဓိကကတော့ ဒီ minister တွေရဲ့ အလုပ်က စစ်ကောင်စီရဲ့ လုပ်သမျှကို delegitimize လုပ်မယ်။ နောက်ပြီးတော့ ဒီလှုပ်ရှားမှုကို ပိုအားကောင်းအောင် ဘယ်လိုနည်းနဲ့ ပို support ဖြစ်အောင် လုပ်မယ်။ နိုင်ငံတကာ ဘဏ်တွေမှာရော၊ နောက်ပြီးတော့ ငွေရေးကြေးရေးဆိုင်ရာ ကိစ္စမျိုးတွေမှာ ကျမတို့ freeze လုပ်ရတာတွေကို ဘယ်လိုလုပ်မလဲပေါ့နော် စီမံဝန်ကြီးအနေနဲ့... အစရှိသဖြင့်ပေါ့နော်။ ဥပမာ ဆရာကြီးဒေါက်တာ ဇော်ဝေစိုးတို့ဆိုရင် CDM လုပ်ငန်းတွေနဲ့ တခြား ဝန်ထမ်းတွေရဲ့ လုပ်ထုံးလုပ်နည်းဆိုင်ရာတွေကို ကျမတို့ ဘယ်လို encourage လုပ်မလဲဆိုတာ။ နောက် သမ္မတရုံးဝန်ကြီးဆိုလည်း ဒီအတိုင်းပဲ... စစ်အုပ်ချုပ်ရေးဘက်ဆိုင်ရာ စစ်ကောင်စီရဲ့ ထုတ်သမျှကို ကျမတို့ counter ဘယ်လို ပြန်လုပ်မလဲဆိုတဲ့ အနေအထားမျိုးနဲ့ ဖွဲ့လိုက်တာ ဖြစ်ပါတယ်လို့။ နောက်တပိုင်းကကျတော့ more inclusive ဒီကာလဟာ နိုင်ငံရေးအတွက် တိုင်းရင်းသား ဒီ federal ကို သွားဖို့ရော၊ နောက်ပြီးတော့ တိုင်းရင်းသားနိုင်ငံရေး အင်အားစုတွေနဲ့ရော စကားပြောပြီးတော့ platform တခုကို တည်ဆောက်ရမယ့် အချိန်ကာလဖြစ်တယ်။

မအင်ကြင်းနိုင်။ ။ အထူးသဖြင့် ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အသိအမှတ်ပြုမှုအတိုင်းအတာပေါ့နော်... ဒီ ယာယီဝန်ကြီးတွေအပေါ်မှာဆိုတဲ့ဟာရော ဘယ်လိုရှိသလဲရှင့်။

ဒေါ်ဇင်မာအောင်။ ။ အထူးအားဖြင့် သံအမတ်ကြီး ဦးကျော်မိုးထွန်းကတော့ ကျမတို့ရဲ့ credential ဖြစ်တယ်။ အဲဒီတော့ ကျမတို့က ဒီ credential အရ လိုအပ်တဲ့ အနေအထားမျိုးတွေမှာ ဒီ diplomatic front line ကနေပြီးတော့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကျမတို့ သူကနေပြီးတော့ တဆင့် သွားပါတယ် ... တရားဝင်အစိုးရရဲ့ အသံအနေနဲ့။ ထို့အတူ လူတော်တော်များများ ... နိုင်ငံခြားရေးက တာဝန်ရှိတဲ့သူတွေနဲ့ ကျမတို့ တွေ့တယ်။ တခါတလေ ကျမတွေ့တယ်၊ တခါတလေ ကျမတို့ နိုင်ငံခြားရေးက team ကနေပြီးတော့ တွေ့တာမျိုးတွေ ရှိတယ်။ တချို့က informal တွေ့တယ်၊ တချို့က formal တွေ့တယ်ပေါ့လေ။ ဒီနည်းအားဖြင့် ကျမတို့ သွားနေတဲ့ နိုင်ငံရေးလမ်းကြောင်းနဲ့ ကျမတို့ကို ထောက်ခံမှုရလာဖို့၊ နောက်ပြီးတော့ စစ်ကောင်စီကို ဘယ်လို ဖိအားပေးမလဲပေါ့နော်။ နောက်တခုက ဘာလဲဆိုတော့ CDM ဝင်လာတဲ့ သံတမန် ဝန်ထမ်းတွေရှိပါတယ်။ သံတမန်တွေနဲ့ ကျမတို့ တွေ့ဖို့လိုတယ်။ ဒီနေ့ညပဲ ကျမတို့ တွေ့ပါမယ် အွန်လိုင်းကနေပြီးတော့ပေါ့နော်။

မအင်ကြင်းနိုင်။ ။ ဗြိတိန်က မြန်မာသံအမတ်ကြီး ဦးကျော်စွာမင်းလိုကိစ္စမျိုးပေါ့နော်။ သူကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့၊ သမ္မတ ဦးဝင်းမြင့်ကို ပြန်လွှတ်ပေးဖို့ဆိုတဲ့ ကြေငြာချက်ထုတ်ပြန်လိုက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစိုးရကိုပဲ သူ့အစိုးရအနေနဲ့ ပြောပေမဲ့ သူ CDM မှာ ပါဝင်တာမျိုးတော့ ပြတ်ပြတ်သားသားပြောတာမျိုး မရှိဘူးပေါ့နော်။ ဆိုတော့ နိုင်ငံတကာမှာ ရှိတဲ့ မြန်မာသံရုံးတွေအနေနဲ့ကျတော့ ဘယ်လို ထိထိရောက်ရောက်နဲ့ ပါဝင် ဆောင်ရွက်သင့်တယ်လို့ မြင်လဲရှင့်။

ဒေါ်ဇင်မာအောင်။ ။ တဘက်မှာ ဒီလို ကန့်ကွက်နေရုံနဲ့ မရဘူး။ ကန့်ကွက်နေရုံနဲ့မရသလို တည်ဆောက်ဖို့လည်းလိုတယ်။ နောက်တခုက တခုခုကို ငြင်းပယ်ရင်၊ တခုခုကို အသိအမှတ်ပြုဖို့လိုတယ်ပေါ့နော်။ ဒါမှသာလျှင် ကျမတို့ရဲ့ အရွေ့ကို သွားနိုင်မှာဖြစ်တယ်။ ဒီလိုမျိုး ကန့်ကွက်နေရုံ၊ အသိအမှတ်ပြုနေရုံနဲ့ ကျမတို့ မရပါဘူး။ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ကျမတို့လည်း ခေါင်းဆောင်လို့ သတ်မှတ်တာပဲ။ ဒါကြောင့်မို့လို့ ဒီအတိုင်းပဲလေ။ ဆိုတော့ ပြောချင်တာက ဒီခေါင်းဆောင်တွေ လှုပ်ရှားလို့ မရသေးတဲ့အချိန်မှာ ကျမတို့ရဲ့ ခေါင်းဆောင်တွေရဲ့ ကိုယ်စား နိုင်ငံရေးအရ အရွေ့တခုကို လုပ်နေရမယ့် အဖွဲ့အစည်းတွေလိုတယ်၊ လူပုဂ္ဂိုလ်တွေလိုတယ်၊ အားပေးမှုတွေလိုတယ်။ အဲဒီ ကိုယ်စားပြုနေတဲ့သူတွေကိုလည်း အသိအမှတ်ပြုဖို့လိုပါတယ်။ ဒါမှသာလျှင် ခုဏပြောနေတဲ့ ဖမ်းဆီးထိန်းသိမ်းထားတဲ့သူတွေ ပြန်လွတ်ဖို့ကအစ နိုင်ငံရေးအရ ဒီလိုမျိုးစစ်တပ်က တချိန်လုံး နိုင်ငံရေးမှာ ဦးဆောင်မှု၊ ဦးဆောင်မှုဆိုတာနဲ့ bully လုပ်နေတဲ့ အလေ့အထကြီးကိုပါ ကျမတို့က ဒီတကြိမ်မှာ ပြောင်းလဲပစ်ရမှာ ဖြစ်ပါတယ်။ သံတမန်တွေထဲမှာလည်း ကျမတို့က pratically deal လုပ်တဲ့အခါမှာ အုပ်စုနှစ်စုသွားပြီးတော့ တွေ့ရပါတယ်။ ရိုးရိုး CDM လုပ်တဲ့သူ၊ CDM လုပ်တယ်... ဒါမဲ့ ဒီအာဏာသိမ်း ကောင်စီအောက်မှာ မလုပ်တော့ဘူးဆိုပြီးတော့ ထွက်သွားပြီးတော့ ဘယ်ထွက် ထိုင်နေတာမျိုး၊ နောက်တခုကဘာလဲဆိုတော့ CRPH နဲ့ ပူးပေါင်းမယ်။ CRPH က သာလျှင်ငါတို့ရဲ့ တရားဝင် အစိုးရကို ကိုယ်စားပြုနေတယ်ဆိုပြီးတော့ ပူးပေါင်းလာတာတွေရှိတယ်။ ဆိုတော့ အဲဒီ နှစ်ခုလုံးကိုတော့ ကျမတို့ deal လုပ်သွားမယ်။ ဒါမဲ့ ပုံစံတမျိုးစီနဲ့ deal လုပ်သွားပြီးတော့ တွေ့ဆုံအားပေးဖို့ရှိပါတယ်လို့ အဲဒါလေးပြောချင်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG