သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မႏၲေလး ပုဂံ ဆႏၵျပပြဲမ်ား ပစ္ခတ္ႏွိမ္နင္းခံရ


မႏၱေလးဆႏၵျပလူအုပ္ကို အၾကမ္းဖက္ၿဖိဳခြဲပံု။ (မတ္ ၇၊ ၂၀၂၁)

Zawgiy/Unicode

ဒီေန႔ မတ္လ ၇ ရက္ တနဂၤေႏြေန႔ မႏၲေလးၿမိဳ႕က ဆႏၵျပပြဲေတြကိုလည္း လက္နက္ကိုင္လုံၿခဳံေရးေတြက အင္အားသုံး အၾကမ္းဖက္ ၿဖိဳခြင္းဖမ္းဆီးမႈေတြ လုပ္ခဲ့ပါတယ္။ ေက်ာင္းဆရာ ဆရာမေတြ၊ ဆရာဝန္ေတြ၊ ေဆးဘက္ဆိုင္ရာ ဝန္ထမ္းေတြ၊ အင္ဂ်င္နီယာေတြ စတဲ့ေထာင္ေပါင္းမ်ားစြာေသာ ဆႏၵျပသူေတြ ဒီေန႔ မနက္အေစာပိုင္းက ယာယီထိုင္သပိတ္ေမွာက္ခဲ့ၾကတာပါ။ စစ္အာဏာသိမ္းမႈဆန႔္က်င္ေရး၊ အၾကမ္းမဖက္ အာဏာဖီဆန္ေရးေတာင္းဆို ေႂကြေၾကာ္၊ ေဟာေျပာပြဲေတြလည္း လုပ္ခဲ့ၾကပါတာပါ။ စစ္အာဏာရွင္စနစ္ဆန႔္က်င္ရင္း လက္နက္ကိုင္လုံၿခဳံေရးေတြရဲ႕ လက္ခ်က္နဲ႔ ေသဆုံးသြားခဲ့သူေတြအတြက္ ေအာက္ေမ့ၿငိမ္သက္ျခင္းအခမ္းအနားကိုလည္း ဒီေန႔ မႏၲေလးဆႏၵျပပြဲမွာ ျပဳလုပ္ခဲ့ၾကပါတယ္။

လုံၿခဳံေရးေတြနဲ႔ အင္အားသုံး ၿဖိဳခြဲ မခံရခင္ကေတာ့ မႏၲေလးၿမိဳ႕မွာ ဆႏၵျပသူ အင္အားအေျမာက္အမ်ားနဲ႔ တစုတစည္းတည္း ဆႏၵျပခဲ့ၾကတာျဖစ္ပါတယ္။

ေအာင္ေျမသာစံၿမိဳ႕နယ္ ၂၂ လမ္းနဲ႔ ၈၈ လမ္းနားမွာ ၿငိမ္းခ်မ္းစြာ ဆႏၵျပေတာင္းဆိုေနၾကတဲ့ ထိုင္သပိတ္ကို မနက္ ၁၁ နာရီဝန္းက်င္က စၿပီး ရဲနဲ႔စစ္တပ္က ပစ္ခတ္ၿဖိဳခြဲခဲ့သလို ပိတ္ဆို႔ ဖမ္းဆီးမႈေတြ လုပ္ခဲ့တယ္လို႔ မႏၲေလးၿမိဳ႕ကလာတဲ့သတင္းေတြက ေျပာပါတယ္။ ဖမ္းမိသူတခ်ိဳ႕ကို ဝိုင္းၿပီး ႐ိုက္ႏွက္ ကန္ေက်ာက္ေနတဲ့ ဗီဒီယိုေတြလည္း ေတ့ြရပါတယ္။ မႏၲေလးမွာ ေလာေလာဆယ္သိထားသေလာက္ ဖမ္းဆီးခံရသူ ၁၀၀ ေလာက္ရွိပါတယ္။

ပုဂံ၊ ေညာင္ဦးၿမိဳ႕မွာလည္း ဆႏၵျပသူေတြကို မ်က္ရည္ယိုဗုံးေတြသုံး လူစုခြဲခဲ့ပါတယ္။

က်ည္အစစ္ေတြ၊ ရာဘာက်ည္ေတြအျပင္ ေလာက္ေလးဂြနဲ႔ပါ လုံၿခဳံေရးေတြဖက္က ပစ္ခတ္ခဲ့ပါတယ္။ ေလာက္စာလုံး ထိမွန္သူတခ်ိဳ႕ရွိေပနဲ႔ ေသနတ္ထိမွန္သူ ရွိတယ္လို႔ေတာ့ မၾကားရေသးပါဘူး။

ပခုကၠဴၿမိဳ႕မွာလည္း ပခုကၠဴတကၠသိုလ္ထဲမွာ တပ္စြဲထားတဲ့ စစ္တပ္နဲ႔ရဲကို ထြက္သြားဖို႔ေတာင္းဆိုဆႏၵျပၾကသူေတြကို မ်က္ရည္ယိုဗုံးေတြနဲ႔ ပစ္ခတ္ၿဖိဳခြဲခဲ့ပါတယ္။

မုံ႐ြာၿမိဳ႕မွာေတာ့ ေက်ာကၠာလမ္းေပၚမွာရွိတဲ့ မုံ႐ြာတကၠသိုလ္ထဲကို လက္နက္ကိုင္ လုံၿခဳံေရးတပ္ဖြဲ႕ေတြ ဒီေန႔ ဝင္ေရာက္တပ္စြဲထားပါတယ္။ ေက်ာကၠာလမ္းမႀကီးတစ္ေလ်ာက္မွာလည္း လက္နက္ကိုင္တပ္ဖြဲ႕ဝင္ေတြနဲ႔ စစ္ကားေတြကို အထူအထပ္ခ်ထားတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

ျမန္မာႏိုင္ငံေျမာက္ပိုင္း လားရႈိးၿမိဳ႕က ဆႏၵျပပြဲေတြကိုလည္း မ်က္ရည္ယိုဗုံးေတြသုံး ပစ္ခတ္ လူစုခြဲခဲ့ပါတယ္။

မႏၲေလး ပုဂံ ဆႏၵျပပြဲမ်ား ပစ္ခတ္ႏွိမ္နင္းခံရ
please wait

No media source currently available

0:00 0:02:09 0:00
တိုက္႐ိုက္ လင့္ခ္


Unicode

မန္တလေး ပုဂံ ဆန္ဒပြပွဲများ ပစ်ခတ်နှိမ်နင်းခံရ

ဒီနေ့ မတ်လ ၇ ရက် တနင်္ဂနွေနေ့ မန္တလေးမြို့က ဆန္ဒပြပွဲတွေကိုလည်း လက်နက်ကိုင်လုံခြုံရေးတွေက အင်အားသုံး အကြမ်းဖက် ဖြိုခွင်းဖမ်းဆီးမှုတွေ လုပ်ခဲ့ပါတယ်။ ကျောင်းဆရာ ဆရာမတွေ၊ ဆရာဝန်တွေ၊ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေ၊ အင်ဂျင်နီယာတွေ စတဲ့ထောင်ပေါင်းများစွာသော ဆန္ဒပြသူတွေ ဒီနေ့ မနက်အစောပိုင်းက ယာယီထိုင်သပိတ်မှောက်ခဲ့ကြတာပါ။ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး၊ အကြမ်းမဖက် အာဏာဖီဆန်ရေးတောင်းဆို ကြွေကြော်၊ ဟောပြောပွဲတွေလည်း လုပ်ခဲ့ကြပါတာပါ။ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရင်း လက်နက်ကိုင်လုံခြုံရေးတွေရဲ့ လက်ချက်နဲ့ သေဆုံးသွားခဲ့သူတွေအတွက် အောက်မေ့ငြိမ်သက်ခြင်းအခမ်းအနားကိုလည်း ဒီနေ့ မန္တလေးဆန္ဒပြပွဲမှာ ပြုလုပ်ခဲ့ကြပါတယ်။

လုံခြုံရေးတွေနဲ့ အင်အားသုံး ဖြိုခွဲ မခံရခင်ကတော့ မန္တလေးမြို့မှာ ဆန္ဒပြသူ အင်အားအမြောက်အများနဲ့ တစုတစည်းထဲ ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

အောင်မြေသာစံမြို့နယ် ၂၂ လမ်းနဲ့ ၈၈ လမ်းနားမှာ ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုနေကြတဲ့ ထိုင်သပိတ်ကို မနက် ၁၁ နာရီဝန်းကျင်က စပြီး ရဲနဲ့စစ်တပ်က ပစ်ခတ်ဖြိုခွဲခဲ့သလို ပိတ်ဆို့ ဖမ်းဆီးမှုတွေ လုပ်ခဲ့တယ်လို့ မန္တလေးမြို့ကလာတဲ့သတင်းတွေက ပြောပါတယ်။ ဖမ်းမိသူတချို့ကို ဝိုင်းပြီး ရိုက်နှက် ကန်ကျောက်နေတဲ့ ဗီဒီယိုတွေလည်း တေ့ွရပါတယ်။ မန္တလေးမှာ လောလောဆယ်သိထားသလောက် ဖမ်းဆီးခံရသူ ၁၀၀ လောက်ရှိပါတယ်။

ပုဂံ၊ ညောင်ဦးမြို့မှာလည်း ဆန္ဒပြသူတွေကို မျက်ရည်ယိုဗုံးတွေသုံး လူစုခွဲခဲ့ပါတယ်။

ကျည်အစစ်တွေ၊ ရာဘာကျည်တွေအပြင် လောက်လေးဂွနဲ့ပါ လုံခြုံရေးတွေဖက်က ပစ်ခတ်ခဲ့ပါတယ်။ လောက်စာလုံး ထိမှန်သူတချို့ရှိပေနဲ့ သေနတ်ထိမှန်သူ ရှိတယ်လို့တော့ မကြားရသေးပါဘူး။

ပခုက္ကူမြို့မှာလည်း ပခုက္ကူတက္ကသိုလ်ထဲမှာ တပ်စွဲထားတဲ့ စစ်တပ်နဲ့ရဲကို ထွက်သွားဖို့တောင်းဆိုဆန္ဒပြကြသူတွေကို မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ဖြိုခွဲခဲ့ပါတယ်။

မုံရွာမြို့မှာတော့ ကျောက္ကာလမ်းပေါ်မှာရှိတဲ့ မုံရွာတက္ကသိုလ်ထဲကို လက်နက်ကိုင် လုံခြုံရေးတပ်ဖွဲ့တွေ ဒီနေ့ ဝင်ရောက်တပ်စွဲထားပါတယ်။ ကျောက္ကာလမ်းမကြီးတစ်လျောက်မှာလည်း လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေနဲ့ စစ်ကားတွေကို အထူအထပ်ချထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြန်မာနိုင်ငံမြောက်ပိုင်း လားရှိုးမြို့က ဆန္ဒပြပွဲတွေကိုလည်း မျက်ရည်ယိုဗုံးတွေသုံး ပစ်ခတ် လူစုခွဲခဲ့ပါတယ်။

#MyanamrMilitaryCoup #MyanamrProtest #WhatIsHappeningInMyanmar #VOABurmese #MandalayProtes

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG