သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရန္ကုန္ၿမိဳ႕ရဲ႕ အသံတိတ္သပိတ္


ရန္ကုန္ၿမိဳ႕ရဲ႕ အသံတိတ္သပိတ္။ (မတ္ ၂၄၊ ၂၀၂၁)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းတာ ၂ လနီးပါး ရွိလာၿပီျဖစ္ေပမဲ့ အာဏာသိမ္းမႈကို ဆန႔္က်င္ကန႔္ကြက္တာေတြကို ျပည္သူအမ်ားစုက ပုံစံမ်ိဳးစုံနဲ႔ ပါဝင္ ျပဳလုပ္ေနၾကတာပါ။ ျမန္မာႏိုင္ငံတဝွမ္း ဒီကေန႔ ျပဳလုပ္ၾကတဲ့ အသံတိတ္ သပိတ္တိုက္ပြဲအေျခအေနေတြအေၾကာင္း မဆုမြန္က တင္ျပေပးပါမယ္။

စစ္ေကာင္စီဆန္႔က်င္ေရး လွႈပ္ရွားမႈတခုျဖစ္တဲ့ အသံတိတ္သပိတ္ကို ဒီကေန႔ မတ္ ၂၄ ရက္ေန႔မွာ ျမန္မာႏိုင္ငံတ၀ွမ္းက လူေတြ ျပဳလုပ္ၾကပါတယ္။ လူဦးေရ သိန္းနဲ႔ခ်ီၿပီး လမ္းေပၚထြက္ ဆႏၵထုတ္ေဖာ္ခဲ့ၾကတဲ့ ရန္ကုန္ၿမိဳ႕မွာေတာ့ ဒီကေန႔ အသံတိတ္ သပိတ္ျပဳလုပ္တဲ့အတြက္ ေစ်းဆိုင္ေတြပိတ္ထားၾကၿပီး လမ္းေပၚမွာ လူအသြားအလာ နည္းပါးသြားတယ္လို႔ ရန္ကုန္ၿမိဳ႕ခံ တဦးက ဗြီအိုေအကို အခုလိုေျပာပါတယ္။

“ေတာ္ေတာ္မ်ားမ်ားေတာ့ ပိတ္ၾကတယ္။ ပိတ္တာမွ ေတာ္ေတာ္ပိတ္တာ။ ရန္ကုန္ၿမိဳ႕အသြားအလာေတာ့ လံုး၀ကို ၿငိမ္သက္တယ္။ ေန႔ခင္းပိုင္းဆို ပိုေတာင္သိသာသြားေသးတယ္။ မနက္ပိုင္း ၉ နာရီခြဲ၊ ၁၀ နာရီ ေလာက္ကဆိုရင္ တခ်ိဳ႕လူေတြက မသိၾကေသးဘူးေပါ့ေနာ္။ ေနာက္တေျဖးေျဖး သိတဲ့သူေတြ အကုန္လံုးက ဆိုင္ေတြ ပိတ္သြားၾကတယ္။ ေနာက္ရန္ကင္းစင္တာ ပိတ္တယ္။ shopping center ေတာ္ေတာ္မ်ားမ်ား ပိတ္တယ္။ ျမန္မာ ပလာဇာကေတာ့ ဖြင့္ထားတယ္။ ဒါေပမဲ့ အဲ့ဒီျမန္မာ ပလာဇာအထဲမွာ တဆိုင္မွ မဖြင့္ၾကဘူး။ ရန္ကုန္ၿမိဳ႕ရဲ႕ လမ္းေပၚမွာ လူေရာ၊ ကားေရာက မရွိသေလာက္ သိသိသာသာႀကီး ေလ်ာ့သြားတယ္။ ဒီေန႔အတြက္ကေတာ့။ မထြက္မေနရ ပံုစံနဲ႔ ထြက္ေနၾကတာေတာ့ရွိတယ္။ ပံုမွန္ သြားလာမႈကေတာ့ လံုး၀မရွိေတာ့ဘူး။”

ဒီလို အသံတိတ္သပိတ္ျပဳလုပ္ဖို႔ ျပည္သူအခ်င္းခ်င္း စည္းရံုးခဲ့ၾကသလို မေန႔ညပိုင္းက စစ္တပ္နဲ႔ ရဲတပ္ဖြဲ႕က ပံုမွန္အတိုင္း သြားလာေနထိုင္ၾကဖို႔ ရပ္ကြက္တခ်ိဳ႕မွာ လိုက္လံအသိေပးခဲ့တာေတြ ျပဳလုပ္ခဲ့ေပမဲ့ အကုန္လံုး လိုလို ဆုိင္ေတြပိတ္ၿပီး စစ္ေကာင္စီ ဆန္႔က်င္ေရး အသံတိတ္ သပိတ္ကုိ ျပဳလုပ္ခဲ့ၾကတာပါ။

မႏၱေလးၿမိဳ႕မွာေတာ့ အသံတိတ္ သပိတ္ျပဳလုပ္လို႔ ပိတ္ထားတဲ့ ဆိုင္တခ်ိဳ႕ကို စစ္တပ္နဲ႔ရဲတပ္ဖြဲ႕က လာေရာက္ ေမးျမန္းတာေတြ ျပဳလုပ္ၿပီး ဆိုင္နာမည္စာရင္းေတြကို မွတ္သားသြားတယ္လို႔ မႏၱေလးၿမိဳ႕ခံ တဦးကေျပာပါတယ္။

“ဘာလို႔မဖြင့္တာလဲ.. ဖြင့္လို႔ရတယ္ေပါ့။ ဘာလို႔မဖြင့္ၾကတာတုန္းေပါ့။ သူတို႔က ဆႏၵျပတဲ့ထဲကို ပါတာလား သိခ်င္တာ။ အဲ့ဒီလိုထင္တာပဲ။ ဟိုဘက္က ေဆးခန္းတခုဆိုရင္ အတြင္းထဲမွာ လူရွိတဲ့အတြက္ တံခါးေပါက္ဖြင့္ထားပါဆိုၿပီး ဖြင့္ခိုင္းသြားတယ္။ သူတို႔အေနာက္က လိုက္မွတ္တဲ့ ယူနီေဖာင္း၀တ္မဟုတ္တဲ့ ၂ ေယာက္က ပိတ္တဲ့ ဆိုင္ေတြကို စာရင္းေရးသြားတာ ေတြ႕လိုက္တယ္။ လမ္းေပၚတက္ၿပီး ဓာတ္ပံုေတြ ရိုက္ၿပီး မွတ္သြားတာပဲ ရွိတာပါ။ က်န္တာေတာ့မရွိပါဘူး။”

ေမာ္လၿမိဳင္ၿမိဳ႕တခ်ိဳ႕ေနရာေတြမွာ အင္တာနက္ ကြန္ယက္မရရွိတဲ့အတြက္ အသံတိတ္ သပိတ္ျပဳလုပ္တာကို မသိရွိဘဲ မနက္ပိုင္းမွာ ေစ်းဆိုင္တခ်ိဳ႕ဖြင့္ခဲ့ၿပီး အေရာင္းအ၀ယ္ျပဳလုပ္ေနၾကတာေတြရွိသလို ေနာက္ပိုင္းမွာ ေစ်းဆိုင္ေတြ အားလံုး ျပန္ပိတ္သြားၾကတယ္လို႔ ေမာ္လၿမိဳင္ၿမိဳ႕ အမွတ္ (၁) ေစ်းက ဆိုင္ရွင္တဦးက ေျပာပါတယ္။

“ေစ်း၀ယ္လာတဲ့ ကားေတြရွိတယ္။ အဲ့ဒီကားေတြက်ေတာ့မသိဘူး။ မသိဘူးဆိုတာ တခ်ိဳ႕ရြာေတြက ဆႏၵျပပြဲေတြေတာင္မရွိဘူး။ ေန႔စဥ္က ေစ်း၀ယ္ကားေတြကရွိတယ္။ ေစ်း၀ယ္ကားေတြရွိေတာ့ အမွတ္ (၁) ေအာက္ေစ်းက ကားေတြအၿမဲ ရွိတဲ့ေနရာေပါ့။ နယ္ေဖာက္သည္ေတြက မသိဘူး။ မသိေတာ့ ေစ်း၀ယ္လာတာေပါ့။ မထြက္တဲ့ဆိုင္ေတြက မထြက္ဘူး ထြက္တဲ့ဆိုင္ေတြက ထြက္ၾကတယ္။ ထြက္ၾကေတာ့ ၁၁ နာရီ ေလာက္ၾကေတာ့ အြန္လိုင္းေပၚမွာ တင္ၾကေတာ့ ထြက္တဲ့ဆိုင္ေတြက သိသြားတာေပါ့။ တခ်ိဳ႕လည္း သိသြားလို႔ ပိတ္တယ္။ ၁၁ နာရီေနာက္ပိုင္းမွာ ဆိုင္ေတြ အားလံုး ပိတ္သြားၾကတယ္။”

ျမန္မာႏိုင္ငံတ၀ွမ္းမွာ ဆႏၵထုတ္ေဖာ္သူေတြကို စစ္တပ္နဲ႔ ရဲတပ္ဖြဲ႕က အၾကမ္းဖက္ ပစ္ခတ္ၿဖိဳခြင္းတာေတြ ျပဳလုပ္ၿပီး လူေသဆံုးတာေတြရွိလာတဲ့ ေနာက္ပိုင္းမွာ လူ သိန္းခ်ီ ဆႏၵျပတာေတြ မျပဳလုပ္ေတာ့ေပမဲ့ လူမဲ့သပိတ္၊ အရုဏ္ဦးသပိတ္၊ ဆိုင္ကယ္ သပိတ္၊ ကားသပိတ္ အျပင္ အခုလို ဆိုင္ေတြအကုန္ပိတ္ၿပီး လူေတြ လမ္းအျပင္မထြက္ဘဲ အသံတိတ္သပိတ္ စတဲ့ အမ်ိဳးမ်ိဳးေသာ သပိတ္ပံုစံေတြျပဳလုပ္ၿပီး စစ္ေကာင္စီ ဆန္႔က်င္ ေရးဆႏၵျပပြဲေတြ ျပဳလုပ္ေနတာျဖစ္ပါတယ္။

စစ္တပ္နဲ႔ ရဲတပ္ဖြဲ႕က အၾကမ္းဖက္ပစ္ခတ္ႏွိမ္နင္းတာေၾကာင့္ ျမန္မာႏိုင္ငံတ၀ွမ္း လူေပါင္း ၂၅၀ နီးပါးေသဆံုးခဲ့ၿပီး ေသဆံုးသူေတြထဲမွာ လူငယ္ေတြအျပင္ အသက္မျပည့္ေသးတဲ့ ကေလးငယ္ေတြ ပါ၀င္လာသလို မေန႔က မႏၱေလးၿမိဳ႕မွာ စစ္တပ္နဲ႔ ရဲတပ္ဖြဲ႕ပစ္ခတ္တာေၾကာင့္ အသက္ ၇ ႏွစ္အရြယ္ ကေလးငယ္ တဦး ေသဆံုးခဲ့ပါေသးတယ္။

ရန္ကုန္ၿမိဳ႕ရဲ႕ အသံတိတ္သပိတ္
please wait

No media source currently available

0:00 0:03:59 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရန်ကုန်မြို့ရဲ့ အသံတိတ်သပိတ်

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာ ၂ လနီးပါး ရှိလာပြီဖြစ်ပေမဲ့ အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်တာတွေကို ပြည်သူအများစုက ပုံစံမျိုးစုံနဲ့ ပါဝင် ပြုလုပ်နေကြတာပါ။ မြန်မာနိုင်ငံတဝှမ်း ဒီကနေ့ ပြုလုပ်ကြတဲ့ အသံတိတ် သပိတ်တိုက်ပွဲအခြေအနေတွေအကြောင်း မဆုမွန်က တင်ပြပေးပါမယ်။

စစ်ကောင်စီဆန့်ကျင်ရေး လှှုပ်ရှားမှုတခုဖြစ်တဲ့ အသံတိတ်သပိတ်ကို ဒီကနေ့ မတ် ၂၄ ရက်နေ့မှာ မြန်မာနိုင်ငံတဝှမ်း ပြုလုပ်ကြပါတယ်။ လူဦးရေ သိန်းနဲ့ချီပြီး လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ ရန်ကုန်မြို့မှာတော့ ဒီကနေ့ အသံတိတ် သပိတ်ပြုလုပ်တဲ့အတွက် ဈေးဆိုင်တွေပိတ်ထားကြပြီး လမ်းပေါ်မှာ လူအသွားအလာ နည်းပါးသွားတယ်လို့ ရန်ကုန်မြို့ခံ တဦးက ဗွီအိုအေကို အခုလိုပြောပါတယ်။

“တော်တော်များများတော့ ပိတ်ကြတယ်။ ပိတ်တာမှ တော်တော်ပိတ်တာ။ ရန်ကုန်မြို့အသွားအလာတော့ လုံးဝကို ငြိမ်သက်တယ်။ နေ့ခင်းပိုင်းဆို ပိုတောင်သိသာသွားသေးတယ်။ မနက်ပိုင်း ၉ နာရီခွဲ၊ ၁၀ နာရီ လောက်ကဆိုရင် တချို့လူတွေက မသိကြသေးဘူးပေါ့နော်။ နောက်တဖြေးဖြေး သိတဲ့သူတွေ အကုန်လုံးက ဆိုင်တွေ ပိတ်သွားကြတယ်။ နောက်ရန်ကင်းစင်တာ ပိတ်တယ်။ shopping center တော်တော်များများ ပိတ်တယ်။ မြန်မာ ပလာဇာကတော့ ဖွင့်ထားတယ်။ ဒါပေမဲ့ အဲ့ဒီမြန်မာ ပလာဇာအထဲမှာ တဆိုင်မှ မဖွင့်ကြဘူး။ ရန်ကုန်မြို့ရဲ့ လမ်းပေါ်မှာ လူရော၊ ကားရောက မရှိသလောက် သိသိသာသာကြီး လျော့သွားတယ်။ ဒီနေ့အတွက်ကတော့။ မထွက်မနေရ ပုံစံနဲ့ ထွက်နေကြတာတော့ရှိတယ်။ ပုံမှန် သွားလာမှုကတော့ လုံးဝမရှိတော့ဘူး။”

ဒီလို အသံတိတ်သပိတ်ပြုလုပ်ဖို့ ပြည်သူအချင်းချင်း စည်းရုံးခဲ့ကြသလို မနေ့ညပိုင်းက စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ပုံမှန်အတိုင်း သွားလာနေထိုင်ကြဖို့ ရပ်ကွက်တချို့မှာ လိုက်လံအသိပေးခဲ့တာတွေ ပြုလုပ်ခဲ့ပေမဲ့ အကုန်လုံး လိုလို ဆိုင်တွေပိတ်ပြီး စစ်ကောင်စီ ဆန့်ကျင်ရေး အသံတိတ် သပိတ်ကို ပြုလုပ်ခဲ့ကြတာပါ။

မန္တလေးမြို့မှာတော့ အသံတိတ် သပိတ်ပြုလုပ်လို့ ပိတ်ထားတဲ့ ဆိုင်တချို့ကို စစ်တပ်နဲ့ရဲတပ်ဖွဲ့က လာရောက် မေးမြန်းတာတွေ ပြုလုပ်ပြီး ဆိုင်နာမည်စာရင်းတွေကို မှတ်သားသွားတယ်လို့ မန္တလေးမြို့ခံ တဦးကပြောပါတယ်။

“ဘာလို့မဖွင့်တာလဲ.. ဖွင့်လို့ရတယ်ပေါ့။ ဘာလို့မဖွင့်ကြတာတုန်းပေါ့။ သူတို့က ဆန္ဒပြတဲ့ထဲကို ပါတာလား သိချင်တာ။ အဲ့ဒီလိုထင်တာပဲ။ ဟိုဘက်က ဆေးခန်းတခုဆိုရင် အတွင်းထဲမှာ လူရှိတဲ့အတွက် တံခါးပေါက်ဖွင့်ထားပါဆိုပြီး ဖွင့်ခိုင်းသွားတယ်။ သူတို့အနောက်က လိုက်မှတ်တဲ့ ယူနီဖောင်းဝတ်မဟုတ်တဲ့ ၂ ယောက်က ပိတ်တဲ့ ဆိုင်တွေကို စာရင်းရေးသွားတာ တွေ့လိုက်တယ်။ လမ်းပေါ်တက်ပြီး ဓာတ်ပုံတွေ ရိုက်ပြီး မှတ်သွားတာပဲ ရှိတာပါ။ ကျန်တာတော့မရှိပါဘူး။”

မော်လမြိုင်မြို့တချို့နေရာတွေမှာ အင်တာနက် ကွန်ယက်မရရှိတဲ့အတွက် အသံတိတ် သပိတ်ပြုလုပ်တာကို မသိရှိဘဲ မနက်ပိုင်းမှာ ဈေးဆိုင်တချို့ဖွင့်ခဲ့ပြီး အရောင်းအဝယ်ပြုလုပ်နေကြတာတွေရှိသလို နောက်ပိုင်းမှာ ဈေးဆိုင်တွေ အားလုံး ပြန်ပိတ်သွားကြတယ်လို့ မော်လမြိုင်မြို့ အမှတ် (၁) ဈေးက ဆိုင်ရှင်တဦးက ပြောပါတယ်။

“ဈေးဝယ်လာတဲ့ ကားတွေရှိတယ်။ အဲ့ဒီကားတွေကျတော့မသိဘူး။ မသိဘူးဆိုတာ တချို့ရွာတွေက ဆန္ဒပြပွဲတွေတောင်မရှိဘူး။ နေ့စဉ်က ဈေးဝယ်ကားတွေကရှိတယ်။ ဈေးဝယ်ကားတွေရှိတော့ အမှတ် (၁) အောက်ဈေးက ကားတွေအမြဲ ရှိတဲ့နေရာပေါ့။ နယ်ဖောက်သည်တွေက မသိဘူး။ မသိတော့ ဈေးဝယ်လာတာပေါ့။ မထွက်တဲ့ဆိုင်တွေက မထွက်ဘူး ထွက်တဲ့ဆိုင်တွေက ထွက်ကြတယ်။ ထွက်ကြတော့ ၁၁ နာရီ လောက်ကြတော့ အွန်လိုင်းပေါ်မှာ တင်ကြတော့ ထွက်တဲ့ဆိုင်တွေက သိသွားတာပေါ့။ တချို့လည်း သိသွားလို့ ပိတ်တယ်။ ၁၁ နာရီနောက်ပိုင်းမှာ ဆိုင်တွေ အားလုံး ပိတ်သွားကြတယ်။”

မြန်မာနိုင်ငံတဝှမ်းမှာ ဆန္ဒထုတ်ဖော်သူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းတာတွေ ပြုလုပ်ပြီး လူသေဆုံးတာတွေရှိလာတဲ့ နောက်ပိုင်းမှာ လူ သိန်းချီ ဆန္ဒပြတာတွေ မပြုလုပ်တော့ပေမဲ့ လူမဲ့သပိတ်၊ အရုဏ်ဦးသပိတ်၊ ဆိုင်ကယ် သပိတ်၊ ကားသပိတ် အပြင် အခုလို ဆိုင်တွေအကုန်ပိတ်ပြီး လူတွေ လမ်းအပြင်မထွက်ဘဲ အသံတိတ်သပိတ် စတဲ့ အမျိုးမျိုးသော သပိတ်ပုံစံတွေပြုလုပ်ပြီး စစ်ကောင်စီ ဆန့်ကျင် ရေးဆန္ဒပြပွဲတွေ ပြုလုပ်နေတာဖြစ်ပါတယ်။

စစ်တပ်နဲ့ ရဲတပ်ဖွဲ့က အကြမ်းဖက်ပစ်ခတ်နှိမ်နင်းတာကြောင့် မြန်မာနိုင်ငံတဝှမ်း လူပေါင်း ၂၅၀ နီးပါးသေဆုံးခဲ့ပြီး သေဆုံးသူတွေထဲမှာ လူငယ်တွေအပြင် အသက်မပြည့်သေးတဲ့ ကလေးငယ်တွေ ပါဝင်လာသလို မနေ့က မန္တလေးမြို့မှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ပစ်ခတ်တာကြောင့် အသက် ၇ နှစ်အရွယ် ကလေးငယ် တဦး သေဆုံးခဲ့ပါသေးတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG